pochettino
အခုတော့ အဆိုပါ ရှုံးပွဲ ကြုံတွေ့ ခဲ့ ရတဲ့ နောက် တော့တင်ဟမ် ဟော့ စပါး အသင်း ရဲ့ နည်းပြ ဖြစ်သူ မော်ရီစီယို ပိုချက်တီနို က သူတို့ အသင်း ဟာ ဇန်နဝါရီ အပြောင်း အရွှေ့ မှာ အသင်း ကို ပိုမို တောင့်တင်း စေဖို့ အတွက် အားထုတ် ရ တော့မှာ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။
spur 2019
pochettino
#Sports_Myanmar
Unicode
ကာရာဘောင် ပြိုင်ပွဲမှာ စိတ်ပျက်ဖွယ် ရှုံးပွဲ ကြံုတွေ့ ခဲ့တဲ့အပေါ် မှတ်ချက်ပေးရင်း ဇန်နဝါရီ အပြောင်းအရွှေ့ အကြောင်း ပြောကြားလိုက်တဲ့ #ပိုချက်တီနို
===============
တော့တင်ဟမ် ဟော့ စပါး အသင်း ဟာ ဒီနေ့ နံနက် ကာရာဘောင် ဖလား ပြိုင်ပွဲ ရဲ့ Round 3 ပွဲစဉ် အဖြစ် လိဂ်တူး ကလပ် ကိုလ်ချက်စတာ ယူနိုက်တက် အသင်း နဲ့ ကစား ခဲ့ရာ ပွဲ ကစား ချိန် မိနစ် 90 အတွင်း ဂိုး မရှိ သရေ ရလဒ် သာ ထွက်ပေါ် ထား ခဲ့ ပါတယ် ။
ဒါ့ကြောင့် ပင်နယ်တီ အဆုံးအဖြတ် ဆက်လက် ခံယူ ကြရာ မှာ တော့တင်ဟမ် အသင်း ရဲ့ ပထမဆုံး ပင်နယ်တီ ကို ကွင်းလယ် ဖန်တီးရှင် အဲရစ်ဆင် ကန်သွင်း ခဲ့ရာ ပြိုင်ဖက် ဂိုး သမား မှ ကာကွယ် သွားနိုင် မှု ၊၊ နောက်ဆုံး ပင်နယ်တီ ကို လူးကပ်စ် မော်ရာ ကန်သွင်း ခဲ့ရာ ဂိုးဘာ ထိမှန် ခဲ့မှု တွေကြောင့် တော့တင်ဟမ် တို့ 4 – 3 ဆိုတဲ့ ပင်နယ်တီ ရလဒ် နဲ့ အတူ ပြိုင်ပွဲ မှ ထွက်ခွာ သွားခဲ့ ရ ပါတယ် ။
အခုတော့ အဆိုပါ ရှံုးပွဲ ကြံုတွေ့ ခဲ့ ရတဲ့ နောက် တော့တင်ဟမ် ဟော့ စပါး အသင်း ရဲ့ နည်းပြ ဖြစ်သူ မော်ရီစီယို ပိုချက်တီနို က သူတို့ အသင်း ဟာ ဇန်နဝါရီ အပြောင်း အရွှေ့ မှာ အသင်း ကို ပိုမို တောင့်တင်း စေဖို့ အတွက် အားထုတ် ရ တော့မှာ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။
အဆိုပါ ရလဒ် ထွက်ပေါ် ခဲ့တဲ့ နောက် တော့တင်ဟမ် ဟော့ စပါး အသင်း ဟာ ဒီ ရာသီ ကစား ခဲ့တဲ့ ပြိုင်ပွဲစုံ ပွဲစဉ် 8 ပွဲမှာ 2 ပွဲသာ အနိုင် ရရှိ ခဲ့တယ် ဆိုတဲ့ မှတ်တမ်း ဆိုး တစ်ရပ် ပိုင်ဆိုင် ထားခဲ့ ရ ပါတယ် ။ အဆိုပါ အသင်း တွေ ကတော့ အက်စတွန် ဗီလာ နဲ့ ခရစ္စတယ် ပဲလေ့စ် အသင်း တို့ပဲ ဖြစ်ကြ ပါတယ် ။
ဒါ့အပြင် စပါး အသင်း ဟာ နောက်ဆုံး သုံးပွဲ အဖြစ် ချန်ပီယံ လိဂ် ၊ ပရီးမီးယား လိဂ် နဲ့ ကာရာဘောင် ပွဲစဉ် သုံးပွဲ ကစား ခဲ့ရာ အနိုင် ရလဒ် လုံးဝ ပျောက်ဆုံး နေခဲ့ ပါတယ် ။ ဒါ့ကြောင့် နည်းပြ ဖြစ်သူ ပိုချက်တီနို က အသင်း ရဲ့ စွမ်းဆောင်ရည် အပေါ် စိတ်ပျက် နေခဲ့ တာပဲ ဖြစ် ပါတယ် ။
” ဒီနေ့ ယာ အနိုင်ယူ ရမယ့် ပွဲစဉ် ပါ ။ ဒါပေမယ့် ကျွန်တော် တို့ဟာ ပင်နယ်တီ နဲ့ ရှံုးနိမ့် သွားခဲ့ ရ ပါတယ် ။ ကျွန်တော် တို့ တွေဟာ ဒီလို အဆင့် မှာ ကစား ကြတဲ့ အခါ စွမ်းဆောင်ရည် က ဘာမှ အသုံး မဝင် ပါဘူး ။ တစ်ကယ် အသုံးဝင် တာက ရလဒ် ပါပဲ ”
” ကျွန်တော် တို့ဟာ အသင်းသား တိုင်းကို တန်းတူ အနေ အထား တစ်ခုဆီ ရောက်ရှိ စေလို ကြတဲ့ အတွက် အလုပ် ကြိုးစား လုပ်ဆောင် နေခဲ့ ကြ ပါတယ် ။ ကျွန်တော် တို့တွေ လိုအပ် နေတာ က အချိန် ပါပဲ ။ ဇန်နဝါရီ နဲ့ နောက်ထပ် အပြောင်း အရွှေ့ တွေဟာ ဒီ ပြသနာ တွေကို ဖြေရှင်း သွားဖို့ အကောင်းဆုံး အခွင့် အရေး ပါပဲ ”
” ကျွန်တော် တို့ ထိန်းချုပ် နိုင် သင့်တဲ့ အရာ တစ်ခု ကို မထိန်းချုပ် နိုင်တဲ့ အခါ တိုင်း အခုလို ပြသနာ မျိုး ကြံုတွေ့ တက်ရ ပါတယ် ။ အဲ့တာ က ကျွန်တော် တို့ တွေဟာ လူသား တွေ ပါပဲ ဆိုတာ ကို ပြသ လိုက်ခြင်း ပါပဲ ”
” ဘောလုံး လောက မှာ အောင်မြင် ဖို့ ဆိုရင် ကျွန်တော် တို့ တွေဟာ နှစ်စဉ် နှစ်တိုင်း ခြားနား နေဖို့ ၊ မတူညီ တဲ့ အဖြေ တွေကို ရှာဖွေ သွားဖို့ လိုအပ် ပါတယ် ။ ကျွန်တော် တို့ ခြားနား တဲ့ အရာ အချို့ ကို လုပ်ဆောင် ဖို့ လိုအပ် နေ ပါပြီ ။ ကျွန်တော် တို့ အဲ့တာ ကို လုပ်သွား ကြမှာပါ ” လို့ ပိုချက်တီနို က ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။
#Sports_Myanmar