မန္ခ်က္စတာ ယူနိုက္တက္ အသင္း ဟာ မေန့ နံနက္ တုန္းက စပိန္ ထိပ္သီး ဘာစီလိုနာ အသင္း နဲ့ အိုးလ္ ထရပ္ဖုိ့ဒ္ မွာ ခ်န္ပီယံလိဂ္ ကြာတား ဖုိင္နယ္ ပထမ အေက်ာ့ ပြဲစဥ္ အျဖစ္ ရင္ဆုိင္ ကစား ခဲ့ ရျပီး ေနာက္ခံလူ လုခ္ေရွာ ရဲ့ own goal ၊ 0 – 1 ဆုိတဲ့ ရလဒ္ နဲ့ ရွံဳးနိမ့္ သြားခဲ့ ရ ပါတယ္ ။

အဆုိပါ ပြဲစဥ္ မွာေတာ့ ယူနုိက္တက္ အသင္း ရဲ့ ဝါရင့္ ေနာက္ခံ လူ အက္ရွ္ေလ ယန္း ရဲ့ ကစား ပံု ဟာ တစ္ကယ့္ ကို ဆိုးရြား ခဲ့ ပါတယ္ ။ အခ်က္အလက္ ေတြ စုေဆာင္း တဲ့ သတင္း ႒ာန တစ္ခု ျဖစ္တဲ့ Opta ရဲ့ ေဖာ္ျပ ခ်က္ အရ ယန္းဟာ ဘာကာ နဲ့ ပြဲစဥ္ မွာ ေဘာလံုး ေပးပို့ မွဳ အၾကိမ္ 30 အထိ ျဖဳန္းတီး ခဲ့တယ္ လို့ ေဖာ္ျပ သြားခဲ့ ပါတယ္ ။

ဒါ့ေၾကာင့္ ေဘာလံုး ျဖဳန္းတီး မဳွေတြ မ်ားခဲ့ သလို အသင္း အတြက္ ပါ ေျခစြမ္း ေကာင္း မျပသ နုိင္ခဲ့ တဲ့ ယန္း အေပၚ ယူနုိက္တက္ ပရိသတ္ ေတြ ဟာ ေဒါသအိုး ေပါက္ကြဲ ခဲ့ၾက ျပီး အျမန္ ဆံုး ေရာင္းထုတ္ လိုက္ဖုိ့ ဆိုရွယ္ မီဒီယာ အေပၚ မွာ သူတုိ႔ ရဲ့ ဆႏၵ ေတြကို ဖြင့္ထုတ္ ခဲ့ၾက ပါတယ္ ။

အဆုိပါ ပြဲစဥ္ မွာေတာ့ ယူနုိက္တက္ ဟာ ဂိုးေပါက္ ျခိမ္းေျခာက္ မွဳ တစ္ၾကိမ္ ေတာင္ မျပဳလုပ္ နုိင္ခဲ့ သလို တုိက္စစ္ ကစား ပံု ဟာလည္း စိတ္ ေက်နပ္ စရာ မေကာင္း မြန္ခဲ့ ပါဘူး ။ ဒါ့အျပင္ ျပိဳင္ဖက္ ခံစစ္ ကုိလည္း လံုေလာက္ တဲ့ ဖိအား ေတြ မေပး နိုင္ ခဲ့ၾက ပါဘူး ။

ဒါေပမဲ့ ယူနုိက္တက္ ကစားသမား ေဟာင္း ျဖစ္သူ ေပါလ္ အင့္စ္ ကေတာ့ ယန္း ဟာ အသင္း ရဲ့ ေခါင္းေဆာင္ ေကာင္း တစ္ဦး ျဖစ္ျပီး အသင္း နဲ့ ပတ္သက္ လို့ မခိုမကပ္ ကစား ၊ 100 ရာခိုင္နွဳန္း အျပည့္ ေပးဆပ္ ကစား သူ ျဖစ္ေၾကာင္း ကာကြယ္ သြားခဲ့ လိုက္ ပါတယ္ ။

” အခု တေလာ အခ်ိန္ ေတြ ကေတာ့ ယန္း အတြက္ တစ္ကယ့္ ကို ဆုိးရြား လြန္းတဲ့ အခိုက္ အတန့္ ေလးေတြ ပါပဲ ။ သူဟာ ဝုလ္ဗ္ နဲ့ ပြဲစဥ္ တုန္းက အနီကဒ္ ျပား ျပသ ခံခဲ့ ရ သလို ဘာစီလိုနာ နဲ့ ကစား ခဲ့တဲ့ ပြဲစဥ္ မွာလည္း ကစား ပံု ဆိုးရြား လြန္းခဲ့ ပါတယ္ ။ အခု ေတာ့ အဲ့တာ ေတြရဲ့ ရလဒ္ ေတြ ထြက္ေပၚ လာခဲ့ ပါျပီ ”

” သူဟာ စီနီယာ ကစားသမား တစ္ဦး ပါ ။ ပေရာ္ဖက္ရွင္နယ္ ဆန္ သလို အသင္း အတြက္ ႏွစ္ေပါင္း မ်ားစြာ လည္း ကစား ေပးထား ခဲ့ ပါတယ္ ။ ဒါ့ေၾကာင့္ သူ့ကို ဓါးစာခံ မလုပ္သင့္ ပါဘူး ။ သူဟာ မန္ခ်က္စတာ ယူနိုက္တက္ ရဲ့ ဂ်ိမ္းစ္ မီလ္နာ ပါပဲ ။ အခ်က္ အလက္ ေတြ အရ ေတာ့ အသက္ ၾကီး လာရင္ ကစား ရ ပိုမုိ ခက္ခဲ လာမွာ ပါပဲ ”

” သူဟာ ေျခေထာက္ မွာ စပရင္ တပ္ထား တဲ့ ၾကက္ေပါက္ ေလး တစ္ေကာင္ မဟုတ္ ေတာ့ ပါဘူး ။ ဒါ့ေၾကာင့္ ခင္ဗ်ား တုိ့ အဲ့လို ကစားသမား ကို ပြဲထြက္ ကစား ေစမယ္ ဆုိရင္ သူဟာ အေကာင္္း ဆံုး အရာ ေတြကို လုပ္ေဆာင္ ျပ နုိင္မွာ မဟုတ္ ပါဘူး ။ က်ြန္ေတာ္ တုိ့ အခု သူနဲ့ ပတ္သက္ လို့ အဲ့တာ ေတြ ျမင္ေတြ့ ေန ရတာ ပါ ”

” ဒါေပမဲ့ သူဟာ အခု အခ်ိန္ အထိ အသင္း ေခါင္းေဆာင္ တစ္ဦး အျဖစ္ ရွိ ေနဆဲ ပါပဲ ။ သူရဲ့ စကားလံုး ေတြနဲ့ လုပ္ေဆာင္ ခ်က္ ေတြ အရ သူဟာ အသင္း အတြက္ လံုးဝ မခိုမကပ္ ပဲ တစ္ရာ ရာခိုင္ႏွဳန္း အျပည့္ ကစား ေနတယ္ ဆုိတာ သိသာ လွ ပါတယ္ ”

” သူဟာ ဘာကာ နဲ့ ပြဲမွာ အျခား သူေတြ ထက္ ထူးကဲ ျပီး ဆုိးရြား လြန္း ေနခဲ့ တာ မဟုတ္ ပါဘူး ။ ဒါေပမဲ့ ပရိသတ္ ေတြ ကေတာ့ ပြဲျပီး တဲ့ အခါ တစ္စံု တစ္ေယာက္ ကိုေတာ့ အျပစ္ ဖုိ့ခ်င္တက္ ၾကတယ္ ေလ ” လို့ ေပါလ္ အင့္စ္ က အက္ရွ္ေလ ယန္း ဖက္မွ ကာကြယ္ စကား ဆုိသြား ခဲ့လိုက္ ပါတယ္ ။

