UEFA-Executive-Committee-meeting-Ljubljana-Slovenia-24-Sep-2019

ကမၻာ့ေဘာလံုး ေစ်းကြက္ ၾကီးမားလာတာနဲ႔ အမွ် ဥေရာပ ေဘာလံုးရပ္၀န္းကလဲ သူတို႔ရဲ႕ တစ္ကမၻာလံုးက ပရိသတ္ေတြကို ဆြဲေဆာင္ထားတဲ့ လက္ရွိ အေနအထားက ပိုမို က်ယ္ျပန္႔လာဖို႔အတြက္ ေနာက္ထပ္ ေျခလွမ္းအျဖစ္ ျပိဳင္ပြဲသစ္ သစ္ခုကို ထပ္မံ က်င္းပမွာ ျဖစ္ေၾကာင့္ အတည္ျပဳ တရား၀င္ ေၾကျငာလိုက္ျပီ ျဖစ္ပါတယ္။

ဒါဟာ ဥေရာပ ေနရွင္းလိဂ္ ျပိဳင္ပြဲျပီး ေနာက္ပိုင္း ၊ UEFA ရဲ႕ ေနာက္ထပ္ ေျခလွမ္းတစ္ခု ျဖစ္ျပီး ၊ ဥေရာပ တစ္၀န္းက ကလပ္အသင္းေတြ အားလံုး ပါ၀င္ ယွဥ္ျပိဳင္ႏိုင္မယ့္ အခြင့္အေရးမ်ိဳး ရရွိေအာင္ ဖန္တီးလိုက္တာ ျဖစ္တယ္လို႔ ဥကၠဌ စီဖာရင္က ဆိုပါတယ္။

Ceferin 2019

ျပိဳင္ပြဲသစ္ရဲ႕ နာမည္ ကိုေတာ့ UEFA Europa Conference League (UEFA ယူရုိပါ ကြန္းဖရင့္ လိဂ္) လို႔ အမည္ေပးထားျပီး ၊ ခ်န္ပီယံလိဂ္ ျပိဳင္ပြဲ ကို ပထမတန္း အဆင့္မွာ ရွိတဲ့ ျပိဳင္ပြဲလို႔ သတ္မွတ္မယ္ ဆိုပါက ၊ ယူရုိပါလိဂ္ ျပိဳင္ပြဲက ဒုတိယတန္း နဲ႔ အခု က်င္းပမယ့္မယ့္ ယူရိုပါ ကြန္းဖရင့္လိဂ္ ကို တတိယတန္း အဆင့္အျဖစ္ သတ္မွတ္ထားပါတယ္။

အခု ျပိဳင္ပြဲကိုလဲ စုုစုေပါင္း အသင္း 32 သင္း ၊ 4 သင္း အုပ္စု 8 ခု အထိ ခြဲကာ က်င္းပမွာ ျဖစ္ျပီး ၊ 2021 ခုႏွစ္ မွာ စတင္သြားမွာပါ။

ရည္ရြယ္ခ်က္
————-

ဥေရာပ ေဘာလံုး အဖြဲ႔ခ်ဳပ္ ဥကၠဌ စီဖာရင္ ကေတာ့ အခုလို က်င္းပတာဟာ ဥေရာပ ေဘာလံုးရပ္၀န္း ကို ပုိမို က်ယ္ျပန္႔လာဖို႔အတြက္ နဲ႔ သမိုင္းေၾကာင္းအရ ထိပ္တန္း အဆင့္ ျပိဳင္ပြဲေတြမွာ ယွဥ္ျပိဳင္ခြင့္ ရဖို႔ အခက္ခဲရွိေနတဲ့ ႏိုင္ငံငယ္ေလးေတြက ကလပ္အသင္းေတြ အခြင့္အေရး ရႏိုင္ဖို႔ လို႔ ဆိုပါတယ္။

“ ဥေရာပ ကလပ္ အသင္းဆင့္ ျပိဳင္ပြဲေတြ က အရင္ကထက္ကို ပိုျပီးေတာ့ က်ယ္ျပန္႔မွဳေတြ ရွိလာေတာ့မွာပါ။ ကလပ္အသင္းေတြလဲ ပိုျပီး ပါ၀င္ခြင့္ ရရွိေတာ့မွာ ျဖစ္သလုိ ၊ ပြဲစဥ္ေတြလဲ ပိုျပီး ၾကည့္ခြင့္ ရေတာ့မွာေလ။ ဒီျပိဳင္ပြဲကို ဖန္တီးဖို႔ အတြက္ ဥေရာပ ကလပ္အသင္းမ်ား အဖြဲ႔အစည္းနဲ႔ ေသခ်ာတိုင္ပင္ျပီးမွ လုပ္ေဆာင္ခဲ့တာ ျဖစ္သလုိ ၊ ဥေရာပ တစ္၀န္းမွာ ရွိတဲ့ ကလပ္အသင္းေတြရဲ႕ ယွဥ္ျပိဳင္ခြင့္ကိုလဲ ပိုျပီး မ်ားလာေအာင္ဖန္တီး ေပးႏိုင္မွာ ျဖစ္ပါတယ္။

ဒါဟာ က်ေနာ္တို႔ ေဘာလံုး အဖြဲ႔ခ်ဳပ္ရဲ႕ အဓိက ဦးတည္ခ်က္ေတြထဲက တစ္ခုအပါအ၀င္ပါပဲ” လို႔ ထုတ္ေဖာ္ ေျပာဆုိသြားခဲ့ပါတယ္။

ဘယ္ကလပ္ေတြ ၀င္ေရာက္ ကစားႏိုင္မွာလဲ?
*******************************
ယူရုိပါ ကြန္းဖရင့္လိဂ္ ျပိဳင္ပြဲဟာ အင္အား အလယ္အလတ္သာ ရွိတဲ့ ကလပ္မ်ိဳးေတြ အတြက္ ရည္ရြယ္ထားတဲ့ ျပိဳင္ပြဲ ျဖစ္တာေၾကာင့္ ၊ ေဘာလံုး အင္အားနည္းတဲ့ ဥေရာပ ႏုိင္ငံငယ္ေလးေတြ က ကလပ္ေတြသာ ဦးစားေပး ယွဥ္ျပိဳင္ခြင့္ ရရွိမွာ ျဖစ္ပါတယ္။

အထူးသျဖင့္ ဥေရာပ ထိပ္သီးလိဂ္ 5 ခု လို႔ သတ္မွတ္ထားတဲ့ (အဂၤလန္ ၊ ျပင္သစ္ ၊ ဂ်ာမဏီ ၊ အီတလီ ၊ စပိန္) တို႔ကေတာ့ တစ္သင္းဆီသာ ၀င္ေရာက္ ယွဥ္ျပိဳင္ခြင့္ ရရွိမွာ ျဖစ္ပါတယ္။

ပရိသတ္ေတြ နဲ႔ ရင္းႏွီးေနတဲ့ ပရီးမီးယားလိဂ္ အေနအထားနဲ႔ ေျပာၾကည့္ရရင္ လာမယ့္ ေဘာလံုးရာသီမွာ ကာရာေဘာင္ ဖလား ဗုိလ္စြဲမယ့္ ကလပ္ဟာ အဲဒီ ျပိဳင္ပြဲကို ၀င္ေရာက္ ယွဥ္ျပိဳင္ခြင့္ ရရွိမွာပါ။ အကယ္၍ ကာရာေဘာင္ ဖလားခ်န္ပီယံဟာ ခ်န္ပီယံလိဂ္ (သို႔) ယူရုိပါလိဂ္ ၀င္ခြင့္ ရရွိထားတဲ့ ဆိုရင္ အဲဒီ ၀င္ခြင့္ကို ပရီးမီးယားလိဂ္ အဆင့္ 6/7/ … ထဲက အသင္း တစ္သင္းကို လႊဲေျပာင္း ေပးအပ္သြားမွာ ျဖစ္ပါတယ္။

ဒါ့အျပင္ ယူရုိပါလိဂ္ အုပ္စု အတြင္း တတိယ ေနရာမွာ ရပ္တည္ႏိုင္တဲ့ အသင္းေတြဟာ ၊ ယူရုိပါ ကြန္းဖရင့္လိဂ္ ဆီ ကူးေျပာင္း ယွဥ္ျပိဳင္ခြင့္ ရရွိသြားဦးမွာပါ။ (ခ်န္ပီယံလိဂ္ ကေန ယူရိုပါလိဂ ္ကူးသလိုမ်ိဳး)

ဘယ္အခ်ိန္ေတြမွာ ယွဥ္ျပိဳင္ ကစားမွာလဲ
*************************
ေလာေလာဆယ္ အထိေတာ့ ဒီျပိဳင္ပြဲကို ယူရုိပါလိဂ္ ပြဲစဥ္ေတြ ကစားေလ့ရွိတဲ့ ၾကာသပေတးေန႔ ညမွ ယွဥ္ျပိဳင္ ကစားဖို႔ ကနဦး အတည္ျပဳထားပါတယ္။ သို႔ေသာ္ ရုပ္သံထုတ္လႊင့္မယ့္ လုပ္ငန္းေတြ နဲ႔ ညွိႏိႈင္းျပီးပါက ဒီထက္ ေစာျပီး ကစားေပးဖို႔ ရည္ရြယ္ထားတယ္လို႔ သိရပါတယ္။

ဖီဖာ ကေတာ့ အခုလုိ ဥေရာပ က ပြဲစဥ္ ဆက္တိုက္ တိုးခ်ဲ႕ေနတာ နဲ႔ ပတ္သက္ျပီး ေဘာလံုးသမားေတြ ရဲ႕ ပြဲပန္းတာေတြ ၊ က်န္းမာေရး ထိခိုက္မွာေတြ စိုးရိမ္ေနတဲ့ အတြက္ IFAB အစည္းအေ၀း က်ရင္ ၊ ဥေရာပ ေဘာလံုးအဖြဲ႔ခ်ဳပ္ နဲ႔ မ်က္ႏွာခ်င္းဆိုင္ ေဆြးေႏြးမႈေတြ ျပဳလုပ္ဖို႔ စီစဥ္ထားပါတယ္။

ယူရုိပါလိဂ္ နဲ႔ ခ်န္ပံယံလိဂ္ အေပၚကို ဘယ္လုိ သက္ေရာက္မႈ ရွိမလဲ
*********************************

ဒီျပိဳင္ပြဲဟာ အထက္ေဖာ္ျပပါ ျပိဳင္ပြဲ ႏွစ္ထက္ အဆင့္နိမ့္တဲ့ ျပိဳင္ပြဲ ျဖစ္လို႔ ထူးျခားတဲ့ သက္ေရာက္မႈ ရွိလာမွာ မဟုတ္ပဲ ၊ ေဘာလံုး အင္အားၾကီး ႏိုင္ငံေတြ က အလယ္အလတ္ အသင္းေတြ နဲ႔ အင္အားငယ္ ႏိုင္ငံက ထိပ္တန္း အသင္းေတြ ပါ၀င္ ကစားႏိုင္ဖို႔ ဖန္တီးထားခဲ့တာပါ။

ယူရိုပါ ကြန္းဖရင့္လိဂ္ ဖလား ကို ဗိုလ္စြဲတဲ့ အသင္းဟာ ေနာက္တစ္ရာသီမွာ ယူရိုပါလိဂ္ အုပ္စုကို တိုက္ရုိတ္ ၀င္ခြင့္ ရရွိမွာ ျဖစ္ပါတယ္။

ျပိဳင္ပြဲကေတာ့ 2021 ခုႏွစ္ မွာ စတင္မွာပါ…………………….

SPORT MYANMAR

Unicode

ချန်ပီယံလိဂ် ၊ ယူရိုပါလိဂ် ပြိုင်ပွဲတွေ အပြင် နောက်ထပ် ပြိုင်ပွဲသစ် တစ်ခုပါ ထပ်မံ ကျင်းပမယ့်အကြောင်း အတည်ပြုလိုက်တဲ့ #ဥရောပ ဘောလုံးအဖွဲ့ချုပ်
*****************************************************

ကမ္ဘာ့ဘောလုံး စျေးကွက် ကြီးမားလာတာနဲ့ အမျှ ဥရောပ ဘောလုံးရပ်ဝန်းကလဲ သူတို့ရဲ့ တစ်ကမ္ဘာလုံးက ပရိသတ်တွေကို ဆွဲဆောင်ထားတဲ့ လက်ရှိ အနေအထားက ပိုမို ကျယ်ပြန့်လာဖို့အတွက် နောက်ထပ် ခြေလှမ်းအဖြစ် ပြိုင်ပွဲသစ် သစ်ခုကို ထပ်မံ ကျင်းပမှာ ဖြစ်ကြောင့် အတည်ပြု တရားဝင် ကြေငြာလိုက်ပြီ ဖြစ်ပါတယ်။

ဒါဟာ ဥရောပ နေရှင်းလိဂ် ပြိုင်ပွဲပြီး နောက်ပိုင်း ၊ UEFA ရဲ့ နောက်ထပ် ခြေလှမ်းတစ်ခု ဖြစ်ပြီး ၊ ဥရောပ တစ်ဝန်းက ကလပ်အသင်းတွေ အားလုံး ပါ၀င် ယှဉ်ပြိုင်နိုင်မယ့် အခွင့်အရေးမျိုး ရရှိအောင် ဖန်တီးလိုက်တာ ဖြစ်တယ်လို့ ဥက္ကဌ စီဖာရင်က ဆိုပါတယ်။

