ျပီးခဲ႔တဲ႕ တနလၤာေန႔ မွာက်င္းပခဲ႔တဲ႔ FIFA’S THE BEST ဆုေပးပြဲ အခမ္းအနားမွာ ျပီးခဲ႔တဲ႔ရာသီ အေကာင္းဆံုး အမ်ိဳးသားေဘာလံုးသမားဆုကို ဘာစီလိုနာ တိုက္စစ္မွဴး မက္ဆီက ဆြတ္ခူးသြားခဲ႔ပါတယ္။မက္ဆီဟာ ဒီဆုကို ရရွိဖို႔ ဆန္ကာတင္စာရင္းဝင္ ျပိဳင္ဘက္ေတြ ျဖစ္တဲ႔ ဗန္ဒိုက္နဲ႔ ေရာ္နယ္ဒိုတို႔ကို ေက်ာ္ျဖတ္ခဲ႔ရတာ ျဖစ္ပါတယ္။

messi

 

ေရာ္နယ္ဒိုနဲ႔ မက္ဆီတို႔ဟာ မူလက ၅ျကိမ္စီနဲ႔အမ်ားဆံုးအျဖစ္ ရွိေနခဲ႔ေပမယ့္ အခုခ်ိန္မွာေတာ့ မက္ဆီက အမ်ားဆံုးအျဖစ္စံခ်ိန္တင္သြားခဲ႔တာလည္းျဖစ္ပါတယ္။မက္ဆီဟာ ျပီးခဲ႔တဲ႕ ရာသီမွာ ဘာစီလိုနာအသင္းအတြက္ ျပိဳင္ပြဲစံု ၅၈ပြဲကစား၅၄ဂိုးအထိသြင္းယူေပးႏိုင္ခဲ႔သူျဖစ္ျပီးလာလီဂါ ခ်န္ပီယံဆုနဲ႔ ဥေရာပေရႊဖိနပ္ ဆုေတြကို ဆြတ္ခူးႏိုင္ခဲ႔သူျဖစ္ပါတယ္။

ဒါေပမယ့္ ကိုပါအေမရိက ဖလားျပိဳင္ပြဲမွာေတာ့ ႏိုင္ငံအသင္းနဲ႔ အေျခအေနမေကာင္းခဲ႕ပဲ တတိယဆုနဲ႔သာ ေက်နပ္ထားခဲ႔ရတာျဖစ္ပါတယ္။ဒါေပမယ့္ ကလပ္ အသင္းအတြက္ အံ့မခန္း စြမ္းေဆာင္ရည္ကို ျပသႏိုင္ခဲ႔လို႔ ၂၀၁၅ ခုႏွစ္ေနာက္ပိုင္း ဖီဖာအေကာင္းဆံုးကစားသမားဆုကိုျပန္ရခဲ႔ျဖစ္ပါတယ္။

မက္ဆီ ဒီဆုကို ရသြားခဲ့ေပမယ့္ ဥေရာပအေကာင္းဆံုး ဆုရွင္ဗန္ဒိုက္ကေတာ့ စိတ္လံုးဝပ်က္ေနျခင္းမရွိတာျဖစ္ပါတယ္။ဗန္ဒိုက္ဟာ ဒီဆုအတြက္ မဲေပးရာမွာေတာင္ ဆန္ကာတင္စာရင္းမွာ ျပိဳင္ဘက္ ျဖစ္လာႏိုင္တဲ႔ မက္ဆီကို အသင္းေဖာ္ေတြျဖစ္တဲ႔ ဆာလတ္ နဲ႔ မာေနးတို႔ကိုေက်ာ္ျပီး ထိပ္ဆံုးကေန ဦးစားေပးခဲ႔ေသးတယ္လို႕သိရပါတယ္။

