ခ်ယ္လ္ဆီး အသင္း ဟာ ယေန႕ည ၁နာရီ ၁၅ မိနစ္ အခ်ိန္ မွာ အဂၤလန္ လိဂ္တူး ကလပ္ ဂရင္စဘီေတာင္း အသင္း နဲ႕ ကာရာေဘာင္ ဖလား တတိယ အဆင့္ ပြဲစဥ္ ကို အိမ္ကြင္း စတမ္းဖို႕ဒ္ ဘရစ္ခ်္ မွာ လက္ခံ ကစား သြားရမွာ ျဖစ္ပါတယ္ ။ ျပီးခဲ့တဲ့ တနဂၤေႏြ က ရင္ဆိုင္ ကစား ခဲ့ရတဲ့ လီဗာပူး နဲ႕ ပရီးမီးယားလိဂ္ ပြဲစဥ္ မွာေတာ့ ခ်ယ္လ္ဆီး အသင္း ဟာ ၁ – ၂ နဲ႕ အေရးနိမ့္ ထားခဲ့ပါတယ္ ။

ထို ပြဲစဥ္ ရဲ႕ ပထမပိုင္း အတြင္း မွာ ခ်ယ္လ္ဆီး အသင္း ရဲ႕ ေနာက္ခံလူ ၂ဦး ျဖစ္တဲ့ အီမာဆင္ နဲ႕ ခရစ္တန္ဆန္ တို႕ဟာ အသီးသီး ဒဏ္ရာ ရရွိ ခဲ့ကာ လူစားလဲ ခံခဲ့ ရပါတယ္ ။ ယေန႕ည ဂရင္စဘီေတာင္း အသင္း နဲ႕ ကာရာေဘာင္ ဖလား တတိယ အဆင့္ ပြဲစဥ္ မွာေတာ့ ခ်ယ္လ္ဆီး အသင္း ဟာ အဓိက ကစားသမား တခ်ိဳ႕ ကို အနားေပးျပီး လူငယ္ ကစားသမား ေတြနဲ႕ ဒဏ္ရာ က ျပန္လည္ သက္သာလာတဲ့ ကစားသမား ေတြကို ပြဲထြက္ ေပးသြားဖြယ္ ရွိေနပါတယ္ ။

မေန႕က ေကာ့ဘ္ဟမ္း ေလ့က်င့္ေရးကြင္း မွာ သတင္းေထာက္ ေတြနဲ႕ ေတြ႕ဆံု ခဲ့ရာမွာေတာ့ ခ်ယ္လ္ဆီး နည္းျပ ဖရန္႕ လမ္းပတ္ က ခရစ္တန္ဆန္ ရဲ႕ ဒဏ္ရာ က မျပင္းထန္ ေပမယ့္ ဒီေန႕ည ပြဲကိုေတာ့ ပါဝင္ ကစားေပးႏိုင္ဖြယ္ မရွိေၾကာင္း ၊ အီမာဆင္ ကေတာ့ တလနီးပါး အနားယူရဖြယ္ ရွိေၾကာင္း နဲ႕ ဟတ္ဒ္ဆန္ အိုဒိြဳင္း ၊ ရိစ္ဂ်ိမ္းစ္ တို႕ကိုေတာ့ ပြဲထုတ္ အသံုးျပဳ သြားမွာ ျဖစ္ေၾကာင္း အတည္ျပဳ ေျပာၾကား ခဲ့ပါတယ္ ။

လမ္းပတ္ က ” အန္ဒရီယာစ္ ( ခရစ္တန္ဆန္ ) ရဲ႕ ဒဏ္ရာ က သိပ္မျပင္းထန္ပါဘူး ။ ဒါေၾကာင့္မို႕ သူ အခ်ိန္ အၾကာၾကီး အနားမယူ ရဖို႕ေတာ့ ကြ်န္ေတာ္ တို႕ ေမွ်ာ္လင့္ ထားပါတယ္ ။ ဘယ္ေလာက္ ၾကာၾကာ အနားယူ ရမယ္ ဆိုတာမ်ိဳးေတာ့ ကြ်န္ေတာ္ တိတိက်က် မေျပာတတ္ေသးပါဘူး ။ အီမာဆင္ ကေတာ့ လာမယ့္ ႏိုင္ငံ လက္ေရြးစင္ ပြဲစဥ္ အေခါက္ ျပီးမွ ဒဏ္ရာ က ျပန္ေကာင္းလာမယ္ လို႕ ယူဆ ရပါတယ္ ။ ”

