Liverpool
လီ​ဗာပူး
ကယ်​လီဟာ – ၇
ဟူဗာ – ၆.၅
လော့​ဗရန်​ – ၆
ဂိုးမက်​ဇ်​ – ၆
မီနာ – ၈
လယ်​လာနာ – ၇
ကီတာ – ၆
ကာတစ်​ဂျုံး – ၇
အယ်​လီ​ယော့ – ၇
ဘရူစတား – ၆
SM
Unicode
အမ်​​ကေဒွန်​း ၀ – ၂ လီ​ဗာပူး EFL ဖလားပွဲစဉ်​မှာ ဘယ်​သူ​တွေ အ​ကောင်​းဆုံး ​ခြေစွမ်​းပြ ခဲ့ပြီး ဘယ်​သူ​တွေ လိုအပ်​ချက်​ ရှိခဲ့သလဲ? (Player ratings)
လီ​ဗာပူးဟာ ယ​နေ့ မနက်​က ကစားသွားခဲ့တဲ့ EFL ဖလား တတိယအဆင်​့မှာ​တော့ လိဂ်​ဝမ်​းကလပ်​ အမ်​​ကေဒွန်​း အသင်​းကို ၂-၀ နဲ့ နိုင်​ကာ ​နောက်​တဆင်​့ကို တက်​သွား ခဲ့ပါတယ်​။ လီ​​ဗာပူး အတွက်​ ပထမဂိုး​ကို​တော့ ဂျိမ်​းမီနာ ပင်​နယ်​တီ ဧရိယာထိပ်​က​နေ ကန်​သွင်​းမှု​ကို ပြိုင်​ဘက်​ ဂိုးသမား ပုတ်​ထုတ်​ ရာမှာ မ​သေမသပ်​ ဖြစ်​ကာ ဂိုးထဲ ပြန်​ဝင်​ သွားခဲ့တာ​ကြောင်​့ လီ​ဗာပူး တို့ ဦး​ဆောင်​ဂိုး ရခဲ့ပါတယ်​။ လီ​ဗာပူး အတွက်​ ဒုတိယဂိုး ကို​တော့ မိနစ်​ ရ၀ ​လောက်​မှာ မီနာ ဂိုး​ရှေ့ကို ဖြတ်​တင်​​ပေးလိုက်​တဲ့ ​ဘောလုံးကို ကီဂျမ်​နာ​ဟူ​ဗာက ​ပြေးဝင်​ ​ခေါင်​းတိုက်​ သွားခဲ့တာ ဖြစ်​ပါတယ်​။ ဒီပွဲစဉ်​မှာ လီ​ဗာပူး ရဲ့ ဘယ်​ကစားသမား​တွေ ​ခြေစွမ်​းပြခဲ့ပြီး ဘယ်​သူ​တွေ ​ခြေစွမ်​း မပြနိုင်​သလဲ ဆိုတာကို ယခုလို ​ဖော်​ပြ​ပေးလိုက်​ပါတယ်​။
လီ​ဗာပူး
ကယ်​လီဟာ – ရ
အသင်​းရဲ့ build up play မှာ အ​ကောင်​းဆုံး ကစား နိုင်​ခဲ့ပြီး လိုအပ်​ရင်​ sweeper keeper အဖြစ်​ပါ ကစား သွားခဲ့ကာ ဒုတိယပိုင်​းမှာ ​သေချာ​ပေါက်​ ဂိုး​ပေးရနိုင်​တဲ့ အခွင်​့အ​ရေး ၃ ကြိမ်​​​လောက်​ကို လက်​စွမ်​းပြ ကာကွယ်​ ​ပေးသွားပါတယ်​။
​ဟူဗာ – ၆.၅
ပထမပိုင်​းမှာ ပြိုင်​ဘက်​ရဲ့ ကြံ့ခိုင်​မှု အပြည်​့နဲ့ ဖိအား​ပေး ကစားပုံ ​အောက်​မှာ ရုန်​းကန်​ ခဲ့ရ​ပေမယ်​့ ဒုတိယပိုင်​းမှာ ဒါကို ပြင်​ဆင်​ နိုင်​ခဲ့ပြီး သွင်​းဂိုးပါ ရခဲ့ပါတယ်​။ ဒါ​ပေမယ်​့ အသင်​း​ဖော်​​တွေ အတွက်​ ဖန်​တီး ​ပေးပို့မှု​တွေ​တော့ လိုအပ်​ ​နေပါ​သေးတယ်​။
​လော့​ဗရန်​ – ၆
ပထမပိုင်​းမှာ ၎င်းရဲ့ အမှား​ကြောင်​့ ဂိုး​ပေးရမလို ဖြစ်​ခဲ့​ပေမယ်​့လည်​း ဒုတိယပိုင်​းမှာ​တော့ ဂိုးစည်​း​ပေါ်က ရှင်​းထုတ်​မှု​ အပါအဝင်​ အခြား ကာကွယ်​မှု​ေ​တွလည်​း လုပ်​​ပေး ခဲ့ပါတယ်​။
ဂိုးမက်​ဇ်​ – ၆
၎င်းရဲ့ လူကျွံ​ဘော ဖမ်​းပုံ မ​သေသပ်​တာ​ကြောင်​့ ဂိုး​ပေးရနိုင်​တဲ့ အ​ခြေအ​နေ ဖြစ်​ခဲ့ပြီး ​​လော့​ဗရန်​ နဲ့အတူ ကျစ်​လစ်​တဲ့ ခံစစ်​ ကစားပုံကို မပြနိုင်​ခဲ့ပါဘူး။
မီနာ – ၈
ဘယ်​​နောက်​ခံလူ ​နေရာမှာ ဝင်​ကစား ခဲ့​ပေမယ်​လည်​း အသင်​း အတွက်​ ဦး​ဆောင်​ဂိုးကို သွင်​းယူ ​ပေးခဲ့သလို ဟူ​ဗာအတွက်​လည်​း ဂိုးဖန်​တီးမှု လုပ်​​ပေး ခဲ့ပါတယ်​။
လယ်​လာနာ – ရ
နံပါတ်​ ၆ ​နေရာမှာ အားကိုး ရနိုင်​တဲ့ ​ခြေစွမ်​းကို ပြသ သွားခဲ့ပြီး ခံစစ်ပိုင်​း ကစားပုံ အနည်​းငယ်​ အားနည်​းမှု ရှိတာက လွဲလို့ ​ဘောလုံး အကွက်​မြင်​မြင်​ ​ပေးပို့မှု​တွေ ၊ build-up play ​တွေမှာ ကစားပုံ ​ကောင်​းခဲ့ပါတယ်​။
ကီတာ – ၆
ဒဏ်​ရာ က​နေ ပြန်​လည်​ သက်​သာလာခါစ ဖြစ်​တာ​ကြောင်​့ စွန်​့စားပြီး ကစား သွားခဲ့မှု မရှိ​ပေမယ်​့လည်​း ယာဂန်​က​လော့ အ​နေနဲ့ လာမည်​့ ပွဲ​တွေမှာ ကွင်​းလယ်​ပိုင်​း ​ရွေးချယ်​ စရာ​တွေ များလာတာ က​တော့ အားတက်​စရာ ပါပဲ။
​အောက်​စလိတ်​ချိန်​ဘာလိန်​ – ၆
အသင်​း​ဖော်​​တွေနဲ့ ချိတ်​ဆက်​ ကစားပုံ ​ကောင်​းမွန်​ခဲ့ပြီး ဒုတိယပိုင်​းမှာ ၎င်းရဲ့ ကန်​ချက်​ တိုင်​ထိထွက်​ ခဲ့ပါတယ်​။ ဒါ​ပေမယ်​့ တိုက်​စစ်​ကို ပံ့ပိုး ကစားမှုက​တော့ အရင်​ ပုံစံကို မမှီ​သေးပါဘူး။
ကာတစ်​ဂျုံး – ရ
ဘယ်​​တောင်​ပံ တိုက်​စစ်​မှာ မီနာနဲ့ တွဲဖက်​ ညီညီ လှုပ်​ကစား သွားခဲ့ပြီး ပြိုင်​ဘက်​ ခံစစ်​ကို ဖိအားများ ​စေခဲ့​ပေမယ်​့လည်​း ပြိုင်​ဘက်​ ဂိုး​ပေါက်​ကို​တော့ သိပ်​ပြီး မခြိမ်​း​ခြောက်​ နိုင်​ခဲ့ပါဘူး။
အယ်​လီ​ယော့ – ရ
အသက်​၁၆ နှစ်​သာ ရှိ​သေး​ပေမယ်​့ ၎င်းရဲ့ ကြီးမားတဲ့ အလားအလာ ရှိတဲ့ အရည်​အ​သွေး ​တွေကို ပြသသွား ခဲ့ပြီး ဒီပွဲမှာ ကံမ​ကောင်​းစွာနဲ့ တိုင်​၂ကြိမ်​ ထိခဲ့သလို ပထမပိုင်​းမှာလည်​း မီနာအတွက်​ အ​ကောင်​းဆုံး ဂိုးဖန်​တီးမှုလည်​း လုပ်​​ပေး ခဲ့ပါတယ်​။
ဘရူစတား – ၆
ပြိုင်​ဘက်​ ဂိုး​ပေါက်​ကို ထိ​ရောက်​တဲ့ ကန်​သွင်​းမှု​ မလုပ်​ နိုင်ခဲ​့​ပေမယ်​့ တိုက်​စစ်​မှာ ​နေရာစုံ ​ရွေ့လျားကာ အားထုတ်​မှု အပြည်​့နဲ့ ကစား သွားခဲ့ပါတယ်​။
လူစားဝင် – ချယ်​ရီ​ဗယ်​လာ ၆
SM