မာတင္ငုယင္ဟာ ဗီယက္နမ္ ႏြယ္ဖြား ၾသစေတးလ် ဖိုက္တာ တစ္ေယာက္ ျဖစ္ျပီး ၊ မေန႔ညကေတာ့ ဖိလစ္ပိုင္ ႏိုင္ငံ မနီလာ ျမိဳ႕မွာ က်င္းပခဲ့တဲ့ One : Roots of Honor ျပိဳင္ပြဲမွာ ခ်န္ပီယံဆု အတြက္ စိန္ေခၚလာသူ မြန္ဂိုလီယား ႏိုင္ငံသား ဂ်ဒမ္ဘာ နဲ႔ ထိုးသတ္ခဲ့ ပါတယ္။

One : Roots of Honor ျပိဳင္ပြဲဟာ မာတင္ ငုယင္ တို႔ပြဲကို အဓိက တည္ျပီး က်င္းပခဲ့တာ ျဖစ္ကာ ၊ မာတင္ ကေတာ့ သူ႔ရဲ႕ One Featherweight World Champion ဆုၾကီးကို ကာကြယ္ ထုိးသတ္ရမွာ ျဖစ္ပါတယ္။

မာတင္ဟာ ဒီပြဲ အတြက္ ၾကိဳတင္ ျပင္ဆင္မႈေတြကို ျပဳလုပ္ ရာမွာ ျမန္မာ ျပည္ဖြား ဖိုက္တာေတြ ျဖစ္တဲ့ ေအာင္လအန္ဆန္း ၊ သီရယ္ထန္ တို႔ နဲ႔ အတူ ေလ့က်င့္ခဲ့တာပါ။ ေအာင္လအန္ဆန္း ကိုယ္တိုင္ ကလဲ သူ႔ရဲ႕ ေဘာ္ဒါ ငုယင္ရဲ႕ ပြဲစဥ္ကို လိုက္ပါ ၀န္းရံဖို႔ မနီလာ ကို လိုက္ပါ လာခဲ့တဲ့ အေၾကာင္း သူ႔ရဲ႕ ပရိသတ္ေတြကို ၾကိဳတင္ အသိေပး ထားခဲ့ ပါတယ္။

တကယ္တမ္း ထိုးသတ္ဖို႔ ပြဲထြက္လာခ်ိန္မွာေတာ့ ေအာင္လဟာ မာတင္ရဲ႕ ေနာက္ကေန လိုက္ပါလာခဲ့ကာ ၊ ပြဲ မစတင္မီ အခ်ိန္မွာ သူ႔ရဲ႕ အေတြ႔အၾကံဳ ေတြကို မွ်ေ၀ရင္း စိတ္ဓါတ္ပိုင္း ဆုိင္ရာ ျမွင့္တင္မႈေတြကို ျပဳလုပ္ ေပးခဲ့ ပါတယ္။

ဂ်ဒမ္ဘာဟာ ပြဲအစပိုင္းမွာ မာတင္ အတြက္ ျပိဳင္ဘက္ေကာင္း တစ္ဦးလို႔ ထင္မွတ္ေလာက္ေအာင္ ဟန္ေကာင္းခဲ့ေပမယ့္ ၊ ထိုးသတ္ခ်ိန္ ၾကာလာနဲ႔ အမွ် အားနည္းခ်က္ေတြ ဆက္တိုက္ ေပၚထြက္လာခဲ့တာပါ။ မာတင္ငုယင္ ကေတာ့ အဲဒီ အခြင့္အေရး ေတြကို အမိအရ ဆုပ္ကိုင္ျပီး ၊ ဒုတိယ အခ်ီ စတင္လို႔ တစ္မီးနစ္ အၾကာမွာပဲ အလဲထိုး နဲ႔ အႏိုင္ ယူသြားခဲ့ ပါတယ္။

ျပိဳင္ဘက္ကို အႏိုင္ယူလိုက္ ခ်ိန္မွာေတာ့ ေအာင္လဟာ ၾကိဳး၀ိုင္းအတြင္း ေျပး၀င္းလာခဲ့ျပီး ၊ မာတင္ကို ေပြ႔ဖက္ကာ ေအာင္ပြဲ ခံခဲ့ပါတယ္။ တစ္ဆက္တည္းမွာပဲ မာတင္ကလဲ ေအာင္လရဲ႕ ကူညီ ေလ့က်င့္ေပးမႈ ေတြအတြက္ ေက်းဇူး အရမ္းတင္ေၾကာင္းကို ဦးညြတ္ကာ ျပသသြားခဲ့တာပါ။

ဒါ့အျပင္ သူ႔ရဲ႕ ခ်န္ပီယံ သရဖူ ဆုကို ခ်ီးျမင့္ ခ်ိန္မွာေတာ့ One Championship ရဲ႕ ဥကၠဌ ခ်ာထရီ ကိုယ္တုိင္ ကြင္းထဲကို ၀င္ေရာက္ကာ အပ္ႏွင္းခဲ့ျပီး ၊ မာတင္ရဲ႕ ရင္တြင္း စကားေတြကို ေျပာၾကားေစခဲ့ ပါတယ္။

အဲဒီလုိ ေျပာဆိုရာမွာ မာတင္ငုယင္က ” Featherweight တန္းဟာ သူ႔ရဲ႕ ပိုင္နက္ျဖစ္တယ္လို႔ ေၾကြးေၾကာ္ျပီး စတင္ ေအာင္ပြဲခံခဲ့ ပါတယ္။ တစ္ခ်ိန္တည္းမွာပဲ အခုလုိ ခ်န္ပီယံဆုကို ကာကြယ္ႏိုင္ေအာင္ အမ်ားၾကီး ကူညီ ေလ့က်င့္ေပးခဲ့တဲ့ ေအာင္လန္အန္ဆန္းကိုလဲ ေက်းဇူး အထူးတင္ရွိေၾကာင္းကို ပထမဆံုး စကားအျဖစ္ စတင္ ေျပာၾကား သြားခဲ့တာပါ။

မာတင္ရဲ႕ ေျပာၾကားခ်က္ဟာ အမွတ္တမဲ့ ၾကည့္ရင္ေတာ့ သူ႔ေက်းဇူးရွိတယ္လို႔ ထင္ရေပမယ့္ ၊ ေအာင္လ အတြက္ေတာ့ သူ႔ရဲ႕ ပံုရိပ္ကို အမ်ားၾကီး ျမင့္တက္ သြားေစခဲ့ ပါတယ္။ အထူးသျဖင့္ ဖီလစ္ပိုင္ ဟဲဗီး၀ိတ္ ခ်န္ပီယံ ဗီရာ နဲ႔ မထိုးသတ္ခင္ သူ႔ ႏိုင္ငံ ၊ သူ႔ ပရိသတ္ေတြ ေရွ႕ေမွာက္မွာ ကမၻာ့ခ်န္ပီယံ တစ္ေယာက္က အျခား ကမၻာ့ခ်န္ပီယံ တစ္ေယာက္ကို ဂုဏ္ျပဳ စကားဆိုေပးခဲ့တာ အမ်ားၾကီးကို အဓိပၸါယ္ ရွိသြားခဲ့တာပါ။

ဖီလစ္ပိုင္ ပရိသတ္ေတြ အတြက္ေတာ့ ဗီရာ နဲ႔ ထုိးသတ္မယ့္ ျပိဳင္ဘက္ကို အျပင္မွာ ကိုယ္ေတြ႔ ျမင္ဖူးသြားၾက သလုိ ၊ ေအာင္လန္ ရဲ႕ အရည္အေသြး ကိုလဲ မွန္းဆ တြက္ၾကည့္ေနေလာက္ ၾကပါျပီ။

ေအာင္လ ကေတာ့ တပည့္ေတြ ေမြးထုတ္ေပးရံုတင္ မဟုတ္ပဲ ၊ မိတ္ေဆြး အေပါင္းအသင္းေတြကိုပါ ကမၻာ့ခ်န္ပီယံ ေတြျဖစ္ဖို႔ အကူအညီ အေထာက္အပံ့ေတြ ေပးေနျပီဗ်ာ…. ေနာက္ဆိုရင္ ဖိလစ္ပိုင္က Team Kalay လိုမ်ိဳး ၊ ေအာင္လ အန္ဆန္း လဲ ကမၻာ့ခ်န္ပီယံေတြ အမ်ားၾကီး ေမြးထုတ္ေပး ႏိုင္ပါေစလို႔ ဆႏၵျပဳလွ်က္………..

အောင်လအန်ဆန်း ရဲ့ ကူညီပံ့ပိုးမှု နဲ့အတူ ကမ္ဘာ့ချန်ပီယံဆုကို ကာကွယ်သွားခဲ့တဲ့ #မာတင်ငုယင်
*****************************************************

မာတင်ငုယင်ဟာ ဗီယက်နမ် နွယ်ဖွား သြစတေးလျ ဖိုက်တာ တစ်ယောက် ဖြစ်ပြီး ၊ မနေ့ညကတော့ ဖိလစ်ပိုင် နိုင်ငံ မနီလာ မြို့မှာ ကျင်းပခဲ့တဲ့ One : Roots of Honor ပြိုင်ပွဲမှာ ချန်ပီယံဆု အတွက် စိန်ခေါ်လာသူ မွန်ဂိုလီယား နိုင်ငံသား ဂျဒမ်ဘာ နဲ့ ထိုးသတ်ခဲ့ ပါတယ်။

One : Roots of Honor ပြိုင်ပွဲဟာ မာတင် ငုယင် တို့ပွဲကို အဓိက တည်ပြီး ကျင်းပခဲ့တာ ဖြစ်ကာ ၊ မာတင် ကတော့ သူ့ရဲ့ One Featherweight World Champion ဆုကြီးကို ကာကွယ် ထိုးသတ်ရမှာ ဖြစ်ပါတယ်။

မာတင်ဟာ ဒီပွဲ အတွက် ကြိုတင် ပြင်ဆင်မှုတွေကို ပြုလုပ် ရာမှာ မြန်မာ ပြည်ဖွား ဖိုက်တာတွေ ဖြစ်တဲ့ အောင်လအန်ဆန်း ၊ သီရယ်ထန် တို့ နဲ့ အတူ လေ့ကျင့်ခဲ့တာပါ။ အောင်လအန်ဆန်း ကိုယ်တိုင် ကလဲ သူ့ရဲ့ ဘော်ဒါ ငုယင်ရဲ့ ပွဲစဉ်ကို လိုက်ပါ ၀န်းရံဖို့ မနီလာ ကို လိုက်ပါ လာခဲ့တဲ့ အကြောင်း သူ့ရဲ့ ပရိသတ်တွေကို ကြိုတင် အသိပေး ထားခဲ့ ပါတယ်။

တကယ်တမ်း ထိုးသတ်ဖို့ ပွဲထွက်လာချိန်မှာတော့ အောင်လဟာ မာတင်ရဲ့ နောက်ကနေ လိုက်ပါလာခဲ့ကာ ၊ ပွဲ မစတင်မီ အချိန်မှာ သူ့ရဲ့ အတွေ့အကြုံ တွေကို မျှဝေရင်း စိတ်ဓါတ်ပိုင်း ဆိုင်ရာ မြှင့်တင်မှုတွေကို ပြုလုပ် ပေးခဲ့ ပါတယ်။

ဂျဒမ်ဘာဟာ ပွဲအစပိုင်းမှာ မာတင် အတွက် ပြိုင်ဘက်ကောင်း တစ်ဦးလို့ ထင်မှတ်လောက်အောင် ဟန်ကောင်းခဲ့ပေမယ့် ၊ ထိုးသတ်ချိန် ကြာလာနဲ့ အမျှ အားနည်းချက်တွေ ဆက်တိုက် ပေါ်ထွက်လာခဲ့တာပါ။ မာတင်ငုယင် ကတော့ အဲဒီ အခွင့်အရေး တွေကို အမိအရ ဆုပ်ကိုင်ပြီး ၊ ဒုတိယ အချီ စတင်လို့ တစ်မီးနစ် အကြာမှာပဲ အလဲထိုး နဲ့ အနိုင် ယူသွားခဲ့ ပါတယ်။

ပြိုင်ဘက်ကို အနိုင်ယူလိုက် ချိန်မှာတော့ အောင်လဟာ ကြိုးဝိုင်းအတွင်း ပြေးဝင်းလာခဲ့ပြီး ၊ မာတင်ကို ပွေ့ဖက်ကာ အောင်ပွဲ ခံခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ မာတင်ကလဲ အောင်လရဲ့ ကူညီ လေ့ကျင့်ပေးမှု တွေအတွက် ကျေးဇူး အရမ်းတင်ကြောင်းကို ဦးညွတ်ကာ ပြသသွားခဲ့တာပါ။

ဒါ့အပြင် သူ့ရဲ့ ချန်ပီယံ သရဖူ ဆုကို ချီးမြင့် ချိန်မှာတော့ One Championship ရဲ့ ဥက္ကဌ ချာထရီ ကိုယ်တိုင် ကွင်းထဲကို ၀င်ရောက်ကာ အပ်နှင်းခဲ့ပြီး ၊ မာတင်ရဲ့ ရင်တွင်း စကားတွေကို ပြောကြားစေခဲ့ ပါတယ်။

အဲဒီလို ပြောဆိုရာမှာ မာတင်ငုယင်က ” Featherweight တန်းဟာ သူ့ရဲ့ ပိုင်နက်ဖြစ်တယ်လို့ ကြွေးကြော်ပြီး စတင် အောင်ပွဲခံခဲ့ ပါတယ်။ တစ်ချိန်တည်းမှာပဲ အခုလို ချန်ပီယံဆုကို ကာကွယ်နိုင်အောင် အများကြီး ကူညီ လေ့ကျင့်ပေးခဲ့တဲ့ အောင်လန်အန်ဆန်းကိုလဲ ကျေးဇူး အထူးတင်ရှိကြောင်းကို ပထမဆုံး စကားအဖြစ် စတင် ပြောကြား သွားခဲ့တာပါ။

မာတင်ရဲ့ ပြောကြားချက်ဟာ အမှတ်တမဲ့ ကြည့်ရင်တော့ သူ့ကျေးဇူးရှိတယ်လို့ ထင်ရပေမယ့် ၊ အောင်လ အတွက်တော့ သူ့ရဲ့ ပုံရိပ်ကို အများကြီး မြင့်တက် သွားစေခဲ့ ပါတယ်။ အထူးသဖြင့် ဖီလစ်ပိုင် ဟဲဗီးဝိတ် ချန်ပီယံ ဗီရာ နဲ့ မထိုးသတ်ခင် သူ့ နိုင်ငံ ၊ သူ့ ပရိသတ်တွေ ရှေ့မှောက်မှာ ကမ္ဘာ့ချန်ပီယံ တစ်ယောက်က အခြား ကမ္ဘာ့ချန်ပီယံ တစ်ယောက်ကို ဂုဏ်ပြု စကားဆိုပေးခဲ့တာ အများကြီးကို အဓိပ္ပါယ် ရှိသွားခဲ့တာပါ။

ဖီလစ်ပိုင် ပရိသတ်တွေ အတွက်တော့ ဗီရာ နဲ့ ထိုးသတ်မယ့် ပြိုင်ဘက်ကို အပြင်မှာ ကိုယ်တွေ့ မြင်ဖူးသွားကြ သလို ၊ အောင်လန် ရဲ့ အရည်အသွေး ကိုလဲ မှန်းဆ တွက်ကြည့်နေလောက် ကြပါပြီ။

အောင်လ ကတော့ တပည့်တွေ မွေးထုတ်ပေးရုံတင် မဟုတ်ပဲ ၊ မိတ်ဆွေး အပေါင်းအသင်းတွေကိုပါ ကမ္ဘာ့ချန်ပီယံ တွေဖြစ်ဖို့ အကူအညီ အထောက်အပံ့တွေ ပေးနေပြီဗျာ…. နောက်ဆိုရင် ဖိလစ်ပိုင်က Team Kalay လိုမျိုး ၊ အောင်လ အန်ဆန်း လဲ ကမ္ဘာ့ချန်ပီယံတွေ အများကြီး မွေးထုတ်ပေး နိုင်ပါစေလို့ ဆန္ဒပြုလျှက်………..