” အနည္းဆံုးေတာ့ ရက္သတၱပတ္ အနည္းငယ္ခန္႕ အနားယူ ရဦးမွာပါ ။ သူ႕ ဒဏ္ရာ ဟာ အရင္ ဒဏ္ရာေဟာင္း မေကာင္းေသးျခင္း ရဲ႕ ေနာက္ဆက္တြဲ ထိခိုက္မႈ ျဖစ္ပါတယ္ ။ ဒါေၾကာင့္မို႕ သူနဲ႕ ပတ္သက္ျပီး ကြ်န္ေတာ္ တို႕ ဂရုတစိုက္ ေစာင့္ၾကည့္ သြားဖို႕ လိုပါတယ္ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

ထို႕အျပင္ ယေန႕ည မွ ခ်ယ္လ္ဆီး အသင္း အတြက္ ပါဝင္ ကစားေပး ႏိုင္ေတာ့မယ့္ ရိစ္ဂ်ိမ္းစ္ နဲ႕ ပတ္သက္ျပီး လမ္းပတ္ က ” ရိစ္ ဟာ ေနရာမ်ိဳးစံု မွာ ကစားေပး ႏိုင္စြမ္း ရွိပါတယ္ ။ သူ႕ရဲ႕ အေကာင္းဆံုး ေျခစြမ္း ကို ရရွိ ႏိုင္တဲ့ ေနရာ က ညာေနာက္ခံလူ ေနရာ နဲ႕ ညာ wing-back ေနရာပါ ။ အကယ္ဒမီ နဲ႕ လူငယ္ အသင္း ေတြမွာ သူဟာ အဲ့ဒီ ေနရာ ေတြမွာ ကစားျပီး ထူးျခားတဲ့ စြမ္းေဆာင္ရည္ေကာင္း ေတြ ျပသ ႏိုင္ခဲ့ပါတယ္ ။ ”

recce jamrs

” ဝီဂန္ မွာတုန္းက ဆိုရင္ သူဟာ ကြင္းလယ္ အဖ်က္ ေနရာ က ကစားႏိုင္စြမ္း ရွိတယ္ ဆိုတာ သက္ေသ ထပ္ျပ ႏိုင္ခဲ့ပါတယ္ ။ သူရဲ႕ ၾကံ့ခိုင္မႈ အေနအထား ျပည့္ဝ သလို ၊ ေဘာလံုး ကိုင္ကစား တဲ့ ေနရာမွာလည္း အရည္အေသြး အျပည့္ ရွိပါတယ္ ။ ဒါေၾကာင့္မို႕ သူ႕ရဲ႕ ျဖတ္တင္ေဘာ ေတြ ၊ ေတာင္ပံ တေလွ်ာက္ ေပးပို႕မႈ ေတြက အရမ္း ထိေရာက္မႈ ရွိတာပါ ။ အင္နဲ႕အားနဲ႕ ကစားတတ္တဲ့ ေနာက္ခံလူ ျဖစ္တာေၾကာင့္ ေဘာလံုး ဖ်က္ထုတ္ပံု ေတြမွာလည္း ေသသပ္မႈ ရွိပါတယ္ ။ ”

” သူ ဝီဂန္ ကို အငွား မကစားခင္ ကတည္းက အကယ္ဒမီ ကစားသမား တေယာက္ အေနနဲ႕ ကြ်န္ေတာ္ သူ႕ ေျခစြမ္း ကို သေဘာက် ခဲ့ဖူးပါတယ္ ။ ေနာက္ျပီး ခ်န္ပီယံရွစ္ မွာေတာ့ သူ႕ရဲ႕ တုန္႕ျပန္မႈ ေတြက ပိုျပီး ေကာင္းလာ ခဲ့ပါတယ္ ။ အခုဆိုရင္ သူဟာ ခ်ယ္လ္ဆီး စီနီယာ အသင္း မွာ ေနရာ တေနရာ ရဖို႕ ၾကိဳးစား ေနပါျပီ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

SPORTS MYANMAR

Unicode

ယနေ့ည ကာရာဘောင် ဖလား ပွဲစဉ်မှာ ဘယ်သူ တွေ လွဲချော် နိုင်ပြီး ၊ ဘယ်သူ တွေ ပါဝင် လာနိုင်လဲ ဆိုတာ အတည်ပြု ပြောဆို ခဲ့တဲ့ #လမ်းပတ်

ချယ်လ်ဆီး အသင်း ဟာ ယနေ့ည ၁နာရီ ၁၅ မိနစ် အချိန် မှာ အင်္ဂလန် လိဂ်တူး ကလပ် ဂရင်စဘီတောင်း အသင်း နဲ့ ကာရာဘောင် ဖလား တတိယ အဆင့် ပွဲစဉ် ကို အိမ်ကွင်း စတမ်းဖို့ဒ် ဘရစ်ချ် မှာ လက်ခံ ကစား သွားရမှာ ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ တနင်္ဂနွေ က ရင်ဆိုင် ကစား ခဲ့ရတဲ့ လီဗာပူး နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မှာတော့ ချယ်လ်ဆီး အသင်း ဟာ ၁ – ၂ နဲ့ အရေးနိမ့် ထားခဲ့ပါတယ် ။

ထို ပွဲစဉ် ရဲ့ ပထမပိုင်း အတွင်း မှာ ချယ်လ်ဆီး အသင်း ရဲ့ နောက်ခံလူ ၂ဦး ဖြစ်တဲ့ အီမာဆင် နဲ့ ခရစ်တန်ဆန် တို့ဟာ အသီးသီး ဒဏ်ရာ ရရှိ ခဲ့ကာ လူစားလဲ ခံခဲ့ ရပါတယ် ။ ယနေ့ည ဂရင်စဘီတောင်း အသင်း နဲ့ ကာရာဘောင် ဖလား တတိယ အဆင့် ပွဲစဉ် မှာတော့ ချယ်လ်ဆီး အသင်း ဟာ အဓိက ကစားသမား တချို့ ကို အနားပေးပြီး လူငယ် ကစားသမား တွေနဲ့ ဒဏ်ရာ က ပြန်လည် သက်သာလာတဲ့ ကစားသမား တွေကို ပွဲထွက် ပေးသွားဖွယ် ရှိနေပါတယ် ။

မနေ့က ကော့ဘ်ဟမ်း လေ့ကျင့်ရေးကွင်း မှာ သတင်းထောက် တွေနဲ့ တွေ့ဆုံ ခဲ့ရာမှာတော့ ချယ်လ်ဆီး နည်းပြ ဖရန့် လမ်းပတ် က ခရစ်တန်ဆန် ရဲ့ ဒဏ်ရာ က မပြင်းထန် ပေမယ့် ဒီနေ့ည ပွဲကိုတော့ ပါဝင် ကစားပေးနိုင်ဖွယ် မရှိကြောင်း ၊ အီမာဆင် ကတော့ တလနီးပါး အနားယူရဖွယ် ရှိကြောင်း နဲ့ ဟတ်ဒ်ဆန် အိုဒွိုင်း ၊ ရိစ်ဂျိမ်းစ် တို့ကိုတော့ ပွဲထုတ် အသုံးပြု သွားမှာ ဖြစ်ကြောင်း အတည်ပြု ပြောကြား ခဲ့ပါတယ် ။

လမ်းပတ် က ” အန်ဒရီယာစ် ( ခရစ်တန်ဆန် ) ရဲ့ ဒဏ်ရာ က သိပ်မပြင်းထန်ပါဘူး ။ ဒါကြောင့်မို့ သူ အချိန် အကြာကြီး အနားမယူ ရဖို့တော့ ကျွန်တော် တို့ မျှော်လင့် ထားပါတယ် ။ ဘယ်လောက် ကြာကြာ အနားယူ ရမယ် ဆိုတာမျိုးတော့ ကျွန်တော် တိတိကျကျ မပြောတတ်သေးပါဘူး ။ အီမာဆင် ကတော့ လာမယ့် နိုင်ငံ လက်ရွေးစင် ပွဲစဉ် အခေါက် ပြီးမှ ဒဏ်ရာ က ပြန်ကောင်းလာမယ် လို့ ယူဆ ရပါတယ် ။ ”

” အနည်းဆုံးတော့ ရက်သတ္တပတ် အနည်းငယ်ခန့် အနားယူ ရဦးမှာပါ ။ သူ့ ဒဏ်ရာ ဟာ အရင် ဒဏ်ရာဟောင်း မကောင်းသေးခြင်း ရဲ့ နောက်ဆက်တွဲ ထိခိုက်မှု ဖြစ်ပါတယ် ။ ဒါကြောင့်မို့ သူနဲ့ ပတ်သက်ပြီး ကျွန်တော် တို့ ဂရုတစိုက် စောင့်ကြည့် သွားဖို့ လိုပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

ထို့အပြင် ယနေ့ည မှ ချယ်လ်ဆီး အသင်း အတွက် ပါဝင် ကစားပေး နိုင်တော့မယ့် ရိစ်ဂျိမ်းစ် နဲ့ ပတ်သက်ပြီး လမ်းပတ် က ” ရိစ် ဟာ နေရာမျိုးစုံ မှာ ကစားပေး နိုင်စွမ်း ရှိပါတယ် ။ သူ့ရဲ့ အကောင်းဆုံး ခြေစွမ်း ကို ရရှိ နိုင်တဲ့ နေရာ က ညာနောက်ခံလူ နေရာ နဲ့ ညာ wing-back နေရာပါ ။ အကယ်ဒမီ နဲ့ လူငယ် အသင်း တွေမှာ သူဟာ အဲ့ဒီ နေရာ တွေမှာ ကစားပြီး ထူးခြားတဲ့ စွမ်းဆောင်ရည်ကောင်း တွေ ပြသ နိုင်ခဲ့ပါတယ် ။ ”

” ဝီဂန် မှာတုန်းက ဆိုရင် သူဟာ ကွင်းလယ် အဖျက် နေရာ က ကစားနိုင်စွမ်း ရှိတယ် ဆိုတာ သက်သေ ထပ်ပြ နိုင်ခဲ့ပါတယ် ။ သူရဲ့ ကြံ့ခိုင်မှု အနေအထား ပြည့်ဝ သလို ၊ ဘောလုံး ကိုင်ကစား တဲ့ နေရာမှာလည်း အရည်အသွေး အပြည့် ရှိပါတယ် ။ ဒါကြောင့်မို့ သူ့ရဲ့ ဖြတ်တင်ဘော တွေ ၊ တောင်ပံ တလျှောက် ပေးပို့မှု တွေက အရမ်း ထိရောက်မှု ရှိတာပါ ။ အင်နဲ့အားနဲ့ ကစားတတ်တဲ့ နောက်ခံလူ ဖြစ်တာကြောင့် ဘောလုံး ဖျက်ထုတ်ပုံ တွေမှာလည်း သေသပ်မှု ရှိပါတယ် ။ ”

” သူ ဝီဂန် ကို အငှား မကစားခင် ကတည်းက အကယ်ဒမီ ကစားသမား တယောက် အနေနဲ့ ကျွန်တော် သူ့ ခြေစွမ်း ကို သဘောကျ ခဲ့ဖူးပါတယ် ။ နောက်ပြီး ချန်ပီယံရှစ် မှာတော့ သူ့ရဲ့ တုန့်ပြန်မှု တွေက ပိုပြီး ကောင်းလာ ခဲ့ပါတယ် ။ အခုဆိုရင် သူဟာ ချယ်လ်ဆီး စီနီယာ အသင်း မှာ နေရာ တနေရာ ရဖို့ ကြိုးစား နေပါပြီ ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR