neville

မန္ခ်က္စတာ ယူနုိက္တက္ အသင္း ရဲ့ ဂႏၶဝင္ ကစားသမား ေဟာင္း ျဖစ္တဲ့ ဂယ္ရီ နဗီးလ္ က လက္ရွိ နည္းျပ ျဖစ္သူ ဆုိးလ္ရွား အေပၚ စိတ္ရွည္ရွည္ ထားျပီး ေထာက္ခံ အားေပး သြားဖုိ႔ ပရိသတ္ ေတြကို တုိက္တြန္း ထားသူ ျဖစ္သလို အသင္း အတြက္ မွန္ကန္ သင့္ေတာ္ တဲ့ ကစားသမား ေတြကို သာ ေခၚယူ သြားဖုိ႔ တုိက္တြန္း ထားသူ ပဲ ျဖစ္ပါတယ္ ။

ဒါေပမယ့္ အခုေတာ့ သူက အသင္း ေဟာင္း အေန နဲ့ လြန္ခဲ့တဲ့ 10 ႏွစ္ေလာက္ တုန္းက ျပိဳင္ဖက္ အသင္း မွ ကစားသမား ေတြ ျဖစ္ၾက တဲ့ ဝိန္း ရြန္းနီ ၊ ရီယုိ ဖာဒီနန္ နဲ့ မိုက္ကယ္ ကာရစ္ တုိ့လို ကစားသမား ေတြကို အလြယ္ တကူ ေခၚယူ နုိင္ ေတာ့မွာ မဟုတ္ေၾကာင္း သတိေပး စကား ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

” ခရစၥတယ္ ပဲေလ့စ္ လို အသင္း ကေတာင္ သူတုိ့ ရဲ့ ေတာင္ပံ တိုက္စစ္ ကစားသမား ျဖစ္သူ ဝီလ္ဖရိုက္ ဇာဟာ အတြက္ ေပါင္ 80 သန္းတန္ ကမ္းလွမ္း မွဳကို ပယ္ခ် ေနျပီ ဆုိတဲ့ အခ်ိန္မ်ိဳး မွာ ယူနုိက္တက္ အသင္း ဖက္က လြန္ခဲ့တဲ့ 10 နွစ္ေက်ာ္ေလာက္ တုန္းကလို ကစားသမား ေတြကို အလို ရွိသလို ေခၚယူ နုိင္ ေတာ့မွာ မဟုတ္ေတာ့ ပါဘူး ”

” သူတုိ႔ ေတြဟာ အဲဗာတန္ အသင္း မွ ဝိန္း ရြန္းနီ ၊ လိဒ္ ယူနုိက္တက္ မွ ဖာဒီနန္ နဲ့ ေတာ့တင္ဟမ္ ေဟာ့ စပါး အသင္း မွ မိုက္ကယ္ ကာရစ္ တို့ကို အလြယ္ တကူ ဆြဲေဆာင္ ေခၚယူ နုိင္ခဲ့ သလို မ်ိဳး အခု လုပ္နုိင္ ေတာ့မွာ မဟုတ္ ေတာ့ ပါဘူး ။ အခု ေခတ္ အဲ့ဒီ အသင္း ေတြက သူတုိ႔ ရဲ့ ကစားသမား ေတြကို မက္ေလာက္ စရာ ေငြေၾကး မရပဲ လက္လြတ္ခံ ေရာင္းခ် သြားၾက မွာ မဟုတ္ ပါဘူး ”

” အကယ္လို့ အသင္း အတြက္ မွန္ကန္ တဲ့ ကစားသမား တစ္ဦး တစ္ေယာက္ လာမယ္ ဆုိရင္ သူတုိ့ အေန နဲ႔ ေစ်းကြက္ ထဲကို အမိအရ ဝင္သင့္ ပါတယ္ ။ ဘာျဖစ္ လို့လဲ ဆုိေတာ့ သူတုိ႔ ေတြက ယံုၾကည္ စိတ္ခ် ရဖြယ္ ေျခစြမ္း ေကာင္း ေတြကို ျပသ ထားခဲ့ ျပီးသား ေလ ။ ဒီ အတြက္ အသည္းအသန္ လိုက္သင့္ ပါတယ္ ”

” မက္ဂြားယား လို ကစားသမား ကေတာ့ တစ္ၾကိမ္ ဝယ္လိုက္ ရံုနဲ့ အသင္း အတြက္ ျပသနာ ရွင္းျပီးသား ျဖစ္သြားမယ့္ သူပါ ။ ဘာျဖစ္လို့လဲ ဆုိေတာ့ သူဟာ အသင္း အတြက္ အနည္းဆံုး 5 နွစ္ ၊ 6 ႏွစ္ ေလာက္ ကစား ေပးနိုင္ တယ္ေလ ။ သူ့ကို ဦးတည္ ျပီး ကစားပံု ေဖာ္လို့ ရတယ္ ေလ ။ ဆုိးလ္ရွား ကုိယ္တုိင္ က သူဟာ အသင္း ကို ဦးေဆာင္ နုိင္တဲ့ ကစားသမား ျဖစ္ေၾကာင္း ဝက္စ္ဟမ္း နဲ့ ပြဲ မတုိင္မီ ေျပာၾကား ခဲ့တယ္ ေလ ”

” ဒါ့ေၾကာင့္ ယူနုိက္တက္ အေနနဲ့ အသင္း ဆီ လာေရာက္ လိုတဲ့ ကစားသမား ၊ ဆာေလာင္ မွဳ အျပည့္ ရွိတဲ့ ကစားသမား ေတြကုိ ရွာေဖြ ရ ပါ့မယ္ ။ အသင္း ဆီ ေရာက္ရွိ လာမယ့္ သူေတြ က အရည္အေသြး ရွိျပီး အေတြ့ အၾကံဳ ၾကြယ္ဝ သူေတြ ျဖစ္သင့္ သလို လူငယ္ ကစားသမား ေတြကို လည္း အေထာက္ အပံ့ ေကာင္းေတြ ေပးရင္း အသင္း ကို ဦးေဆာင္ စီမံ နုိင္ မယ့္သူ ျဖစ္ရ ပါ့မယ္ ”

” အျခား တစ္ဖက္ မွာေတာ့ ခင္ဗ်ား ဟာ အသင္း ရဲ့ ပိုင္ရွင္ ၊ ဘုတ္ အဖြဲ့ဝင္ တစ္ဦး အေန နဲ့ မန္ေနဂ်ာ က ေခၚယူ လို ေနတဲ့ ကစားသမား ေတြနဲ့ အသင္း ကို အင္အား ျဖည့္တင္း ေပးနိုင္ ရ ပါ့မယ္ ။ မန္ခ်က္စတာ ယူနုိက္တက္ အသင္း ကေတာ့ အဲ့တာ ကို ေသခ်ာ မလုပ္နုိင္ ခဲ့တာ 8 ႏွစ္ေလာက္ ရွိခဲ့ ပါျပီ ”

” သူတုိ႔ ေတြက ေငြေၾကး ထုတ္ေပး ခဲ့ၾက ေပမယ့္ အသင္း အတြက္ မဟာ ဗ်ဴဟာ မခ်မွတ္ ေပးနုိင္ ခဲ့ၾက ပါဘူး ။ အကယ္လို့ သူတို႔ ေတြသာ လြန္ခဲ့တဲ့ 8 နွစ္ေလာက္ ကတည္းက အသင္း ကို စနစ္တက် ဂရုစိုက္ျပီး အဂၤလိပ္ လူငယ္ ကစားသမား ေတြကို မွန္မွန္ ပ်ိဳးေထာင္ ေပး ခဲ့မယ္ ဆုိရင္ အသင္း ဟာ လက္ရွိ အခ်ိန္ ပိုေကာင္းတဲ့ အဆင့္ တစ္ခု မွာ ရွိေန ေလာက္ ပါျပီ ”

” ဒါေပမယ့္ သူတုိ့ ေတြက ေဒးဗစ္ မုိယက္စ္ ၊ လူးဝစ္ ဗန္ဟားလ္ ၊ ဟုိေဆး ေမာ္ရင္ဟို စသျဖင့္ တစ္ေယာက္ ျပီး တစ္ေယာက္ ထုတ္ပယ္ရင္း အခ်ိန္ျဖဳန္း ခဲ့ၾက ပါတယ္ ။ သူတုိ့ ဆုိးလ္ရွား ကို ဒီလို ဆက္လုပ္ လို့ မရ နုိင္ ပါဘူး ။ သူတုိ႔ အေန နဲ့ နည္းျပ ကုိ ေထာက္ပံ့ ေပးရင္း လိုအပ္တဲ့ ကစားသမား အင္အား ကို ျဖည့္တင္း ေပးရ ပါ့မယ္ ”

