Chelsea

ခ်ယ္လ္ဆီး အသင္း ဟာ မေန႕ည က ကစား သြားခဲ့တဲ့ ကာရာေဘာင္ ဖလား တတိယ အဆင့္ ပြဲစဥ္ မွာ အဂၤလန္ လိဂ္ဝမ္း ကလပ္ ဂရင္စဘီ အသင္း ကို လူငယ္ ကစားသမား အစုအဖြဲ႕ ရဲ႕ ေျခစြမ္းျပမႈ နဲ႕ အတူ ၇ – ၁ ဆိုတဲ့ ရလဒ္ နဲ႕ ဂိုးမိုးရြာကာ ဒီႏွစ္ ေဘာလံုး ရာသီ အတြက္ စတမ္းဖို႕ဒ္ ဘရစ္ခ်္ ပထမဆံုး ႏိုင္ပြဲ ကို ရယူ ႏိုင္ခဲ့ပါတယ္ ။

ခ်ယ္လ္ဆီး အသင္း ဟာ ဒီႏွစ္ ေဘာလံုး ရာသီ မွာ ခံစစ္ ကစားပံု ဆိုးရြားမႈ နဲ႕ တိုက္စစ္ အဆံုးသတ္ မေသခ်ာမႈ ေတြေၾကာင့္ မဆံုးရႈံးသင့္တဲ့ ရမွတ္ ေတြကို ဆံုးရႈံး ခဲ့ရပါတယ္ ။ အထူးသျဖင့္ ဒီရာသီ အိမ္ကြင္း မွာ ခ်ယ္လ္ဆီး အသင္း ဟာ ဆိုးဆိုးရြားရြား ပံုစံေကာင္း ေပ်ာက္ဆံုး ခဲ့ရကာ ပရီးမီးယားလိဂ္ မွာလည္း အခုထိ အိမ္ကြင္း ႏိုင္ပြဲ ရွာမေတြ႕ေသးပါဘူး ။

မေန႕ည က ကာရာေဘာင္ ဖလား ပြဲစဥ္ မတိုင္မီ မွာ လီဗာပူး ၊ ဗလင္စီယာ တို႕ကို အိမ္ကြင္း မွာ လက္ခံ ကစား ခဲ့ရျပီး ကစားကြက္ နဲ႕ စြမ္းေဆာင္ရည္ပိုင္း အရ ခ်ယ္လ္ဆီး အသင္း အသာစီး နဲ႕ ကစား ႏိုင္ခဲ့ေပမယ့္ ႏိုင္ပြဲ ရွာေဖြႏိုင္ဖို႕ ရုန္းကန္ ခဲ့ရပါတယ္ ။ မေန႕ည က ပြဲမွာေတာ့ ခ်ယ္လ္ဆီး အသင္း ဟာ လာမယ့္ ပရီးမီးယားလိဂ္ ပြဲစဥ္ ျဖစ္တဲ့ ဘရိုက္တန္ အသင္း နဲ႕ ပြဲအတြက္ အဓိက ကစားသမား အမ်ားစု ကို ခ်န္လွပ္ သြားခဲ့ပါတယ္ ။

သို႕ေပမယ့္ လည္း လူငယ္ ေတြရဲ႕ ရုန္းအား နဲ႕ အတူ လမ္းပတ္ ရဲ႕ ခ်ယ္လ္ဆီး အသင္း ဟာ ဒီရာသီ ပထမဆံုး အိမ္ကြင္း ႏိုင္ပြဲ ကို သက္ေတာင့္သက္သာ ရွာေဖြ သြားႏိုင္ ခဲ့ပါတယ္ ။ မေန႕ည က ပြဲျပီး သတင္းစာ ရွင္းလင္းပြဲ မွာေတာ့ ခ်ယ္လ္ဆီး နည္းျပ ဖရန္႕ လမ္းပတ္ က ၇ – ၁ ဆိုတဲ့ အႏိုင္ရလဒ္ နဲ႕ ပထမဆံုး အိမ္ကြင္း ႏိုင္ပြဲ ဟာ သူ႕ အတြက္ ျပီးျပည့္စံုတဲ့ ညတည ျဖစ္ခဲ့တယ္ လို႕ တင္စား ေျပာဆို လိုက္ပါတယ္ ။

လမ္းပတ္ က ” ဟုတ္ပါတယ္ ။ ကြ်န္ေတာ့ အေနနဲ႕ ဒီေန႕ည ပြဲအတြက္ အဆင့္အတန္း အတိုင္းအတာ အေတာ္ ျမင့္ျမင့္မားမား အထိကို ေက်နပ္ ေပ်ာ္ရႊင္ မိပါတယ္ ။ တနည္း ေျပာရရင္ ျပီးျပည့္စံု တဲ့ ညတည ျဖစ္ခဲ့တယ္ေပါ့ဗ်ာ ။ တဖက္ မွာလည္း ၂ – ၁ ရလဒ္ ျဖစ္ခဲ့ျပီး ေနာက္ပိုင္း မိနစ္ ၂၀ အထိ ကို ကြ်န္ေတာ္ အသင္း ရဲ႕ ကစားအား ကို သိပ္ျပီး အားမရ ခဲ့ပါဘူး ။ ”

” ကြ်န္ေတာ္ တို႕ဟာ ၇ – ၁ နဲ႕ အႏိုင္ ရခဲ့တယ္ ဆိုေပမယ့္ ၂ – ၁ ျဖစ္ခဲ့တဲ့ အခ်ိန္ နဲ႕ ပထမပိုင္း ျပီးတဲ့ အခ်ိန္ အတြင္း ကြ်န္ေတာ္ တို႕ဖက္ က ဂိုးေပါက္ ကန္သြင္းဖို႕ အေတာ္ေလး ခဲယဥ္း ခဲ့ပါတယ္ ။ ဒါေပမယ့္ ဒုတိယပိုင္း မွာေတာ့ ကြ်န္ေတာ္ တို႕ဟာ ပိုေကာင္းတဲ့ ကစားပံု နဲ႕ တိုက္စစ္ ဖြင့္ကစား ခဲ့ျပီး ဂိုးသြင္းခြင့္ ေတြ ပိုရခဲ့သလို ေနာက္ထပ္ သြင္းဂိုး ေတြကိုလည္း ထပ္မံ ရရွိ ခဲ့ပါတယ္ ။ ”

” ဒီေန႕ ပြဲမွာ ကြ်န္ေတာ္ တို႕ဟာ ဒီႏွစ္ ေဘာလံုး ရာသီ မွာ အသင္း အတြက္ မိနစ္ အမ်ားၾကီး ကစားခြင့္ မရေသးတဲ့ ကစားသမား ေတြ ၊ အကယ္ဒမီ က လူငယ္ ကစားသမား ေတြ ၊ ခ်ယ္လ္ဆီး စီနီယာ အသင္း အတြက္ ပထမဆံုး ပြဲထြက္ခြင့္ ရမယ့္ လူငယ္ ေျခတက္ေလး ေတြ ပူးေပါင္းျပီး ပါဝင္ခဲ့တာ ျဖစ္ပါတယ္ ။ ”

” ဒုတိယပိုင္း မွာ လူစားဝင္ လာတဲ့ ခ်ာတိတ္ ၂ေယာက္ ဆို အသင္း ရဲ႕ ကစားပံု ကိုပါ ပိုျပီး တိုးတက္ ျမိဳင္ဆိုင္ လာေစတဲ့ အထိ အျပည့္အဝ ၾကိဳးစား ခဲ့ၾကပါတယ္ ။ ဒါေၾကာင့္မို႕ သူတို႕ကို ဒီလို မိနစ္ တခ်ိဳ႕ မွာ ကစားခြင့္ ေပးလိုက္တာဟာ တကယ္ ကို တန္ဖိုး ရွိတယ္ လို႕ ဆိုရမွာ ျဖစ္ပါတယ္ ။ ကြ်န္ေတာ္ လိုခ်င္တဲ့ အဆင့္အတန္း ၊ ေျခစြမ္းမ်ိဳး နဲ႕ ႏိုင္ပြဲ တပြဲ မဟုတ္ခဲ့ေပမယ့္ ေက်နပ္ ေပ်ာ္ရႊင္စရာ ေကာင္းတဲ့ ႏိုင္ပြဲ တပြဲ လို႕ သတ္မွတ္ ခ်င္ပါတယ္ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

ဆက္လက္ျပီး လမ္းပတ္ က မေန႕ည က ပြဲမွာလည္း အသင္း ရဲ႕ ဝါရင့္ တိုက္စစ္မွဴး အိုလီဗီယာ ဂ်ရူး ဟာ အရန္ စာရင္း မွာေတာင္ ပါဝင္ မလာခဲ့ျခင္း နဲ႕ ပတ္သက္ျပီး ” အိုလီ ဟာ အဖ်ား ေဝဒနာ ခံစား ေနရပါတယ္ ။ အဲ့ဒီ အတြက္ သူဟာ လီဗာပူး နဲ႕ ပြဲကို လြဲေခ်ာ္ ခဲ့သလို ၊ ဒီည ပြဲမွာလည္း မပါဝင္ ႏိုင္ခဲ့တာ ျဖစ္ပါတယ္ ။ အဖ်ား ေရာဂါ ကေန ျပန္သက္သာ လာဖို႕ သူ ၾကိဳးစား ေနပါတယ္ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

SPORTS MYANMAR

Unicode

၇ – ၁ ရလဒ် နဲ့ ဒီရာသီ အိမ်ကွင်း ပထမဆုံး နိုင်ပွဲ ဟာ သူ့ အတွက် ပြီးပြည့်စုံတဲ့ ညတည ဖြစ်ခဲ့တယ် လို့ ဖွင့်ဟ လာတဲ့ #လမ်းပတ်

ချယ်လ်ဆီး အသင်း ဟာ မနေ့ည က ကစား သွားခဲ့တဲ့ ကာရာဘောင် ဖလား တတိယ အဆင့် ပွဲစဉ် မှာ အင်္ဂလန် လိဂ်ဝမ်း ကလပ် ဂရင်စဘီ အသင်း ကို လူငယ် ကစားသမား အစုအဖွဲ့ ရဲ့ ခြေစွမ်းပြမှု နဲ့ အတူ ရ – ၁ ဆိုတဲ့ ရလဒ် နဲ့ ဂိုးမိုးရွာကာ ဒီနှစ် ဘောလုံး ရာသီ အတွက် စတမ်းဖို့ဒ် ဘရစ်ချ် ပထမဆုံး နိုင်ပွဲ ကို ရယူ နိုင်ခဲ့ပါတယ် ။

ချယ်လ်ဆီး အသင်း ဟာ ဒီနှစ် ဘောလုံး ရာသီ မှာ ခံစစ် ကစားပုံ ဆိုးရွားမှု နဲ့ တိုက်စစ် အဆုံးသတ် မသေချာမှု တွေကြောင့် မဆုံးရှုံးသင့်တဲ့ ရမှတ် တွေကို ဆုံးရှုံး ခဲ့ရပါတယ် ။ အထူးသဖြင့် ဒီရာသီ အိမ်ကွင်း မှာ ချယ်လ်ဆီး အသင်း ဟာ ဆိုးဆိုးရွားရွား ပုံစံကောင်း ပျောက်ဆုံး ခဲ့ရကာ ပရီးမီးယားလိဂ် မှာလည်း အခုထိ အိမ်ကွင်း နိုင်ပွဲ ရှာမတွေ့သေးပါဘူး ။

မနေ့ည က ကာရာဘောင် ဖလား ပွဲစဉ် မတိုင်မီ မှာ လီဗာပူး ၊ ဗလင်စီယာ တို့ကို အိမ်ကွင်း မှာ လက်ခံ ကစား ခဲ့ရပြီး ကစားကွက် နဲ့ စွမ်းဆောင်ရည်ပိုင်း အရ ချယ်လ်ဆီး အသင်း အသာစီး နဲ့ ကစား နိုင်ခဲ့ပေမယ့် နိုင်ပွဲ ရှာဖွေနိုင်ဖို့ ရုန်းကန် ခဲ့ရပါတယ် ။ မနေ့ည က ပွဲမှာတော့ ချယ်လ်ဆီး အသင်း ဟာ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ် ဖြစ်တဲ့ ဘရိုက်တန် အသင်း နဲ့ ပွဲအတွက် အဓိက ကစားသမား အများစု ကို ချန်လှပ် သွားခဲ့ပါတယ် ။

သို့ပေမယ့် လည်း လူငယ် တွေရဲ့ ရုန်းအား နဲ့ အတူ လမ်းပတ် ရဲ့ ချယ်လ်ဆီး အသင်း ဟာ ဒီရာသီ ပထမဆုံး အိမ်ကွင်း နိုင်ပွဲ ကို သက်တောင့်သက်သာ ရှာဖွေ သွားနိုင် ခဲ့ပါတယ် ။ မနေ့ည က ပွဲပြီး သတင်းစာ ရှင်းလင်းပွဲ မှာတော့ ချယ်လ်ဆီး နည်းပြ ဖရန့် လမ်းပတ် က ရ – ၁ ဆိုတဲ့ အနိုင်ရလဒ် နဲ့ ပထမဆုံး အိမ်ကွင်း နိုင်ပွဲ ဟာ သူ့ အတွက် ပြီးပြည့်စုံတဲ့ ညတည ဖြစ်ခဲ့တယ် လို့ တင်စား ပြောဆို လိုက်ပါတယ် ။

လမ်းပတ် က ” ဟုတ်ပါတယ် ။ ကျွန်တော့ အနေနဲ့ ဒီနေ့ည ပွဲအတွက် အဆင့်အတန်း အတိုင်းအတာ အတော် မြင့်မြင့်မားမား အထိကို ကျေနပ် ပျော်ရွှင် မိပါတယ် ။ တနည်း ပြောရရင် ပြီးပြည့်စုံ တဲ့ ညတည ဖြစ်ခဲ့တယ်ပေါ့ဗျာ ။ တဖက် မှာလည်း ၂ – ၁ ရလဒ် ဖြစ်ခဲ့ပြီး နောက်ပိုင်း မိနစ် ၂၀ အထိ ကို ကျွန်တော် အသင်း ရဲ့ ကစားအား ကို သိပ်ပြီး အားမရ ခဲ့ပါဘူး ။ ”

” ကျွန်တော် တို့ဟာ ရ – ၁ နဲ့ အနိုင် ရခဲ့တယ် ဆိုပေမယ့် ၂ – ၁ ဖြစ်ခဲ့တဲ့ အချိန် နဲ့ ပထမပိုင်း ပြီးတဲ့ အချိန် အတွင်း ကျွန်တော် တို့ဖက် က ဂိုးပေါက် ကန်သွင်းဖို့ အတော်လေး ခဲယဉ်း ခဲ့ပါတယ် ။ ဒါပေမယ့် ဒုတိယပိုင်း မှာတော့ ကျွန်တော် တို့ဟာ ပိုကောင်းတဲ့ ကစားပုံ နဲ့ တိုက်စစ် ဖွင့်ကစား ခဲ့ပြီး ဂိုးသွင်းခွင့် တွေ ပိုရခဲ့သလို နောက်ထပ် သွင်းဂိုး တွေကိုလည်း ထပ်မံ ရရှိ ခဲ့ပါတယ် ။ ”

” ဒီနေ့ ပွဲမှာ ကျွန်တော် တို့ဟာ ဒီနှစ် ဘောလုံး ရာသီ မှာ အသင်း အတွက် မိနစ် အများကြီး ကစားခွင့် မရသေးတဲ့ ကစားသမား တွေ ၊ အကယ်ဒမီ က လူငယ် ကစားသမား တွေ ၊ ချယ်လ်ဆီး စီနီယာ အသင်း အတွက် ပထမဆုံး ပွဲထွက်ခွင့် ရမယ့် လူငယ် ခြေတက်လေး တွေ ပူးပေါင်းပြီး ပါဝင်ခဲ့တာ ဖြစ်ပါတယ် ။ ”

” ဒုတိယပိုင်း မှာ လူစားဝင် လာတဲ့ ချာတိတ် ၂ယောက် ဆို အသင်း ရဲ့ ကစားပုံ ကိုပါ ပိုပြီး တိုးတက် မြိုင်ဆိုင် လာစေတဲ့ အထိ အပြည့်အဝ ကြိုးစား ခဲ့ကြပါတယ် ။ ဒါကြောင့်မို့ သူတို့ကို ဒီလို မိနစ် တချို့ မှာ ကစားခွင့် ပေးလိုက်တာဟာ တကယ် ကို တန်ဖိုး ရှိတယ် လို့ ဆိုရမှာ ဖြစ်ပါတယ် ။ ကျွန်တော် လိုချင်တဲ့ အဆင့်အတန်း ၊ ခြေစွမ်းမျိုး နဲ့ နိုင်ပွဲ တပွဲ မဟုတ်ခဲ့ပေမယ့် ကျေနပ် ပျော်ရွှင်စရာ ကောင်းတဲ့ နိုင်ပွဲ တပွဲ လို့ သတ်မှတ် ချင်ပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

ဆက်လက်ပြီး လမ်းပတ် က မနေ့ည က ပွဲမှာလည်း အသင်း ရဲ့ ဝါရင့် တိုက်စစ်မှူး အိုလီဗီယာ ဂျရူး ဟာ အရန် စာရင်း မှာတောင် ပါဝင် မလာခဲ့ခြင်း နဲ့ ပတ်သက်ပြီး ” အိုလီ ဟာ အဖျား ဝေဒနာ ခံစား နေရပါတယ် ။ အဲ့ဒီ အတွက် သူဟာ လီဗာပူး နဲ့ ပွဲကို လွဲချော် ခဲ့သလို ၊ ဒီည ပွဲမှာလည်း မပါဝင် နိုင်ခဲ့တာ ဖြစ်ပါတယ် ။ အဖျား ရောဂါ ကနေ ပြန်သက်သာ လာဖို့ သူ ကြိုးစား နေပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR