လီဗာပူး အသင္းရဲ႕ အသင္းေခါင္းေဆာင္ ဟန္ဒါဆင္ဟာ အခုေနာက္ပုိင္း ပြဲစဥ္ေတြမွာ ယခင္ကလို ကြင္းလယ္ အဖ်က္ ကစားသမားပံုစံမ်ိဳ မဟုတ္ေတာ့ပဲ ၊ ညာေတာင္ပံ တိုက္စစ္ကို လိုက္ပါ ကစားခြင့္ ရရွိလာတဲ့ သတိထားမိၾကမယ္ ထင္ပါတယ္။ ဟန္ဒါဆင္ ကိုယ္တိုင္လဲ အဒီလို ကစားလာရျခင္း နဲ႔ အတူ သြင္းဂိုးေတြ ေရာ ၊ ဂိုးဖန္တီးမႈေတြပါ ျပဳလုပ္ ႏိုင္ခဲ့တာပါ။

ဒီတစ္ပတ္ မွာ ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ ပြဲစဥ္ ေပၚတိုနဲ႔ ပြဲစဥ္ အျပီးမွာေတာ့ ၊ နည္းျပၾကီး ကေလာ့ပ္ ကိုယ္တိုင္က လြန္ခဲ့တဲ့ 1 ႏွစ္ခြဲ အတြင္း ဟန္ဒါဆင္ကို ေနရာထား မွားခဲ့တယ္လို႔ ၀န္ခံသြားခဲ့သလို ၊ ေတာင္းပန္ စကားလဲ ေျပာဆိုသြားခဲ့ ပါတယ္။

အဲဒီေနာက္မွာ ဟန္ဒါဆင္က ဘာျဖစ္လို႔ ေနရာေျပာင္းျပီး ကစားရတာလဲ ဆိုတဲ့ အေၾကာင္းအရင္း ကို ပရိသတ္ေတြ သိေအာင္ အခုလုိ ထုတ္ေဖာ္ ေျပာဆုိသြားခဲ့ျပီ ျဖစ္ပါတယ္။

” က်ေနာ့္ နဲ႔ ေဘာ့စ္ တို႔ဟာ အဲဒီအေၾကာင္းနဲ႔ ပတ္သက္ျပီး တိုင္ပင္ ေဆြးေႏြးမႈ အခ်ိဳ႕ ရိွခဲ့ပါတယ္။ အဲဒီ မတိုင္ခင္ အထိေတာ့ နည္းျပၾကီး အေတြးထဲမွာ က်ေနာ့္ကို တိုက္စစ္ လိုက္ပါ ကစားခြင့္ေပးဖို႔ သိပ္ျပီး ေတြးထားခဲ့ပံု မရွိပါဘူး။ က်ေနာ္ ကိုယ္တုိင္က တိုက္စစ္ကို လိုက္ပါ ကစားခြင့္ ရခ်င္တယ္လို႔ ေျပာလိုက္ေတာ့ ၊ သူကလဲ စဥ္းစားၾကည့္ေပးမယ္ ဆိုျပီး ျပန္ေျပာခဲ့တာပါ။

နည္းျပၾကီးဟာ က်ေနာ္က အဲဒီေနရာမွာ ကစားဖူးတာ သိပ္ျပီး မျမင္လို႔ထင္ပါရဲ႕ဗ်ာ။ ေသခ်ာတာ ကေတာ့ သူလဲ အဂၤလန္ ပြဲစဥ္ေတြ ၾကည့္ရင္ က်ေနာ္ ဟာ တိုက္စစ္ကို လိုက္ပါ ကစားခြင့္ ရတာ သတိထားမိမွာပါ။ ျပီးေတာ့ က်ေနာ့္ စိတ္ထဲမွာလဲ အဂၤလန္ ပြဲစဥ္ေတြ ကစားျပီ ဆိုရင္ ၊ တိုက္စစ္ လိုက္ပါခြင့္လဲ ရွိေနတယ္ ဆိုတဲ့ အသိစိတ္က ၊ ကစားရတာ ပိုျပီးေတာ့ ကိုယ့္စတိုင္နဲ႔ ထပ္တူက်တယ္လို႔ ခံစားရတယ္ေလ။

တိုက္စစ္ကစားဖို႔အတြက္ အခြင့္အေရးေတြ ဖန္တီးမယ္ ၊ ေနာက္ထပ္ ကစားကြက္ေတြ ဘယ္လို ပံုေဖာ္မလဲ ဆိုတဲ့ ပံုစံမ်ိဳးက က်ေနာ့္ ရဲ႕ ပင္ကုိယ္ စတိုင္ျဖစ္မယ္ ထင္တယ္ဗ်။ တစ္ခ်ိန္ထဲမွာပဲ ကြင္းလယ္ ခံစစ္ကို တာ၀န္ယူရတာလဲ ျပသနာ မရွိပါဘူး။ အဲဒီ အတြက္ သင္ယူမႈေတြ အမ်ားၾကီး ျပဳလုပ္ခဲ့သလုိ ၊ အေကာင္းဆံုး ျဖစ္ေအာင္ ကစားႏိုင္ခဲ့တယ္ ထင္ပါတယ္။

ေျပာရရင္ေတာ့ နည္းျပၾကီးက က်ေနာ္ဟာ ႏွစ္ေနရာ စလံုးမွာ ေကာင္းေကာင္း ကစားတတ္တယ္လို႔ လက္ခံထားတာေပါ့။ ဘာပဲျဖစ္ျဖစ္ ဒါေတြ အားလံုးက အသင္းရဲ႕ လိုအပ္ခ်က္ေတြ ကေန စတင္ ျဖစ္ေပၚလာခဲ့တဲ့ အေၾကာင္းအရာေတြပါ။ အေနအထားေပၚ မူတည္ျပီး တစ္ခ်ိဳ႕ပြဲေတြ ဆိုရင္လဲ က်ေနာ္အေနနဲ႔ ခံစစ္ပိုင္းကို ပိုျပီး တာ၀န္ယူရမယ့္ အပိုင္းေတြ ရွိလာဦးမွာပါ။

က်ေနာ့္ အတြက္ကေတာ့ ဒီကလပ္ရဲ႕ အသင္းေခါင္းေဆာင္ ရာထူးကို ရယူထားရတာ နဲ႔ အညီ ၊ ဘယ္လို ေနရာမ်ိဳးမွာပဲ ကစားရပါ အသင္းအတြက္ အဓိက ဆိုတဲ့ ခံယူခ်က္ပဲ ရွိပါတယ္ ၊ ဒါေၾကာင့္ နည္းျပၾကီး ခိုင္းတဲ့ အတိုင္းပဲ ျဖစ္ေအာင္ ၾကိဳးစားသြားမွာပါ” လို႔ ထုတ္ေဖာ္ ေျပာဆုိသြားခဲ့ ပါတယ္။

ဟန္ဒါဆင္ဟာ တိုက္စစ္ကို လိုက္ပါ ကစားခြင့္ ရရွိ လာခဲ့ျပီးေနာက္ ၊ ေဆာက္သမ္တန္ နဲ႔ ပြဲမွာ တစ္ဂိုးသြင္းျပီး ၊ တစ္ဂိုး ဖန္တီး ႏိုင္ခဲ့သလုိ ၊ ေပၚတို နဲ႔ ပြဲမွာလဲ ေျခစြမ္းျပ ကစားသြားခဲ့ ျပန္ပါတယ္။

Unicode

နေရာပြောင်း ကစားရတဲ့ အကြောင်းအရင်း နောက်ကွယ်က ဇာတ်လမ်းကို ထုတ်ဖော်ပြောဆိုလိုက်တဲ့ ဟန်ဒါဆင်
********************************************************

လီဗာပူး အသင်းရဲ့ အသင်းခေါင်းဆောင် ဟန်ဒါဆင်ဟာ အခုနောက်ပိုင်း ပွဲစဉ်တွေမှာ ယခင်ကလို ကွင်းလယ် အဖျက် ကစားသမားပုံစံမျို မဟုတ်တော့ပဲ ၊ ညာတောင်ပံ တိုက်စစ်ကို လိုက်ပါ ကစားခွင့် ရရှိလာတဲ့ သတိထားမိကြမယ် ထင်ပါတယ်။ ဟန်ဒါဆင် ကိုယ်တိုင်လဲ အဒီလို ကစားလာရခြင်း နဲ့ အတူ သွင်းဂိုးတွေ ရော ၊ ဂိုးဖန်တီးမှုတွေပါ ပြုလုပ် နိုင်ခဲ့တာပါ။

ဒီတစ်ပတ် မှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ် ပေါ်တိုနဲ့ ပွဲစဉ် အပြီးမှာတော့ ၊ နည်းပြကြီး ကလော့ပ် ကိုယ်တိုင်က လွန်ခဲ့တဲ့ 1 နှစ်ခွဲ အတွင်း ဟန်ဒါဆင်ကို နေရာထား မှားခဲ့တယ်လို့ ၀န်ခံသွားခဲ့သလို ၊ တောင်းပန် စကားလဲ ပြောဆိုသွားခဲ့ ပါတယ်။

အဲဒီနောက်မှာ ဟန်ဒါဆင်က ဘာဖြစ်လို့ နေရာပြောင်းပြီး ကစားရတာလဲ ဆိုတဲ့ အကြောင်းအရင်း ကို ပရိသတ်တွေ သိအောင် အခုလို ထုတ်ဖော် ပြောဆိုသွားခဲ့ပြီ ဖြစ်ပါတယ်။

