
Barcelona’s Argentine forward Lionel Messi (R) reacts after being treated by medical staff, during the Spanish league football match between FC Barcelona and Villarreal CF at the Camp Nou stadium in Barcelona, on September 24, 2019. (Photo by LLUIS GENE / AFP)


လာမယ့် ၂၀၂၀ မှာ အမေရိကန် မေဂျာလိဂ် ကို ၀င်ရောက် ယှဉ်ပြိုင်မယ့် ဒေးဗစ် ဘက်ခမ်း ရဲ့ အင်တာ မိုင်ယာမီ အသင်း ဟာ ရီးရဲ နည်းပြ ဟောင်း ဆန်တီယေဂို ဆိုလာရီ ကို နည်းပြ အဖြစ် ခန့်အပ် ဖို့ ပြင်ဆင် နေတယ် လို့ သိရ သလို မန်စီးတီး နဲ့ ယခု ရာသီ အကုန် မှာ စာချုပ်ပြည့် မယ့် စပိန် ကွင်းလယ်လူ ဒေးဗစ် ဆေးလ်ဗား ကို လည်း ခေါ် ယူနိုင် ဖို့ ကြိုးစား နေတယ် လို့ သိရ ပါတယ် ။





LA Galaxy တိုက်စစ်မှုးကြီး ဇလာတန် အီဘရာဟီမိုဗစ်ခ်ျ ဟာ လာမယ့် ရာသီ မှာ အာဂျင်တီးနား ကလပ် ဘိုကာဂျူနီယာ ကို သွားရောက် ကစားမယ် လို့ သတင်း တစ်ပုဒ် ထွက်ပေါ် လာခဲ့ ပေမယ့် ဇလာတန် ရဲ့ အေးဂျင့် ဖြစ်သူ ရွိုင်းအိုလာ က တော့ ဒီ သတင်း ဟာ အတု အယောင် သာ ဖြစ်တယ် လို့ ငြင်းဆို သွားခဲ့ ပါတယ် ။




ယနေ့ အတွက် နောက်ဆုံးရ အားကစား သတင်းများ

=========================================

ဘာစီလိုနာ အသင်း ရဲ့ တိုက်စစ်မှုး လီယွန်နယ် မက်ဆီ ဟာ ယမန်နေ့ ညက ပွဲ မှာ ရရှိ ခဲ့တဲ့ ဒဏ်ရာ ကြောင့် ယခု အပတ် မှာ ကစားမယ့် ဂီတာဖေး နဲ့ ပွဲ ကို ပါ၀င် နိုင်တော့ မှာ မဟုတ်ဘူး လို့ သိရ ပါတယ် ။ နည်းပြ ဗယ်ဗာဒီ ကလည်း မက်ဆီ အနေနဲ့ ပြန်လည် ကောင်းမွန် လာသည့် တိုင်အောင် အရဲစွန့် အသုံးပြု သွားမှာ မဟုတ်ဘူး လို့ ပြောဆို ထားတာ ကြောင့် မက်ဆီ ကို ဂီတာဖေး နဲ့ ပွဲ မှာ မမြင်တွေ့ရဖို့ သေချာ သွားခဲ့ပြီ ဖြစ် ပါတယ် ။

လီဗာပူး အသင်း ဂိုး သမား အဲလစ်ဆွန် ဘက်ကာ က တော့ သူ ဟာ မကြာခင် မှာ ဒဏ်ရာ ကနေ ပြန်လည် သက်သာ လာတော့ မယ် လို့ ပရိသတ်တွေ ကို အသိပေး သွားခဲ့ ပါတယ် ။

လာမယ့် ၂၀၂၀ မှာ အမေရိကန် မေဂျာလိဂ် ကို ၀င်ရောက် ယှဉ်ပြိုင်မယ့် ဒေးဗစ် ဘက်ခမ်း ရဲ့ အင်တာ မိုုင်ယာမီ အသင်း ဟာ ရီးရဲ နည်းပြ ဟောင်း ဆန်တီယေဂို ဆိုလာရီ ကို နည်းပြ အဖြစ် ခန့်အပ် ဖို့ ပြင်ဆင် နေတယ် လို့ သိရ သလို မန်စီးတီး နဲ့ ယခု ရာသီ အကုန် မှာ စာချုပ်ပြည့် မယ့် စပိန် ကွင်းလယ်လူ ဒေးဗစ် ဆေးလ်ဗား ကို လည်း ခေါ် ယူနိုင် ဖို့ ကြိုးစား နေတယ် လို့ သိရ ပါတယ် ။

ယနေ့ ည မှာ ယှဉ်ပြိုင် ကစားမယ့် ကာရာဘောင် ဖလား ပွဲ မှာ မေဆင် ဂရင်းဝုဒ် ဟာ မန်ချက် စတာ ယူနိုက်တက် အသင်း ရဲ့ တိုက်စစ် ကို ဦးဆောင် ပွဲထွက် လာဖို့ သေချာ သလောက် ရှိတယ် လို့ သိရ ပါတယ် ။

မန်ချက် စတာ ယူနိုက်တက် အသင်း ဟာ ဇန်နဝါရီ မှာ ယူဗင်တပ် တိုက်စစ်မှုးကြီး မာရီယို မန်ဇူကစ် ကို ခေါ်ယူ ဖို့ ကြိုးစား သွားဖွယ် ရှိတယ် လို့ သိရ ပါတယ် ။

မကြာသေးခင် က မှ ဘောလုံး ကစား ခြင်း ကနေ အနားယူ သွားခဲ့တဲ့ ဘူဂေးရီးယား တိုက်စစ်မှုး ဘာဘာတော့ဗ် ဟာ မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ကင်းထောက် အဖြစ် စတင် လုပ်ကိုင် နေပြီ လို့ ကြားသိရ ပါတယ် ။

ဘာစီလိုနာ အသင်း ဒါရိုက်တာ အဘီဒယ် ဟာ နာပိုလီ အသင်းရဲ့ စပိန် နောက်ခံလူ ဖေဘီယန် ရုဇ် ရဲ့ ခြေစွမ်း ကို သွားရောက် အကဲ ခတ် ခဲ့ပေမယ့် ဂိုးသွင်း အပြီး ပြိုင်ဘက် အသင်း ပရိသတ်တွေ ရဲ့ အရှေ့ မှာ အောင်ပွဲ ခံ ခဲ့တဲ့ ရုဇ် ရဲ့ စိတ်နေ အထား ကို အားမရခဲ့ ဘူးလို့ သိရ ပါတယ် ။

LA Galaxy တိုက်စစ်မှုးကြီး ဇလာတန် အီဘရာဟီမိုဗစ်ချ် ဟာ လာမယ့် ရာသီ မှာ အာဂျင်တီးနား ကလပ် ဘိုကာဂျူနီယာ ကို သွားရောက် ကစားမယ် လို့ သတင်း တစ်ပုဒ် ထွက်ပေါ် လာခဲ့ ပေမယ့် ဇလာတန် ရဲ့ အေးဂျင့် ဖြစ်သူ ရွိုင်းအိုလာ က တော့ ဒီ သတင်း ဟာ အတု အယောင် သာ ဖြစ်တယ် လို့ ငြင်းဆို သွားခဲ့ ပါတယ် ။

ရိုးမား ကို ယာယီ ကိုင်တွယ် ပေးခဲ့ပြီး အသင်း လက်မဲ့ ဖြစ်နေတဲ့ လက်စတာ နည်းပြ ဟောင်း ရာနီရေးနီ ဟာ ပြင်သစ် လီဂူး ကလပ် စိန့် အက်တီယန် ရဲ့ နည်းပြ သစ် ဖြစ်လာ ဖို့ ရေပန်း စားနေတယ် လို့ ကြားသိရ ပါတယ်

ပြီးခဲ့တဲ့ ရာသီ အကုန် မှာ ဘောလုံး ကစားခြင်း ကနေ အနားယူ သွားခဲ့တဲ့ အီတလီ နဲ့ ယူဗင်တပ် နောက်ခံလူ ဟောင်း ဘာဇဂါလီ ဟာ ယူဗင်တပ် နည်းပြ ဆာရီ ရဲ့ နည်းပြ အဖွဲ့ ၀င် အဖြစ် စတင် လုပ်ကိုင် နေခဲ့ပြီ လို့ သိရ ပါတယ် ။

နယူး ကာဆယ် အသင်း ကတော့ ဇန်နဝါရိ မှာ ဆီဗီးလား ကွင်းလယ်လူ ရွန်နီ လိုပက် ကို ခေါ်ယူဖို့ ကြိုးစား သွားမယ် လို့ သတင်း ကြားသိရ ပါတယ် ။