Holding

ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာလတုန္း က ကစားခဲ့တဲ့ မန္ခ်က္စတာ ယူနိုက္တက္ အသင္း နဲ႔ ပြဲမွာ ရက္ရွ္ဖိုဒ့္ ရဲ့ ဖ်က္ထုတ္မွုေၾကာင့္ ဘယ္ဘက္ ဒူးအရြတ္ စုတ္ျပဲ ဒဏ္ရာ ရရွိသြားၿပီး ကာလရွည္ၾကာ အနားယူခဲ့ရတဲ့ ဟိုးလ္ဒင္း တစ္ေယာက္ ယေန႔နံနက္က ကစားခဲ့တဲ့ ေနာ္တင္ဟမ္ ေဖာရက္စ္ အသင္းနဲ႔ ပြဲမွာ အာဆင္နယ္ အသင္းအတြက္ ျပန္လည္ ပြဲထြက္ကစားေပးနိုင္ခဲ့ပါတယ္ ။

 

 

ဒူးဒဏ္ရာေၾကာင့္ ကိုးလေက်ာ္ၾကာ အနားယူခဲ့ရတဲ့ ဟိုးလ္ဒင္း ဟာ ျပန္ကစားနိုင္တဲ့ အခ်ိန္မွာလည္း သူ႔ရဲ့ အရင္ စြမ္းေဆာင္ရည္ေကာင္းေတြကို ဆက္လက္ ထိန္းသိမ္းထားနိုင္ဆဲပါ။ ဒါ့အျပင္ အိုေဇးလ္ ထြက္ခြာသြားတဲ့အခ်ိန္မွာ အသင္းေခါင္းေဆာင္ လက္ပတ္ကို ရယူၿပီး အသင္းအတြက္ ဂိုးသြင္းယူ နိုင္ခဲ့ပါတယ္ ။

ဟိုးလ္ဒင္း က ေနာ္တင္ဟမ္ ေဖာရက္စ္ အသင္း နဲ႔ ပြဲ အၿပီး အာဆင္နယ္ အသင္း ဝက္ဆိုဒ္နဲ႔ အင္တာဗ်ဴးမွာ အသင္းအတြက္ ပြဲခ်ိန္ျပည့္ ကစားၿပီး ဂိုးသြင္းနိုင္ခဲ့တဲ့ အေပၚ ” ဒဏ္ရာကေန ျပန္လည္ သက္သာလာဖို႔ကို က်ေနာ္ေကာ ဘယ္လာရင္ေကာ gym မွာ အခ်ိန္အၾကာႀကီး ယူၿပီး လုပ္ေဆာင္ ခဲ့ရပါတယ္။ ဒါေပမယ့္ က်ေနာ္ တစ္ေယာက္တည္းဆို အခုလို ပုံစံေကာင္းျပသၿပီး ျပန္ကစားနိုင္မွာ မဟုတ္ပါဘူး ။”

” က်ေနာ္က ဒီပြဲအတြက္ ဒုတိယ အသင္းေခါင္းေဆာင္လို႔ ၾကားလိုက္ရတဲ့ အခ်ိန္မွာ ခံစားခ်က္က လေပၚ ေရာက္သြားသလိုပါပဲ။မီဆြတ္(အိုေဇးလ္) ထြက္သြားတဲ့ အခ်ိန္မွာ က်ေနာ့္ကို အသင္းေခါင္းေဆာင္ လက္ပတ္ လာေပးတဲ့ အခ်ိန္မွာ အရမ္း ဝမ္းသာ ေပ်ာ္ရႊင္ သြားခဲ့ပါတယ္ ။ ”

“ေနာက္ သိပ္မၾကာခင္ အခ်ိန္မွာပဲ ရိစ္း ျဖတ္တင္ေပးပို႔ လိုက္တဲ့ ေဘာလုံးကို ေခါင္းတိုက္ၿပီး အပိုင္နိုင္ဆုံး အဆုံးသတ္နိုင္ခဲ့ေတာ့ ခံစားခ်က္က ပိုၿပီး ၿပီးျပည့္စုံ သြားခဲ့ပါတယ္ဗ်ာ ။ ” လို႔ ေျပာၾကား သြားခဲ့ပါတယ္ ။

ဒါ့အျပင္ ဟိုးလ္ဒင္း က အသက္ ၂၄ ႏွစ္ အရြယ္မွာတင္ အသင္းေခါင္းေဆာင္ လက္ပတ္ ဆင္ျမန္းခြင့္ရတဲ့ အေပၚ ” ၿပီးခဲ့တဲ့ ေသာၾကာေန႔ကေလးတင္ က်ေနာ္ အသက္ ၂၄ ႏွစ္ ျပည့္သြားခဲ့ပါၿပီ ။ အသက္ ၂၄ ႏွစ္အရြယ္မွာ အသင္းေခါင္းေဆာင္ လက္ပတ္ ဝတ္ဆင္ခြင့္ရတာက က်ေနာ့္အတြက္ေတာ့ ဂုဏ္ယူစရာ အခိုက္အတန႔္ပါပဲဗ်ာ ။ ” လို႔ ဆိုပါတယ္ ။

ၿပီးခဲ့တဲ့ တစ္ပတ္ကမွ အသက္ ၂၄ ႏွစ္ ျပည့္ထားတဲ့ဟိုးလ္ဒင္း ဟာ ဒဏ္ရာ မရခင္တုန္းက ေနာက္တန္း မွာ ဆိုကရက္တစ္ နဲ႔ အတြဲညီညီ ေျခစြမ္းၿပ ကစားနိုင္ခဲ့ၿပီး ၿပီးခဲ့တဲ့ ရာသီအစ အာဆင္နယ္ အသင္း ၂၂ ပြဲ ဆက္ ရွုံး ပြဲ မ ရွိ ခဲ့ တဲ့ အ ခ်ိန္ တုန္း က အား ကိုး ခဲ့ ရ သူ လည္း ျဖစ္ ပါ တယ္ ။

ၿပီးခဲ့တဲ့ ရာသီတုန္းက ဟိုလ္းဒင္း ပါဝင္ ကစားတဲ့ပြဲေတြမွာ အာဆင္နယ္ အသင္းဟာ ရွုံးပြဲ လုံးဝ မရွိခဲ့ဘဲ သူ႔ရဲ့ ေျခစြမ္းပိုင္း ဟာလည္း အေကာင္းဆုံး အေနအထားကို ေရာက္ရွိ ခဲ့ပါတယ္ ။ ဟိုးလ္ဒင္း ဒဏ္ရာ ရသြားတဲ့ အခ်ိန္မွာေတာ့ အာဆင္နယ္ အသင္းဟာ ရလဒ္ပိုင္း ယိမ္းယိုင္သြားခဲ့ၿပီး ရာသီကုန္ခါနီးမွာလည္း ေနာက္တန္း အမွားေတြေၾကာင့္ ရသင့္တဲ့ အမွတ္ေတြ ဆုံးရွုံး ခဲ့ရပါတယ္ ။

SPORTS MYANMAR

Unicode

ကပ္ပတိန် လက်ပတ် ဝတ်ဆင်ပြီး စက္ကန့် ၃၀ အကြာမှာတင် ဂိုးသွင်းနိုင်ခဲ့တဲ့အပေါ် သူ့ရဲ့ ခံစားချက်ကို ဖွင့်ဟ ပြောကြားလိုက်တဲ့ ဟိုးလ်ဒင်း
==================================

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလတုန်း က ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း နဲ့ ပွဲမှာ ရက်ရှ်ဖိုဒ့် ရဲ့ ဖျက်ထုတ်မှုကြောင့် ဘယ်ဘက် ဒူးအရွတ် စုတ်ပြဲ ဒဏ်ရာ ရရှိသွားပြီး ကာလရှည်ကြာ အနားယူခဲ့ရတဲ့ ဟိုးလ်ဒင်း တစ်ယောက် ယနေ့နံနက်က ကစားခဲ့တဲ့ နော်တင်ဟမ် ဖောရက်စ် အသင်းနဲ့ ပွဲမှာ အာဆင်နယ် အသင်းအတွက် ပြန်လည် ပွဲထွက်ကစားပေးနိုင်ခဲ့ပါတယ် ။

ဒူးဒဏ်ရာကြောင့် ကိုးလကျော်ကြာ အနားယူခဲ့ရတဲ့ ဟိုးလ်ဒင်း ဟာ ပြန်ကစားနိုင်တဲ့ အချိန်မှာလည်း သူ့ရဲ့ အရင် စွမ်းဆောင်ရည်ကောင်းတွေကို ဆက်လက် ထိန်းသိမ်းထားနိုင်ဆဲပါ။ ဒါ့အပြင် အိုဇေးလ် ထွက်ခွာသွားတဲ့အချိန်မှာ အသင်းခေါင်းဆောင် လက်ပတ်ကို ရယူပြီး အသင်းအတွက် ဂိုးသွင်းယူ နိုင်ခဲ့ပါတယ် ။