” ကျနော့် နဲ့ ဘော့စ် တို့ဟာ အဲဒီအကြောင်းနဲ့ ပတ်သက်ပြီး တိုင်ပင် ဆွေးနွေးမှု အချို့ ရှိခဲ့ပါတယ်။ အဲဒီ မတိုင်ခင် အထိတော့ နည်းပြကြီး အတွေးထဲမှာ ကျနော့်ကို တိုက်စစ် လိုက်ပါ ကစားခွင့်ပေးဖို့ သိပ်ပြီး တွေးထားခဲ့ပုံ မရှိပါဘူး။ ကျနော် ကိုယ်တိုင်က တိုက်စစ်ကို လိုက်ပါ ကစားခွင့် ရချင်တယ်လို့ ပြောလိုက်တော့ ၊ သူကလဲ စဉ်းစားကြည့်ပေးမယ် ဆိုပြီး ပြန်ပြောခဲ့တာပါ။

နည်းပြကြီးဟာ ကျနော်က အဲဒီနေရာမှာ ကစားဖူးတာ သိပ်ပြီး မမြင်လို့ထင်ပါရဲ့ဗျာ။ သေချာတာ ကတော့ သူလဲ အင်္ဂလန် ပွဲစဉ်တွေ ကြည့်ရင် ကျနော် ဟာ တိုက်စစ်ကို လိုက်ပါ ကစားခွင့် ရတာ သတိထားမိမှာပါ။ ပြီးတော့ ကျနော့် စိတ်ထဲမှာလဲ အင်္ဂလန် ပွဲစဉ်တွေ ကစားပြီ ဆိုရင် ၊ တိုက်စစ် လိုက်ပါခွင့်လဲ ရှိနေတယ် ဆိုတဲ့ အသိစိတ်က ၊ ကစားရတာ ပိုပြီးတော့ ကိုယ့်စတိုင်နဲ့ ထပ်တူကျတယ်လို့ ခံစားရတယ်လေ။

တိုက်စစ်ကစားဖို့အတွက် အခွင့်အရေးတွေ ဖန်တီးမယ် ၊ နောက်ထပ် ကစားကွက်တွေ ဘယ်လို ပုံဖော်မလဲ ဆိုတဲ့ ပုံစံမျိုးက ကျနော့် ရဲ့ ပင်ကိုယ် စတိုင်ဖြစ်မယ် ထင်တယ်ဗျ။ တစ်ချိန်ထဲမှာပဲ ကွင်းလယ် ခံစစ်ကို တာဝန်ယူရတာလဲ ပြသနာ မရှိပါဘူး။ အဲဒီ အတွက် သင်ယူမှုတွေ အများကြီး ပြုလုပ်ခဲ့သလို ၊ အကောင်းဆုံး ဖြစ်အောင် ကစားနိုင်ခဲ့တယ် ထင်ပါတယ်။

ပြောရရင်တော့ နည်းပြကြီးက ကျနော်ဟာ နှစ်နေရာ စလုံးမှာ ကောင်းကောင်း ကစားတတ်တယ်လို့ လက်ခံထားတာပေါ့။ ဘာပဲဖြစ်ဖြစ် ဒါတွေ အားလုံးက အသင်းရဲ့ လိုအပ်ချက်တွေ ကနေ စတင် ဖြစ်ပေါ်လာခဲ့တဲ့ အကြောင်းအရာတွေပါ။ အနေအထားပေါ် မူတည်ပြီး တစ်ချို့ပွဲတွေ ဆိုရင်လဲ ကျနော်အနေနဲ့ ခံစစ်ပိုင်းကို ပိုပြီး တာဝန်ယူရမယ့် အပိုင်းတွေ ရှိလာဦးမှာပါ။

ကျနော့် အတွက်ကတော့ ဒီကလပ်ရဲ့ အသင်းခေါင်းဆောင် ရာထူးကို ရယူထားရတာ နဲ့ အညီ ၊ ဘယ်လို နေရာမျိုးမှာပဲ ကစားရပါ အသင်းအတွက် အဓိက ဆိုတဲ့ ခံယူချက်ပဲ ရှိပါတယ် ၊ ဒါကြောင့် နည်းပြကြီး ခိုင်းတဲ့ အတိုင်းပဲ ဖြစ်အောင် ကြိုးစားသွားမှာပါ” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

ဟန်ဒါဆင်ဟာ တိုက်စစ်ကို လိုက်ပါ ကစားခွင့် ရရှိ လာခဲ့ပြီးနောက် ၊ ဆောက်သမ်တန် နဲ့ ပွဲမှာ တစ်ဂိုးသွင်းပြီး ၊ တစ်ဂိုး ဖန်တီး နိုင်ခဲ့သလို ၊ ပေါ်တို နဲ့ ပွဲမှာလဲ ခြေစွမ်းပြ ကစားသွားခဲ့ ပြန်ပါတယ်။