#Sports_Myanmar

Unicode

ယူနိုက်တက်ပရိသတ်တွေ ရောင်းထုတ်စေလိုနေကြတဲ့ ကစား သမားဟာ ဓါးစာခံဖြစ်နေတာပါလို့ ဆိုလိုက်တဲ့ #ပေါလ်အင့်စ်

==============

မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ မနေ့ နံနက် တုန်းက စပိန် ထိပ်သီး ဘာစီလိုနာ အသင်း နဲ့ အိုးလ် ထရပ်ဖို့ဒ် မှာ ချန်ပီယံလိဂ် ကွာတား ဖိုင်နယ် ပထမ အကျော့ ပွဲစဉ် အဖြစ် ရင်ဆိုင် ကစား ခဲ့ ရပြီး နောက်ခံလူ လုခ်ရှော ရဲ့ own goal ၊ 0 – 1 ဆိုတဲ့ ရလဒ် နဲ့ ရှုံးနိမ့် သွားခဲ့ ရ ပါတယ် ။

အဆိုပါ ပွဲစဉ် မှာတော့ ယူနိုက်တက် အသင်း ရဲ့ ဝါရင့် နောက်ခံ လူ အက်ရှ်လေ ယန်း ရဲ့ ကစား ပုံ ဟာ တစ်ကယ့် ကို ဆိုးရွား ခဲ့ ပါတယ် ။ အချက်အလက် တွေ စုဆောင်း တဲ့ သတင်း ဋ္ဌာန တစ်ခု ဖြစ်တဲ့ Opta ရဲ့ ဖော်ပြ ချက် အရ ယန်းဟာ ဘာကာ နဲ့ ပွဲစဉ် မှာ ဘောလုံး ပေးပို့ မှု အကြိမ် 30 အထိ ဖြုန်းတီး ခဲ့တယ် လို့ ဖော်ပြ သွားခဲ့ ပါတယ် ။

ဒါ့ကြောင့် ဘောလုံး ဖြုန်းတီး မုှတွေ များခဲ့ သလို အသင်း အတွက် ပါ ခြေစွမ်း ကောင်း မပြသ နိုင်ခဲ့ တဲ့ ယန်း အပေါ် ယူနိုက်တက် ပရိသတ် တွေ ဟာ ဒေါသအိုး ပေါက်ကွဲ ခဲ့ကြ ပြီး အမြန် ဆုံး ရောင်းထုတ် လိုက်ဖို့ ဆိုရှယ် မီဒီယာ အပေါ် မှာ သူတို့ ရဲ့ ဆန္ဒ တွေကို ဖွင့်ထုတ် ခဲ့ကြ ပါတယ် ။

အဆိုပါ ပွဲစဉ် မှာတော့ ယူနိုက်တက် ဟာ ဂိုးပေါက် ခြိမ်းခြောက် မှု တစ်ကြိမ် တောင် မပြုလုပ် နိုင်ခဲ့ သလို တိုက်စစ် ကစား ပုံ ဟာလည်း စိတ် ကျေနပ် စရာ မကောင်း မွန်ခဲ့ ပါဘူး ။ ဒါ့အပြင် ပြိုင်ဖက် ခံစစ် ကိုလည်း လုံလောက် တဲ့ ဖိအား တွေ မပေး နိုင် ခဲ့ကြ ပါဘူး ။

ဒါပေမဲ့ ယူနိုက်တက် ကစားသမား ဟောင်း ဖြစ်သူ ပေါလ် အင့်စ် ကတော့ ယန်း ဟာ အသင်း ရဲ့ ခေါင်းဆောင် ကောင်း တစ်ဦး ဖြစ်ပြီး အသင်း နဲ့ ပတ်သက် လို့ မခိုမကပ် ကစား ၊ 100 ရာခိုင်နှုန်း အပြည့် ပေးဆပ် ကစား သူ ဖြစ်ကြောင်း ကာကွယ် သွားခဲ့ လိုက် ပါတယ် ။

” အခု တလော အချိန် တွေ ကတော့ ယန်း အတွက် တစ်ကယ့် ကို ဆိုးရွား လွန်းတဲ့ အခိုက် အတန့် လေးတွေ ပါပဲ ။ သူဟာ ဝုလ်ဗ် နဲ့ ပွဲစဉ် တုန်းက အနီကဒ် ပြား ပြသ ခံခဲ့ ရ သလို ဘာစီလိုနာ နဲ့ ကစား ခဲ့တဲ့ ပွဲစဉ် မှာလည်း ကစား ပုံ ဆိုးရွား လွန်းခဲ့ ပါတယ် ။ အခု တော့ အဲ့တာ တွေရဲ့ ရလဒ် တွေ ထွက်ပေါ် လာခဲ့ ပါပြီ ”

” သူဟာ စီနီယာ ကစားသမား တစ်ဦး ပါ ။ ပရော်ဖက်ရှင်နယ် ဆန် သလို အသင်း အတွက် နှစ်ပေါင်း များစွာ လည်း ကစား ပေးထား ခဲ့ ပါတယ် ။ ဒါ့ကြောင့် သူ့ကို ဓါးစာခံ မလုပ်သင့် ပါဘူး ။ သူဟာ မန်ချက်စတာ ယူနိုက်တက် ရဲ့ ဂျိမ်းစ် မီလ်နာ ပါပဲ ။ အချက် အလက် တွေ အရ တော့ အသက် ကြီး လာရင် ကစား ရ ပိုမို ခက်ခဲ လာမှာ ပါပဲ ”

” သူဟာ ခြေထောက် မှာ စပရင် တပ်ထား တဲ့ ကြက်ပေါက် လေး တစ်ကောင် မဟုတ် တော့ ပါဘူး ။ ဒါ့ကြောင့် ခင်ဗျား တို့ အဲ့လို ကစားသမား ကို ပွဲထွက် ကစား စေမယ် ဆိုရင် သူဟာ အကောင််း ဆုံး အရာ တွေကို လုပ်ဆောင် ပြ နိုင်မှာ မဟုတ် ပါဘူး ။ ကျွန်တော် တို့ အခု သူနဲ့ ပတ်သက် လို့ အဲ့တာ တွေ မြင်တွေ့ နေ ရတာ ပါ ”

” ဒါပေမဲ့ သူဟာ အခု အချိန် အထိ အသင်း ခေါင်းဆောင် တစ်ဦး အဖြစ် ရှိ နေဆဲ ပါပဲ ။ သူရဲ့ စကားလုံး တွေနဲ့ လုပ်ဆောင် ချက် တွေ အရ သူဟာ အသင်း အတွက် လုံးဝ မခိုမကပ် ပဲ တစ်ရာ ရာခိုင်နှုန်း အပြည့် ကစား နေတယ် ဆိုတာ သိသာ လှ ပါတယ် ”

” သူဟာ ဘာကာ နဲ့ ပွဲမှာ အခြား သူတွေ ထက် ထူးကဲ ပြီး ဆိုးရွား လွန်း နေခဲ့ တာ မဟုတ် ပါဘူး ။ ဒါပေမဲ့ ပရိသတ် တွေ ကတော့ ပွဲပြီး တဲ့ အခါ တစ်စုံ တစ်ယောက် ကိုတော့ အပြစ် ဖို့ချင်တက် ကြတယ် လေ ” လို့ ပေါလ် အင့်စ် က အက်ရှ်လေ ယန်း ဖက်မှ ကာကွယ် စကား ဆိုသွား ခဲ့လိုက် ပါတယ် ။

#Sports_Myanmar