မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ဘယ် နောက်ခံ ကစား သမား ဟောင်း ဖြစ်သူ ပတ်ထရစ် အီဗရာ က အသင်း ဟောင်း ရုန်းကန် နေ ရတဲ့ အချိန် မှာ အပေါင်း လက္ခဏာ ဆောင်တဲ့ ခွန်အား တွေ လိုအပ် နေကြောင်း အသင်း ရဲ့ ပရိသတ် တွေကို ပြောကြား သွားခဲ့ လိုက် ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ဒီ ရာသီ အစ တုန်းက ချဲလ်ဆီး အသင်း နဲ့ ရင်ဆိုင် ခဲ့ရာ 4 – 0 ဆိုတဲ့ အနိုင် ရလဒ် နဲ့ ရာသီ အဖွင့် ကောင်းခဲ့ ပေမယ့် နောက်ပိုင်း ပွဲစဉ် တွေ မှာတော့ ဆက်တိုက် ဆို သလို ပဲ ရုန်းကန် ခဲ့ရ ပြီး အနိုင် ရလဒ် ဆိုးရွား နေခဲ့ ပါတယ် ။

အခုတော့ ပတ်ထရစ် အီဗရာ က သူတို့ အသင်း ဟာ အတိတ် တုန်းက ပြိုင်ဖက် အသင်း ကို အထူး နာကျင် မှုတွေ ပေး ခဲ့တဲ့ အတွက် လက်ရှိ သူတို့ အသင်း ရလဒ် တွေ ဆိုးရွား နေတဲ့ အချိန် ပြိုင်ဖက် အသင်း တွေက လှောင်ရယ် နေခဲ့ ကြတာ ဖြစ်ကြောင်း ဆက်လက် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” ကျွန်တော် တို့ဟာ အတိတ် တုန်းက သူတို့ တွေကို နာကျင် မှုတွေ အများကြီး ပေးခဲ့ ကြတဲ့ အတွက် အခုလို ကျဆင်း နေတဲ့ အချိန် မှာ လူတွေ က ကျွန်တော် တို့ကို အရမ်း ပဲ လှောင်ရယ် နေခဲ့ ကြတာပါ ”

” အကယ်လို့ ကျွန်တော် တို့ ရုန်းကန် နေတဲ့ အချိန် မှာ ခင်ဗျား တို့ ထောက်ပံ့ အားပေး မှုတွေ မပြုလုပ် နိုင်ကြဘူး ဆိုရင် ကျွန်တော် တို့ အောင်မြင် မှုတွေ ရရှိ တဲ့ အခါ မှာလည်း အား မပေး ကြ ပါနဲ့ ။ အခု ကျွန်တော် တို့ဟာ ယူနိုက်တက် ပရိသတ် တိုင်း ဆီက အပေါင်း လက္ခဏာ ဆောင်တဲ့ အင်အား တွေကို အလိုရှိ နေကြ ပါတယ် ”

” ခင်ဗျား ဟာ အသင်း အတွက် ဘယ် နေရာ မှာပဲ ရှိနေ ပါစေ ၊ ကျွန်တော် တို့ အားလုံး ဟာ ဒီလို အချိန် တွေမှာ အတူ စူပေါင်း အလုပ် လုပ် ကြဖို့ လိုအပ် လှ ပါတယ် ။ ကျွန်တော် တို့ဟာ အမြဲတမ်း ‘ RED ‘ ပါပဲ ” လို့ ပတ်ထရစ် အီဗရာ က ပြောကြား သွားခဲ့ လိုက် ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ကစားသမား ဟောင်း ဖြစ်သူ ဟာ ပြီး ခဲ့တဲ့ တစ်ပါတ် တုန်းက လန်ဒန် ကွင်းမှာ ယူနိုက်တက် တို့ ဝက်စ်ဟမ်း ကို ရှူံးနိမ့် ခဲ့တဲ့ ပွဲစဉ် အပြီး မှာလည်း အသင်း နဲ့ ပရိသတ် တွေ ဆီကို မက်ဆေ့ များစွာ ပို့ဆောင် ခဲ့ပါ သေးတယ် ။

ဒါ့အပြင် သူဟာ အသင်း ဖက်က နေ ရာထူး တစ်ခုခု အတွက် ကမ်းလှမ်း တာကို အလိုရှိ နေကြောင်း လည်း ပြောကြား ခဲ့ပြီး ဒါရိုက်တာ အဖွဲ့ဝင် ဖြစ်ခွင့် ရရှိ ပါက ဂျူဗင်တပ် အသင်း ရဲ့ တိုက်စစ် ကစားသမား ဖြစ်သူ ပေါ်လို ဒိုင်ဘာလာ ကို ခေါ်ယူ သွားမှာ ဖြစ်ကြောင်း လည်း ပြောကြား ခဲ့ပါ သေးတယ် ။

” အခု ကျွန်တော် တို့ လက်တွေ အညစ်ပတ် ခံဖို့ အချိန် ကျရောက် ပြီလို့ ကျွန်တော် ထင် ပါတယ် ။ မန်ချက်စတာ ယူနိုက်တက် ဘုတ် အဖွဲ့ဝင် တို့ရေ … ကျွန်တော် တို့ အသင်း ကို ကူညီ ပေးနိုင် ဖို့ အတွက် ခွင့်ပြုချက် ပေးသွား ကြဖို့ ခင်ဗျား တို့ အဆင်သင့် ဖြစ်နေ ကြပြီ လား ? ” လို့ အီဗရာ က လူမှု ကွန်ယက် ဖြစ်တဲ့ အင်စတာ ဂရမ် မှာ ဖော်ပြ ခဲ့ပါ သေးတယ် ။

#Sports_Myanmar