ပထမဆုံး အနေနဲ့တော့ နည်းနည်းလေး ရှက်စရာ ကောင်းတဲ့ အကြောင်းအရာ တစ်ခုနဲ့ စတင်ချင်ပါတယ် ဘာလို့လဲ ဆိုတော့ ဘောလုံး ပရိသတ်တွေ က ကျနော်တို့လို မန်နေဂျာတွေ ၊ ကွင်းထဲက ဘောလုံး သမားတွေ ဆိုရင် ဘုရားသခင်တွေ လို့ မှတ်ယူထားကြလို့ပါ။ ကျနော် ကတော့ အဲဒီ အကြောင်းနဲ့ ပတ်သက်လို့ စိုးရိမ်မိပါတယ်။

ကျနော်လဲ ခရစ်ယာန် တစ်ယောက် ဆိုတော့ တစ်ဦးတည်းသော ဘုရားသခင်ကို ယုံကြည်တာပါ။ ဒါပေမယ့် ကျနော် အခိုင်အမာ ပြောနိုင်တာ တစ်ခုက ဘုရားသခင်လဲ ဘောလုံး အပေါ်မှာ ဘာမှ လုပ်ပေးလို့ မရပါဘူး။ တကယ့် အမှန်တရားက ကျနော်တို့ဟာ အမြဲတမ်းလိုလို ကျရှုံးမှုတွေ နဲ့ ရင်ဆိုင်နေကြရတာပါ။

ကျနော် မန်နေဂျာ ပေါက်စ တုန်း ကဆိုရင် ကျရှုံးမှုတွေက အရမ်းကို ကြီးမားလွန်းခဲ့ပါတယ်။

ထားပါတော့…..

ဟိုတစ်နေ့ ည ကတော့ ကျနော်ဟာ ဖီဖာ အကောင်းဆုံး နည်းပြဆုကို ဆွတ်ခူးနိုင်ခဲ့တယ်လေ ဒါပေမယ့် ဆုဖလားလေး တစ်လုံးထဲ ရယူပြီး ၊ စင်မြင့်ထက်မှာ အဲဒီဆု ကို တက်ယူနေတဲ့ ကိုယ့်ကိုကိုယ် ပြန်မြင်ရတာ လုံး၀ သဘောမကျပါဘူး။ တကယ်တော့ အဲဒီ ဗိုလ်လုပွဲမှာ အနိုင်ရခဲ့တယ် ဆိုတာ ကလဲ ကျနော့် ရဲ့ ဘေးနားမှာ ရှိတဲ့ လူတွေ နဲ့လဲ အများကြီး သက်ဆိုင်ပါတယ်။ ဒါဟာ ကျနော့် ကစားသမားတွေချည်းပဲ တော်လို့ မဟုတ်သလို ၊ ကလပ်အသင်းက လူတွေ ၊ နည်းပြ အဖွဲ့ဝင်တွေ ၊ ပရိသတ်တွေ ရဲ့ အားပေးမှုတွေနဲ့ တစ်နည်းတစ်ဖုံတော့ သက်ဆိုင်နေမှာပါ။ နောက်ဆုံး ကျနော့်ကို နည်းပြ ဘ၀ တစ်လျှောက် ဒီအဆင့်မျိုး အထိ တက်လှမ်းနိုင်အောင် ကူညီပေးခဲ့ကြတဲ့ ကျနော့် မိသားစုဝင်တွေ နဲ့လဲ ပတ်သက်နေလိမ့်မယ် ထင်ပါတယ်။

အမှန်တိုင်း ဝန်ခံရရင် ကျနော့် အသက် 20 လောက် ကသာ ၊ အခုလို အဖြစ်အပျက်တွေ နဲ့ အနာဂတ်မှာ ရင်ဆိုင်ရလိမ့်မယ်လို့ ဗေဒင်ဟောမယ့်သူသာ ရှိခဲ့ရင် ကျနော်က လုံးဝကို ယုံကြည်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် အဲဒီ အရွယ်မှာ ရုန်းကန်ခဲ့ရတဲ့ ဘ၀ ရဲ့ သင်ခန်းစာတွေကြောင့်ပဲ ကျနော့် ရဲ့ ဘဝဟာ အများကြီးပြောင်းလဲ သွားခဲ့ရတာပါ။

အဲဒီ အချိန်က ကိုယ့်ကိုကိုယ် ကို လူငယ် တစ်ယောက်လို့ သတ်မှတ်ထားခဲ့သည့်တိုင်အောင် ၊ ကလေး အဖေဆိုတဲ့ ဂုဏ်ပုဒ် တစ်ခုလဲ ပိုင်ဆိုင်နေခဲ့ပြီလေ။ ပြောရရင် အသင့်မဖြစ်သေးပဲ နဲ့ ကလေး တစ်ယောက် ပိုင်ဆိုင်လာခဲ့တာပေါ့။ အဲဒီ အချိန်က ကျနော်ဟာ အပျော်တမ်းအဆင့် ဘောလုံးသမား အဖြစ်ပဲ ရှိနေသေးသလို ၊ တစ်ဖက်မှာလဲ တက္ကသိုလ် တက်နေတုန်းလေ။

ကျောင်းလခ ပေးဖို့အတွက် ရုပ်ရှင် တစ်ရုံမှာ အလုပ်လုပ်ရင်း တစ်ဖက် တစ်လမ်းကနေ ဝင်ငွေလဲ ရှာခဲ့ရသေးတာပေါ့ဗျာ။ အဲဒီ အချိန်က ရုပ်ရှင်ဆိုတာ အခုလို DVD ခေတ် မဟုတ်သေးသလို ၊ ဖလင်ခေတ်ပဲ ရှိသေးတာဆိုတော့ ၊ မနက် 6 နာရီ ဆိုတာ နဲ့ ဖလင်လိပ်ကြီးတွေ ထည့်ထားတဲ့ ပုံးကြီးတွေကို ကားပေါ်က တင်လိုက် ၊ ချလိုက် နဲ့ အလုပ်ရှုပ်နေခဲ့ပါပြီ။ ပုံးတွေကလဲ တော်တော်လေးတာမို့ တကယ်ကို ပင်ပန်းတာပါ။ တစ်ခါ တစ်လေ ကိုယ့်ကိုကိုယ် Ben-Hur ဇာတ်ကားထဲက ဇာတ်ကောင်လိုမျိး အပြောင်းအလဲတွေ ဖြစ်လာဖို့တောင် ဆုတောင်းနေခဲ့မိပါတယ်။

ဘ၀ ဆိုးခဲ့ပုံက တစ်ညမှ 5 နာရီလောက်သာ အိပ်ခဲ့ရတာလေ။ မနက်ခင်းဆို ရုပ်ရှင် ဖလင်တွေ ထားတဲ့ ဂိုဒေါင် ပြေးပြီး အလုပ်လုပ်ရတယ် ၊ အဲဒီ က ပြီးတာနဲ့ ကျောင်းကို ပြေးရတယ် ၊ ညဘက်ရောက်တော့ ဘောလုံးအသင်းမှာ ထရိန်နင် ပြန်ဆင်းရတာပေါ့။ ကိုယ့် ဆန္ဒကတော့ အိမ်ကို စောစောပြန်လာပြီး ကိုယ့်သားလေး နဲ့ အချိန်တွေ ဖြုန်းပစ်ချင်တာပေါ့ဗျာ။

အဲဒီလို ခက်ခဲတဲ့ ဘဝက ပဲ ကျနော့်ကို သင်ခန်းစာတွေ အများကြီး သင်ပေးလိုက်တာပါ။ ငယ်ငယ်ရွယ်ရွယ် နဲ့ အလုပ်ကို အာရုံစိုက်ပြီး လုပ်တတ်တယ်လာတယ်လေ။

ညဘက် ဘော်ဒါတွေ နဲ့ ဆုံလို့ သူတို့က ဘီယာလေး သွားသောက်ကြအောင်ကွာလို့ ခေါ်လိုက်ရင် ၊ ကျနော့် စိတ်ထဲမှာ “ အေး သွားမယ်ကွာ….သောက်ကြမယ်ကွာ” လို့ ပြောနေခဲ့ပေမယ့် ၊ တကယ်တမ်းတော့ မသွားဖြစ်ခဲ့တဲ့ အပြင် သူတို့ရဲ့ ကမ်းလှမ်းမှုကို အကြိမ်ကြိမ် ငြင်းခဲ့ရတာပါ။ ဘာလို့လဲ ဆိုတော့ ကျနော်က လူပျိုလူလွတ် တစ်ယောက် မဟုတ်တော့ဘူးလေ။

လူတစ်ယောက်ဟာ သူ့ရဲ့ သွေးသားကနေ ပေါက်ဖွားလာတဲ့ ကလေးတစ်ယောက် ရဲ့ အနာဂတ် အတွက် စိုးရိမ်စိတ်တွေ ဝင်လာပြီ ဆိုရင် ၊ အဲဒီ စိုးရိမ်မှုဟာ ဘာနဲ့မှကို မတူတော့ပါဘူး။ ရင်ဆိုင်ရတာလဲ အရမ်းကို ခက်ခဲပါတယ်။ အခု ဘောလုံးကွင်းထဲမှာ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ ဆိုတာ အဲဒီ ခံစားချက်နဲ့ ယှဉ်ကြည့်လိုက်ရင် ဘာမှ ကို မဟုတ်တာပါ။

တစ်ခါတလေ လီဗာပူး က အသင်းတစ်သင်းကို ရှုံးနိမ့်လိမ့်လို့ ၊ ကျနော်က သတင်းစာ ရှင်းလင်းပွဲမှာ ပြုံးြ့ပုံးရွှင်ရွှင် နဲ့ ပြန်ပြီး မေးခွန်းတွေ ပြန်ဖြေနေရင် ၊ ခင်ဗျား က ဘာလို့ အဲဒီလို ပြုံးထားနိုင်တာလဲ ဆိုပြီး လူတွေက ခဏခဏ မေးကြပါတယ်။ အဲဒီ မေးခွန်းရဲ့ လျှို့ဝှက်ချက် အဖြေကို ကျနော့် သားလေး မွေးလာတဲ့ အချိန်မှာ သိခွင့်ရခဲ့တာပါ။

ဘာလို့လဲ ဆိုတော့ ဘောလုံးဆိုတာ ဘ၀ ရဲ့ ဘ၀ တစ်ခုလုံးကြီး မဟုတ်သလို ၊ သေဆုံးခြင်းလဲ မဟုတ်ပါဘူး။ ကျနော်တို့ ဘောလုံးကစားနေတယ် ဆိုတာ လူတွေ အသက်ကို ကယ်တင်ဖို့ မဟုတ်ပါဘူး။ ဘောလုံး ဆိုတာ ပျော်ရွှင်မှု အပြည့်နဲ့ ကစားရမယ့် ကစားနည်းဖြစ်ပြီး ၊ လူတိုင်း အတွက် စိတ်ဓါတ်ခွန်အားတွေ မွေးဖွားပေးတဲ့ အရာမျိုးပဲ ဖြစ်သင့်ပါတယ်။ အထူးသဖြင့် လူငယ် မျိုးဆက်လေးတွေ အားကျနိုင်တဲ့ ကစားနည်းမျိုးပဲ ဖြစ်ရမှာပါ။

ဒီလို အလုံး သေသေးလေးကို ကန်ရင်း ၊ ဘ၀ ရပ်တည်မှုကို အခိုင်အမာ ရယူထားကြတဲ့ လူတွေ အများကြီး ကျနော် မြင်ခဲ့ပြီးပါပြီ။ မိုဆာလတ် ၊ မာနေး ၊ ဖာမင်နို တို့ ဖြတ်သန်းခဲ့ရတဲ့ ဘ၀ ဆိုရင် ဘယ်လိုမှတောင် မယုံကြည်နိုင်စရာ ကောင်းသလို ၊ အခြား ကစားသမားပေါင်း မြောက်များစွာလဲ ရှိနေပါတယ်။ ကျနော် လူငယ် ဘဝက ဂျာမဏီမှာ ရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲတွေ ဆိုတာ သူတို့တွေ နဲ့ ယှဉ်ကြည့်လိုက်တော့ ဘာမှကို မဟုတ်တော့တာပါ။ သူတို့ ဘဝတွေမှာ ဘောလုံး လောက ကနေ စွန့်ခွာသွားချင်လောက်တဲ့ အခိုက်အတန့်တွေ က ခဏခဏကို ကြုံခဲ့ရပေမယ့် သူတို့ ကတော့ လက်မြှောက် အရှုံးပေးဖို့ ငြင်းဆန်ပြီး ဒီလို အဆင့်ထိ တက်လှမ်းလာခဲ့ကြတာလေ။

သူတို့တွေဟာ ဘုရားသခင်တွေ မဟုတ်ပါဘူး ၊ နတ်ဘုရားတွေ လဲ မဟုတ်ပါဘူး ။ သူတို့ဟာ ကိုယ့်အိပ်မက်ကို ဘယ်တော့မှ အရှုံးမပေးခဲ့ကြတဲ့ သူတွေသာ ဖြစ်ပါတယ်။

ကျနော့် အထင်ကတော့ ဘောလုံးဆိုတာ အမြဲတမ်းလိုလို ရှုံးနိမ့်မှုတွေ နဲ့ ကြုံနေရတဲ့ ကစားနည်းလို့ ထင်ပါတယ်။ ဒါပေမယ့် မျက်နှာကို ပြုံးထားပြီး ၊ ကြိုးစားမယ် ဆိုရင် နောက်တစ်နေ့မှာ ခြေစွမ်း ပြနိုင်တာပဲလေ။

ကျနော်ဆိုရင်လဲ အမှားပေါင်း မြှောက်များစွာကနေ သင်ယူခဲ့ရတာပါ။ ပထမဆုံး နည်းပြ ဖြစ်လာခဲ့တဲ့ အချိန်က အခက်အခဲတွေ အမှားတွေကို ဘယ်လိုမှ မမေ့သေးပါဘူး။ ကျနော်ဟာ မိန့်ဇ်မှာ 10 နှစ်ကျော် ကစားပေးပြီးတဲ့နောက် ၊ 2001 ခုနှစ်မှာ မန်နေဂျာ ဖြစ်လာခဲ့ပါတယ်။

စစချင်း ရင်ဆိုင်လိုက်ရတဲ့ ပြသနာ က ဘောလုံးသမားတွေ အားလုံးက ကျနော့်ရဲ့ သူငယ်ချင်းတွေပါ။ နေ့ချင်း ညချင်းကြီးပဲ နည်းပြ ဖြစ်လာတာ ဆိုတော့ ၊ သူတို့က Boss ဆိုတဲ့ စကားတောင် မခေါ်နိုင်ပဲ Kloppo ဆိုတဲ့ အသုံးအနှုန်း နဲ့ပဲ ဆက်လက် ဝေါ်ခေါ်ခဲ့ကြတာလေ။

ပထမဆုံး ကိုင်တွယ်မယ့် ပွဲစဉ်အတွက် ပွဲထွက်ကစားသမား စာရင်း ကြေငြာမယ်လုပ်တော့ ၊ ကစားသမား တစ်ယောက်ချင်းကို မျက်နှာချင်းဆိုင်ပြီး အသိပေး ပြောလိုက်ရင် ပိုကောင်းမယ် ဆိုပြီး တွေးမိခဲ့ဖူးပါတယ်။ တကယ်တော့ အဲဒီ အိုက်ဒီယာ က တော်တော်လေးကို ဆိုးလွန်းပါတယ်။ ဘာလို့လဲ ဆိုတော့ ကျနော်တို့မှာ နှစ်ခန်းတွဲ လေးပဲ နေရာ ရှိတာလေ။ စဉ်းစားကြည့်ပေါ့ဗျာ……….နေရာ က အများကြီး မရှိတော့ ကျနော်ဟာ နည်းပြ တစ်ယောက် ဖြစ်နေသည့်တိုင်အောင် ဘယ်လို နေရာမှာထိုင်ရမလဲ ဆိုတာ……

ပြီးရင် တစ်ယောက် နဲ့ တစ်ယောက် မြင်နေရတဲ့ အနေအထားမှာတောင် “ မနက်ဖြန် ပွဲမှာ မင်းကစားမယ် ၊ မင်းကတော့ မကစားဘူး” ဆိုတဲ့ စကားလုံးမျိုးကို ပြောခဲ့ရတာပါ။ ပြောတိုင်းလဲ ကစားခွင့်မရတဲ့ သူတိုင်းက ဘာလို့လဲ ဆိုတဲ့ အကြောင်းပြချက်ကို အမြဲတမ်း အမေးခံခဲ့ရပါတယ်။

များသောအားဖြင့်တော့ ကျနော့်မှာ သူတို့အတွက် အဖြေက မရှိခဲ့ပါဘူး။ ပြန်ပြောနိုင်တာ တစ်ခုက ငါတို့မှာ 11 ယောက်ပဲ ကစားခွင့် ရှိလို့ပါကွာ ဆိုတဲ့ စကားတစ်ခွန်းပါပဲ။

ကျနော့်ရဲ့ မန်နေဂျာ ဘ၀ က အဲဒီလို စတင်ခဲ့ရတာဗျ။ 2019 ခုနှစ်ရဲ့ဖီဖာ အကောင်းဆုံး နည်းပြကြီးက အဲဒီဘ၀ ကနေ လာခဲ့တာလို့ ပြောလိုက်ရင် ပရိသတ်တွေ ယုံနိုင်ကြပါဦးမလား……

ပြီးခဲ့တဲ့ ရာသီက ဘာစီလိုနာ ကို နူးကမ့်ကွင်းကြီးမှာ 3-0 နဲ့ ရှုံးနိမ့်ခဲ့တဲ့ ရလာဒ် က ကျနော့်ရဲ့ မန်နေဂျာ ဘဝမှာ အဆိုးဝါးဆုံး ရလာဒ် တစ်ခု ဖြစ်မယ် ထင်ပါတယ်။ ဒုတိယ အကျော့ ပြန်ကစားဖို့ ပြင်ဆင်တဲ့ အချိန်ရောက်တော့ ကျနော် လီဗာပူး ကစားသမားတွေ ကို မှာခဲ့တဲ့ စကားလုံးတွေက ပွင့်ပွင့်လင်းလင်း နဲ့ ဒဲ့ပဲ ပြောခဲ့တာပါ။

ဒီပွဲမှာ Rocky ရုပ်ရှင်တွေထဲကတော့ ဖြစ်လာမှာ မဟုတ်ပါဘူး ဆိုတာ ထည့်ပြောဖြစ်ခဲ့သလို ၊ များသောအားဖြင့် နည်းစနစ် အကြောင်းတွေကိုပဲ အသားပေးခဲ့တာပါ။ ဒါပေမယ့် သူတို့ ကို ပြောခဲ့တဲ့ အမှန်တရား တစ်ခုက

“ ငါတို့ဟာ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှုး နှစ်ယောက် မပါပဲ နဲ့ ကစားရတော့မယ် ၊ ကမ္ဘာပေါ်က ဘောလုံးပရိသတ်တွေ ကတော့ ဒီပွဲဟာ ပြန်လာနိုင်စရာ အကြောင်းမရှိတော့ဘူးလို့ ပြောနေကြပီ။
ငါလဲ အရိုးသားဆုံးပြောမယ်ကွာ…….သူတို့ ပြောသလို ဖြစ်နိုင်ချေက မရှိတော့တာ ဟုတ်ပါတယ် ဒါပေမယ့် ဖြစ်နိုင်ချေ ရှိတဲ့ အကြောင်းအရင်းက အဲဒီ ပွဲကို ရင်ဆိုင် ကစားရမှာက မင်းတို့ ကိုယ်တိုင် ဖြစ်နေလို့ပါ။ မင်းတို့ကို ငါယုံတယ် ၊ ငါတို့မှာ အခွင့်အရေး တစ်ခုတော့ ရှိနေလိမ့်မယ်” ဆိုပြီး ပြောခဲ့တာပါ။

တကယ်တမ်းလဲ ကျနော့်စိတ်ထဲမှာ အဲဒီအတိုင်းပါပဲ။ တစ်ခါတလေ ဘောလုံးသမားတွေ ကလဲ လူသားတွေ ဖြစ်တာကြောင့် ၊ ဘ၀ မှာ ရှိတဲ့ အခက်အခဲတွေတောင်ကို ရင်ဆိုင် ကျော်ဖြတ်နိုင်စွမ်းရှိတယ်လေ။

နောက်ဆုံး တစ်ခု အဖြစ် မှာလိုက်တာကတော့ “ ရှုံးခဲ့ရင်တောင် ပရိသတ်တွေ ဂုဏ်ယူနိုင်ရမယ့် ပုံစံမျိုး နဲ့ ရှုံးခဲ့ကြကွာ” ဆိုတဲ့ တစ်ခွန်းတော့ မှာခဲ့မိသေးတယ်ဗျာ။ ဒီလို ပြောရတာကလဲ ကျနော်က ကွင်းဘေးကနေ အော်နေဖို့က အရမ်းလွယ်ပေမယ့် ၊ တကယ်တမ်းကွင်းထဲမှာ ကစားရတဲ့သူတွေ အတွက်က အများကြီး ခက်ခဲတယ်လေ။ အန်ဖီးကွင်းထဲကို ရောက်လာခဲ့တဲ့ ပရိသတ်ပေါင်း 54000 ကြောင့်လဲ ကျနော်တို့ဟာ မဖြစ်နိုင်တာ တစ်ခုကို ဖြစ်အောင် လုပ်ပြခဲ့ပါတယ်။

ဒါဟာ ဘောလုံးရဲ့ စစ်မှန်တဲ့ အလှတရား တစ်ခုပါပဲ။ တစ်ဦးတစ်ယောက်ထဲ ဖန်တီးလို့ မရတဲ့ အလှတရားမျိုးပေါ့ဗျာ……

အဲဒီ ထဲက ကံဆိုးတာက ချန်ပီယံလိဂ် သမိုင်းကြောင်း တစ်လျှောက်လုံး သမိုင်းတွင်းသွားမယ့် အိုရီဂီ ရဲ့ သွင်းဂိုး ကို ကျနော် သေချာ မမြင်လိုက်ရတာပါ။ အာနိုး ရဲ့ သိပ္ပံပညာရှင် တစ်ယောက်လို တွေးခေါ်ပြီး ဖန်တီးပြသွားတဲ့ အနေအထားကို ကျနော် လွဲသွားတယ်ဗျာ။

ဘောလုံး ထောင့်ကန် ဘော ဖြစ်သွားတာတော့ မြင်လိုက်ရပါသေးတယ်။ အာနိုး က ကန်တော့မယ် ၊ ရှာကွီရီ က လိုက်သွားတဲ့ အထိ မြင်သေးတယ်ဗျ။ ကျနော်က လူစားလဲဖို့ ပြင်နေတာမို့ ၊ ကျောခိုင်းပြီး ထိုင်ခုံတန်းဆီ လှည့်လာတဲ့ အချိန်ပါ ၊ ကျနော့် ရဲ့ လက်ထောက်နည်းပြကိုလဲ စကားပြောရင်း တိုင်ပင်နေပါပြီ။

အဲဒီ အချိန်မှာ ရုတ်တရက် ကြားလိုက်ရတာက ပေါက်ကွဲထွက်သွားတဲ့ အောင်ပွဲခံတဲ့ အသံကြီးပါ။ လှည့်ကြည့်လိုက်တော့ ဘောလုံးဟာ ဂိုးပိုက်ထဲကို ရောက်သွားပါပြီ။

ကျနော်လဲ ဘန်ဝုဒ်ဘန် ဘက်လှည့်တော့ ၊ သူက ဘာဖြစ်သွားတာလဲ ဆိုပြီး လှမ်းမေးပါတယ် ၊ ကျနော်လဲ မပြောပြတတ်တော့ဘူး လို့ပဲ ပြန်ဖြေလိုက်မိတာပါ။

အန်ဖီးလ် ပရိသတ်တွေ ကတော့ အမှန်အကန် အောင်ပွဲခံနေကြပါပြ….အဲဒီအချိန် လက်ထောက် နည်းပြက …ကဲ ဘော့စ် လူစားလဲဦးမလား? ဆိုပြီး မေးလိုက်တော့ ကျနော်ဖြင့် ပြုံးစိစိ ဖြစ်နေတာ အခုထိ မျက်စိထဲက မထွက်သေးပါဘး။

စဉ်းစားကြည့်ဗျာ…….နည်းပြ လုပ်လာတာ 18 နှစ် ရှိပြီ ၊ ဘောလုံးပွဲတွေ ကြည့်လာတာ နာရီပေါင်း သန်း ချီနေပြီ ၊ ဒီထဲကမှ ကျနော့် အသင်းရဲ့ သမိုင်းဝင် ဂိုးသွင်းတဲ့ အခိုက်အတန့်လေး တစ်ခုကို ကျနော် လွဲချော်သွားခဲ့တာလေ။ အဲဒီ လို ဖြစ်ပြီးကတည်းက ကျနော်ဖြင့် အိုရီဂီရဲ့ သွင်းဂိုး ကို ပြန်ကြည့်နေမိတာ အကြိမ်ပေါင်း 5 သိန်း မကလောက်တော့ပါဘူး။

ပွဲပြီးတော့ အခန်းငယ်လေးထဲမှာ ထိုင်နေမိပါတယ်။ ဘီယာတွေ သောက်ပြီးလဲ အောင်ပွဲ မခံခဲ့ပါဘူး။ ဒါပေမယ့် ရေဗူးလေး ဘေးမှာချလို့ ၊ တစ်ယောက်ထဲ တိတ်တိတ်ဆိတ်ဆိတ် နေရင်း ပြုံးနေမိတယ်ဗျာ။ အဲဒီ အခိုက်အတန့်မှာ ဖြစ်လာတဲ့ ပီတိတွေ ၊ ပျော်ရွှင်မှုတွေကို ကျနော်ဖြင့် ဘယ်လိုမှကို စကားလုံးနဲ့ ဖော်ပြနိုင်စွမ်း မရှိတာပါ။

အိမ်ပြန်ရောက်တော့ ဆွေမျိုးတွေ ၊ မိတ်တွေတွေ အားလုံးက ရောက်နှင့်နေပါပြီ ၊ အဲဒီ ကျမှပဲ ပါတီပွဲ အကြီးကြီး လုပ်ရင်း အောင်ပွဲခံပစ်လိုက်ပါတယ်။ တစ်ညလုံး စိတ်လှုပ်ရှားလွန်းပြီး မောမော နဲ့ အိပ်ပျော်သွားတာ မနက်ကျမှ ပြန်စဉ်းစားမိတယ်။

“တစ်ဘဝလုံး အိပ်စက်ခဲ့တဲ့ ညတွေထဲမှာ ဒီည အိပ်ရတာ အရသာ အရှိဆုံးပဲ” လို့။

ကျနော့် အတွက် ဘောလုံးဆိုတာ ရုပ်ရှင်ဇာတ်ကားတွေ ထက်ပိုပြီး စိတ်ဓါတ်ခွန်အားတွေ မွေးဖွားပေးတဲ့ အရာတစ်ခုပါ။ Rocky ဆိုတာ ဇာတ်လမ်းအသွင် ဖန်တီးထားတာဖြစ်ပေမယ့် ၊ ကျနော်တို့က အဲဒီလိုမျိုး ဘောလုံးမှာ စွမ်းဆောင် ပြနိုင်ခဲ့ပါပြီ။

လွန်ခဲ့တဲ့ နှစ်အနည်းငယ် အတွင်းမှာ မာတာ ၊ ဟမ်းမဲ၊ မီဂန် ရာပီနိုးတို့ လုပ်ဆောင်နေတဲ့ Common Goal အစီအစဉ်နဲ့ ပတ်သက်ပြီး တော်တော်လေးကို သဘောကျမိခဲ့တာပါ။ သူတို့ရဲ့လုပ်ဆောင်ချက်တွေက အရမ်းကို ချီးကျူးဖို့ ကောင်းပါတယ်။ ဘောလုံးသမား အဖွဲ့ဝင်ပေါင်း 120 ကျော်က သူတို့လစာ ရဲ့ 1% ကို ထည့်သွင်းလှူဒါန်းပြီး ၊ ကမ္ဘာတစ်ဝန်းမှာ ဘောလုံးတိုးတက်ရေး လုပ်ဆောင်နေတဲ့ အဖွဲ့တွေကို ကူညီပေးခဲ့နေခဲ့တာပါ။

ဒါဟာ ချမ်းသာတဲ့ ဘောလုံးသမားတွေပဲ လုပ်နေကြတာ မဟုတ်ပါဘူး ၊ ကနေဒါ အမျိုးသမီး လက်ရွေးစင် တစ်သင်းလုံးဆိုရင် ဒီအဖွဲ့ထဲမှာ ပါဝင်သလို ၊ ဂျပန် ၊ သြစတေးလျ ၊ ကင်ညာ ၊ ဂါနာ တို့လို နိုင်ငံက ဘောလုံးသမားတွေတောင် ပါဝင်နေပါပြီ။ ဒါဟာ အနာဂတ် မျိုးဆက်တွေ အတွက် စိတ်ဓါတ်ပိုင်း ဆိုင်ရာ တက်ကြွက်မှုတွေ ဖြစ်ပေါ်လာစေဖို့ လုပ်ဆောင်နေတဲ့ ပရဟိတ လုပ်ငန်းမျိုး ဖြစ်သလို ၊ ဘောလုံးရဲ့ ရည်ရွယ်ချက် သဘောတရားကလဲ ဒါပဲလေ။

ကျနော်လဲ အဲဒီ လို အဖွဲ့အစည်းမျိုးရဲ့ အစိတ်အပိုင်း တစ်ခု အဖြစ် ပါဝင်ချင်တာပေါ့ဗျာ။ ဒါကြောင့် ကျနော့် ရဲ့ လစာ 1% ကို လှူဒါန်းတော့မှာ ဖြစ်သလို ၊ ကမ္ဘာတစ်ဝန်းမှာ ရှိတဲ့ ဘောလုံးနဲ့ ပတ်သက်တဲ့သူ အားလုံး ဒီအစီအစဉ်ကို ပါဝင်ဖို့ ဖိတ်ခေါ်ပါရစေ။

ကျနော်တို့ အနေနဲ့ ကမ္ဘာကြီးမှာ ဖြစ်ပေါ်နေတဲ့ ပြသနာတွေ ကို မျက်ကွယ် ပြုမထားကြပါနဲ့။ လက်ရှိ ကျနော်တို့ ပတ်ဝန်းကျင်က မြင်ကွင်းတွေဟာ တကယ့် အမှန်တရားမဟုတ်ပါဘူး။ ဒီရဲ့ ဆန့်ကျင်ဘက် နေရာတွေမှာ ခက်ခဲစွာ ရုန်းကန်ရင်း ဘောလုံး ကစားခွင့်ရဖို့ ကြိုစားနေတဲ့ သူတွေ ရှိပါတယ်။

သူတို့တွေ အတွက် တတ်နိုင်သလောက် ကူညီလိုက်ကြရအောင်ပါ။ မြက်ခင်းစိမ်းတွေပေါ်မှာ အခြေချပြီး ဘဝကို ရှင်သန်ခွင့်ရဖို့ ဆိုတာ သူတို့လေးတွေရဲ့ အိပ်မက်တွေဆိုတာ ကျနော်တို့ သိထားကြပြီးသားပါ……………

 

က်ေနာ္ အိပ္မက္ မက္ေနတာ ျဖစ္မွာပါ…………#ယာဂန္ကေလာ့ပ္
*****************************

ပထမဆံုး အေနနဲ႔ေတာ့ နည္းနည္းေလး ရွက္စရာ ေကာင္းတဲ့ အေၾကာင္းအရာ တစ္ခုနဲ႔ စတင္ခ်င္ပါတယ္ ဘာလို႔လဲ ဆိုေတာ့ ေဘာလံုး ပရိသတ္ေတြ က က်ေနာ္တို႔လို မန္ေနဂ်ာေတြ ၊ ကြင္းထဲက ေဘာလံုး သမားေတြ ဆိုရင္ ဘုရားသခင္ေတြ လို႔ မွတ္ယူထားၾကလို႔ပါ။ က်ေနာ္ ကေတာ့ အဲဒီ အေၾကာင္းနဲ႔ ပတ္သက္လို႔ စိုးရိမ္မိပါတယ္။

က်ေနာ္လဲ ခရစ္ယာန္ တစ္ေယာက္ ဆိုေတာ့ တစ္ဦးတည္းေသာ ဘုရားသခင္ကို ယံုၾကည္တာပါ။ ဒါေပမယ့္ က်ေနာ္ အခိုင္အမာ ေျပာႏိုင္တာ တစ္ခုက ဘုရားသခင္လဲ ေဘာလံုး အေပၚမွာ ဘာမွ လုပ္ေပးလို႔ မရပါဘူး။ တကယ့္ အမွန္တရားက က်ေနာ္တို႔ဟာ အျမဲတမ္းလိုလို က်ရႈံးမႈေတြ နဲ႔ ရင္ဆိုင္ေနၾကရတာပါ။

က်ေနာ္ မန္ေနဂ်ာ ေပါက္စ တုန္း ကဆိုရင္ က်ရႈံးမႈေတြက အရမ္းကို ၾကီးမားလြန္းခဲ့ပါတယ္။

ထားပါေတာ့…..

ဟိုတစ္ေန႔ ည ကေတာ့ က်ေနာ္ဟာ ဖီဖာ အေကာင္းဆံုး နည္းျပဆုကို ဆြတ္ခူးႏိုင္ခဲ့တယ္ေလ ဒါေပမယ့္ ဆုဖလားေလး တစ္လံုးထဲ ရယူျပီး ၊ စင္ျမင့္ထက္မွာ အဲဒီဆု ကို တက္ယူေနတဲ့ ကိုယ့္ကိုကိုယ္ ျပန္ျမင္ရတာ လံုး၀ သေဘာမက်ပါဘူး။ တကယ္ေတာ့ အဲဒီ ဗိုလ္လုပြဲမွာ အႏိုင္ရခဲ့တယ္ ဆိုတာ ကလဲ က်ေနာ့္ ရဲ႕ ေဘးနားမွာ ရွိတဲ့ လူေတြ နဲ႔လဲ အမ်ားၾကီး သက္ဆိုင္ပါတယ္။ ဒါဟာ က်ေနာ့္ ကစားသမားေတြခ်ည္းပဲ ေတာ္လို႔ မဟုတ္သလုိ ၊ ကလပ္အသင္းက လူေတြ ၊ နည္းျပ အဖြဲ႔၀င္ေတြ ၊ ပရိသတ္ေတြ ရဲ႕ အားေပးမႈေတြနဲ႔ တစ္နည္းတစ္ဖံုေတာ့ သက္ဆိုင္ေနမွာပါ။ ေနာက္ဆံုး က်ေနာ့္ကို နည္းျပ ဘ၀ တစ္ေလွ်ာက္ ဒီအဆင့္မ်ိဳး အထိ တက္လွမ္းႏုိင္ေအာင္ ကူညီေပးခဲ့ၾကတဲ့ က်ေနာ့္ မိသားစု၀င္ေတြ နဲ႔လဲ ပတ္သက္ေနလိမ့္မယ္ ထင္ပါတယ္။

အမွန္တိုင္း ၀န္ခံရရင္ က်ေနာ့္ အသက္ 20 ေလာက္ ကသာ ၊ အခုလို အျဖစ္အပ်က္ေတြ နဲ႔ အနာဂတ္မွာ ရင္ဆုိင္ရလိမ့္မယ္လို႔ ေဗဒင္ေဟာမယ့္သူသာ ရွိခဲ့ရင္ က်ေနာ္က လံုး၀ကို ယံုၾကည္မွာ မဟုတ္ပါဘူး။ ဒါေပမယ့္ အဲဒီ အရြယ္မွာ ရုန္းကန္ခဲ့ရတဲ့ ဘ၀ ရဲ႕ သင္ခန္းစာေတြေၾကာင့္ပဲ က်ေနာ့္ ရဲ႕ ဘ၀ဟာ အမ်ားၾကီးေျပာင္းလဲ သြားခဲ့ရတာပါ။

အဲဒီ အခ်ိန္က ကိုယ့္ကိုကိုယ္ ကို လူငယ္ တစ္ေယာက္လို႔ သတ္မွတ္ထားခဲ့သည့္တိုင္ေအာင္ ၊ ကေလး အေဖဆိုတဲ့ ဂုဏ္ပုဒ္ တစ္ခုလဲ ပိုင္ဆုိင္ေနခဲ့ျပီေလ။ ေျပာရရင္ အသင့္မျဖစ္ေသးပဲ နဲ႔ ကေလး တစ္ေယာက္ ပိုင္ဆုိင္လာခဲ့တာေပါ့။ အဲဒီ အခ်ိန္က က်ေနာ္ဟာ အေပ်ာ္တမ္းအဆင့္ ေဘာလံုးသမား အျဖစ္ပဲ ရွိေနေသးသလုိ ၊ တစ္ဖက္မွာလဲ တကၠသိုလ္ တက္ေနတုန္းေလ။

ေက်ာင္းလခ ေပးဖို႔အတြက္ ရုပ္ရွင္ တစ္ရံုမွာ အလုပ္လုပ္ရင္း တစ္ဖက္ တစ္လမ္းကေန ၀င္ေငြလဲ ရွာခဲ့ရေသးတာေပါ့ဗ်ာ။ အဲဒီ အခ်ိန္က ရုပ္ရွင္ဆိုတာ အခုလို DVD ေခတ္ မဟုတ္ေသးသလုိ ၊ ဖလင္ေခတ္ပဲ ရွိေသးတာဆိုေတာ့ ၊ မနက္ 6 နာရီ ဆိုတာ နဲ႔ ဖလင္လိပ္ၾကီးေတြ ထည့္ထားတဲ့ ပံုးၾကီးေတြကုိ ကားေပၚက တင္လိုက္ ၊ ခ်လိုက္ နဲ႔ အလုပ္ရႈပ္ေနခဲ့ပါျပီ။ ပံုးေတြကလဲ ေတာ္ေတာ္ေလးတာမို႔ တကယ္ကို ပင္ပန္းတာပါ။ တစ္ခါ တစ္ေလ ကိုယ့္ကိုကိုယ္ Ben-Hur ဇာတ္ကားထဲက ဇာတ္ေကာင္လုိမ်ိး အေျပာင္းအလဲေတြ ျဖစ္လာဖို႔ေတာင္ ဆုေတာင္းေနခဲ့မိပါတယ္။

ဘ၀ ဆုိးခဲ့ပံုက တစ္ညမွ 5 နာရီေလာက္သာ အိပ္ခ့ဲရတာေလ။ မနက္ခင္းဆို ရုပ္ရွင္ ဖလင္ေတြ ထားတဲ့ ဂိုေဒါင္ ေျပးျပီး အလုပ္လုပ္ရတယ္ ၊ အဲဒီ က ျပီးတာနဲ႔ ေက်ာင္းကို ေျပးရတယ္ ၊ ညဘက္ေရာက္ေတာ့ ေဘာလံုးအသင္းမွာ ထရိန္နင္ ျပန္ဆင္းရတာေပါ့။ ကိုယ့္ ဆႏၵကေတာ့ အိမ္ကို ေစာေစာျပန္လာျပီး ကိုယ့္သားေလး နဲ႔ အခ်ိန္ေတြ ျဖဳန္းပစ္ခ်င္တာေပါ့ဗ်ာ။

အဲဒီလုိ ခက္ခဲတဲ့ ဘ၀က ပဲ က်ေနာ့္ကို သင္ခန္းစာေတြ အမ်ားၾကီး သင္ေပးလိုက္တာပါ။ ငယ္ငယ္ရြယ္ရြယ္ နဲ႔ အလုပ္ကို အာရံုစိုက္ျပီး လုပ္တတ္တယ္လာတယ္ေလ။

ညဘက္ ေဘာ္ဒါေတြ နဲ႔ ဆံုလို႔ သူတို႔က ဘီယာေလး သြားေသာက္ၾကေအာင္ကြာလို႔ ေခၚလိုက္ရင္ ၊ က်ေနာ့္ စိတ္ထဲမွာ “ ေအး သြားမယ္ကြာ….ေသာက္ၾကမယ္ကြာ” လို႔ ေျပာေနခဲ့ေပမယ့္ ၊ တကယ္တမ္းေတာ့ မသြားျဖစ္ခဲ့တဲ့ အျပင္ သူတို႔ရဲ႕ ကမ္းလွမ္းမႈကို အၾကိမ္ၾကိမ္ ျငင္းခဲ့ရတာပါ။ ဘာလို႔လဲ ဆုိေတာ့ က်ေနာ္က လူပ်ိဳလူလြတ္ တစ္ေယာက္ မဟုတ္ေတာ့ဘူးေလ။

လူတစ္ေယာက္ဟာ သူ႔ရဲ႕ ေသြးသားကေန ေပါက္ဖြားလာတဲ့ ကေလးတစ္ေယာက္ ရဲ႕ အနာဂတ္ အတြက္ စိုးရိမ္စိတ္ေတြ ၀င္လာျပီ ဆိုရင္ ၊ အဲဒီ စိုးရိမ္မႈဟာ ဘာနဲ႔မွကို မတူေတာ့ပါဘူး။ ရင္ဆိုင္ရတာလဲ အရမ္းကို ခက္ခဲပါတယ္။ အခု ေဘာလံုးကြင္းထဲမွာ ရင္ဆုိင္ေနရတဲ့ အခက္အခဲေတြ ဆိုတာ အဲဒီ ခံစားခ်က္နဲ႔ ယွဥ္ၾကည့္လိုက္ရင္ ဘာမွ ကို မဟုတ္တာပါ။

တစ္ခါတေလ လီဗာပူး က အသင္းတစ္သင္းကို ရႈံးနိမ့္လိမ့္လို႔ ၊ က်ေနာ္က သတင္းစာ ရွင္းလင္းပြဲမွာ ျပဳံးျ့ပံဳးရႊင္ရႊင္ နဲ႔ ျပန္ျပီး ေမးခြန္းေတြ ျပန္ေျဖေနရင္ ၊ ခင္ဗ်ား က ဘာလို႔ အဲဒီလုိ ျပံဳးထားႏိုင္တာလဲ ဆုိျပီး လူေတြက ခဏခဏ ေမးၾကပါတယ္။ အဲဒီ ေမးခြန္းရဲ႕ လ်ွိဳ႕၀ွက္ခ်က္ အေျဖကို က်ေနာ့္ သားေလး ေမြးလာတဲ့ အခ်ိန္မွာ သိခြင့္ရခဲ့တာပါ။

ဘာလို႔လဲ ဆုိေတာ့ ေဘာလံုးဆိုတာ ဘ၀ ရဲ႕ ဘ၀ တစ္ခုလံုးၾကီး မဟုတ္သလုိ ၊ ေသဆံုးျခင္းလဲ မဟုတ္ပါဘူး။ က်ေနာ္တို႔ ေဘာလံုးကစားေနတယ္ ဆိုတာ လူေတြ အသက္ကုိ ကယ္တင္ဖို႔ မဟုတ္ပါဘူး။ ေဘာလံုး ဆိုတာ ေပ်ာ္ရႊင္မႈ အျပည့္နဲ႔ ကစားရမယ့္ ကစားနည္းျဖစ္ျပီး ၊ လူတိုင္း အတြက္ စိတ္ဓါတ္ခြန္အားေတြ ေမြးဖြားေပးတဲ့ အရာမ်ိဳးပဲ ျဖစ္သင့္ပါတယ္။ အထူးသျဖင့္ လူငယ္ မ်ိဳးဆက္ေလးေတြ အားက်ႏို္င္တဲ့ ကစားနည္းမ်ိဳးပဲ ျဖစ္ရမွာပါ။

ဒီလို အလံုး ေသေသးေလးကို ကန္ရင္း ၊ ဘ၀ ရပ္တည္မွဳကို အခုိင္အမာ ရယူထားၾကတဲ့ လူေတြ အမ်ားၾကီး က်ေနာ္ ျမင္ခဲ့ျပီးပါျပီ။ မိုဆာလတ္ ၊ မာေနး ၊ ဖာမင္ႏို တို႔ ျဖတ္သန္းခဲ့ရတဲ့ ဘ၀ ဆိုရင္ ဘယ္လိုမွေတာင္ မယံုၾကည္ႏိုင္စရာ ေကာင္းသလို ၊ အျခား ကစားသမားေပါင္း ေျမာက္မ်ားစြာလဲ ရွိေနပါတယ္။ က်ေနာ္ လူငယ္ ဘ၀က ဂ်ာမဏီမွာ ရင္ဆုိင္ခဲ့ရတဲ့ အခက္အခဲေတြ ဆိုတာ သူတို႔ေတြ နဲ႔ ယွဥ္ၾကည့္လိုက္ေတာ့ ဘာမွကို မဟုတ္ေတာ့တာပါ။ သူတို႔ ဘ၀ေတြမွာ ေဘာလံုး ေလာက ကေန စြန္႔ခြာသြားခ်င္ေလာက္တဲ့ အခိုက္အတန္႔ေတြ က ခဏခဏကို ၾကံဳခဲ့ရေပမယ့္ သူတို႔ ကေတာ့ လက္ေျမွာက္ အရႈံးေပးဖို႔ ျငင္းဆန္ျပီး ဒီလို အဆင့္ထိ တက္လွမ္းလာခဲ့ၾကတာေလ။

သူတို႔ေတြဟာ ဘုရားသခင္ေတြ မဟုတ္ပါဘူး ၊ နတ္ဘုရားေတြ လဲ မဟုတ္ပါဘူး ။ သူတို႔ဟာ ကိုယ့္အိပ္မက္ကို ဘယ္ေတာ့မွ အရႈံးမေပးခဲ့ၾကတဲ့ သူေတြသာ ျဖစ္ပါတယ္။

က်ေနာ့္ အထင္ကေတာ့ ေဘာလံုးဆိုတာ အျမဲတမ္းလိုလို ရႈံးနိမ့္မႈေတြ နဲ႔ ၾကံဳေနရတဲ့ ကစားနည္းလို႔ ထင္ပါတယ္။ ဒါေပမယ့္ မ်က္ႏွာကို ျပံဳးထားျပီး ၊ ၾကိဳးစားမယ္ ဆိုရင္ ေနာက္တစ္ေန႔မွာ ေျခစြမ္း ျပႏိုင္တာပဲေလ။

က်ေနာ္ဆိုရင္လဲ အမွားေပါင္း ေျမွာက္မ်ားစြာကေန သင္ယူခဲ့ရတာပါ။ ပထမဆံုး နည္းျပ ျဖစ္လာခဲ့တဲ့ အခ်ိန္က အခက္အခဲေတြ အမွားေတြကုိ ဘယ္လိုမွ မေမ့ေသးပါဘူး။ က်ေနာ္ဟာ မိန္႔ဇ္မွာ 10 ႏွစ္ေက်ာ္ ကစားေပးျပီးတဲ့ေနာက္ ၊ 2001 ခုႏွစ္မွာ မန္ေနဂ်ာ ျဖစ္လာခဲ့ပါတယ္။

စစခ်င္း ရင္ဆိုင္လိုက္ရတဲ့ ျပသနာ က ေဘာလံုးသမားေတြ အားလံုးက က်ေနာ့္ရဲ႕ သူငယ္ခ်င္းေတြပါ။ ေန႔ခ်င္း ညခ်င္းၾကီးပဲ နည္းျပ ျဖစ္လာတာ ဆိုေတာ့ ၊ သူတို႔က Boss ဆိုတဲ့ စကားေတာင္ မေခၚႏိုင္ပဲ Kloppo ဆိုတဲ့ အသံုးအႏႈန္း နဲ႔ပဲ ဆက္လက္ ေ၀ၚေခၚခဲ့ၾကတာေလ။

ပထမဆံုး ကိုင္တြယ္မယ့္ ပြဲစဥ္အတြက္ ပြဲထြက္ကစားသမား စာရင္း ေၾကျငာမယ္လုပ္ေတာ့ ၊ ကစားသမား တစ္ေယာက္ခ်င္းကို မ်က္ႏွာခ်င္းဆိုင္ျပီး အသိေပး ေျပာလုိက္ရင္ ပိုေကာင္းမယ္ ဆိုျပီး ေတြးမိခဲ့ဖူးပါတယ္။ တကယ္ေတာ့ အဲဒီ အိုက္ဒီယာ က ေတာ္ေတာ္ေလးကို ဆုိးလြန္းပါတယ္။ ဘာလို႔လဲ ဆုိေတာ့ က်ေနာ္တို႔မွာ ႏွစ္ခန္းတြဲ ေလးပဲ ေနရာ ရွိတာေလ။ စဥ္းစားၾကည့္ေပါ့ဗ်ာ……….ေနရာ က အမ်ားၾကီး မရွိေတာ့ က်ေနာ္ဟာ နည္းျပ တစ္ေယာက္ ျဖစ္ေနသည့္တိုင္ေအာင္ ဘယ္လုိ ေနရာမွာထုိင္ရမလဲ ဆုိတာ……

ျပီးရင္ တစ္ေယာက္ နဲ႔ တစ္ေယာက္ ျမင္ေနရတဲ့ အေနအထားမွာေတာင္ “ မနက္ျဖန္ ပြဲမွာ မင္းကစားမယ္ ၊ မင္းကေတာ့ မကစားဘူး” ဆိုတဲ့ စကားလံုးမ်ိဳးကို ေျပာခဲ့ရတာပါ။ ေျပာတိုင္းလဲ ကစားခြင့္မရတဲ့ သူတိုင္းက ဘာလို႔လဲ ဆိုတဲ့ အေၾကာင္းျပခ်က္ကို အျမဲတမ္း အေမးခံခဲ့ရပါတယ္။

မ်ားေသာအားျဖင့္ေတာ့ က်ေနာ့္မွာ သူတို႔အတြက္ အေျဖက မရွိခဲ့ပါဘူး။ ျပန္ေျပာႏိုင္တာ တစ္ခုက ငါတို႔မွာ 11 ေယာက္ပဲ ကစားခြင့္ ရွိလို႔ပါကြာ ဆိုတဲ့ စကားတစ္ခြန္းပါပဲ။

က်ေနာ့္ရဲ႕ မန္ေနဂ်ာ ဘ၀ က အဲဒီလုိ စတင္ခဲ့ရတာဗ်။ 2019 ခုႏွစ္ရဲ႕ဖီဖာ အေကာင္းဆံုး နည္းျပၾကီးက အဲဒီဘ၀ ကေန လာခဲ့တာလို႔ ေျပာလိုက္ရင္ ပရိသတ္ေတြ ယံုႏိုင္ၾကပါဦးမလား……

ျပီးခဲ့တဲ့ ရာသီက ဘာစီလိုနာ ကို ႏူးကမ့္ကြင္းၾကီးမွာ 3-0 နဲ႔ ရႈံးနိမ့္ခဲ့တဲ့ ရလာဒ္ က က်ေနာ့္ရဲ႕ မန္ေနဂ်ာ ဘ၀မွာ အဆိုး၀ါးဆံုး ရလာဒ္ တစ္ခု ျဖစ္မယ္ ထင္ပါတယ္။ ဒုတိယ အေက်ာ့ ျပန္ကစားဖို႔ ျပင္ဆင္တဲ့ အခ်ိန္ေရာက္ေတာ့ က်ေနာ္ လီဗာပူး ကစားသမားေတြ ကို မွာခဲ့တဲ့ စကားလံုးေတြက ပြင့္ပြင့္လင္းလင္း နဲ႔ ဒဲ့ပဲ ေျပာခဲ့တာပါ။

ဒီပြဲမွာ Rocky ရုပ္ရွင္ေတြထဲကေတာ့ ျဖစ္လာမွာ မဟုတ္ပါဘူး ဆိုတာ ထည့္ေျပာျဖစ္ခဲ့သလုိ ၊ မ်ားေသာအားျဖင့္ နည္းစနစ္ အေၾကာင္းေတြကုိပဲ အသားေပးခဲ့တာပါ။ ဒါေပမယ့္ သူတို႔ ကို ေျပာခဲ့တဲ့ အမွန္တရား တစ္ခုက

“ ငါတို႔ဟာ ကမၻာ့အေကာင္းဆံုး တိုက္စစ္မႈး ႏွစ္ေယာက္ မပါပဲ နဲ႔ ကစားရေတာ့မယ္ ၊ ကမၻာေပၚက ေဘာလံုးပရိသတ္ေတြ ကေတာ့ ဒီပြဲဟာ ျပန္လာႏို္င္စရာ အေၾကာင္းမရွိေတာ့ဘူးလို႔ ေျပာေနၾကပီ။
ငါလဲ အရိုးသားဆံုးေျပာမယ္ကြာ…….သူတို႔ ေျပာသလို ျဖစ္ႏိုင္ေခ်က မရွိေတာ့တာ ဟုတ္ပါတယ္ ဒါေပမယ့္ ျဖစ္ႏုိင္ေခ် ရွိတဲ့ အေၾကာင္းအရင္းက အဲဒီ ပြဲကို ရင္ဆုိင္ ကစားရမွာက မင္းတို႔ ကိုယ္တုိင္ ျဖစ္ေနလို႔ပါ။ မင္းတို႔ကုိ ငါယံုတယ္ ၊ ငါတို႔မွာ အခြင့္အေရး တစ္ခုေတာ့ ရွိေနလိမ့္မယ္” ဆိုျပီး ေျပာခဲ့တာပါ။

တကယ္တမ္းလဲ က်ေနာ့္စိတ္ထဲမွာ အဲဒီအတိုင္းပါပဲ။ တစ္ခါတေလ ေဘာလံုးသမားေတြ ကလဲ လူသားေတြ ျဖစ္တာေၾကာင့္ ၊ ဘ၀ မွာ ရွိတဲ့ အခက္အခဲေတြေတာင္ကို ရင္ဆိုင္ ေက်ာ္ျဖတ္ႏိုင္စြမ္းရွိတယ္ေလ။

ေနာက္ဆံုး တစ္ခု အျဖစ္ မွာလိုက္တာကေတာ့ “ ရႈံးခဲ့ရင္ေတာင္ ပရိသတ္ေတြ ဂုဏ္ယူႏိုင္ရမယ့္ ပံုစံမ်ိဳး နဲ႔ ရႈံးခဲ့ၾကကြာ” ဆိုတဲ့ တစ္ခြန္းေတာ့ မွာခဲ့မိေသးတယ္ဗ်ာ။ ဒီလုိ ေျပာရတာကလဲ က်ေနာ္က ကြင္းေဘးကေန ေအာ္ေနဖို႔က အရမ္းလြယ္ေပမယ့္ ၊ တကယ္တမ္းကြင္းထဲမွာ ကစားရတဲ့သူေတြ အတြက္က အမ်ားၾကီး ခက္ခဲတယ္ေလ။ အန္ဖီးကြင္းထဲကို ေရာက္လာခဲ့တဲ့ ပရိသတ္ေပါင္း 54000 ေၾကာင့္လဲ က်ေနာ္တို႔ဟာ မျဖစ္ႏိုင္တာ တစ္ခုကို ျဖစ္ေအာင္ လုပ္ျပခဲ့ပါတယ္။

ဒါဟာ ေဘာလံုးရဲ႕ စစ္မွန္တဲ့ အလွတရား တစ္ခုပါပဲ။ တစ္ဦးတစ္ေယာက္ထဲ ဖန္တီးလို႔ မရတဲ့ အလွတရားမ်ိဳးေပါ့ဗ်ာ……

အဲဒီ ထဲက ကံဆိုးတာက ခ်န္ပီယံလိဂ္ သမိုင္းေၾကာင္း တစ္ေလွ်ာက္လံုး သမိုင္းတြင္းသြားမယ့္ အိုရီဂီ ရဲ႕ သြင္းဂိုး ကို က်ေနာ္ ေသခ်ာ မျမင္လိုက္ရတာပါ။ အာႏိုး ရဲ႕ သိပၸံပညာရွင္ တစ္ေယာက္လို ေတြးေခၚျပီး ဖန္တီးျပသြားတဲ့ အေနအထားကို က်ေနာ္ လြဲသြားတယ္ဗ်ာ။

ေဘာလံုး ေထာင့္ကန္ ေဘာ ျဖစ္သြားတာေတာ့ ျမင္လိုက္ရပါေသးတယ္။ အာႏိုး က ကန္ေတာ့မယ္ ၊ ရွာကြီရီ က လိုက္သြားတဲ့ အထိ ျမင္ေသးတယ္ဗ်။ က်ေနာ္က လူစားလဲဖို႔ ျပင္ေနတာမို႔ ၊ ေက်ာခိုင္းျပီး ထိုင္ခံုတန္းဆီ လွည့္လာတဲ့ အခ်ိန္ပါ ၊ က်ေနာ့္ ရဲ႕ လက္ေထာက္နည္းျပကိုလဲ စကားေျပာရင္း တိုင္ပင္ေနပါျပီ။

အဲဒီ အခ်ိန္မွာ ရုတ္တရက္ ၾကားလိုက္ရတာက ေပါက္ကြဲထြက္သြားတဲ့ ေအာင္ပြဲခံတဲ့ အသံၾကီးပါ။ လွည့္ၾကည့္လိုက္ေတာ့ ေဘာလံုးဟာ ဂိုးပုိက္ထဲကို ေရာက္သြားပါျပီ။

က်ေနာ္လဲ ဘန္၀ုဒ္ဘန္ ဘက္လွည့္ေတာ့ ၊ သူက ဘာျဖစ္သြားတာလဲ ဆုိျပီး လွမ္းေမးပါတယ္ ၊ က်ေနာ္လဲ မေျပာျပတတ္ေတာ့ဘူး လို႔ပဲ ျပန္ေျဖလိုက္မိတာပါ။

အန္ဖီးလ္ ပရိသတ္ေတြ ကေတာ့ အမွန္အကန္ ေအာင္ပြဲခံေနၾကပါျပ….အဲဒီအခ်ိန္ လက္ေထာက္ နည္းျပက …ကဲ ေဘာ့စ္ လူစားလဲဦးမလား? ဆိုျပီး ေမးလိုက္ေတာ့ က်ေနာ္ျဖင့္ ျပံဳးစိစိ ျဖစ္ေနတာ အခုထိ မ်က္စိထဲက မထြက္ေသးပါဘး။

စဥ္းစားၾကည့္ဗ်ာ…….နည္းျပ လုပ္လာတာ 18 ႏွစ္ ရွိျပီ ၊ ေဘာလံုးပြဲေတြ ၾကည့္လာတာ နာရီေပါင္း သန္း ခ်ီေနျပီ ၊ ဒီထဲကမွ က်ေနာ့္ အသင္းရဲ႕ သမိုင္း၀င္ ဂိုးသြင္းတဲ့ အခိုက္အတန္႔ေလး တစ္ခုကို က်ေနာ္ လြဲေခ်ာ္သြားခဲ့တာေလ။ အဲဒီ လုိ ျဖစ္ျပီးကတည္းက က်ေနာ္ျဖင့္ အိုရီဂီရဲ႕ သြင္းဂုိး ကို ျပန္ၾကည့္ေနမိတာ အၾကိမ္ေပါင္း 5 သိန္း မကေလာက္ေတာ့ပါဘူး။

ပြဲျပီးေတာ့ အခန္းငယ္ေလးထဲမွာ ထိုင္ေနမိပါတယ္။ ဘီယာေတြ ေသာက္ျပီးလဲ ေအာင္ပြဲ မခံခဲ့ပါဘူး။ ဒါေပမယ့္ ေရဗူးေလး ေဘးမွာခ်လို႔ ၊ တစ္ေယာက္ထဲ တိတ္တိတ္ဆိတ္ဆိတ္ ေနရင္း ျပံဳးေနမိတယ္ဗ်ာ။ အဲဒီ အခုိက္အတန္႔မွာ ျဖစ္လာတဲ့ ပီတိေတြ ၊ ေပ်ာ္ရႊင္မႈေတြကို က်ေနာ္ျဖင့္ ဘယ္လိုမွကို စကားလံုးနဲ႔ ေဖာ္ျပႏိုင္စြမ္း မရွိတာပါ။

အိမ္ျပန္ေရာက္ေတာ့ ေဆြမ်ိဳးေတြ ၊ မိတ္ေတြေတြ အားလံုးက ေရာက္ႏွင့္ေနပါျပီ ၊ အဲဒီ က်မွပဲ ပါတီပြဲ အၾကီးၾကီး လုပ္ရင္း ေအာင္ပြဲခံပစ္လုိက္ပါတယ္။ တစ္ညလံုး စိတ္လႈပ္ရွားလြန္းျပီး ေမာေမာ နဲ႔ အိပ္ေပ်ာ္သြားတာ မနက္က်မွ ျပန္စဥ္းစားမိတယ္။

“တစ္ဘ၀လံုး အိပ္စက္ခဲ့တဲ့ ညေတြထဲမွာ ဒီည အိပ္ရတာ အရသာ အရွိဆံုးပဲ” လို႔။

က်ေနာ့္ အတြက္ ေဘာလံုးဆိုတာ ရုပ္ရွင္ဇာတ္ကားေတြ ထက္ပိုျပီး စိတ္ဓါတ္ခြန္အားေတြ ေမြးဖြားေပးတဲ့ အရာတစ္ခုပါ။ Rocky ဆိုတာ ဇာတ္လမ္းအသြင္ ဖန္တီးထားတာျဖစ္ေပမယ့္ ၊ က်ေနာ္တို႔က အဲဒီလိုမ်ိဳး ေဘာလံုးမွာ စြမ္းေဆာင္ ျပႏိုင္ခဲ့ပါျပီ။

လြန္ခဲ့တဲ့ ႏွစ္အနည္းငယ္ အတြင္းမွာ မာတာ ၊ ဟမ္းမဲ၊ မီဂန္ ရာပီႏိုးတို႔ လုပ္ေဆာင္ေနတဲ့ Common Goal အစီအစဥ္နဲ႔ ပတ္သက္ျပီး ေတာ္ေတာ္ေလးကို သေဘာက်မိခဲ့တာပါ။ သူတို႔ရဲ႕လုပ္ေဆာင္ခ်က္ေတြက အရမ္းကို ခ်ီးက်ဴးဖို႔ ေကာင္းပါတယ္။ ေဘာလံုးသမား အဖြဲ႔၀င္ေပါင္း 120 ေက်ာ္က သူတို႔လစာ ရဲ႕ 1% ကို ထည့္သြင္းလွဴဒါန္းျပီး ၊ ကမၻာတစ္၀န္းမွာ ေဘာလံုးတုိးတက္ေရး လုပ္ေဆာင္ေနတဲ့ အဖြဲ႔ေတြကို ကူညီေပးခဲ့ေနခဲ့တာပါ။

ဒါဟာ ခ်မ္းသာတဲ့ ေဘာလံုးသမားေတြပဲ လုပ္ေနၾကတာ မဟုတ္ပါဘူး ၊ ကေနဒါ အမ်ိဳးသမီး လက္ေရြးစင္ တစ္သင္းလံုးဆိုရင္ ဒီအဖြဲ႔ထဲမွာ ပါ၀င္သလုိ ၊ ဂ်ပန္ ၊ ၾသစေတးလ် ၊ ကင္ညာ ၊ ဂါနာ တို႔လို ႏိုင္ငံက ေဘာလံုးသမားေတြေတာင္ ပါ၀င္ေနပါျပီ။ ဒါဟာ အနာဂတ္ မ်ိဳးဆက္ေတြ အတြက္ စိတ္ဓါတ္ပိုင္း ဆိုင္ရာ တက္ၾကြက္မႈေတြ ျဖစ္ေပၚလာေစဖို႔ လုပ္ေဆာင္ေနတဲ့ ပရဟိတ လုပ္ငန္းမ်ိဳး ျဖစ္သလုိ ၊ ေဘာလံုးရဲ႕ ရည္ရြယ္ခ်က္ သေဘာတရားကလဲ ဒါပဲေလ။

က်ေနာ္လဲ အဲဒီ လို အဖြဲ႔အစည္းမ်ိဳးရဲ႕ အစိတ္အပိုင္း တစ္ခု အျဖစ္ ပါ၀င္ခ်င္တာေပါ့ဗ်ာ။ ဒါေၾကာင့္ က်ေနာ့္ ရဲ႕ လစာ 1% ကို လွဴဒါန္းေတာ့မွာ ျဖစ္သလို ၊ ကမၻာတစ္၀န္းမွာ ရွိတဲ့ ေဘာလံုးနဲ႔ ပတ္သက္တဲ့သူ အားလံုး ဒီအစီအစဥ္ကို ပါ၀င္ဖို႔ ဖိတ္ေခၚပါရေစ။

က်ေနာ္တို႔ အေနန႔ဲ ကမၻာၾကီးမွာ ျဖစ္ေပၚေနတဲ့ ျပသနာေတြ ကို မ်က္ကြယ္ ျပဳမထားၾကပါနဲ႔။ လက္ရွိ က်ေနာ္တို႔ ပတ္၀န္းက်င္က ျမင္ကြင္းေတြဟာ တကယ့္ အမွန္တရားမဟုတ္ပါဘူး။ ဒီရဲ႕ ဆန္႔က်င္ဘက္ ေနရာေတြမွာ ခက္ခဲစြာ ရုန္းကန္ရင္း ေဘာလံုး ကစားခြင့္ရဖို႔ ၾကိဳစားေနတဲ့ သူေတြ ရွိပါတယ္။

သူတို႔ေတြ အတြက္ တတ္ႏို္င္သေလာက္ ကူညီလိုက္ၾကရေအာင္ပါ။ ျမက္ခင္းစိမ္းေတြေပၚမွာ အေျခခ်ျပီး ဘ၀ကို ရွင္သန္ခြင့္ရဖို႔ ဆိုတာ သူတို႔ေလးေတြရဲ႕ အိပ္မက္ေတြဆိုတာ က်ေနာ္တို႔ သိထားၾကျပီးသားပါ……………