ပြိုင်ပွဲသစ်ရဲ့ နာမည် ကိုတော့ UEFA Europa Conference League (UEFA ယူရိုပါ ကွန်းဖရင့် လိဂ်) လို့ အမည်ပေးထားပြီး ၊ ချန်ပီယံလိဂ် ပြိုင်ပွဲ ကို ပထမတန်း အဆင့်မှာ ရှိတဲ့ ပြိုင်ပွဲလို့ သတ်မှတ်မယ် ဆိုပါက ၊ ယူရိုပါလိဂ် ပြိုင်ပွဲက ဒုတိယတန်း နဲ့ အခု ကျင်းပမယ့်မယ့် ယူရိုပါ ကွန်းဖရင့်လိဂ် ကို တတိယတန်း အဆင့်အဖြစ် သတ်မှတ်ထားပါတယ်။

အခု ပြိုင်ပွဲကိုလဲ စုုစုပေါင်း အသင်း 32 သင်း ၊ 4 သင်း အုပ်စု 8 ခု အထိ ခွဲကာ ကျင်းပမှာ ဖြစ်ပြီး ၊ 2021 ခုနှစ် မှာ စတင်သွားမှာပါ။

ရည်ရွယ်ချက်
————-

ဥရောပ ဘောလုံး အဖွဲ့ချုပ် ဥက္ကဌ စီဖာရင် ကတော့ အခုလို ကျင်းပတာဟာ ဥရောပ ဘောလုံးရပ်ဝန်း ကို ပိုမို ကျယ်ပြန့်လာဖို့အတွက် နဲ့ သမိုင်းကြောင်းအရ ထိပ်တန်း အဆင့် ပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်ခွင့် ရဖို့ အခက်ခဲရှိနေတဲ့ နိုင်ငံငယ်လေးတွေက ကလပ်အသင်းတွေ အခွင့်အရေး ရနိုင်ဖို့ လို့ ဆိုပါတယ်။

“ ဥရောပ ကလပ် အသင်းဆင့် ပြိုင်ပွဲတွေ က အရင်ကထက်ကို ပိုပြီးတော့ ကျယ်ပြန့်မှုတွေ ရှိလာတော့မှာပါ။ ကလပ်အသင်းတွေလဲ ပိုပြီး ပါ၀င်ခွင့် ရရှိတော့မှာ ဖြစ်သလို ၊ ပွဲစဉ်တွေလဲ ပိုပြီး ကြည့်ခွင့် ရတော့မှာလေ။ ဒီပြိုင်ပွဲကို ဖန်တီးဖို့ အတွက် ဥရောပ ကလပ်အသင်းများ အဖွဲ့အစည်းနဲ့ သေချာတိုင်ပင်ပြီးမှ လုပ်ဆောင်ခဲ့တာ ဖြစ်သလို ၊ ဥရောပ တစ်ဝန်းမှာ ရှိတဲ့ ကလပ်အသင်းတွေရဲ့ ယှဉ်ပြိုင်ခွင့်ကိုလဲ ပိုပြီး များလာအောင်ဖန်တီး ပေးနိုင်မှာ ဖြစ်ပါတယ်။

ဒါဟာ ကျနော်တို့ ဘောလုံး အဖွဲ့ချုပ်ရဲ့ အဓိက ဦးတည်ချက်တွေထဲက တစ်ခုအပါအဝင်ပါပဲ” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

ဘယ်ကလပ်တွေ ၀င်ရောက် ကစားနိုင်မှာလဲ?
*******************************
ယူရိုပါ ကွန်းဖရင့်လိဂ် ပြိုင်ပွဲဟာ အင်အား အလယ်အလတ်သာ ရှိတဲ့ ကလပ်မျိုးတွေ အတွက် ရည်ရွယ်ထားတဲ့ ပြိုင်ပွဲ ဖြစ်တာကြောင့် ၊ ဘောလုံး အင်အားနည်းတဲ့ ဥရောပ နိုင်ငံငယ်လေးတွေ က ကလပ်တွေသာ ဦးစားပေး ယှဉ်ပြိုင်ခွင့် ရရှိမှာ ဖြစ်ပါတယ်။

အထူးသဖြင့် ဥရောပ ထိပ်သီးလိဂ် 5 ခု လို့ သတ်မှတ်ထားတဲ့ (အင်္ဂလန် ၊ ပြင်သစ် ၊ ဂျာမဏီ ၊ အီတလီ ၊ စပိန်) တို့ကတော့ တစ်သင်းဆီသာ ၀င်ရောက် ယှဉ်ပြိုင်ခွင့် ရရှိမှာ ဖြစ်ပါတယ်။

ပရိသတ်တွေ နဲ့ ရင်းနှီးနေတဲ့ ပရီးမီးယားလိဂ် အနေအထားနဲ့ ပြောကြည့်ရရင် လာမယ့် ဘောလုံးရာသီမှာ ကာရာဘောင် ဖလား ဗိုလ်စွဲမယ့် ကလပ်ဟာ အဲဒီ ပြိုင်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်ခွင့် ရရှိမှာပါ။ အကယ်၍ ကာရာဘောင် ဖလားချန်ပီယံဟာ ချန်ပီယံလိဂ် (သို့) ယူရိုပါလိဂ် ၀င်ခွင့် ရရှိထားတဲ့ ဆိုရင် အဲဒီ ၀င်ခွင့်ကို ပရီးမီးယားလိဂ် အဆင့် 6/7/ … ထဲက အသင်း တစ်သင်းကို လွှဲပြောင်း ပေးအပ်သွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ယူရိုပါလိဂ် အုပ်စု အတွင်း တတိယ နေရာမှာ ရပ်တည်နိုင်တဲ့ အသင်းတွေဟာ ၊ ယူရိုပါ ကွန်းဖရင့်လိဂ် ဆီ ကူးပြောင်း ယှဉ်ပြိုင်ခွင့် ရရှိသွားဦးမှာပါ။ (ချန်ပီယံလိဂ် ကနေ ယူရိုပါလိဂ ်ကူးသလိုမျိုး)

ဘယ်အချိန်တွေမှာ ယှဉ်ပြိုင် ကစားမှာလဲ
*************************
လောလောဆယ် အထိတော့ ဒီပြိုင်ပွဲကို ယူရိုပါလိဂ် ပွဲစဉ်တွေ ကစားလေ့ရှိတဲ့ ကြာသပတေးနေ့ ညမှ ယှဉ်ပြိုင် ကစားဖို့ ကနဦး အတည်ပြုထားပါတယ်။ သို့သော် ရုပ်သံထုတ်လွှင့်မယ့် လုပ်ငန်းတွေ နဲ့ ညှိနှိုင်းပြီးပါက ဒီထက် စောပြီး ကစားပေးဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

ဖီဖာ ကတော့ အခုလို ဥရောပ က ပွဲစဉ် ဆက်တိုက် တိုးချဲ့နေတာ နဲ့ ပတ်သက်ပြီး ဘောလုံးသမားတွေ ရဲ့ ပွဲပန်းတာတွေ ၊ ကျန်းမာရေး ထိခိုက်မှာတွေ စိုးရိမ်နေတဲ့ အတွက် IFAB အစည်းအဝေး ကျရင် ၊ ဥရောပ ဘောလုံးအဖွဲ့ချုပ် နဲ့ မျက်နှာချင်းဆိုင် ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။

ယူရိုပါလိဂ် နဲ့ ချန်ပံယံလိဂ် အပေါ်ကို ဘယ်လို သက်ရောက်မှု ရှိမလဲ
*********************************

ဒီပြိုင်ပွဲဟာ အထက်ဖော်ပြပါ ပြိုင်ပွဲ နှစ်ထက် အဆင့်နိမ့်တဲ့ ပြိုင်ပွဲ ဖြစ်လို့ ထူးခြားတဲ့ သက်ရောက်မှု ရှိလာမှာ မဟုတ်ပဲ ၊ ဘောလုံး အင်အားကြီး နိုင်ငံတွေ က အလယ်အလတ် အသင်းတွေ နဲ့ အင်အားငယ် နိုင်ငံက ထိပ်တန်း အသင်းတွေ ပါ၀င် ကစားနိုင်ဖို့ ဖန်တီးထားခဲ့တာပါ။

ယူရိုပါ ကွန်းဖရင့်လိဂ် ဖလား ကို ဗိုလ်စွဲတဲ့ အသင်းဟာ နောက်တစ်ရာသီမှာ ယူရိုပါလိဂ် အုပ်စုကို တိုက်ရိုတ် ၀င်ခွင့် ရရှိမှာ ဖြစ်ပါတယ်။

ပြိုင်ပွဲကတော့ 2021 ခုနှစ် မှာ စတင်မှာပါ…………………….