” သူတုိ႔ ေတြဟာ ကမ႓႓ာ့ အေကာင္းဆံုး မန္ေနဂ်ာ ဆုိတဲ့ ဟိုေဆး ေမာ္ရင္ဟို ကို ပိုင္ဆုိင္ ခဲ့ၾက ပါတယ္ ။ ဒါေပမယ့္ သူ လိုခ်င္ တာကို မေပးနုိင္ ခဲ့ၾက ပါဘူး ။ လူးဝစ္ ဗန္ဟားလ္ ဆုိတာ ဘာစီလိုနာ နဲ့ ေအဂ်က္ အသင္း ေတြမွာ အေတြ့ အၾကံဳ မ်ားျပား ခဲ့တဲ့ နည္းျပ တစ္ဦး ပါ ။ သူလည္း လံုေလာက္တဲ့ အခြင့္ေကာင္း ေတြ မ႐ရွိခဲ့ ပါဘူး ”

” သူတုိ႔ ေတြဟာ စီမံကိန္း တစ္ခု အေပၚ အာရံုစိုက္ ေလ်ွာက္လွမ္း ၾကရ ပါ့မယ္ ။ ဒီ လမ္းေၾကာင္း တစ္ေလ်ွာက္ မွာ စိတ္ပ်က္ စရာေတြ ရွိေန မွာ ပါပဲ ။ အဲ့ဒီလို အခိုက္ အတန့္ ေတြမွာ အသက္ ဝဝ ရွဴ ၊ ေဝဖန္မွဳ ေတြကုိ ခံယူရင္း ေရွ့ဆက္ ၾကရ မွာပါ ။ ဒါကို လုပ္ေဆာင္ ဖုိ့ အခ်ိန္ ေပးရ ပါ လိမ့္မယ္ ။ ဒီလုိ ျပသနာ ကို အလ်င္လို ျပီး ေျဖရွင္းလို့ မရနုိင္ ပါဘူး ” လို႔ ဂယ္ရီ နဗီးလ္ က သံုးသပ္ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

#Sports_Myanmar

Unicode

အသင်းဖော်ဟောင်းလို ကစားသမားတွေကို ယူနိုက်တက်တို့ အလွယ်တကူ ခေါ်ယူနိုင်တော့မှာ မဟုတ်ကြောင်း သတိပေးသွားတဲ့ #ဂယ်ရီနဗီးလ်

=================

မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ဂန္ဓဝင် ကစားသမား ဟောင်း ဖြစ်တဲ့ ဂယ်ရီ နဗီးလ် က လက်ရှိ နည်းပြ ဖြစ်သူ ဆိုးလ်ရှား အပေါ် စိတ်ရှည်ရှည် ထားပြီး ထောက်ခံ အားပေး သွားဖို့ ပရိသတ် တွေကို တိုက်တွန်း ထားသူ ဖြစ်သလို အသင်း အတွက် မှန်ကန် သင့်တော် တဲ့ ကစားသမား တွေကို သာ ခေါ်ယူ သွားဖို့ တိုက်တွန်း ထားသူ ပဲ ဖြစ်ပါတယ် ။

ဒါပေမယ့် အခုတော့ သူက အသင်း ဟောင်း အနေ နဲ့ လွန်ခဲ့တဲ့ 10 နှစ်လောက် တုန်းက ပြိုင်ဖက် အသင်း မှ ကစားသမား တွေ ဖြစ်ကြ တဲ့ ဝိန်း ရွန်းနီ ၊ ရီယို ဖာဒီနန် နဲ့ မိုက်ကယ် ကာရစ် တို့လို ကစားသမား တွေကို အလွယ် တကူ ခေါ်ယူ နိုင် တော့မှာ မဟုတ်ကြောင်း သတိပေး စကား ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” ခရစ္စတယ် ပဲလေ့စ် လို အသင်း ကတောင် သူတို့ ရဲ့ တောင်ပံ တိုက်စစ် ကစားသမား ဖြစ်သူ ဝီလ်ဖရိုက် ဇာဟာ အတွက် ပေါင် 80 သန်းတန် ကမ်းလှမ်း မှုကို ပယ်ချ နေပြီ ဆိုတဲ့ အချိန်မျိုး မှာ ယူနိုက်တက် အသင်း ဖက်က လွန်ခဲ့တဲ့ 10 နှစ်ကျော်လောက် တုန်းကလို ကစားသမား တွေကို အလို ရှိသလို ခေါ်ယူ နိုင် တော့မှာ မဟုတ်တော့ ပါဘူး ”

” သူတို့ တွေဟာ အဲဗာတန် အသင်း မှ ဝိန်း ရွန်းနီ ၊ လိဒ် ယူနိုက်တက် မှ ဖာဒီနန် နဲ့ တော့တင်ဟမ် ဟော့ စပါး အသင်း မှ မိုက်ကယ် ကာရစ် တို့ကို အလွယ် တကူ ဆွဲဆောင် ခေါ်ယူ နိုင်ခဲ့ သလို မျိုး အခု လုပ်နိုင် တော့မှာ မဟုတ် တော့ ပါဘူး ။ အခု ခေတ် အဲ့ဒီ အသင်း တွေက သူတို့ ရဲ့ ကစားသမား တွေကို မက်လောက် စရာ ငွေကြေး မရပဲ လက်လွတ်ခံ ရောင်းချ သွားကြ မှာ မဟုတ် ပါဘူး ”

” အကယ်လို့ အသင်း အတွက် မှန်ကန် တဲ့ ကစားသမား တစ်ဦး တစ်ယောက် လာမယ် ဆိုရင် သူတို့ အနေ နဲ့ စျေးကွက် ထဲကို အမိအရ ဝင်သင့် ပါတယ် ။ ဘာဖြစ် လို့လဲ ဆိုတော့ သူတို့ တွေက ယုံကြည် စိတ်ချ ရဖွယ် ခြေစွမ်း ကောင်း တွေကို ပြသ ထားခဲ့ ပြီးသား လေ ။ ဒီ အတွက် အသည်းအသန် လိုက်သင့် ပါတယ် ”

” မက်ဂွားယား လို ကစားသမား ကတော့ တစ်ကြိမ် ဝယ်လိုက် ရုံနဲ့ အသင်း အတွက် ပြသနာ ရှင်းပြီးသား ဖြစ်သွားမယ့် သူပါ ။ ဘာဖြစ်လို့လဲ ဆိုတော့ သူဟာ အသင်း အတွက် အနည်းဆုံး 5 နှစ် ၊ 6 နှစ် လောက် ကစား ပေးနိုင် တယ်လေ ။ သူ့ကို ဦးတည် ပြီး ကစားပုံ ဖော်လို့ ရတယ် လေ ။ ဆိုးလ်ရှား ကိုယ်တိုင် က သူဟာ အသင်း ကို ဦးဆောင် နိုင်တဲ့ ကစားသမား ဖြစ်ကြောင်း ဝက်စ်ဟမ်း နဲ့ ပွဲ မတိုင်မီ ပြောကြား ခဲ့တယ် လေ ”

” ဒါ့ကြောင့် ယူနိုက်တက် အနေနဲ့ အသင်း ဆီ လာရောက် လိုတဲ့ ကစားသမား ၊ ဆာလောင် မှု အပြည့် ရှိတဲ့ ကစားသမား တွေကို ရှာဖွေ ရ ပါ့မယ် ။ အသင်း ဆီ ရောက်ရှိ လာမယ့် သူတွေ က အရည်အသွေး ရှိပြီး အတွေ့ အကြုံ ကြွယ်ဝ သူတွေ ဖြစ်သင့် သလို လူငယ် ကစားသမား တွေကို လည်း အထောက် အပံ့ ကောင်းတွေ ပေးရင်း အသင်း ကို ဦးဆောင် စီမံ နိုင် မယ့်သူ ဖြစ်ရ ပါ့မယ် ”

” အခြား တစ်ဖက် မှာတော့ ခင်ဗျား ဟာ အသင်း ရဲ့ ပိုင်ရှင် ၊ ဘုတ် အဖွဲ့ဝင် တစ်ဦး အနေ နဲ့ မန်နေဂျာ က ခေါ်ယူ လို နေတဲ့ ကစားသမား တွေနဲ့ အသင်း ကို အင်အား ဖြည့်တင်း ပေးနိုင် ရ ပါ့မယ် ။ မန်ချက်စတာ ယူနိုက်တက် အသင်း ကတော့ အဲ့တာ ကို သေချာ မလုပ်နိုင် ခဲ့တာ 8 နှစ်လောက် ရှိခဲ့ ပါပြီ ”

” သူတို့ တွေက ငွေကြေး ထုတ်ပေး ခဲ့ကြ ပေမယ့် အသင်း အတွက် မဟာ ဗျူဟာ မချမှတ် ပေးနိုင် ခဲ့ကြ ပါဘူး ။ အကယ်လို့ သူတို့ တွေသာ လွန်ခဲ့တဲ့ 8 နှစ်လောက် ကတည်းက အသင်း ကို စနစ်တကျ ဂရုစိုက်ပြီး အင်္ဂလိပ် လူငယ် ကစားသမား တွေကို မှန်မှန် ပျိုးထောင် ပေး ခဲ့မယ် ဆိုရင် အသင်း ဟာ လက်ရှိ အချိန် ပိုကောင်းတဲ့ အဆင့် တစ်ခု မှာ ရှိနေ လောက် ပါပြီ ”

” ဒါပေမယ့် သူတို့ တွေက ဒေးဗစ် မိုယက်စ် ၊ လူးဝစ် ဗန်ဟားလ် ၊ ဟိုဆေး မော်ရင်ဟို စသဖြင့် တစ်ယောက် ပြီး တစ်ယောက် ထုတ်ပယ်ရင်း အချိန်ဖြုန်း ခဲ့ကြ ပါတယ် ။ သူတို့ ဆိုးလ်ရှား ကို ဒီလို ဆက်လုပ် လို့ မရ နိုင် ပါဘူး ။ သူတို့ အနေ နဲ့ နည်းပြ ကို ထောက်ပံ့ ပေးရင်း လိုအပ်တဲ့ ကစားသမား အင်အား ကို ဖြည့်တင်း ပေးရ ပါ့မယ် ”

” သူတို့ တွေဟာ ကမ႓႓ာ့ အကောင်းဆုံး မန်နေဂျာ ဆိုတဲ့ ဟိုဆေး မော်ရင်ဟို ကို ပိုင်ဆိုင် ခဲ့ကြ ပါတယ် ။ ဒါပေမယ့် သူ လိုချင် တာကို မပေးနိုင် ခဲ့ကြ ပါဘူး ။ လူးဝစ် ဗန်ဟားလ် ဆိုတာ ဘာစီလိုနာ နဲ့ အေဂျက် အသင်း တွေမှာ အတွေ့ အကြံု များပြား ခဲ့တဲ့ နည်းပြ တစ်ဦး ပါ ။ သူလည်း လုံလောက်တဲ့ အခွင့်ကောင်း တွေ မရရှိခဲ့ ပါဘူး ”

” သူတို့ တွေဟာ စီမံကိန်း တစ်ခု အပေါ် အာရုံစိုက် လျှောက်လှမ်း ကြရ ပါ့မယ် ။ ဒီ လမ်းကြောင်း တစ်လျှောက် မှာ စိတ်ပျက် စရာတွေ ရှိနေ မှာ ပါပဲ ။ အဲ့ဒီလို အခိုက် အတန့် တွေမှာ အသက် ဝဝ ရှူ ၊ ဝေဖန်မှု တွေကို ခံယူရင်း ရှေ့ဆက် ကြရ မှာပါ ။ ဒါကို လုပ်ဆောင် ဖို့ အချိန် ပေးရ ပါ လိမ့်မယ် ။ ဒီလို ပြသနာ ကို အလျင်လို ပြီး ဖြေရှင်းလို့ မရနိုင် ပါဘူး ” လို့ ဂယ်ရီ နဗီးလ် က သုံးသပ် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar