ယေန႕ မနက္ က ကစား သြားခဲ့တဲ့ ယူရိုပါလိဂ္ ကြာတားဖိုင္နယ္ ပထမ အေက်ာ့ ပြဲစဥ္ တပြဲ ျဖစ္တဲ့ ဆလားဗီးယား ပရဂ္ နဲ႕ ခ်ယ္လ္ဆီး အသင္း တို႕ရဲ႕ ပြဲစဥ္ ဟာ ပြဲျပီးခါနီး မွာ ခ်ယ္လ္ဆီး ေနာက္ခံလူ မားကို႕စ္ အလြန္ဆို ရဲ႕ ေနာက္က် အႏိုင္ဂိုးေၾကာင့္ အႏိုင္ ရကာ ဒုတိယ အေက်ာ့ စတမ္းဖို႕ဒ္ဘရစ္ခ်္ မွာ ကစားမယ့္ ပြဲစဥ္ အတြက္ အေျခအေနေကာင္း တခု ကို ပိုင္ဆိုင္ လိုက္တာ ျဖစ္ပါတယ္ ။

ထို ပြဲစဥ္ မွာ ခ်ယ္လ္ဆီး အသင္း ရဲ႕ ကစားပံု နဲ႕ ေျခစြမ္း ဟာ ပရိသတ္ ေတြရဲ႕ စိတ္တိုင္းက် ေျခစြမ္း မ်ိဳး မဟုတ္ပဲ သာမန္ ေျခစြမ္း ေအာက္ ကို ေရာက္ခဲ့တဲ့ အထိ ျဖစ္ခဲ့ ရပါတယ္ ။ ခ်ယ္လ္ဆီး အသင္း ဟာ ထို ပြဲစဥ္ မွာ လာမယ့္ ပရီးမီးယားလိဂ္ ပဲြၾကပ္ လီဗာပူး နဲ႕ ပြဲစဥ္ အတြက္ အဓိက ကစားသမား အခ်ိဳ႕ ျဖစ္တဲ့ ဟာဇတ္ ၊ ကန္ေတ ၊ ေဒးဗစ္ လူးဝဇ္ တို႕ကို အရန္ခံု မွာ ထားေစခဲ့ သလို ဟတ္ဒ္ဆန္ အိုဒိြဳင္း ကိုလည္း လံုးဝ အနားေပး ထားခဲ့ပါတယ္ ။

ထို႕ အတြက္ေၾကာင့္ အရန္ ကစားသမား အခ်ိဳ႕ ရဲ႕ အခ်ိတ္အဆက္ မမိမႈ ေတြနဲ႕ အိမ္ရွင္ ဆလားဗီးယား ပရဂ္ ရဲ႕ မထင္မွတ္ တဲ့ ဖိအားေပးမႈ တခ်ိဳ႕ ေၾကာင့္ ခံစစ္ နဲ႕ ကြင္းလယ္ ခ်ိတ္ဆက္မႈ လည္း အၾကိမ္ၾကိမ္ ျပိဳပ်က္ ခဲ့ရပါတယ္ ။ ဒုတိယပိုင္း မွာ ဟာဇတ္ ၊ ကန္ေတ တို႕ ဝင္ေရာက္ လာခဲ့လို႕ ကစားကြက္ အနည္းငယ္ တိုးတက္ ခဲ့ရေပမယ့္ ကီပါ ရဲ႕ လက္စြမ္းျပမႈ အခ်ိဳ႕ေၾကာင့္ ၊ အလြန္ဆို ရဲ႕ သြင္းဂိုး ေတြေၾကာင့္သာ ခ်ယ္လ္ဆီး တို႕ ရလဒ္ေကာင္း ထြက္ခဲ့ ရတာ ျဖစ္ပါတယ္ ။

ပြဲျပီး သတင္းစာ ရွင္းလင္းပြဲ မွာေတာ့ ခ်ယ္လ္ဆီး နည္းျပ ေမာ္ရစ္ဇီိယုိ ဆာရီ က ၄င္းတို႕ အသင္း ဟာ ကစားပံု မေကာင္း ခဲ့ေပမယ့္ လိုအပ္ ေနတဲ့ အႏိုင္ ရလဒ္ ကို ၾကိဳးစား ရယူ သြားႏိုင္ ခဲ့ေၾကာင္း ၊ ျပိဳင္ဖက္ ဆလားဗီးယား ပရဂ္ ဟာ ခက္ခဲ တဲ့ ျပိဳင္ဖက္ အသင္း ျဖစ္တဲ့ အတြက္ ယခု ကဲ့သို႕ အခက္ ၾကံဳႏိုင္တဲ့ အေနအထား ေတြကို ၾကံဳရမယ္ ဆိုတာ ၾကိဳ ေမွ်ာ္လင့္ ထားခဲ့ေၾကာင္း ဆိုခဲ့ပါတယ္ ။

ဆာရီ က ” အခုလို အႏိုင္ ရလဒ္ ကို က်ားကုတ္က်ားခဲ ရယူႏိုင္ခဲ့တာ ဟာ ဒီရာသီ အတြင္း ဒါဟာ ပထမဆံုး အၾကိမ္ မဟုတ္ပါဘူး ။ အတိတ္မွာလည္း ကြ်န္ေတာ္ တို႕ ဒီလို အေနအထား ေတြကို လည္း စြမ္းေဆာင္ ျပႏိုင္ခဲ့ပါတယ္ ။ အရင္ က ကြ်န္ေတာ္ တို႕ဟာ ျပိဳင္ဖက္ က တရစပ္ ထိုးေဖာက္ တဲ့ အေနအထား ေတြနဲ႕ ၾကံဳလာရင္ ခံစစ္ က ေပးဂိုး လြယ္လြယ္ကူကူ ခြင့္ျပဳ ရတတ္ပါတယ္ ။ ”

” အခု ေနာက္ပိုင္း မွာေတာ့ ဒါေတြဟာ ကြ်န္ေတာ္ တို႕ကို အခက္ မေတြ႕ေစ ေတာ့ပါဘူး ။ ကြ်န္ေတာ္ တို႕ဟာ အသင္း အတြက္ ေပးဂိုး မရွိေအာင္ အရာရာ ေပးဆပ္ ကစားဖို႕ အဆင့္သင့္ ျဖစ္ေနၾကပါျပီ ။ ဒါေၾကာင့္ ဒါဟာ ကြ်န္ေတာ္ တို႕ အသင္း အတြက္ ေျခတလွမ္း အေရွ႕ တိုးသြားတဲ့ သေဘာ ကို တက္ေရာက္ ေစပါတယ္ ။ ”

” ဆလားဗီးယား ပရဂ္ အသင္း ရဲ႕ အိမ္ကြင္း မွာ လာကစား ရတာဟာ ကြ်န္ေတာ္ တို႕ အတြက္ အရမ္း ခက္ခဲမယ္ ဆိုတာ ၾကိဳသိထားျပီးသားပါ ။ ျပိဳင္ဖက္ အသင္း ဟာ အေသအေၾက ကစားတတ္တဲ့ အသင္း ျဖစ္ျပီး ၾကံ့ခိုင္မႈ အသားေပး နဲ႕ ၾကမ္းၾကမ္းတမ္းတမ္း ကစားတတ္ေလ့ ရွိပါတယ္ ။ ဒါေၾကာင့္ ဒီေန႕ ပြဲမွာ ခက္ခဲမႈ မ်ားစြာ နဲ႕ ၾကံဳေတြ႕ ႏိုင္မယ္ ဆိုတာ ပြဲမတိုင္ခင္ ကတည္းက ေမွ်ာ္မွန္း ထားခဲ့ပါတယ္ ။ ”

” ဘယ္လိုပဲ ျဖစ္ျဖစ္ ကြ်န္ေတာ္ တို႕ဟာ သူတို႕ကို အေကာင္းဆံုး တုန္႕ျပန္ျပ ႏိုင္ခဲ့တယ္ လို႕ ထင္ပါတယ္ ။ ဒုတိယပိုင္း မွာ ကြ်န္ေတာ္ တို႕ရဲ႕ ကစားပံု ပိုေကာင္း ခဲ့တယ္ လို႕ ထင္ပါတယ္ ။ အခုေတာ့ ကြ်န္ေတာ္ တို႕ဟာ ဒုတိယအေက်ာ့ က ပိုျပီး ခက္ခဲ လာႏိုင္တယ္ ဆိုတဲ့ အေၾကာင္း ၾကိဳတင္ ေတြးဆ ထားဖို႕ လိုေနပါျပီ ။ ဒီ အတိုင္းဆို ကြ်န္ေတာ္ တို႕ရဲ႕ ျပိဳင္ဖက္ အသင္း ဟာ အရမ္း ေၾကာက္စရာေကာင္းတဲ့ အသင္း ျဖစ္ေနပါတယ္ ။ အဲ့ဒီ အတြက္ ဒုတိယအေက်ာ့ ကိုလည္း သတိထား ကစားသြားဖို႕ လိုပါတယ္ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

ကစားပုံ မကောင်းခဲ့ပေမယ့် လိုအပ် နေတဲ့ အနိုင် ရလဒ် ကို ကြိုးစား ရယူ သွားခဲ့တဲ့့ အသင်းသား တွေရဲ့ စိတ်ဓာတ် အပေါ် ထုတ်ဖော် ချီးကျူး သွားခဲ့တဲ့ #ဆာရီ

ယနေ့ မနက် က ကစား သွားခဲ့တဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ပထမ အကျော့ ပွဲစဉ် တပွဲ ဖြစ်တဲ့ ဆလားဗီးယား ပရဂ် နဲ့ ချယ်လ်ဆီး အသင်း တို့ရဲ့ ပွဲစဉ် ဟာ ပွဲပြီးခါနီး မှာ ချယ်လ်ဆီး နောက်ခံလူ မားကို့စ် အလွန်ဆို ရဲ့ နောက်ကျ အနိုင်ဂိုးကြောင့် အနိုင် ရကာ ဒုတိယ အကျော့ စတမ်းဖို့ဒ်ဘရစ်ချ် မှာ ကစားမယ့် ပွဲစဉ် အတွက် အခြေအနေကောင်း တခု ကို ပိုင်ဆိုင် လိုက်တာ ဖြစ်ပါတယ် ။

ထို ပွဲစဉ် မှာ ချယ်လ်ဆီး အသင်း ရဲ့ ကစားပုံ နဲ့ ခြေစွမ်း ဟာ ပရိသတ် တွေရဲ့ စိတ်တိုင်းကျ ခြေစွမ်း မျိုး မဟုတ်ပဲ သာမန် ခြေစွမ်း အောက် ကို ရောက်ခဲ့တဲ့ အထိ ဖြစ်ခဲ့ ရပါတယ် ။ ချယ်လ်ဆီး အသင်း ဟာ ထို ပွဲစဉ် မှာ လာမယ့် ပရီးမီးယားလိဂ် ပွဲကြပ် လီဗာပူး နဲ့ ပွဲစဉ် အတွက် အဓိက ကစားသမား အချို့ ဖြစ်တဲ့ ဟာဇတ် ၊ ကန်တေ ၊ ဒေးဗစ် လူးဝဇ် တို့ကို အရန်ခုံ မှာ ထားစေခဲ့ သလို ဟတ်ဒ်ဆန် အိုဒွိုင်း ကိုလည်း လုံးဝ အနားပေး ထားခဲ့ပါတယ် ။

ထို့ အတွက်ကြောင့် အရန် ကစားသမား အချို့ ရဲ့ အချိတ်အဆက် မမိမှု တွေနဲ့ အိမ်ရှင် ဆလားဗီးယား ပရဂ် ရဲ့ မထင်မှတ် တဲ့ ဖိအားပေးမှု တချို့ ကြောင့် ခံစစ် နဲ့ ကွင်းလယ် ချိတ်ဆက်မှု လည်း အကြိမ်ကြိမ် ပြိုပျက် ခဲ့ရပါတယ် ။ ဒုတိယပိုင်း မှာ ဟာဇတ် ၊ ကန်တေ တို့ ဝင်ရောက် လာခဲ့လို့ ကစားကွက် အနည်းငယ် တိုးတက် ခဲ့ရပေမယ့် ကီပါ ရဲ့ လက်စွမ်းပြမှု အချို့ကြောင့် ၊ အလွန်ဆို ရဲ့ သွင်းဂိုး တွေကြောင့်သာ ချယ်လ်ဆီး တို့ ရလဒ်ကောင်း ထွက်ခဲ့ ရတာ ဖြစ်ပါတယ် ။

ပွဲပြီး သတင်းစာ ရှင်းလင်းပွဲ မှာတော့ ချယ်လ်ဆီး နည်းပြ မော်ရစ်ဇီိယို ဆာရီ က ၄င်းတို့ အသင်း ဟာ ကစားပုံ မကောင်း ခဲ့ပေမယ့် လိုအပ် နေတဲ့ အနိုင် ရလဒ် ကို ကြိုးစား ရယူ သွားနိုင် ခဲ့ကြောင်း ၊ ပြိုင်ဖက် ဆလားဗီးယား ပရဂ် ဟာ ခက်ခဲ တဲ့ ပြိုင်ဖက် အသင်း ဖြစ်တဲ့ အတွက် ယခု ကဲ့သို့ အခက် ကြုံနိုင်တဲ့ အနေအထား တွေကို ကြံုရမယ် ဆိုတာ ကြို မျှော်လင့် ထားခဲ့ကြောင်း ဆိုခဲ့ပါတယ် ။

ဆာရီ က ” အခုလို အနိုင် ရလဒ် ကို ကျားကုတ်ကျားခဲ ရယူနိုင်ခဲ့တာ ဟာ ဒီရာသီ အတွင်း ဒါဟာ ပထမဆုံး အကြိမ် မဟုတ်ပါဘူး ။ အတိတ်မှာလည်း ကျွန်တော် တို့ ဒီလို အနေအထား တွေကို လည်း စွမ်းဆောင် ပြနိုင်ခဲ့ပါတယ် ။ အရင် က ကျွန်တော် တို့ဟာ ပြိုင်ဖက် က တရစပ် ထိုးဖောက် တဲ့ အနေအထား တွေနဲ့ ကြံုလာရင် ခံစစ် က ပေးဂိုး လွယ်လွယ်ကူကူ ခွင့်ပြု ရတတ်ပါတယ် ။ ”

” အခု နောက်ပိုင်း မှာတော့ ဒါတွေဟာ ကျွန်တော် တို့ကို အခက် မတွေ့စေ တော့ပါဘူး ။ ကျွန်တော် တို့ဟာ အသင်း အတွက် ပေးဂိုး မရှိအောင် အရာရာ ပေးဆပ် ကစားဖို့ အဆင့်သင့် ဖြစ်နေကြပါပြီ ။ ဒါကြောင့် ဒါဟာ ကျွန်တော် တို့ အသင်း အတွက် ခြေတလှမ်း အရှေ့ တိုးသွားတဲ့ သဘော ကို တက်ရောက် စေပါတယ် ။ ”

” ဆလားဗီးယား ပရဂ် အသင်း ရဲ့ အိမ်ကွင်း မှာ လာကစား ရတာဟာ ကျွန်တော် တို့ အတွက် အရမ်း ခက်ခဲမယ် ဆိုတာ ကြိုသိထားပြီးသားပါ ။ ပြိုင်ဖက် အသင်း ဟာ အသေအကြေ ကစားတတ်တဲ့ အသင်း ဖြစ်ပြီး ကြံ့ခိုင်မှု အသားပေး နဲ့ ကြမ်းကြမ်းတမ်းတမ်း ကစားတတ်လေ့ ရှိပါတယ် ။ ဒါကြောင့် ဒီနေ့ ပွဲမှာ ခက်ခဲမှု များစွာ နဲ့ ကြံုတွေ့ နိုင်မယ် ဆိုတာ ပွဲမတိုင်ခင် ကတည်းက မျှော်မှန်း ထားခဲ့ပါတယ် ။ ”

” ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်တော် တို့ဟာ သူတို့ကို အကောင်းဆုံး တုန့်ပြန်ပြ နိုင်ခဲ့တယ် လို့ ထင်ပါတယ် ။ ဒုတိယပိုင်း မှာ ကျွန်တော် တို့ရဲ့ ကစားပုံ ပိုကောင်း ခဲ့တယ် လို့ ထင်ပါတယ် ။ အခုတော့ ကျွန်တော် တို့ဟာ ဒုတိယအကျော့ က ပိုပြီး ခက်ခဲ လာနိုင်တယ် ဆိုတဲ့ အကြောင်း ကြိုတင် တွေးဆ ထားဖို့ လိုနေပါပြီ ။ ဒီ အတိုင်းဆို ကျွန်တော် တို့ရဲ့ ပြိုင်ဖက် အသင်း ဟာ အရမ်း ကြောက်စရာကောင်းတဲ့ အသင်း ဖြစ်နေပါတယ် ။ အဲ့ဒီ အတွက် ဒုတိယအကျော့ ကိုလည်း သတိထား ကစားသွားဖို့ လိုပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။