ဟိုးလ်ဒင်း က နော်တင်ဟမ် ဖောရက်စ် အသင်း နဲ့ ပွဲ အပြီး အာဆင်နယ် အသင်း ဝက်ဆိုဒ်နဲ့ အင်တာဗျူးမှာ အသင်းအတွက် ပွဲချိန်ပြည့် ကစားပြီး ဂိုးသွင်းနိုင်ခဲ့တဲ့ အပေါ် ” ဒဏ်ရာကနေ ပြန်လည် သက်သာလာဖို့ကို ကျနော်ကော ဘယ်လာရင်ကော gym မှာ အချိန်အကြာကြီး ယူပြီး လုပ်ဆောင် ခဲ့ရပါတယ်။ ဒါပေမယ့် ကျနော် တစ်ယောက်တည်းဆို အခုလို ပုံစံကောင်းပြသပြီး ပြန်ကစားနိုင်မှာ မဟုတ်ပါဘူး ။”

” ကျနော်က ဒီပွဲအတွက် ဒုတိယ အသင်းခေါင်းဆောင်လို့ ကြားလိုက်ရတဲ့ အချိန်မှာ ခံစားချက်က လပေါ် ရောက်သွားသလိုပါပဲ။မီဆွတ်(အိုဇေးလ်) ထွက်သွားတဲ့ အချိန်မှာ ကျနော့်ကို အသင်းခေါင်းဆောင် လက်ပတ် လာပေးတဲ့ အချိန်မှာ အရမ်း ဝမ်းသာ ပျော်ရွှင် သွားခဲ့ပါတယ် ။ ”

“နောက် သိပ်မကြာခင် အချိန်မှာပဲ ရိစ်း ဖြတ်တင်ပေးပို့ လိုက်တဲ့ ဘောလုံးကို ခေါင်းတိုက်ပြီး အပိုင်နိုင်ဆုံး အဆုံးသတ်နိုင်ခဲ့တော့ ခံစားချက်က ပိုပြီး ပြီးပြည့်စုံ သွားခဲ့ပါတယ်ဗျာ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

ဒါ့အပြင် ဟိုးလ်ဒင်း က အသက် ၂၄ နှစ် အရွယ်မှာတင် အသင်းခေါင်းဆောင် လက်ပတ် ဆင်မြန်းခွင့်ရတဲ့ အပေါ် ” ပြီးခဲ့တဲ့ သောကြာနေ့ကလေးတင် ကျနော် အသက် ၂၄ နှစ် ပြည့်သွားခဲ့ပါပြီ ။ အသက် ၂၄ နှစ်အရွယ်မှာ အသင်းခေါင်းဆောင် လက်ပတ် ဝတ်ဆင်ခွင့်ရတာက ကျနော့်အတွက်တော့ ဂုဏ်ယူစရာ အခိုက်အတန့်ပါပဲဗျာ ။ ” လို့ ဆိုပါတယ် ။

ပြီးခဲ့တဲ့ တစ်ပတ်ကမှ အသက် ၂၄ နှစ် ပြည့်ထားတဲ့ဟိုးလ်ဒင်း ဟာ ဒဏ်ရာ မရခင်တုန်းက နောက်တန်း မှာ ဆိုကရက်တစ် နဲ့ အတွဲညီညီ ခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ ရာသီအစ အာဆင်နယ် အသင်း ၂၂ ပွဲ ဆက် ရှုံး ပွဲ မ ရှိ ခဲ့ တဲ့ အ ချိန် တုန်း က အား ကိုး ခဲ့ ရ သူ လည်း ဖြစ် ပါ တယ် ။

ပြီးခဲ့တဲ့ ရာသီတုန်းက ဟိုလ်းဒင်း ပါဝင် ကစားတဲ့ပွဲတွေမှာ အာဆင်နယ် အသင်းဟာ ရှုံးပွဲ လုံးဝ မရှိခဲ့ဘဲ သူ့ရဲ့ ခြေစွမ်းပိုင်း ဟာလည်း အကောင်းဆုံး အနေအထားကို ရောက်ရှိ ခဲ့ပါတယ် ။ ဟိုးလ်ဒင်း ဒဏ်ရာ ရသွားတဲ့ အချိန်မှာတော့ အာဆင်နယ် အသင်းဟာ ရလဒ်ပိုင်း ယိမ်းယိုင်သွားခဲ့ပြီး ရာသီကုန်ခါနီးမှာလည်း နောက်တန်း အမှားတွေကြောင့် ရသင့်တဲ့ အမှတ်တွေ ဆုံးရှုံး ခဲ့ရပါတယ် ။

SPORTS MYANMAR