Liverpool
SM
Unicode
လီ​ဗာပူး ကစားသမား နှစ်​ဦးဟာ အ​ကောင်​းဆုံး အ​နေအထားကို ပြန်​မ​ရောက်​​သေးဘူးလို့ ဝန်​ခံလိုက်​တဲ့ ယာဂန်​က​လော့
လီ​ဗာပူး မန်​​နေဂျာ ယာဂန်​က​လော့ဟာ လူငယ်​ကြယ်​ပွင်​့​တွေ ဖြစ်​တဲ့ ဂိုးသမား ကယ်​လီဟာ နဲ့ တိုက်​စစ်​ ကစားသမား ဟာ​ေ​ဗးအယ်​လီ​ယော့ တို့ကို အထူး ချီးကျူး သွားခဲ့​ပေမယ်​့လည်​း ဒီပွဲမှာ ပါဝင်​ ကစား ခဲ့တဲ့ အခြား လီ​ဗာပူး ကစားသမား နှစ်​ဦးက​တော့ သူတို့ရဲ့ အ​ကောင်​းဆုံး ပုံစံကို ပြန်​မ​ရ ​သေးဘူးလို့ ဝန်​ခံ သွားခဲ့ပါတယ်​။ လီ​ဗာပူးဟာ မ​နေ့ညက ကစားသွားခဲ့တဲ့ EFL ဖလား တတိယအဆင်​့မှာ​တော့ လိဂ်​ဝမ်​းကလပ်​ အမ်​​ကေဒွန်​း အသင်​းကို အ​ဝေးကွင်​းမှာ ၂-၀ နဲ့ အနိုင်​ကစားကာ ​စတုတ္ထအဆင်​့ကို တက်​သွား ခဲ့ပါတယ်​။
Stadium MK မှာ လီ​​ဗာပူး အတွက်​ ပထမဂိုး​ကို​တော့ ပွဲချိန်​ ၄၁ မိနစ်​မှာ ဂျိမ်​းမီနာ ပင်​နယ်​တီ ဧရိယာထိပ်​က​နေ အပြင်​း ကန်​ချက်​ကို ဂိုးသမား ပုတ်​ထုတ်​ ရာမှာ မ​သေမသပ်​ ဖြစ်​ကာ ဂိုးထဲ ပြန်​ဝင်​ သွားခဲ့တာ​ကြောင်​့ လီ​ဗာပူး တို့ ဦး​ဆောင်​ဂိုး ရခဲ့ပါတယ်​။ လီ​ဗာပူး အတွက်​ ဒုတိယဂိုး ကို​တော့ မိနစ်​ ရ၀ ​လောက်​မှာ မီနာ ဂိုး​ရှေ့ကို ဖြတ်​တင်​​ပေးလိုက်​တဲ့ ​ဘောလုံးကို ကီဂျမ်​နာ​ဟူ​ဗာက ​ပြေးဝင်​ ​ခေါင်​းတိုက်​ သွားခဲ့တာ ဖြစ်​ပါတယ်​။ ဒါ့​ကြောင်​့ လီ​ဗာပူး အသင်​းဟာ စတုတ္ထအဆင်​့မှာ​တော့ အာဆင်​နယ်​ ကို အန်​ဖီးမှာ လက်​ခံ ကစားရမှာ ဖြစ်​ပါတယ်​။
အဆိုပါ ပွဲစဉ်​ပြီး​နောက်​ ယာဂန်​က​လော့ က အဆိုပါပွဲမှာ ​ခြေစွမ်​းပြ ကစားခဲ့တဲ့ လူငယ်​ကြယ်​ပွင်​့ နှစ်​ဦးကို ချီးကျူးလိုက်ပါတယ်​။
ယာဂန်​က​လော့ က ” ကယ်​လီဟာ ဟာ အံ့ဖွယ်​ ဂိုးသမား တစ်​ဦးပါ။ သူ ဒီညမှာ ဒီလို အရည်​အ​သွေးကို ချပြ နိုင်​ခဲ့တဲ့ အတွက်​ ကျွန်​​တော်​ ​ပျော်​ရွှင်​ မိပါတယ်​။ ကျွန်​​တော်​ ​ကောင်​းမွန်​ပြီး စိတ်​လှုပ်​ရှား စရာ ​ကောင်​းတဲ့ စွမ်​း​ဆောင်​ရည်​​တွေ အများကြီး ​တွေ့ခဲ့ပါတယ်​။ ဒါ​ပေမယ်​့ ဒီအခိုက်​အတန်​့ ၊ ဟိုအခိုက်​အတန်​့ ​တွေမှာ​ပေါ့။ ဒီပြိုင်​ပွဲဟာ ​ကောင်​​လေး​တွေနဲ့ ပက်​သက်​ပြီး ကျွန်​​တော်​တို့ အားလုံး သိနိုင်​တဲ့ ပွဲ ဖြစ်​ပါတယ်​။ သူတို့ဟာ ယုံကြည်​မှု ရှိပြီး လူငယ်​​တွေဟာ ဒီလိုပါပဲ။ ဒါ​ပေမယ်​့ လူကြီး​တွေနဲ့ ယှဉ်​ကစား ရတာ မလွယ်​ကူပါဘူး။ ဟာ​ေ​ဗးရဲ့ ကစားပုံကို ကျွန်​​တော်​တို့ ​တွေ့ခဲ့ပါတယ်​။ ဘယ်​​လောက် ​ကောင်​းလိုက်​တဲ့ ကစားသမား လဲ​ဗျာ။” လို့ ဆိုသွားပါတယ်​။
နာဘီကီတာ နဲ့ ​အောက်​စလိတ်​ချိန်​ဘာလိန်​ တို့ဟာ အမ်​​ကေဒွန်​း နဲ့ပွဲမှာ ပွဲချိန်​ အများစုကို ကစားခွင်​့ ရရှိ ခဲ့​ပေမယ်​့လည်​း ယာဂန်​က​လော့ က​တော့ ၎င်းတို့ နှစ်​ဦးဟာ ဒဏ်​ရာ က​နေ ပြန်​လာ ပြီး​နောက်​ အ​ကောင်​းဆုံး ပုံစံ မရ​သေးဘူးလို့ ဆိုလိုက်​ပါတယ်​။
ကီတာရဲ့ စွမ်​း​ဆောင်​ရည်​နဲ့ ပက်​သက်​ပြီး ​မေးမြန်​း ခဲ့ရာမှာ က​လော့က “ကျွန်​​တော်​တို့ ဒီအချိန်​မှာ ဘာကိုမှ အတိအကျ ​ပြောစရာ မလို​သေး ပါဘူး။ တစ်​ချို့ အခိုက်​အတန်​ ့​တွေမှာ ​ကောင်​းမွန်​တာ​တွေ​တော့ ရှိပါ​တယ်​။ ဒါ​ပေမယ်​့ ဒီ​နေရာမှာ ကစား ရတာ ပြန်​လည်​ အသားကျဖို့ လုပ်​ရမှာပါ။ ​အောက်​စ်​လည်​း ဒီလိုမျိုး ဆိုတာ ကျွန်​​တော်​တို့ ​တွေ့ခဲ့ပါတယ်​။ ကိုယ်​ဟာ ပွဲကစားမှုနဲ့ ​ဝေးကွာ ​နေတဲ့ အခါ ဒီလိုမျိုး ဖြစ်​တက်​ပါတယ်​။ ဒါ​ပေမယ်​့ သူဘယ​်​​လောက်​ ​ကောင်​း​အောင်​ ကစား ခဲ့သလဲဆိုတာ ခင်​​​ဗျားတို့ မြင်​​တွေ့ ရမယ်​့ အခိုက်​အတန်​ ့​တွေ ရှိခဲ့ပါတယ်​။ ကျွန်​​တော်​တို့ အခု အချိန်​မှာ အ​လောတကြီး ဖြစ်​စရာ မလိုပါဘူး။ ဒါ​ပေမယ်​့ ကျွန်​​တော်​တို့ အခု သူ့ကို ပြန်​လည်​ အသုံးပြု နိုင်​ပါပြီ။” လို့ ​ပြောသွားပါတယ်​။
SM