စပိန္ လက္ေရြးစင္ တိုက္စစ္မွဴး အယ္လ္ဗာရို မိုရာတာ ဟာ ယခုႏွစ္ ေႏြရာသီ အေျပာင္းအေရႊ႕ မွာ ခ်ယ္လ္ဆီး အသင္း ကေန အက္သလက္တီကို အသင္း သို႕ အငွား ဆက္ ကစား ေနေပမယ့္ ရာသီကုန္ မွာ အက္သလက္တီကို အသင္း ဟာ ၄င္းအတြက္ ယူရို ၆၅ သန္း ေပးေခ်မွာ ျဖစ္ပါတယ္ ။

မိုရာတာ ဟာ ခ်ယ္လ္ဆီး အသင္း ကို ၂၀၁၇ – ၁၈ ေဘာလံုး ရာသီ အေျပာင္းအေရႊ႕ မွာ စပိန္ ထိပ္သီး ရီးရဲလ္ မက္ဒရစ္ အသင္း ကေန ခ်ယ္လ္ဆီး အသင္း ဆီသို႕ ေပါင္ ၅၂ သန္း နဲ႔ ေျပာင္းေရႊ႕ လာခဲ့ေပမယ့္ ျမင့္မားတဲ့ ေျပာင္းေရႊ႕ေၾကး နဲ႕ ထိုက္တန္ တဲ့ ေျခစြမ္းမ်ိဳး ျပသ ႏိုင္ဖို႕ ရုန္းကန္ ခဲ့ရပါတယ္ ။

ထိုႏွစ္ ေဘာလံုး ရာသီ ရဲ႕ ေဆာင္းရာသီ အေျပာင္းအေရႊ႕မွာ အာဆင္နယ္ အသင္း မွ ဝါရင့္ တိုက္စစ္မွဴး အိုလီဗီယာ ဂ်ရူး ခ်ယ္လ္ဆီး သို႕ ေျပာင္းေရႊ႕ လာမႈ နဲ႕ အတူ မိုရာတာ တေယာက္ ပြဲထြက္ခြင့္ နဲ႕ ရုန္းကန္ ခဲ့ရသလို ၊ နည္းျပေဟာင္း ကြန္တီ ထြက္ခြာ သြားျပီးေနာက္ ေမာ္ရစ္ဇီယို ဆာရီ လက္ေအာက္ မွာလည္း အခြင့္အေရး ေတြ ရခဲ့ေပမယ့္ ေျခစြမ္း ျပႏိုင္ဖို႕ အေတာ္ေလး ရုန္းကန္ ခဲ့ရပါတယ္ ။

ျပီးခဲ့တဲ့ ရာသီ ရဲ႕ ဇန္နဝါရီ အေျပာင္းအေရႊ႕ မွာေတာ့ ေနာက္ထပ္ နာမည္ၾကီး တိုက္စစ္မွဴး ဂြန္ဇာလို ဟီဂြာအင္ ဟာ ခ်ယ္လ္ဆီး သို႕ အငွား ထပ္ေရာက္ လာခဲ့ေတာ့ မိုရာတာ ရဲ႕ ခ်ယ္လ္ဆီး အသင္း က အနာဂတ္ လည္း အဆံုးသတ္ သြားခဲ့ရပါတယ္ ။ ထို႕ေနာက္ အက္သလက္တီကို အသင္း သို႕ အငွား ထြက္ခဲ့သလို ၊ အခု အခါမွာေတာ့ ထို ကလပ္ နဲ႔ပဲ မိုရာတာ ဟာ အငွား သက္တမ္းတိုးျပီး ဆက္ကစားလ်က္ ရွိေနပါတယ္ ။

လက္ရွိ မွာ အက္သလက္တီကို အသင္း မွာ ကစား ရတာ ေပ်ာ္ရႊင္ ေနတဲ့ မိုရာတာ က မေန႕က စပိန္ သတင္း ဌာန တခု ျဖစ္တဲ့ La Otra Cronica နဲ႕ ေတြ႕ဆံု ခဲ့တဲ့ အင္တာဗ်ဴး မွာေတာ့ လန္ဒန္ မွာ ေနထိုင္ ခဲ့ရတဲ့ ဘဝ အေျခအေန နဲ႕ ရုန္းကန္ခဲ့ရမႈ အေၾကာင္း ေတြကို ေျပာျပ ခဲ့သလို ၊ သူ႕ရဲ႕ အမ်ိဳးသမီး ျဖစ္သူ ေနမေကာင္း ျဖစ္ခဲ့စဥ္ က ဘယ္လို အေျခအေနမ်ိဳး ၾကံဳခဲ့ရတဲ့ အေၾကာင္း အခုလိုပဲ ေျပာျပ ခဲ့ပါတယ္ ။

မိုရာတာ က ” အခုဆို ကြ်န္ေတာ္ ဟာ အက္သလက္တီကို အသင္း ကို အျပီးသတ္ ေျပာင္းေရႊ႕ လာရေတာ့မွာ ျဖစ္ပါတယ္ ။ အမွန္အတိုင္း ဝန္ခံ ရရင္ေတာ့ ပရီးမီးယားလိဂ္ မွာ ကစား ခဲ့ရတာက ကိုယ့္ရဲ႕ ပရိသတ္ အေရအတြက္ မ်ားေစသလို ၊ နာမည္ ပိုၾကီး ေစပါတယ္ ။ ဒါေပမယ့္ ကြ်န္္ေတာ့ မိသားစု နဲ႕ ကြ်န္ေတာ္ ဟာ လန္ဒန္ က ဆိုးရြားတဲ့ အခိုက္အတန္႕ တခ်ိဳ႕ ကို ေက်ာ္ျဖတ္ျပီးမွ ဒီကို ေရာက္လာတာပါ ။ ”

” ဒီမွာေတာ့ ကြ်န္ေတာ္ တို႕ဟာ ေနရထိုင္ရတာ အရမ္း ကို ေပ်ာ္ရႊင္ ရပါတယ္ ။ လူေတြ ေတာ္ေတာ္မ်ားမ်ား ယံုခ်င္မွ ယံုၾကမွာပါ ။ ကြ်န္ေတာ္ တို႕ဟာ ဒီမတိုင္ခင္ ကတည္းက လြန္ခဲ့တဲ့ ၄ ၊ ၅ ႏွစ္ ကတည္းက အက္သလက္တီကို ကို ေျပာင္းေရႊ႕ လာဖို႕ စီစဥ္ ေဆြးေႏြး ခဲ့ၾကဖူးပါတယ္ ။ အခုေတာ့ ကြ်န္ေတာ္ တကယ္ ကို ေပ်ာ္ရႊင္ ေနရပါျပီ ။ လန္ဒန္ မွာ ေနတုန္း ကလား ? တကယ္ကို ဆိုးရြားတဲ့ အခုိက္အတန္႕ မ်ားစြာ ေက်ာ္ျဖတ္ ခဲ့ရတာေပါ့ဗ်ာ ။ ”

” ကြ်န္ေတာ္ ေနာက္ေက်ာ ဒဏ္ရာ ရခဲ့တဲ့ အခ်ိန္ က ေဆးထိုးအပ္ နဲ႕ အခ်က္မ်ားစြာ အထိုး ခံခဲ့ ရဖူးပါတယ္ ။ ကြ်န္ေတာ္ ဟာ အရင္ ကတည္းက ဒီလို ေဆးထိုး ခံရတာမ်ိဳး သေဘာက် ႏွစ္သက္တဲ့ သူတေယာက္ မဟုတ္ခဲ့ပါဘူး ။ အဲ့ဒီေတာ့ အိမ္မွာပဲ ဒီအတိုင္း စိတ္ပ်က္ပ်က္ နဲ႕ ေက်ာ္ျဖတ္ ခဲ့ရပါတယ္ ။ ကြ်န္ေတာ့ ရဲ႕ အမ်ိဳးသမီး ဆိုရင္လည္း ေနမေကာင္း ခဏခဏ ျဖစ္ေတာ့ ဘာမွ မစား ႏိုင္သလို ၊ တခါတေလ က်ရင္ ပ်ိဳ႕အန္တာေတြပါ ျဖစ္ခဲ့ပါတယ္ ။ ”

” အခ်ိန္ အေတာ္မ်ားမ်ား မွာ ကြ်န္ေတာ္ တို႕ဟာ အိပ္ရာထဲမွာပဲ အခ်ိန္ျဖဳန္း ခဲ့ရပါတယ္ ။ ခင္ဗ်ား ဟာ ကိုယ့္အနားမွာ ရွိေနတဲ့ သူတေယာက္ ေနမေကာင္း ျဖစ္ေနတာ ကို နားလည္ ေပးလို႕ရေပမယ့္ ကိုယ္ကိုယ္တိုင္ က ပိုဆိုး ေနတဲ့ အေနအထား မွာ ဘယ္ေလာက္ အထိ ခံစားရခက္သလဲ ဆိုတာ အားလံုး သိၾကမွာပါ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

SPORTS MYANMAR

Unicode

ချယ်လ်ဆီး မှာ ကျော်ဖြတ် ခဲ့ရတဲ့ ခက်ခဲတဲ့ အခိုက်အတန့် တချို့ အကြောင်း ပြောပြ ခဲ့တဲ့ #မိုရာတာ

စပိန် လက်ရွေးစင် တိုက်စစ်မှူး အယ်လ်ဗာရို မိုရာတာ ဟာ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့ မှာ ချယ်လ်ဆီး အသင်း ကနေ အက်သလက်တီကို အသင်း သို့ အငှား ဆက် ကစား နေပေမယ့် ရာသီကုန် မှာ အက်သလက်တီကို အသင်း ဟာ ၄င်းအတွက် ယူရို ၆၅ သန်း ပေးချေမှာ ဖြစ်ပါတယ် ။

မိုရာတာ ဟာ ချယ်လ်ဆီး အသင်း ကို ၂၀၁၇ – ၁၈ ဘောလုံး ရာသီ အပြောင်းအရွှေ့ မှာ စပိန် ထိပ်သီး ရီးရဲလ် မက်ဒရစ် အသင်း ကနေ ချယ်လ်ဆီး အသင်း ဆီသို့ ပေါင် ၅၂ သန်း နဲ့ ပြောင်းရွှေ့ လာခဲ့ပေမယ့် မြင့်မားတဲ့ ပြောင်းရွှေ့ကြေး နဲ့ ထိုက်တန် တဲ့ ခြေစွမ်းမျိုး ပြသ နိုင်ဖို့ ရုန်းကန် ခဲ့ရပါတယ် ။

ထိုနှစ် ဘောလုံး ရာသီ ရဲ့ ဆောင်းရာသီ အပြောင်းအရွှေ့မှာ အာဆင်နယ် အသင်း မှ ဝါရင့် တိုက်စစ်မှူး အိုလီဗီယာ ဂျရူး ချယ်လ်ဆီး သို့ ပြောင်းရွှေ့ လာမှု နဲ့ အတူ မိုရာတာ တယောက် ပွဲထွက်ခွင့် နဲ့ ရုန်းကန် ခဲ့ရသလို ၊ နည်းပြဟောင်း ကွန်တီ ထွက်ခွာ သွားပြီးနောက် မော်ရစ်ဇီယို ဆာရီ လက်အောက် မှာလည်း အခွင့်အရေး တွေ ရခဲ့ပေမယ့် ခြေစွမ်း ပြနိုင်ဖို့ အတော်လေး ရုန်းကန် ခဲ့ရပါတယ် ။

ပြီးခဲ့တဲ့ ရာသီ ရဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ မှာတော့ နောက်ထပ် နာမည်ကြီး တိုက်စစ်မှူး ဂွန်ဇာလို ဟီဂွာအင် ဟာ ချယ်လ်ဆီး သို့ အငှား ထပ်ရောက် လာခဲ့တော့ မိုရာတာ ရဲ့ ချယ်လ်ဆီး အသင်း က အနာဂတ် လည်း အဆုံးသတ် သွားခဲ့ရပါတယ် ။ ထို့နောက် အက်သလက်တီကို အသင်း သို့ အငှား ထွက်ခဲ့သလို ၊ အခု အခါမှာတော့ ထို ကလပ် နဲ့ပဲ မိုရာတာ ဟာ အငှား သက်တမ်းတိုးပြီး ဆက်ကစားလျက် ရှိနေပါတယ် ။

လက်ရှိ မှာ အက်သလက်တီကို အသင်း မှာ ကစား ရတာ ပျော်ရွှင် နေတဲ့ မိုရာတာ က မနေ့က စပိန် သတင်း ဌာန တခု ဖြစ်တဲ့ La Otra Cronica နဲ့ တွေ့ဆုံ ခဲ့တဲ့ အင်တာဗျူး မှာတော့ လန်ဒန် မှာ နေထိုင် ခဲ့ရတဲ့ ဘဝ အခြေအနေ နဲ့ ရုန်းကန်ခဲ့ရမှု အကြောင်း တွေကို ပြောပြ ခဲ့သလို ၊ သူ့ရဲ့ အမျိုးသမီး ဖြစ်သူ နေမကောင်း ဖြစ်ခဲ့စဉ် က ဘယ်လို အခြေအနေမျိုး ကြုံခဲ့ရတဲ့ အကြောင်း အခုလိုပဲ ပြောပြ ခဲ့ပါတယ် ။

မိုရာတာ က ” အခုဆို ကျွန်တော် ဟာ အက်သလက်တီကို အသင်း ကို အပြီးသတ် ပြောင်းရွှေ့ လာရတော့မှာ ဖြစ်ပါတယ် ။ အမှန်အတိုင်း ဝန်ခံ ရရင်တော့ ပရီးမီးယားလိဂ် မှာ ကစား ခဲ့ရတာက ကိုယ့်ရဲ့ ပရိသတ် အရေအတွက် များစေသလို ၊ နာမည် ပိုကြီး စေပါတယ် ။ ဒါပေမယ့် ကျွန််တော့ မိသားစု နဲ့ ကျွန်တော် ဟာ လန်ဒန် က ဆိုးရွားတဲ့ အခိုက်အတန့် တချို့ ကို ကျော်ဖြတ်ပြီးမှ ဒီကို ရောက်လာတာပါ ။ ”

” ဒီမှာတော့ ကျွန်တော် တို့ဟာ နေရထိုင်ရတာ အရမ်း ကို ပျော်ရွှင် ရပါတယ် ။ လူတွေ တော်တော်များများ ယုံချင်မှ ယုံကြမှာပါ ။ ကျွန်တော် တို့ဟာ ဒီမတိုင်ခင် ကတည်းက လွန်ခဲ့တဲ့ ၄ ၊ ၅ နှစ် ကတည်းက အက်သလက်တီကို ကို ပြောင်းရွှေ့ လာဖို့ စီစဉ် ဆွေးနွေး ခဲ့ကြဖူးပါတယ် ။ အခုတော့ ကျွန်တော် တကယ် ကို ပျော်ရွှင် နေရပါပြီ ။ လန်ဒန် မှာ နေတုန်း ကလား ? တကယ်ကို ဆိုးရွားတဲ့ အခိုက်အတန့် များစွာ ကျော်ဖြတ် ခဲ့ရတာပေါ့ဗျာ ။ ”

” ကျွန်တော် နောက်ကျော ဒဏ်ရာ ရခဲ့တဲ့ အချိန် က ဆေးထိုးအပ် နဲ့ အချက်များစွာ အထိုး ခံခဲ့ ရဖူးပါတယ် ။ ကျွန်တော် ဟာ အရင် ကတည်းက ဒီလို ဆေးထိုး ခံရတာမျိုး သဘောကျ နှစ်သက်တဲ့ သူတယောက် မဟုတ်ခဲ့ပါဘူး ။ အဲ့ဒီတော့ အိမ်မှာပဲ ဒီအတိုင်း စိတ်ပျက်ပျက် နဲ့ ကျော်ဖြတ် ခဲ့ရပါတယ် ။ ကျွန်တော့ ရဲ့ အမျိုးသမီး ဆိုရင်လည်း နေမကောင်း ခဏခဏ ဖြစ်တော့ ဘာမှ မစား နိုင်သလို ၊ တခါတလေ ကျရင် ပျို့အန်တာတွေပါ ဖြစ်ခဲ့ပါတယ် ။ ”

” အချိန် အတော်များများ မှာ ကျွန်တော် တို့ဟာ အိပ်ရာထဲမှာပဲ အချိန်ဖြုန်း ခဲ့ရပါတယ် ။ ခင်ဗျား ဟာ ကိုယ့်အနားမှာ ရှိနေတဲ့ သူတယောက် နေမကောင်း ဖြစ်နေတာ ကို နားလည် ပေးလို့ရပေမယ့် ကိုယ်ကိုယ်တိုင် က ပိုဆိုး နေတဲ့ အနေအထား မှာ ဘယ်လောက် အထိ ခံစားရခက်သလဲ ဆိုတာ အားလုံး သိကြမှာပါ ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR