gerardpique-

ယေန႔ နံနက္ပိုင္းမွာ ကစားသြားခဲ႔တဲ႔ လာလီဂါ ပြဲစဥ္မွာ ဘာစီလိုနာ အသင္းက ဗီလာရီးရဲလ္ အသင္းကို ၂-၁ ဂိုးန႔ဲ အႏိုင္ရခဲ႔ပါတယ္။ဒါေျကာင့္လည္း အမွတ္ေပးဇယားရဲ႕ အဆင့္ ၄ေနရာအထိ ယာယီျပန္လည္တက္ေရာက္လာႏိုင္ခဲ႔ပါတယ္။

လက္ရွိခ်န္ပီယံ ဘာစီလိုနာ အသင္းဟာအခုႏွစ္ ရာသီသစ္ အစပိုင္းမွာ ရလဒ္ပိုင္း မတိုင္ျငိမ္မွဳေတြျကံုေတြ႔ထားခဲ႕ရတာျဖစ္ျပီး ပြဲစဥ္၅ အျပီးမွာ ရွံုးပြဲ၂ပြဲအထိျကံုေတြ႔ထားခဲ႔ရတာျဖစ္ပါတယ္။ဒါ့အျပင္ ေနာက္ဆံုးျပိဳင္ပြဲစံု ၄ပြဲမွာလည္းႏိုင္ပြဲတပြဲသာရထားခဲ႔လို႔ အခုပြဲမွာအေတာ္ေလး ျကိုးစားကစားခဲ႔ပါတယ္။

အသင္းေခါင္းေဆာင္ မက္ဆီ ပြဲထြက္စာၤင္းမွာ ျပန္လာတာေျကာင့္ ျပီးခဲ႔တဲ႔ ပြဲေတြကထက္ ပိုေကာင္းတဲ႔ ကစားပံုနဲ႔အတူ သြင္းဂိုးေတြကို ဘာစီလိုနာ အသင္းေစာစာစီးစီးရရွိခ႔ဲပါတယ္။ဂိုးေတြကိုေတာ့ပြဲခ်ိန္ ၆မိနစ္မွာ ဂရစ္ဇ္မန္း နဲ႔ ပြဲခ်ိန္ ၁၅မိနစ္ မွာ အာသာတို႔က သြင္းယူခဲ႔ျကတာျဖစ္ပါတယ္။

ပြဲခ်ိန္ ၄၄ မိနစ္အေရာက္မွာေတာ့ ကာဇိုလာက ဗီလာရီးရဲလ္အတြက္ ေခ်ပဂိုးတိုးသြင္းယူေပး ခဲ႔ လို႔ ၂-၁ နဲ႔ပထမပိုင္းျပီးခဲ႔ရပါတယ္။ဒုတိယပိုင္းမွာေတာ့ ဒဏ္ရာျပသနာရွိေနတဲ႔ မက္ဆီအစား ဒမ္ဘီလီ ကို နည္းျပျကီး ဗယ္ဗာဒီက ထည့္သြင္းခဲ႔ရပါတယ္။

အဲ႔ဒီေနာက္မွာ ဒီေဂ်ာင္၊ ဖာတီ တို႔လည္းဝင္ေရာက္လာခဲ႔ေပမယ့္ ႏွစ္သင္းစလံုးဂိုးတြ ထပ္မရခဲ႔လို႔ ၂-၁ ဂိုးနဲ႔ ပဲပြဲျပီးဆံုးခဲ႔တာျဖစ္ပါတယ္။ဘာစီလိုနာတို႔ဒီပြဲကို အႏိုင္ရလိုက္တာျဖစ္ေပမယ့္ ၆ပြဲကစားအျပီးမွာ ၁၀ မွတ္သာရရွိထားေသးတာလည္းျဖစ္ပါတယ္။

ပီေကး ကေတာ့ သူတို႔အသင္းအခုလို ရာသီအစမွာ ဆိုးရြားတဲ႔ အေျခအေန ေတြျကံုေတြ႕ေနခဲ႔ရတာဟာ ရာသီျကိုပြဲေတြေျကာင့္ျဖစ္တယ္ လို႔ အျပစ္ဖို႔သြားခဲ႔ပါတယ္။အင္တာဗ်ဴး တခုမွာ ပီေကးက –

” ရာသီျကို ပြဲေတြက က်ြန္ေတာတို႕အားလံုး ကို တကယ့္ျပိဳင္ပြဲေတြမွာေကာင္းေကာင္းကစားႏိုင္ဖို႕ အေထာက္အကူမျဖစ္ေစခဲ႔ပါဘူး။ႏိုင္ငံရပ္ျခားကို သြားျပီးခရီးေတြအမ်ားျကီးထြက္ခဲ႔ရလို႔လည္းေလ့က်င့္ခ်ိန္ နည္းပါးေစခဲ႔ပါတယ္။က်ြန္ေတာ္တို႔ အခုခ်ိန္ မွာ မက္ဆီတဦးတည္းတင္မဟုတ္ပဲ အကုန္လံုး ပံုမွန္ေျခစြမ္းမရွိေသးဘူးဆိုတာကို နားလည္ပါတယ္။ဒါေပမယ့္က်ြန္ေတာ္တို႔ေအာင္ျမင္မွဳေတြရယူဖို႔တြန္းအားေပးခံထားရလို႔ ေရွ႔ဆက္ရမွာျဖစ္ပါတယ္။

မက္ဆီ အခုဘာျဖစ္သြားခဲ႔တယ္ဆိုတာအားလံုးအျမင္ပါပဲ၊ ဒါေပမယ့္ သူ႔ရဲ႕ ေနရာမွာ ဝင္ေရာက္အစားထိုးျပီး ေရွ႔ဆက္ႏိုင္မယ့္လူစာရင္းရွိထားတာျဖစ္လို႔ ဘာ ဆင္ေျခမွ ေပးစရာမရွိပါဘူူး။သူ႔ရဲ႕ အနားယူရမွဳကို ရက္အနည္းဆံုးျဖစ္ဖို႔ အားလံုးက ေမွ်ာ္လင့္ေနျကတယ္ဆိုရင္ေတာင္ေပါ့ဗ်ာ။က်ြန္ေတာ္တို႔ဘာစီလိုနာ အသင္းမွာ ဘာေစာဒက တက္စရာမွာ ရွိမေနပါဘူး။ဒါ ဟာအသင္းအတြက္ အေကာင္းဆံုးလည္းျဖစ္ပါတယ္။ဒါေပမယ့္လည္း ရာသီျကိုပြဲေတြဟာ အေကာင္းဆံုးေတြေတာ့ မျဖစ္ခဲ႔ပါဘူး ” လို႕ေျပာသြားခဲ႔တာျဖစ္ပါတယ္။

arthur 2019

ဗီလာရီးရဲလ္ အသင္းကို ႏိုင္ပြဲရခဲ႔တဲ႔ အေပၚ ပီေကးက –
” ဇယားထိပ္က အသင္းေတြ န႔ဲ အမွတ္မျပတ္ေစဖို႔ အတြက္ ဒီပြဲကို အႏိုင္ရဖို႔ အေတာ္ေလး အေရးျကီးခဲ႔တာျဖစ္ပါတယ္။ဂိုး၂ဂိုးရရွိအျပီးမွာ မက္ဆီ ဒဏ္ရာ ရသြားခဲ႔လို႔ အသင္းက အမ်ားျကီး အားနည္းသြားခဲ႔ပါတယ္။သူတို႔က ဒါကို အခြင့္အေရးယူအသံုးခ်ျပီး အေကာင္းဆံုး လူကပ္ထိန္းခ်ဳပ္ကစားသြားခဲ႔ပါတယ္။ ဒုတိယပိုင္းမွာ ပြဲကစားရ တာတကယ္ခက္ခဲ ခဲ႔ပါတယ္ ” လို႔ေျပာသြားခဲ႔ပါတယ္။ဘာစီလိုနာအသင္းဟာ လာမယ့္ စေနေန႔မွာ ဂီတာေဖး အသင္းကို အေဝးကြင္းမွာသြားေရာက္ရင္ဆိုင္ရမွာျဖစ္ျပီး အဲ႔ဒီေနာက္ျကားရက္မွာေတာ့ အင္တာမီလန္အသင္းကိုႏူးကမ့္မွာ ဧည့္ခံရမွာျဖစ္ပါတယ္။

SPORT MYANMAR

Unicode

ဘာစီလိုနာ အသင်းအတွက်ဆိုးရွားတဲ့ ရာသီအစဖြစ်စေခဲ့တဲ့ တရားခံက ဘာလဲဆိုတာပြောပြလိုက်တဲ့ #ပီကေး
====================================

ယနေ့ နံနက်ပိုင်းမှာ ကစားသွားခဲ့တဲ့ လာလီဂါ ပွဲစဉ်မှာ ဘာစီလိုနာ အသင်းက ဗီလာရီးရဲလ် အသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ဒါကြောင့်လည်း အမှတ်ပေးဇယားရဲ့ အဆင့် ၄နေရာအထိ ယာယီပြန်လည်တက်ရောက်လာနိုင်ခဲ့ပါတယ်။

လက်ရှိချန်ပီယံ ဘာစီလိုနာ အသင်းဟာအခုနှစ် ရာသီသစ် အစပိုင်းမှာ ရလဒ်ပိုင်း မတိုင်ငြိမ်မှုတွေကြုံတွေ့ထားခဲ့ရတာဖြစ်ပြီး ပွဲစဉ်၅ အပြီးမှာ ရှံုးပွဲ၂ပွဲအထိကြံုတွေ့ထားခဲ့ရတာဖြစ်ပါတယ်။ဒါ့အပြင် နောက်ဆုံးပြိုင်ပွဲစုံ ၄ပွဲမှာလည်းနိုင်ပွဲတပွဲသာရထားခဲ့လို့ အခုပွဲမှာအတော်လေး ကြိုးစားကစားခဲ့ပါတယ်။

အသင်းခေါင်းဆောင် မက်ဆီ ပွဲထွက်စာင်္င်းမှာ ပြန်လာတာကြောင့် ပြီးခဲ့တဲ့ ပွဲတွေကထက် ပိုကောင်းတဲ့ ကစားပုံနဲ့အတူ သွင်းဂိုးတွေကို ဘာစီလိုနာ အသင်းစောစာစီးစီးရရှိခဲ့ပါတယ်။ဂိုးတွေကိုတော့ပွဲချိန် ၆မိနစ်မှာ ဂရစ်ဇ်မန်း နဲ့ ပွဲချိန် ၁၅မိနစ် မှာ အာသာတို့က သွင်းယူခဲ့ကြတာဖြစ်ပါတယ်။

ပွဲချိန် ၄၄ မိနစ်အရောက်မှာတော့ ကာဇိုလာက ဗီလာရီးရဲလ်အတွက် ချေပဂိုးတိုးသွင်းယူပေး ခဲ့ လို့ ၂-၁ နဲ့ပထမပိုင်းပြီးခဲ့ရပါတယ်။ဒုတိယပိုင်းမှာတော့ ဒဏ်ရာပြသနာရှိနေတဲ့ မက်ဆီအစား ဒမ်ဘီလီ ကို နည်းပြကြီး ဗယ်ဗာဒီက ထည့်သွင်းခဲ့ရပါတယ်။

အဲ့ဒီနောက်မှာ ဒီဂျောင်၊ ဖာတီ တို့လည်းဝင်ရောက်လာခဲ့ပေမယ့် နှစ်သင်းစလုံးဂိုးတွ ထပ်မရခဲ့လို့ ၂-၁ ဂိုးနဲ့ ပဲပွဲပြီးဆုံးခဲ့တာဖြစ်ပါတယ်။ဘာစီလိုနာတို့ဒီပွဲကို အနိုင်ရလိုက်တာဖြစ်ပေမယ့် ၆ပွဲကစားအပြီးမှာ ၁၀ မှတ်သာရရှိထားသေးတာလည်းဖြစ်ပါတယ်။

ပီကေး ကတော့ သူတို့အသင်းအခုလို ရာသီအစမှာ ဆိုးရွားတဲ့ အခြေအနေ တွေကြံုတွေ့နေခဲ့ရတာဟာ ရာသီကြိုပွဲတွေကြောင့်ဖြစ်တယ် လို့ အပြစ်ဖို့သွားခဲ့ပါတယ်။အင်တာဗျူး တခုမှာ ပီကေးက –

” ရာသီကြို ပွဲတွေက ကျွန်တောတို့အားလုံး ကို တကယ့်ပြိုင်ပွဲတွေမှာကောင်းကောင်းကစားနိုင်ဖို့ အထောက်အကူမဖြစ်စေခဲ့ပါဘူး။နိုင်ငံရပ်ခြားကို သွားပြီးခရီးတွေအများကြီးထွက်ခဲ့ရလို့လည်းလေ့ကျင့်ချိန် နည်းပါးစေခဲ့ပါတယ်။ကျွန်တော်တို့ အခုချိန် မှာ မက်ဆီတဦးတည်းတင်မဟုတ်ပဲ အကုန်လုံး ပုံမှန်ခြေစွမ်းမရှိသေးဘူးဆိုတာကို နားလည်ပါတယ်။ဒါပေမယ့်ကျွန်တော်တို့အောင်မြင်မှုတွေရယူဖို့တွန်းအားပေးခံထားရလို့ ရှေ့ဆက်ရမှာဖြစ်ပါတယ်။

မက်ဆီ အခုဘာဖြစ်သွားခဲ့တယ်ဆိုတာအားလုံးအမြင်ပါပဲ၊ ဒါပေမယ့် သူ့ရဲ့ နေရာမှာ ဝင်ရောက်အစားထိုးပြီး ရှေ့ဆက်နိုင်မယ့်လူစာရင်းရှိထားတာဖြစ်လို့ ဘာ ဆင်ခြေမှ ပေးစရာမရှိပါဘူူး။သူ့ရဲ့ အနားယူရမှုကို ရက်အနည်းဆုံးဖြစ်ဖို့ အားလုံးက မျှော်လင့်နေကြတယ်ဆိုရင်တောင်ပေါ့ဗျာ။ကျွန်တော်တို့ဘာစီလိုနာ အသင်းမှာ ဘာစောဒက တက်စရာမှာ ရှိမနေပါဘူး။ဒါ ဟာအသင်းအတွက် အကောင်းဆုံးလည်းဖြစ်ပါတယ်။ဒါပေမယ့်လည်း ရာသီကြိုပွဲတွေဟာ အကောင်းဆုံးတွေတော့ မဖြစ်ခဲ့ပါဘူး ” လို့ပြောသွားခဲ့တာဖြစ်ပါတယ်။

ဗီလာရီးရဲလ် အသင်းကို နိုင်ပွဲရခဲ့တဲ့ အပေါ် ပီကေးက –
” ဇယားထိပ်က အသင်းတွေ နဲ့ အမှတ်မပြတ်စေဖို့ အတွက် ဒီပွဲကို အနိုင်ရဖို့ အတော်လေး အရေးကြီးခဲ့တာဖြစ်ပါတယ်။ဂိုး၂ဂိုးရရှိအပြီးမှာ မက်ဆီ ဒဏ်ရာ ရသွားခဲ့လို့ အသင်းက အများကြီး အားနည်းသွားခဲ့ပါတယ်။သူတို့က ဒါကို အခွင့်အရေးယူအသုံးချပြီး အကောင်းဆုံး လူကပ်ထိန်းချုပ်ကစားသွားခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ပွဲကစားရ တာတကယ်ခက်ခဲ ခဲ့ပါတယ် ” လို့ပြောသွားခဲ့ပါတယ်။ဘာစီလိုနာအသင်းဟာ လာမယ့် စနေနေ့မှာ ဂီတာဖေး အသင်းကို အဝေးကွင်းမှာသွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး အဲ့ဒီနောက်ကြားရက်မှာတော့ အင်တာမီလန်အသင်းကိုနူးကမ့်မှာ ဧည့်ခံရမှာဖြစ်ပါတယ်။

SPORT MYANMARpique