liverpool
Rhian Brewster
kloop
Elliott Read more: https://metro.co.uk/2019/08/01/liverpool-starlet-harvey-elliott
SM
Unicode
လီ​ဗာပူးသတင်​းတိုများ
ရိုင်​အန်​ဘရူးစတားက သူဟာ ပွဲထွက်​ ကစားခွင်​့ နည်​းပါး ​နေတာ​ကြောင်​့ ပြီးခဲ့တဲ့ ​နွေရာသီ အ​ပြောင်​းအ​ရွေ့ က လီ​ဗာပူး က​နေ အငှါး ထွက်​ခွာဖို့ အတွက်​ အသင်​းနဲ့ ​ဆွေး​နွေး ခဲ့​ပေမယ်​့ နည်​းပြ ယာဂန်​က​လော့ဟာ ၎င်းရဲ့ အငှါး ထွက်​ခွာမှုကို ပိတ်​ပင်​တားဆီးကာ အန်​ဖီးမှာ အလိုရှိတယ်​လို့ ​ပြောခဲ့​ကြောင်​း ထုတ်​​ဖော်​ သွားပါတယ်။
ဂျွန်​အဲရစ်​ချ်​ က “ချဲလ်​ဆီးနဲ့ ပွဲမှာ အလက်​ဇန်​းဒါးအာနိုး ရဲ့ ဒီလို စွမ်​း​ဆောင်​ရည်​ကို ကျွန်​​တော်​ မြင်​ရတာ ဝမ်​း​မြောက်​ မိပါတယ်​။ ငယ်​​မွေးခြံ​ပေါက်​ ကစားသမားး တစ်​ဦး လီ​ဗာပူး အကျီဝတ်​ဆင်​ပြီး ဒီလို လုပ်​ပြ​နေတာ အမြဲ​ကောင်​းတဲ့ အရာပါ။ ဒီပွဲမှာ ထင်​​ပေါ် ခဲ့တာ သူသွင်​းယူ ခဲ့တဲ့ ဖရီးကစ်​ တစ်​ခုပဲ မဟုတ်​ပါဘူး။”
ဆဲတစ်​ နည်​းပြ ​နေးလ်​လန်​နွန်​က ဖီဖာ တစ်​နှစ်​တာ အ​ကောင်​းဆုံး ကစားသမား​​ဆုကို ​ဗန်​ဒိုက်​ ကို ​ကျော်​ဖြတ်​ကာ လီယွန်​နယ်​မက်​ဆီ ရရှိ သွားခဲ့တဲ့ အ​ပေါ် စိတ်​ပျက်​လက်​ပျက်​ ဖြစ်​မိ​ကြောင်​း ဆိုလိုက်​ပြီး လီ​ဗာပူး ​နောက်​​ခံလူကသာ ဒီဆုနဲ့ ထိုက်​တန်​ တယ်​လို့ ဆိုသွားပါတယ်​။
ပက်​လင်​ဒါက ယ​နေ့ည အမ်​​ကေဒွန်​းနဲ့ ပွဲမှာ လီ​ဗာပူး အတွက်​ ပွဲဦးထွက်​ ကစားခွင်​့ ရဖို့ ရှိ​နေတဲ့ ဘရူစတားဟာ ပုံစံ မျိုးစုံနဲ့ ဂိုးသွင်​း နိုင်​စွမ်​း ရှိတဲ့ ပြီးပြည်​့စုံတဲ့ တိုက်​စစ်​မှုး လို့ ချီးကျူး သွားပါတယ်။
အီဂျစ်​ ​ဘောလုံးအဖွဲ့ချုပ်​ဟာ FIFA Best awards အတွက်​ မဲ​​ပေးခဲ့ခြင်​း မရှိတာ​ကြောင်​့ လီ​ဗာပူး စတား မိုဟာမက်​ဆာလားဟာ ၎င်းရဲ့ ဆိုရှယ်​မီဒီယာ အ​ကောင်​့​တွေမှာ နိုင်​ငံအသင်​းအတွက်​ ကစား ​ပေးထား ခဲ့တဲ့ ပုံရိပ်​မှန်​သမျှကို ဖျက်​ပစ်​ခဲ့ပြီး ​ဘောလုံး အဖွဲ့ချုပ်​နဲ့ ​နောက်​ထပ်​ တင်​းမားမှု ပြန်​လည်​ စတင်​ လိုက်​ပါတယ်​။
ဇာဒန်​ရှကီရီဟာ ယ​နေ့ည အမ်​​ကေဒွန်​းနဲ့ ကစားရမယ်​့ ပွဲကို ​ခြေသလုံး ကြွက်​သား ဒဏ်​ရာ​ကြောင်​့ လွဲ​ချော်​မှာ ဖြစ်​ပါတယ်​။ နာဘီကီတာ က​တော့ ဒီပွဲကို ဝင်​​ရောက်​ ကစား နိုင်​​လောက်​​အောင်​ ကြံ့ခိုင်​မှု ပြည်​့ဝ ​နေပြီ ဖြစ်​ပါတယ်​။ ဒါ​ပေမယ်​့ လီ​​ဗာပူး လူငယ်​ ကြယ်​ပွင်​့ နှစ်​ဦး ဖြစ်​တဲ့ ဂိုးသမား ကယ်​လီဟာ နဲ့ တိုက်​စစ်​မှုး ဘရူစတား တို့က​တော့ အသင်​းကြီး အတွက်​ ပထမဦးဆုံး ပွဲထွက်​ခွင်​့ ရဖို့ ရှိ​နေပါတယ်​ ။
ယာဂန်​က​လော့ က သူတို့ အ​နေနဲ့ မိုဟာမက်​ဆာလား ကို ​ပေါင်​ ၃၆.၉ သန်​းနဲ့ ​ခေါ်ယူ နိုင်​ခဲ့တာ ကံ​ကောင်​းတယ်​လို့ ဆိုလိုက်​ပြီး အီဂျစ်​စတား ဟာ အန်​ဖီးက လူ​တွေ ​မျှော်​လင်​့ထားတာထက်​ ပိုမို ​ကောင်​းမွန်​ခဲ့တယ်​လို့ ဆိုသွားပါတယ်​။
က​လော့ရဲ့ လက်​​ထောက်​ ပက်​လင်​ဒါက လီ​ဗာပူး အသင်​းဟာ လူငယ်​ ကြယ်​ပွင်​့​တွေကို ​နေရာ​ပေးချင်​ တာ​ကြောင်​့ ပြီးခဲ့တဲ့ ​နွေရာသီ အ​ပြောင်​း​အ​ရွေ့မှာ အဓိက ကစားသမား ဝယ်​ယူမှု မလုပ်​ခဲ့ဘဲ ကျစ်​လစ်​တဲ့ ဒီလူစာရင်​းနဲ့ တမင်​တကာ ခရီးဆက်​ ခဲ့တာ ဖြစ်​တယ်​လို့ ဆိုသွားပါတယ်​။
ဝှီလန်​က လီ​ဗာပူး အသင်​း အ​နေနဲ့ ဖိလစ်​ပီ​ကော်​တင်​ညို ရဲ့ ကွင်​းလယ်​ တိုက်​စစ်​ ​နေရာအတွက်​ လက်​စတာစီးတီး မှာ အထူး​ခြေစွမ်​းပြ ကစား​နေတဲ့ ဂျိမ်​းမက်​ဒီဆင်​ ကို ​ခေါ်ယူကာ အနာဂတ်​ အတွက်​ ကြိုတင်​ ပြင်​ဆင်​ ထားသင်​့တယ်​လို့ တိုက်​တွန်​း သွားခဲ့ပါတယ်​။
မန်​စီးတီး ကစားသမား​ဟောင်​း ဒန်​နီ​မေးလ်​က “ယာဂန်​က​လော့ဟာ ပက်​ဂွာဒီယိုလာ ထက်​ ပို​ကောင်​းတယ်​လို့ လူ​တွေ ​ပြော​နေကြပါတယ်​။ လီဗာပူးဟာ ချန်​ပီယံလိဂ်​ ဖလား ဆွတ်​ခူး ခဲ့ပြီး ခမ်​းနားကြီးကြယ်​ လှပါတယ်​။ ဒါ​ပေမယ်​့ ဒါဟာ ရှုံးထွက်​ဖလားပါ။ ဒီဖလား ရဖို့အတွက်​ သူတို့ ပွဲတိုင်​း အနိုင်​ မရခဲ့ပါဘူး။ မန်​စီးတီးဟာ ပရီးမီးယားလိဂ် ဖလား ဆွတ်​ခူး နိုင်​ခဲ့ပြီး သူတို့ရဲ့ ကစားပုံဟာ အရမ်​းကို ​ကောင်​းပါတယ်​။
ဟာ​​​ေ​ဗးအယ်​လီ​ယော့နဲ့ ပက်​သက်​ပြီး လက်​​ထောက်​ နည်​းပြ ပက်​လင်​ဒါက “သူအသင်​းနဲ့ ပထမဦးဆုံး ​လေ့ကျင်​့ခန်​း လာဆင်​းတဲ့ အခါမှာ ကျွန်​​တော်​တို့ အံ့အားသင်​့ ခဲ့ရပါတယ်​။ သူဟာ ဝါရင်​့ ကစားသမား တစ်​ဦးလို ကစား ပြသွား ခဲ့တဲ့ အပြင်​ တစ်​စုံတစ်​ရာ မဖြစ်​မီ သူ့ပတ်​ဝန်​းကျင်​က အရာအားလုံးကို ကြိုတင်​ မြင်​ထားသူပါ။”
SM