လီဗာပူး နည္းျပျကီး ကေလာ့ပ္ကေတာ့ မက္ဆီဟာ ေဘာလံုးသမိုင္းရဲ႕အေကာင္းဆံုး တဦးျဖစ္ေပမယ့္ ျပီးခဲ႔တဲ႔ ရာသီရဲ႕ အေကာင္းဆံုး ကစားသမားကေတာ့ တပည့္ေက်ာ္ဗန္ဒိုက္သာျဖစ္တယ္လို႕ ဆိုသြားခဲ႕ပါတယ္။အင္တာဗ်ဴးတခုမွာကေလာ့ပ္က –

” က်ြန္ေတာ္နဲ႕ အယ္လီဆြန္က ဆုေတြရခဲ႔လို႔ ေက်နပ္စရာျဖစ္ခဲ႔ေပမယ့္ ခံစားခ်က္ေတြကေတာ့ အမ်ိဳးမ်ိဳးေရာျပြန္းေနပါတယ္။ဒါေတြ ဟာျပီးခဲ႔တဲ႔ရာသီကက်ြန္ေတာ္တို႔ရဲ႕အံ့မခန္းစြမ္းေဆာင္ႏိုင္ခဲ႔မွဳေတြရဲ႕ သက္ေသလည္းျဖစ္ပါတယ္။ဗန္ဒိုက္လည္း ဆုရခဲ႔ရင္ တကယ္ကို ပိုျပီးေကာင္းမွာျဖစ္ပါတယ္။

က်ြန္ေတာ္တို႔အားလံုး ဆုတံဆိပ္ေတြ ရႏိုင္ခဲ႔တာျဖစ္ေပမယ့္ အခုလိုျဖစ္သြားခဲ႔ပါတယ္။ေဘာလံုးသမိုင္းရဲ႕ အေကာင္းဆံုးသို႔မဟုတ္ လက္ရွိကစားေနသူေတြထဲ မွာ အေကာင္းဆံုးကို ဆုေပးမယ္ဆိုရင္ မက္ဆီက ပဲအကုန္လံုးကို လံုးဝအသာရမွာျဖစ္ပါတယ္။

ဒါေပမယ့္ ျပီးခဲ႔တဲ႔ ရာသီအတြင္းက အေကာင္းဆံုး ကစားသမား သမားကိုပဲ ေရြးခ်ယ္ မယ္ဆိုရင္ေတာ့ အဲ႔ဒီသူက ဗန္ဒိုက္ပဲျဖစ္လိမ့္္မယ္ လို႔ က်ြန္ေတာ္အခုထိေတြးမိေနဆဲျဖစ္ပါတယ္။ဒါေပမယ့္ က်ြန္ေတာ္တို႔မွာ ဆံုးျဖတ္ပိုင္ခြင့္ေတာ့မရွိပါဘူး။

က်ြန္ေတာ္တို႔ မွာ တိုးတက္ေကာင္းမြန္စရာေတြ အမ်ားျကီးရွိေနေသးတယ္ဆိုတာကို နားလည္ပါတယ္။ဒါေျကာင့္လည္း ပံုစံေကာင္းကိုျပန္သြားႏိုင္ဖို႔ ျကိုးစားမွာျဖစ္ပါတယ္။အရိုးသားဆံုးဝန္ခံရရင္ေတာ့ ဒီေန႔ ပြဲအခမ္းအနားဟာေကာင္းမြန္လွပတဲ႔ညေနခင္းတခုျဖစ္ခဲ႔ပါတယ္ ” လို႔ေျပာသြားခဲ႔တာျဖစ္ပါတယ္။

ကေလာ့ပ္ဟာ အသက္ ၂၀ အရြယ္မွာကတည္းက နည္းျပခရီးကို အစျပဳခဲ႔တာျဖစ္ျပီး ဖရန္႔ဖတ္ယူ ၁၀ အသင္းကို စတင္ကိုင္တြယ္ခဲ့တာျဖစ္ပါတယ္။စီနီယာနည္းျပ ဘဝအစအျဖစ္ေတာ့ ၂၀၀၁ ခုႏွစ္မွာ မိန္႔ဇ္ အသင္းကို စတင္ကိုင္တြယ္ခဲ႔ျပီး အဲ႔ဒီေနာက္မွာေဒါ့မြန္၊ လီဗာပူးတို႔ကိုေရာက္ရွိခဲ႔တာျဖစ္ပါတယ္။

ဒီအေျကာင္းနဲ႔ ပတ္သက္ျပီး ကေလာ့ပ္က – ” လြန္ခဲ႔တဲ႕ ႏွစ္၂၀ ေလာက္ကက်ြန္ေတာ္ ဒီဘဝကို စတင္ခဲ႔တာျဖစ္ျပီး အေထာက္အကူေတြမပါပဲနဲ႔ ေတာ့ ျဖစ္ႏိုင္မွာမဟုတ္ခဲ႔ပါဘူး။ကိုယ္ရခဲ႔တဲ႔ ေအာင္ျမင္မွဳေတြ ကုိယ္တည္ေဆာက္ေပးခ႔ဲတဲ႔အသင္းေတြအားလုံးေနာက္မွာမိသားစုရဲ႕ ျကီးမားတဲ့ အားေပးေထာက္ခံမွဳရွိေနတာျဖစ္ပါတယ္။

တကမၻာလံုးက လူေတြကလည္း မက္ေဆ့ခ်္ ေတြေပးပို႔ျပီး က်ြန္ေတာ့္ရဲ႕ ေအာင္ျမင္မွဳကဘယ္ေလာက္အထိေကာင္းမြန္ခန္းနားတယ္ဆိုတာ ေရးသားေျပာျပျကပါတယ္။ဒါေပမယ့္လည္းက်ြန္ေတာ္ကေတာ့ အဲ႔ဒီလို မခံစားရေသးပါဘူး။

အျမဲတမ္းဆက္ျပီး ျကိုးစားေနရင္ပညာေရႊအိုးလူမခိုးႏိုင္ပါဘူး။ဒါေပမယ့္ က်ြန္ေတာ့္ရဲ႕ ဆုဟာတကုိယ္ေတာ္ရခဲ႔တာမဟုတ္ပါဘူး။အားလံုးအတူတကြလုပ္ေဆာင္ျပီးရခဲ႔တာသာျဖစ္ပါတယ္ ” လို႔ေျပာသြားခဲ႔ပါတယ္။

SPORT MYANMAR

Unicode

ပြီးခဲ့တဲ့ရာသီမှာ မက်ဆီ နဲ့ ဗန်ဒိုက်ဘယ်သူပိုကောင်းခဲ့သလဲ ဆိုတာပြောပြလိုက်တဲ့ #ဂျာဂန် ကလော့ပ်
====================================

ပြီးခဲ့တဲ့ တနင်္လာနေ့ မှာကျင်းပခဲ့တဲ့ FIFA’S THE BEST ဆုပေးပွဲ အခမ်းအနားမှာ ပြီးခဲ့တဲ့ရာသီ အကောင်းဆုံး အမျိုးသားဘောလုံးသမားဆုကို ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီက ဆွတ်ခူးသွားခဲ့ပါတယ်။မက်ဆီဟာ ဒီဆုကို ရရှိဖို့ ဆန်ကာတင်စာရင်းဝင် ပြိုင်ဘက်တွေ ဖြစ်တဲ့ ဗန်ဒိုက်နဲ့ ရော်နယ်ဒိုတို့ကို ကျော်ဖြတ်ခဲ့ရတာ ဖြစ်ပါတယ်။

ရော်နယ်ဒိုနဲ့ မက်ဆီတို့ဟာ မူလက ၅ကြိမ်စီနဲ့အများဆုံးအဖြစ် ရှိနေခဲ့ပေမယ့် အခုချိန်မှာတော့ မက်ဆီက အများဆုံးအဖြစ်စံချိန်တင်သွားခဲ့တာလည်းဖြစ်ပါတယ်။မက်ဆီဟာ ပြီးခဲ့တဲ့ ရာသီမှာ ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံ ၅၈ပွဲကစား၅၄ဂိုးအထိသွင်းယူပေးနိုင်ခဲ့သူဖြစ်ပြီးလာလီဂါ ချန်ပီယံဆုနဲ့ ဥရောပရွှေဖိနပ် ဆုတွေကို ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပါတယ်။

ဒါပေမယ့် ကိုပါအမေရိက ဖလားပြိုင်ပွဲမှာတော့ နိုင်ငံအသင်းနဲ့ အခြေအနေမကောင်းခဲ့ပဲ တတိယဆုနဲ့သာ ကျေနပ်ထားခဲ့ရတာဖြစ်ပါတယ်။ဒါပေမယ့် ကလပ် အသင်းအတွက် အံ့မခန်း စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့လို့ ၂၀၁၅ ခုနှစ်နောက်ပိုင်း ဖီဖာအကောင်းဆုံးကစားသမားဆုကိုပြန်ရခဲ့ဖြစ်ပါတယ်။

မက်ဆီ ဒီဆုကို ရသွားခဲ့ပေမယ့် ဥရောပအကောင်းဆုံး ဆုရှင်ဗန်ဒိုက်ကတော့ စိတ်လုံးဝပျက်နေခြင်းမရှိတာဖြစ်ပါတယ်။ဗန်ဒိုက်ဟာ ဒီဆုအတွက် မဲပေးရာမှာတောင် ဆန်ကာတင်စာရင်းမှာ ပြိုင်ဘက် ဖြစ်လာနိုင်တဲ့ မက်ဆီကို အသင်းဖော်တွေဖြစ်တဲ့ ဆာလတ် နဲ့ မာနေးတို့ကိုကျော်ပြီး ထိပ်ဆုံးကနေ ဦးစားပေးခဲ့သေးတယ်လို့သိရပါတယ်။

လီဗာပူး နည်းပြကြီး ကလော့ပ်ကတော့ မက်ဆီဟာ ဘောလုံးသမိုင်းရဲ့အကောင်းဆုံး တဦးဖြစ်ပေမယ့် ပြီးခဲ့တဲ့ ရာသီရဲ့ အကောင်းဆုံး ကစားသမားကတော့ တပည့်ကျော်ဗန်ဒိုက်သာဖြစ်တယ်လို့ ဆိုသွားခဲ့ပါတယ်။အင်တာဗျူးတခုမှာကလော့ပ်က –

” ကျွန်တော်နဲ့ အယ်လီဆွန်က ဆုတွေရခဲ့လို့ ကျေနပ်စရာဖြစ်ခဲ့ပေမယ့် ခံစားချက်တွေကတော့ အမျိုးမျိုးရောပြွန်းနေပါတယ်။ဒါတွေ ဟာပြီးခဲ့တဲ့ရာသီကကျွန်တော်တို့ရဲ့အံ့မခန်းစွမ်းဆောင်နိုင်ခဲ့မှုတွေရဲ့ သက်သေလည်းဖြစ်ပါတယ်။ဗန်ဒိုက်လည်း ဆုရခဲ့ရင် တကယ်ကို ပိုပြီးကောင်းမှာဖြစ်ပါတယ်။

ကျွန်တော်တို့အားလုံး ဆုတံဆိပ်တွေ ရနိုင်ခဲ့တာဖြစ်ပေမယ့် အခုလိုဖြစ်သွားခဲ့ပါတယ်။ဘောလုံးသမိုင်းရဲ့ အကောင်းဆုံးသို့မဟုတ် လက်ရှိကစားနေသူတွေထဲ မှာ အကောင်းဆုံးကို ဆုပေးမယ်ဆိုရင် မက်ဆီက ပဲအကုန်လုံးကို လုံးဝအသာရမှာဖြစ်ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ ရာသီအတွင်းက အကောင်းဆုံး ကစားသမား သမားကိုပဲ ရွေးချယ် မယ်ဆိုရင်တော့ အဲ့ဒီသူက ဗန်ဒိုက်ပဲဖြစ်လိမ့််မယ် လို့ ကျွန်တော်အခုထိတွေးမိနေဆဲဖြစ်ပါတယ်။ဒါပေမယ့် ကျွန်တော်တို့မှာ ဆုံးဖြတ်ပိုင်ခွင့်တော့မရှိပါဘူး။

ကျွန်တော်တို့ မှာ တိုးတက်ကောင်းမွန်စရာတွေ အများကြီးရှိနေသေးတယ်ဆိုတာကို နားလည်ပါတယ်။ဒါကြောင့်လည်း ပုံစံကောင်းကိုပြန်သွားနိုင်ဖို့ ကြိုးစားမှာဖြစ်ပါတယ်။အရိုးသားဆုံးဝန်ခံရရင်တော့ ဒီနေ့ ပွဲအခမ်းအနားဟာကောင်းမွန်လှပတဲ့ညနေခင်းတခုဖြစ်ခဲ့ပါတယ် ” လို့ပြောသွားခဲ့တာဖြစ်ပါတယ်။

ကလော့ပ်ဟာ အသက် ၂၀ အရွယ်မှာကတည်းက နည်းပြခရီးကို အစပြုခဲ့တာဖြစ်ပြီး ဖရန့်ဖတ်ယူ ၁၀ အသင်းကို စတင်ကိုင်တွယ်ခဲ့တာဖြစ်ပါတယ်။စီနီယာနည်းပြ ဘဝအစအဖြစ်တော့ ၂၀၀၁ ခုနှစ်မှာ မိန့်ဇ် အသင်းကို စတင်ကိုင်တွယ်ခဲ့ပြီး အဲ့ဒီနောက်မှာဒေါ့မွန်၊ လီဗာပူးတို့ကိုရောက်ရှိခဲ့တာဖြစ်ပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး ကလော့ပ်က – ” လွန်ခဲ့တဲ့ နှစ်၂၀ လောက်ကကျွန်တော် ဒီဘဝကို စတင်ခဲ့တာဖြစ်ပြီး အထောက်အကူတွေမပါပဲနဲ့ တော့ ဖြစ်နိုင်မှာမဟုတ်ခဲ့ပါဘူး။ကိုယ်ရခဲ့တဲ့ အောင်မြင်မှုတွေ ကိုယ်တည်ဆောက်ပေးခဲ့တဲ့အသင်းတွေအားလုံးနောက်မှာမိသားစုရဲ့ ကြီးမားတဲ့ အားပေးထောက်ခံမှုရှိနေတာဖြစ်ပါတယ်။

တကမ္ဘာလုံးက လူတွေကလည်း မက်ဆေ့ချ် တွေပေးပို့ပြီး ကျွန်တော့်ရဲ့ အောင်မြင်မှုကဘယ်လောက်အထိကောင်းမွန်ခန်းနားတယ်ဆိုတာ ရေးသားပြောပြကြပါတယ်။ဒါပေမယ့်လည်းကျွန်တော်ကတော့ အဲ့ဒီလို မခံစားရသေးပါဘူး။

အမြဲတမ်းဆက်ပြီး ကြိုးစားနေရင်ပညာရွှေအိုးလူမခိုးနိုင်ပါဘူး။ဒါပေမယ့် ကျွန်တော့်ရဲ့ ဆုဟာတကိုယ်တော်ရခဲ့တာမဟုတ်ပါဘူး။အားလုံးအတူတကွလုပ်ဆောင်ပြီးရခဲ့တာသာဖြစ်ပါတယ် ” လို့ပြောသွားခဲ့ပါတယ်။

SPORT MYANMAR