၂၀၁၈ – ၂၀၁၉ ေဘာလံုး ရာသီ ကုန္ဆံုး ဖို႕ နီးစပ္ လာတာနဲ႕ အမွ် ခ်ယ္လ္ဆီး အသင္း ရဲ႕ ေတာင္ပံ ကစားသမား အီဒင္ ဟာဇတ္ နဲ႕ ရီးရဲလ္ မက္ဒရစ္ အသင္း တို႕ရဲ႕ အေျပာင္းအေရႊ႕ ဇာတ္လမ္း ဟာလည္း တျဖည္းျဖည္း ပိုျပီး က်ယ္ေလာင္ လာပါတယ္ ။ ဟာဇတ္ ဟာ ေနာက္ပိုင္း ကစား ခဲ့တဲ့ ပရီးမီးယားလိဂ္ ပြဲစဥ္ ေတြမွာ ပိုျပီး ေျခစြမ္း ျပလာခဲ့သလို ခ်ယ္လ္ဆီး ပရိသတ္ ေတြ လြမ္းရေလာက္တဲ့ အရိပ္အေယာင္ ေတြကိုလည္း ျပသ လာခဲ့ပါတယ္ ။

ရီးရဲလ္ မက္ဒရစ္ အသင္း က ၄င္းတို႕ရဲ႕ နည္းျပ ေဟာင္း ဇီဒန္း ကို နည္းျပသစ္ အျဖစ္ ျပန္လည္ ခန္႕အပ္ ခဲ့ျပီးေနာက္ ၄င္း အတြက္ ထိပ္တန္း ကစားသမား ေတြကို ေခၚယူေပးျပီး ေနာက္ထပ္ ၾကယ္စင္စု အစုအဖြဲ႕ ကို တည္ေဆာက္ ဖို႕ ၾကိဳးစား ေနပါတယ္ ။ ဟာဇတ္ ဟာ ၄င္းတို႕ရဲ႕ လာမယ့္ ေဘာလံုး ရာသီ အတြက္ ဦးစားေပး ပစ္မွတ္ ျဖစ္ျပီး လက္ရွိ မွာလည္း ဟာဇတ္ ကို ေခၚယူဖို႕ အတြက္ ေပါင္သန္း ၁၀၀ ဝန္းက်င္ အသံုးျပဳ သြားဖို႕ ရွိေနပါတယ္ ။

မေန႕က ယူရိုပါလိဂ္ ပြဲစဥ္ မတိုင္ခင္ ခ်ယ္လ္ဆီး ေတာင္ပံ ကစားသမား အီဒင္ ဟာဇတ္ က ရီးရဲလ္ မက္ဒရစ္ နဲ႕ ပတ္သက္တဲ့ သတင္းေတြ အေၾကာင္း နဲ႕ ပတ္သက္ျပီး မတုန္႕ျပန္ ခဲ့ေပမယ့္ ဇီဒန္း ဟာ ၄င္းရဲ႕ အားက်စရာ ပုဂၢိဳလ္ အျဖစ္ ဆက္လက္ တည္ရွိ ေနဆဲ ျဖစ္တဲ့ အေၾကာင္း နဲ႕ ရီးရဲလ္ မက္ဒရစ္ လို အသင္း အေနနဲ႕ ဇီဒန္း လို နည္းျပေကာင္း တဦး ကို ျပန္ရလိုက္တာ အရမ္း ေကာင္းတဲ့ အေၾကာင္း ကိုလည္း အခုလို ပဲ ေျပာၾကား ခဲ့ပါတယ္ ။

RMC Sports နဲ႕ အင္တာဗ်ဴး မွာ ဟာဇတ္ က ” ကြ်န္ေတာ္ ဟာ ရီးရဲလ္ မက္ဒရစ္ ကစားသမား တေယာက္ ေတာ့ မဟုတ္ပါဘူး ။ ဒါေပမယ့္ ကြ်န္ေတာ္ ဟာ ဇီဒန္း ရဲ႕ ပရိသတ္ တေယာက္ ျဖစ္ပါတယ္ ။ အခုလို မန္ေနဂ်ာ ေလာက ထဲကို သူ ခ်က္ခ်င္း ျပန္လည္ ဝင္ေရာက္ လာတဲ့ အတြက္ ကြ်န္ေတာ္ အရမ္း ေပ်ာ္ရႊင္ မိပါတယ္ ။ ရီးရဲလ္ မက္ဒရစ္ နဲ႕ ရီးရဲလ္ မက္ဒရစ္ ပရိသတ္ ေတြ အတြက္ေတာ့ ဒါဟာ အရမ္း ေကာင္းတဲ့ အျခင္းအရာ လည္း ျဖစ္ပါတယ္ ။ ”

” ေဘာလံုး ေလာက မွာ ဇီဒန္း လို ပုဂၢိဳလ္ တဦး ရွိေနဖို႕ လိုပါတယ္ ။ ဒါေပမယ့္ ဒါဟာ က်န္တဲ့ အသင္း ေတြ အတြက္ေတာ့ ဒါဟာ သတင္းဆိုး ျဖစ္ခ်င္ ျဖစ္ႏိုင္ပါတယ္ ။ ဘာေၾကာင့္လဲ ဆိုေတာ့ သူဟာ ရီးရဲလ္ မက္ဒရစ္ နဲ႕ အတူ ဆုဖလား ေအာင္ျမင္မႈ မ်ားစြာ ဆြတ္ခူး ခဲ့တဲ့ အတြက္ေၾကာင့္ ျဖစ္ပါတယ္ ။ ဒါေၾကာင့္ က်န္တဲ့ ျပိဳင္ဖက္ အသင္း ေတြေတာ့ ရီးရဲလ္ မက္ဒရစ္ ကို ရင္ဆိုင္ ရတာ ပိုျပီး ခက္ခဲ ႏိုင္ပါတယ္ ။ ”

” ကြ်န္ေတာ့ ရဲ႕ အနာဂတ္ အေၾကာင္း ဟာ အခု ကြ်န္ေတာ္ အရမ္း ဖြင့္ေျပာခ်င္ ေနတဲ့ အေၾကာင္းအရာ တခု မဟုတ္ပါဘူး ။ ကြ်န္ေတာ့ ရဲ႕ ေကာလဟလ သတင္းေတြ အေၾကာင္း ကို ကြ်န္ေတာ္ နားႏွစ္ဖက္ နဲ႕ အျပည့္ ေန႕စဥ္ ၾကားေန ရပါတယ္ ။ ကြ်န္ေတာ္ ဟာ ခ်ယ္လ္ဆီး အသင္း နဲ႕ အတူ ေဘာလံုး ရာသီ ကုန္ဆံုးဖို႕ အတြက္ တလ က်န္ပါေသးတယ္ ။ ”

” ေနာက္ျပီး ကြ်န္ေတာ္ တို႕ဟာ ယူရိုပါလိဂ္ မွာ ခ်န္ပီယံ ျဖစ္ျပီး ပရီးမီးယားလိဂ္ မွာ အဆင့္ေလး အတြင္း ဝင္ေအာင္ လုပ္ေဆာင္ျပီး ရာသီသိမ္း ႏိုင္ခဲ့မယ္ ဆိုရင္ ကြ်န္ေတာ္ တို႕ အတြက္ အရမ္းေကာင္း တဲ့ ေဘာလံုး ရာသီ တခု ျဖစ္လာႏိုင္ပါတယ္ ။ အဲ့ဒီ အတြက္ ကြ်န္ေတာ္ တို႕ အားလံုး ေပးဆပ္ ကစားသြားဖို႕ လိုျပီး ေနာက္မွ ကြ်န္ေတာ့ ရဲ႕ အနာဂတ္ ဘာေတြ ဆက္ျဖစ္မလဲ ဆိုတာ ေစာင့္ၾကည့္ ၾကတာေပါ့ဗ်ာ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

ရီးရဲလ္ မက္ဒရစ္ နည္းျပသစ္ ဇီဒန္း ဟာလည္း လြန္ခဲ့တဲ့ ၂ပတ္ ေလာက္က သတင္းစာ ရွင္းလင္းပြဲ တခု မွာ ဟာဇတ္ နဲ႕ ပတ္သက္ျပီး ခ်ီးက်ဴး စကား မ်ား ေျပာထားခဲ့ဖူး တဲ့ အတြက္ ၄င္းတို႕ ၂ေယာက္ ဆံုစည္းဖို႕ ျဖစ္ႏိုင္ေျခ ေတြဟာ တျဖည္းျဖည္း ျမင့္မား လာတယ္ လို႕ ခန္႕မွန္း ေနၾကပါတယ္ ။

SPORTS MYANMAR

ဇီဒန်း ကို ရီးရဲလ် မက်ဒရစ် နည်းပြ အဖြစ် ထောက်ခံ စကားဆိုလိုက်တဲ့ ဟာဇတ် ကြောင့် အပြောင်းအရွှေ့ သတင်းများ ပိုပြီး ကျယ်လောင်လာ

၂၀၁၈ – ၂၀၁၉ ဘောလုံး ရာသီ ကုန်ဆုံး ဖို့ နီးစပ် လာတာနဲ့ အမျှ ချယ်လ်ဆီး အသင်း ရဲ့ တောင်ပံ ကစားသမား အီဒင် ဟာဇတ် နဲ့ ရီးရဲလ် မက်ဒရစ် အသင်း တို့ရဲ့ အပြောင်းအရွှေ့ ဇာတ်လမ်း ဟာလည်း တဖြည်းဖြည်း ပိုပြီး ကျယ်လောင် လာပါတယ် ။ ဟာဇတ် ဟာ နောက်ပိုင်း ကစား ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် တွေမှာ ပိုပြီး ခြေစွမ်း ပြလာခဲ့သလို ချယ်လ်ဆီး ပရိသတ် တွေ လွမ်းရလောက်တဲ့ အရိပ်အယောင် တွေကိုလည်း ပြသ လာခဲ့ပါတယ် ။

ရီးရဲလ် မက်ဒရစ် အသင်း က ၄င်းတို့ရဲ့ နည်းပြ ဟောင်း ဇီဒန်း ကို နည်းပြသစ် အဖြစ် ပြန်လည် ခန့်အပ် ခဲ့ပြီးနောက် ၄င်း အတွက် ထိပ်တန်း ကစားသမား တွေကို ခေါ်ယူပေးပြီး နောက်ထပ် ကြယ်စင်စု အစုအဖွဲ့ ကို တည်ဆောက် ဖို့ ကြိုးစား နေပါတယ် ။ ဟာဇတ် ဟာ ၄င်းတို့ရဲ့ လာမယ့် ဘောလုံး ရာသီ အတွက် ဦးစားပေး ပစ်မှတ် ဖြစ်ပြီး လက်ရှိ မှာလည်း ဟာဇတ် ကို ခေါ်ယူဖို့ အတွက် ပေါင်သန်း ၁၀၀ ဝန်းကျင် အသုံးပြု သွားဖို့ ရှိနေပါတယ် ။

မနေ့က ယူရိုပါလိဂ် ပွဲစဉ် မတိုင်ခင် ချယ်လ်ဆီး တောင်ပံ ကစားသမား အီဒင် ဟာဇတ် က ရီးရဲလ် မက်ဒရစ် နဲ့ ပတ်သက်တဲ့ သတင်းတွေ အကြောင်း နဲ့ ပတ်သက်ပြီး မတုန့်ပြန် ခဲ့ပေမယ့် ဇီဒန်း ဟာ ၄င်းရဲ့ အားကျစရာ ပုဂ္ဂိုလ် အဖြစ် ဆက်လက် တည်ရှိ နေဆဲ ဖြစ်တဲ့ အကြောင်း နဲ့ ရီးရဲလ် မက်ဒရစ် လို အသင်း အနေနဲ့ ဇီဒန်း လို နည်းပြကောင်း တဦး ကို ပြန်ရလိုက်တာ အရမ်း ကောင်းတဲ့ အကြောင်း ကိုလည်း အခုလို ပဲ ပြောကြား ခဲ့ပါတယ် ။

RMC Sports နဲ့ အင်တာဗျူး မှာ ဟာဇတ် က ” ကျွန်တော် ဟာ ရီးရဲလ် မက်ဒရစ် ကစားသမား တယောက် တော့ မဟုတ်ပါဘူး ။ ဒါပေမယ့် ကျွန်တော် ဟာ ဇီဒန်း ရဲ့ ပရိသတ် တယောက် ဖြစ်ပါတယ် ။ အခုလို မန်နေဂျာ လောက ထဲကို သူ ချက်ချင်း ပြန်လည် ဝင်ရောက် လာတဲ့ အတွက် ကျွန်တော် အရမ်း ပျော်ရွှင် မိပါတယ် ။ ရီးရဲလ် မက်ဒရစ် နဲ့ ရီးရဲလ် မက်ဒရစ် ပရိသတ် တွေ အတွက်တော့ ဒါဟာ အရမ်း ကောင်းတဲ့ အခြင်းအရာ လည်း ဖြစ်ပါတယ် ။ ”

” ဘောလုံး လောက မှာ ဇီဒန်း လို ပုဂ္ဂိုလ် တဦး ရှိနေဖို့ လိုပါတယ် ။ ဒါပေမယ့် ဒါဟာ ကျန်တဲ့ အသင်း တွေ အတွက်တော့ ဒါဟာ သတင်းဆိုး ဖြစ်ချင် ဖြစ်နိုင်ပါတယ် ။ ဘာကြောင့်လဲ ဆိုတော့ သူဟာ ရီးရဲလ် မက်ဒရစ် နဲ့ အတူ ဆုဖလား အောင်မြင်မှု များစွာ ဆွတ်ခူး ခဲ့တဲ့ အတွက်ကြောင့် ဖြစ်ပါတယ် ။ ဒါကြောင့် ကျန်တဲ့ ပြိုင်ဖက် အသင်း တွေတော့ ရီးရဲလ် မက်ဒရစ် ကို ရင်ဆိုင် ရတာ ပိုပြီး ခက်ခဲ နိုင်ပါတယ် ။ ”

” ကျွန်တော့ ရဲ့ အနာဂတ် အကြောင်း ဟာ အခု ကျွန်တော် အရမ်း ဖွင့်ပြောချင် နေတဲ့ အကြောင်းအရာ တခု မဟုတ်ပါဘူး ။ ကျွန်တော့ ရဲ့ ကောလဟလ သတင်းတွေ အကြောင်း ကို ကျွန်တော် နားနှစ်ဖက် နဲ့ အပြည့် နေ့စဉ် ကြားနေ ရပါတယ် ။ ကျွန်တော် ဟာ ချယ်လ်ဆီး အသင်း နဲ့ အတူ ဘောလုံး ရာသီ ကုန်ဆုံးဖို့ အတွက် တလ ကျန်ပါသေးတယ် ။ ”

” နောက်ပြီး ကျွန်တော် တို့ဟာ ယူရိုပါလိဂ် မှာ ချန်ပီယံ ဖြစ်ပြီး ပရီးမီးယားလိဂ် မှာ အဆင့်လေး အတွင်း ဝင်အောင် လုပ်ဆောင်ပြီး ရာသီသိမ်း နိုင်ခဲ့မယ် ဆိုရင် ကျွန်တော် တို့ အတွက် အရမ်းကောင်း တဲ့ ဘောလုံး ရာသီ တခု ဖြစ်လာနိုင်ပါတယ် ။ အဲ့ဒီ အတွက် ကျွန်တော် တို့ အားလုံး ပေးဆပ် ကစားသွားဖို့ လိုပြီး နောက်မှ ကျွန်တော့ ရဲ့ အနာဂတ် ဘာတွေ ဆက်ဖြစ်မလဲ ဆိုတာ စောင့်ကြည့် ကြတာပေါ့ဗျာ ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

ရီးရဲလ် မက်ဒရစ် နည်းပြသစ် ဇီဒန်း ဟာလည်း လွန်ခဲ့တဲ့ ၂ပတ် လောက်က သတင်းစာ ရှင်းလင်းပွဲ တခု မှာ ဟာဇတ် နဲ့ ပတ်သက်ပြီး ချီးကျူး စကား များ ပြောထားခဲ့ဖူး တဲ့ အတွက် ၄င်းတို့ ၂ယောက် ဆုံစည်းဖို့ ဖြစ်နိုင်ခြေ တွေဟာ တဖြည်းဖြည်း မြင့်မား လာတယ် လို့ ခန့်မှန်း နေကြပါတယ် ။

SPORTS MYANMAR