Zidane

ယေန႔ နံနက္ အေစာပိုင္းမွာ ကစားသြားခဲ႔တဲ႔ လာလီဂါ ပြဲစဥ္မွာ ရီးရဲလ္ အသင္းက အိုဆာဆူနာ အသင္းကို ဘာေနဗ်ဴးမွာ ၂-၀ ဂိုးနဲ႔ အႏိုင္ရခဲ႔ပါတယ္။ရီးရဲလ္အတြက္ ဂိုးေတြကိုေတာ့ လူငယ္ကစားသမားေလးေတြျဖစ္တဲ႔ ဗင္နီရွပ္ ဂ်ဴနီယာနဲ႕ ရိုဒရီဂို တို႔က သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

Real Madrid’s Brazilian forward Vinicius Junior gestures during the Spanish league football match between Real Madrid CF and CA Osasuna at the Santiago Bernabeu stadium in Madrid, on September 25, 2019. (Photo by OSCAR DEL POZO / AFP)

နည္းျပျကီးဇီဒန္းရဲ႕ ရီးရဲလ္အသင္းဟာ အခုႏွစ္လာလီဂါျပိဳင္ပြဲမွာ ေျခစြမ္းမတည္ျငိမ္မွဳ အခ်ိဳ႔ရွိေနျပီး ၆ပြဲကစား၄ပြဲသာအႏိုင္ရခဲ႕တာျဖစ္ေပမယ့္ ျပိဳင္ဘက္ေတြရဲ႕ ေျခေခ်ာ္မွဳေတြေျကာင့္ အမွတ္ေပးဇယားကို ဦးေဆာင္သြားႏိုင္ခဲ႔တာျဖစ္ပါတယ္။

ျမိဳ႔ခံျပိဳင္ဘက္ အသင္းျဖစ္တဲ႔ ေအတီကို မက္ဒရစ္၊ အစဥ္အလာျပိဳင္ဘက္ျဖစ္တဲ ဘာစီလိုနာတို႔ကို ေက်ာ္ျပီး အခုလို ဦးေဆာင္သြားႏိုင္ခဲ႔ေပမယ့္ လက္ရွိအခ်ိန္ဟာ အမွတ္ေပးဇယားရပ္တည္မွဳအေျကာင္းကို စဥ္းစားဖို႔ ေစာလြန္းေနေသးတယ္လို႔ ဇီဒန္းက နားလည္ထားပံုပါပဲ။

Real Madrid’s Brazilian forward Rodrygo celebrates his goal during the Spanish league football match between Real Madrid CF and CA Osasuna at the Santiago Bernabeu stadium in Madrid, on September 25, 2019. (Photo by OSCAR DEL POZO / AFP)

ပြဲအျပီး အင္တာဗ်ဴး တခုမွာ ဇီဒန္းက –
” က်ြန္ေတာ္တို႔ အခုဆိုရင္ အမွတ္ေပးဇယားကို ဦးေဆာင္သြားႏိုင္ခဲ႔ပါျပီ။ဒါေပမယ့္လည္း ဒါဟာ ဘာမွေတာ့ မဟုတ္ေသးပါဘူး။အေရးျကီးတာက ဒီလမ္းေျကာင္းေပၚမွာ ဆက္သြားႏိုင္ဖို႔ ျဖစ္ပါတယ္။

က်ြန္ေတာ္တို႔ အားလံုးဟာ ကုိယ္လုပ္ေဆာင္ တဲ႕ ကိစၥတိုင္း မွာ ယံုျကည္မွဳ ထားရွိရမွာျဖစ္ပါတယ္။ေရွ႔ေလ်ွာက္ က်ြန္ေတာ္တို႔မွာ ခက္ခဲ႔ ရွုပ္ေထြးတဲ႔ အခိုက္အတန္႔ ေတြ လည္း ရွိလာ ႏိုင္ဦး မွာျဖစ္ပါတယ္ ” လို႕ ေျပာသြား ခဲ႔တာ ျဖစ္ပါတယ္။

ဒီပြဲမွာ လူစားဝင္ေရာက္လာျပီး ခ်က္ခ်င္းဆိုသလို ဂိုးသြင္းႏိုင္ခဲ႔တဲ႔ ရိုဒရီဂို ကေတာ့ နည္းျပျကီး ဇီဒန္္းဆီကေန ေနာက္ထပ္ အခြင့္အေရးေတြ ရဦးမယ္လို႔ ေမ်ွာ္လင့္ေနပံုပါပဲ။ဇီဒန္း ဟာ သူအပါအဝင္ အသင္းသားတိုင္းကို ေရြးခ်ယ္ႏိုင္တယ္ဆိုတာကို သိနားလည္တယ္လို႔ ရိုဒရီဂိုက ယံုျကည္ေနပါတယ္။

အင္တာဗ်ဴးတခုမွာ ဇီဒန္းရဲ႔အေျကာင္းကိုေမးျမန္းရာမွာ ရိုဒရီဂိုက – ” သူအေတာ္ေလးကိုေပ်ာ္ေနမယ္လို႔ က်ြန္ေတာ္ယူဆပါတယ္။တရာသီ လံုးအတြက္ အသင္းမွာ ရွိတဲ႔ ကစားသမား တိုင္းကို အသံုးျပဳ ႏိုင္တယ္ ဆိုတာကိုလည္း သူ နားလည္ပါတယ္။

က်ြန္ေတာ္တို႔ကလည္း ဆုဖလားေတြအတြက္ တိုက္ပြဲဝင္သြားမွာျဖစ္ပါတယ္။ဒါဟာက်ြန္ေတာ္တို႔ရဲ႕ ရည္မွန္းခ်က္ ပန္းတိုင္လည္းျဖစ္ပါတယ္။ဒီေန႔ ပြဲအႏိုင္ရလဒ္အတြက္ေျကာင့္ လည္း က်ြန္ေတာ္အေတာ္ေလးေပ်ာ္ရႊင္မိပါတယ္ ” လို႔ေျပာသြားခဲ႔ပါတယ္။

Real Madrid’s Spanish defender Alvaro Odriozola (L) and Real Madrid’s Brazilian midfielder Casemiro (R) celebrate with teammates their second goal scored by Real Madrid’s Brazilian forward Rodrygo during the Spanish league football match between Real Madrid CF and CA Osasuna at the Santiago Bernabeu stadium in Madrid, on September 25, 2019. (Photo by OSCAR DEL POZO / AFP)

ဂိုးေတြမသြင္းႏိုင္မီမွာ ဘာေနဗ်ဴးကြင္းအတြင္းကပရိသတ္ေတြရဲ႕ ဆူပူေလွာင္ေျပာင္ေအာ္ဟစ္ေနမွဳအေပၚ ရိုဒရီဂိုက -” ရီးရဲလ္အသင္းဆုိတာဒါမ်ိဳးပဲျဖစ္ပါတယ္။က်ြန္ေတာ္ဒီကိုေရာက္တာအခ်ိန္မျကာေသးေပမယ့္ ဒီကြင္းမွာ ကစားတိုင္းအျမဲအႏိုင္ရဖို႕ လိုတယ္ဆိုတာကို သင္ယူေလ့လာခ႔ဲျပီးပါျပီ။

က်ြန္ေတာ္တို႔ဟာ ျပင္ပကလူေတြရဲ႕ အသံကိုေတာ့ နားမေထာင္ႏိုင္ပါဘူး။ကုိယ့္အအလုပ္ကုိပဲ ဆက္လုပ္ရမွာျဖစ္ပါတယ္။ရီးရဲလ္ အသင္းကို ေဝဖန္ျပစ္တင္တာေတြကေတာ့ အျမဲရွိေနဦးမွာျဖစ္ျပီး က်ြန္ေတာ္တို႔ကေအးေအးေဆးရွိေနသလိုအရာရာအဆင္ေျပေျပပါပဲ ” လို႔ေျပာသြားခဲ့ပါတယ္။

SPORTS MYANMAR

Unicode

လာလီဂါအမှတ်ပေးဇယားထိပ်ဆုံးကိုရောက်လာခဲ့တဲ့ အပေါ် မှတ်ချက်ပေးလိုက်တဲ့ #ဇီဒန်း
====================================

ယနေ့ နံနက် အစောပိုင်းမှာ ကစားသွားခဲ့တဲ့ လာလီဂါ ပွဲစဉ်မှာ ရီးရဲလ် အသင်းက အိုဆာဆူနာ အသင်းကို ဘာနေဗျူးမှာ ၂-၀ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ရီးရဲလ်အတွက် ဂိုးတွေကိုတော့ လူငယ်ကစားသမားလေးတွေဖြစ်တဲ့ ဗင်နီရှပ် ဂျူနီယာနဲ့ ရိုဒရီဂို တို့က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

နည်းပြကြီးဇီဒန်းရဲ့ ရီးရဲလ်အသင်းဟာ အခုနှစ်လာလီဂါပြိုင်ပွဲမှာ ခြေစွမ်းမတည်ငြိမ်မှု အချို့ရှိနေပြီး ၆ပွဲကစား၄ပွဲသာအနိုင်ရခဲ့တာဖြစ်ပေမယ့် ပြိုင်ဘက်တွေရဲ့ ခြေချော်မှုတွေကြောင့် အမှတ်ပေးဇယားကို ဦးဆောင်သွားနိုင်ခဲ့တာဖြစ်ပါတယ်။

မြို့ခံပြိုင်ဘက် အသင်းဖြစ်တဲ့ အေတီကို မက်ဒရစ်၊ အစဉ်အလာပြိုင်ဘက်ဖြစ်တဲ ဘာစီလိုနာတို့ကို ကျော်ပြီး အခုလို ဦးဆောင်သွားနိုင်ခဲ့ပေမယ့် လက်ရှိအချိန်ဟာ အမှတ်ပေးဇယားရပ်တည်မှုအကြောင်းကို စဉ်းစားဖို့ စောလွန်းနေသေးတယ်လို့ ဇီဒန်းက နားလည်ထားပုံပါပဲ။

ပွဲအပြီး အင်တာဗျူး တခုမှာ ဇီဒန်းက –
” ကျွန်တော်တို့ အခုဆိုရင် အမှတ်ပေးဇယားကို ဦးဆောင်သွားနိုင်ခဲ့ပါပြီ။ဒါပေမယ့်လည်း ဒါဟာ ဘာမှတော့ မဟုတ်သေးပါဘူး။အရေးကြီးတာက ဒီလမ်းကြောင်းပေါ်မှာ ဆက်သွားနိုင်ဖို့ ဖြစ်ပါတယ်။

ကျွန်တော်တို့ အားလုံးဟာ ကိုယ်လုပ်ဆောင် တဲ့ ကိစ္စတိုင်း မှာ ယုံကြည်မှု ထားရှိရမှာဖြစ်ပါတယ်။ရှေ့လျှောက် ကျွန်တော်တို့မှာ ခက်ခဲ့ ရှုပ်ထွေးတဲ့ အခိုက်အတန့် တွေ လည်း ရှိလာ နိုင်ဦး မှာဖြစ်ပါတယ် ” လို့ ပြောသွား ခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲမှာ လူစားဝင်ရောက်လာပြီး ချက်ချင်းဆိုသလို ဂိုးသွင်းနိုင်ခဲ့တဲ့ ရိုဒရီဂို ကတော့ နည်းပြကြီး ဇီဒန််းဆီကနေ နောက်ထပ် အခွင့်အရေးတွေ ရဦးမယ်လို့ မျှော်လင့်နေပုံပါပဲ။ဇီဒန်း ဟာ သူအပါအဝင် အသင်းသားတိုင်းကို ရွေးချယ်နိုင်တယ်ဆိုတာကို သိနားလည်တယ်လို့ ရိုဒရီဂိုက ယုံကြည်နေပါတယ်။

အင်တာဗျူးတခုမှာ ဇီဒန်းရဲ့အကြောင်းကိုမေးမြန်းရာမှာ ရိုဒရီဂိုက – ” သူအတော်လေးကိုပျော်နေမယ်လို့ ကျွန်တော်ယူဆပါတယ်။တရာသီ လုံးအတွက် အသင်းမှာ ရှိတဲ့ ကစားသမား တိုင်းကို အသုံးပြု နိုင်တယ် ဆိုတာကိုလည်း သူ နားလည်ပါတယ်။

ကျွန်တော်တို့ကလည်း ဆုဖလားတွေအတွက် တိုက်ပွဲဝင်သွားမှာဖြစ်ပါတယ်။ဒါဟာကျွန်တော်တို့ရဲ့ ရည်မှန်းချက် ပန်းတိုင်လည်းဖြစ်ပါတယ်။ဒီနေ့ ပွဲအနိုင်ရလဒ်အတွက်ကြောင့် လည်း ကျွန်တော်အတော်လေးပျော်ရွှင်မိပါတယ် ” လို့ပြောသွားခဲ့ပါတယ်။

ဂိုးတွေမသွင်းနိုင်မီမှာ ဘာနေဗျူးကွင်းအတွင်းကပရိသတ်တွေရဲ့ ဆူပူလှောင်ပြောင်အော်ဟစ်နေမှုအပေါ် ရိုဒရီဂိုက -” ရီးရဲလ်အသင်းဆိုတာဒါမျိုးပဲဖြစ်ပါတယ်။ကျွန်တော်ဒီကိုရောက်တာအချိန်မကြာသေးပေမယ့် ဒီကွင်းမှာ ကစားတိုင်းအမြဲအနိုင်ရဖို့ လိုတယ်ဆိုတာကို သင်ယူလေ့လာခဲ့ပြီးပါပြီ။

ကျွန်တော်တို့ဟာ ပြင်ပကလူတွေရဲ့ အသံကိုတော့ နားမထောင်နိုင်ပါဘူး။ကိုယ့်အအလုပ်ကိုပဲ ဆက်လုပ်ရမှာဖြစ်ပါတယ်။ရီးရဲလ် အသင်းကို ဝေဖန်ပြစ်တင်တာတွေကတော့ အမြဲရှိနေဦးမှာဖြစ်ပြီး ကျွန်တော်တို့ကအေးအေးဆေးရှိနေသလိုအရာရာအဆင်ပြေပြေပါပဲ ” လို့ပြောသွားခဲ့ပါတယ်။

SPORTS MYANMAR