ကရာေဘာင္ ( EFL )ဖလားတတိယအဆင့္ ဒုတိယေန႔ ပြဲေတြကို ယမန္ေန႔ ည ညဥ္႔နက္ပိုင္းကဆက္ ကစားသြားခဲ႔ျပီး ယူႏိုက္တက္ အသင္းက ေရာ့ခ်္ေဒးလ္ အသင္းကို ပင္နယ္တီမွာအႏိုင္ရပါတယ္။ယူႏိုက္တက္ နည္းျပျကီး ဆိုးလ္ရွားဟာ ဒဏ္ရာျပသနာေတြရွိေနလို႔လူငယ္အမ်ားစုကို ပဲ အခုပြဲမွာ အသံုးျပဳသြားခဲ့တာျဖစ္ပါတယ္။

ကြင္းလယ္လူေပါ့ဘာ ျပန္ လည္ပါဝင္ လာခဲ႕တဲ႔ ပြဲျဖစ္ေပမယ့္ အသင္းေခါင္းေဆာင္အျဖစ္ တူရန္ဇီဘီက အံ့အားသင့္ဖြယ္တာဝန္ယူသြားခ႔ဲပါတယ္။ယူႏိုက္တက္ အသင္းအတြက္ဦးေဆာင္ဂိုးကိုေတာ့ လင္ဂတ္ရဲ႕ ဖန္တီးေပးမွဳကေန ဂရင္းဝုဒ္က သြင္းယူေပးခဲ႔တာျဖစ္ပါတယ္။

ဒါေပမယ့္ ေရာ့ခ်္ေဒးလ္ အတြက္ မက္သီဆန္ က ေခ်ပေပးသြားခဲ႔ လို႔ တဂိုးစီသေရ နဲ႕ ပြဲျပီးခဲ႔ျပီး ပင္နယ္တီအဆံုးအျဖတ္ ခံယူခဲ႔ရပါတယ္။ပင္နယ္တီမွာေတာ့ ယူႏိုက္တက္ အသင္းက ၅-၃ဂိုးနဲ႔ အႏိုင္ရခဲ႔လို႕ စတုတၳအဆင့္ကို တက္လွမ္းသြားႏိုင္ခဲ႔တာျဖစ္ပါတယ္။

ဒဏ္ရာျပသနာရွိေနတဲ႔ ရတ္ဖို႔ဒ္ မပါဝင္ႏိုင္လို႕အခုပြဲမွာပြဲ ထြက္လာခဲ႔တဲ႔ ဂရင္းဝုဒ္ ဟာ အသက္ ၁၇ႏွစ္အရြယ္သာရွိေသးျပီး ရာသီျကို ပြဲေတြမွာကတည္းက ပရိသတ္ေတြရဲ႕ သတိျပဳမိျခင္းကို ခံထားခဲ႕ရတာျဖစ္ပါတယ္။သူဟာအခုပြဲမွာဂိုးသြင္းႏိုင္ခဲ႔တာေျကာင့္ ယူႏိုက္တက္အတြက္ တရားဝင္ျပိဳင္ပြဲေတြမွာ သြင္းဂိုး၂ဂိုးအထိသြင္းေပးႏိုင္ခဲ႔ျပီလည္းျဖစ္ပါတယ္။

ယူႏိုက္တက္ အသင္းဟာ ဒီရာသီမွာတိုက္စစ္ ပိုင္းစြမ္းေဆာင္ရည္အေတာ္ေလး က်ဆင္းေနတဲ႔ အသင္းျဖစ္ျပီး ျပီးခဲ႔တဲ႔အပတ္ ျကားရက္အတြင္းကစားခဲ႔တဲ႔ အက္စ္တာနာ နဲ႔ ယူရိုပါလိဂ္ပြဲမွာ ဂရင္းဝုဒ္ရဲ႕ တလံုးတည္းေသာဂိုးနဲ႔ အႏိုင္ရခဲ႔သလို ဝက္စ္ဟမ္းကိုအေရးနိမ့္ခဲ႔တဲ႔ ပရီးမီးယားလိဂ္ပြဲမွာလည္း ဂိုးမရထားခဲ႔တာျဖစ္ပါတယ္။

ရတ္ဖို႔ဒ္၊ မာရွယ္တို႔ ဒဏ္ရာေတြေျကာင့္ မကစားႏိုင္ခ်ိန္မွာလာမယ့္ပရီးမီးယားလိဂ္ ပြဲစဥ္ျဖစ္တဲ႕ အာဆင္နယ္ အသင္းနဲ႔ ပြဲမွာလည္း ဒီအဂၤလန္ ျကယ္ပြင့္ ေလးက ပဲ ဆက္ျပီး ပြဲထြက္ လာဖြယ္ရွိေနတာျဖစ္ပါတယ္။ဒါေပမယ့္ ဆိုးလ္ရွားကေတာ့ ဂရင္းဝုဒ္ အလ်င္အျမန္တိုးတက္လာဖို႔ ဖိအားေတြ ဝိုင္းမေပးျကဖို႔ကို အလိုရွိေနပါတယ္။

ပြဲအျပီး အင္တာဗ်ဴး တခုမွာ ဆိုးလ္ရွားက – ” ျပိဳင္ဘက္ရဲ႕ ဂိုးဧရိယာ အတြင္းမွာ က်ြန္ေတာ္တို႔ က အရည္အေသြးေကာင္းေတြ အျမဲတမ္း အလိုရွိခဲ႔ျကတာျဖစ္ပါတယ္။ ဒီလို အရာမ်ိဳး က်ြန္ေတာ္တို႔အသင္းမွာ ကင္းမဲ႔ ေနတာ အခ်ိန္ ျကာေနျပီျဖစ္ပါတယ္။

သူတို႔ အသင္းက ေကာင္းမြန္တဲ႔ ခံစစ္ကစားပံုနဲ႕ ကစားသြားခဲ႔တယ္ဆိုေပမယ့္ လည္း က်ြန္ေတာ္တို႔က အခုထက္ နည္းနည္းေလာက္ ပိုတဲ႕ ဂိုးအေရအတြက္ မ်ိဳးသြင္းႏိုင္ခဲ႔သင့္တာျဖစ္ပါတယ္။က်ြန္ေတာ္တို႔ အေနနဲ အခြင့္အေရးေတြကို အသံုး ခ်ႏိုင္ခဲ႔သင့္တာျဖစ္ပါတယ္။

ဒါေပမယ့္ လည္း က်ြန္ေတာ္တို႔မွာ ဂရင္းဝုဒ္လို ကစားသမားရွိပါတယ္။သူ႔ရဲ႕ဂိုးဟာအေတာ္ေလးေကာင္းတဲ႕ အဆံုးသတ္မ်ိဳးျဖစ္ပါတယ္။သူဟာဘယ္ညာ ႏွစ္ဘက္လံုး သန္သူျဖစ္ျပီး ပြဲခ်ိန္အတြင္းသြင္းဂိုးကို ဘယ္ေျခနဲ႔ သြင္းျပီး ပင္နယ္တီကိုေတာ့ ညာေျခနဲ႕ သြင္းခဲ႔တာျဖစ္ပါတယ္။

ဒါေျကာင့္လည္းသူဟာ ယံုျကည္မွဳရွိတဲ႔ အဆံုးသတ္ သမားတေယာက္ျဖစ္ပါတယ္။သူ႔ရဲ႕ အသက္ ဟာ လာမယ့္အပတ္မွ ၁၈ ႏွစ္ျပည့္မယ္ဆုိတာကို ခင္ဗ်ားတို႔ သတိရဖို႕လိုပါတယ္။သူဟာအရမ္းေကာင္းတဲ႔ ကစားသမားတဦးျဖစ္လာပါလိမ့္မယ္ ” လို႔ေျပာသြားခဲ႔တာျဖစ္ပါတယ္။

ယူႏိုက္တက္ အသင္းဟာ လာမယ့္ အဆင့္မွာေတာ့ နည္းျပ လမ္းပတ္ရဲ႕ ခ်ဲဆီးလ္ အသင္းကို အေဝးကြင္းမွာသြားေရာက္ရင္ဆိုင္ရမွာျဖစ္ပါတယ္။ ေရာ့ခ်္ေဒးလ္ အသင္းကို ေက်ာ္ျဖတ္ႏိုင္ခဲ႔တာနဲ႔ ပတ္သက္ျပီး ဆိုးလ္ရွားက

” က်ြန္ေတာ္တို႔ ေနာက္တဆင့္ကိုတက္လွမ္းႏိုင္ခဲ႔ျပီ ျဖစ္ပါတယ္။ဒီအတြက္ လည္း ေပ်ာ္ရႊင္ေက်နပ္ေနပါတယ္။ဒါဟာက်ြန္ေတာ္တို႕အတြကိ ပထမဆံုးအေပါင္းလကၡဏာဆန္တဲ႕ ကိစၥျဖစ္ျပီး
ေနာက္တခုကေတာ့ပရိသတ္ေတြျဖစ္ပါတယ္။ေနာက္ထပ္ကေတာ့ပင္နယ္တီအဆံုးအျဖတ္ျဖစ္ပါတယ္။ကစားသမားေတြ ဟာပင္နယ္တီကန္ရတာကို ေပ်ာ္ရႊင္ႏွစ္သက္ျကပါတယ္ ” လို႔အဆံုးသတ္ေျပာသြားခဲ႔ပါတယ္။

SPORTS MYANMAR

Unicode

ကြယ်ပွင့်တိုက်စစ်မှူးလေး ဂရင်းဝုဒ်နဲ့ပတ်သက်ပြီး သိပ်ပြီးအလောတကြီးမဆန်ဖို့ ယူနိုက်တက်ဖန်တွေကို တောင်းဆိုလိုက်တဲ့ #ဆိုးလ်ရှား
=================================

ကရာဘောင် ( EFL )ဖလားတတိယအဆင့် ဒုတိယနေ့ ပွဲတွေကို ယမန်နေ့ ည ညဉ့်နက်ပိုင်းကဆက် ကစားသွားခဲ့ပြီး ယူနိုက်တက် အသင်းက ရော့ချ်ဒေးလ် အသင်းကို ပင်နယ်တီမှာအနိုင်ရပါတယ်။ယူနိုက်တက် နည်းပြကြီး ဆိုးလ်ရှားဟာ ဒဏ်ရာပြသနာတွေရှိနေလို့လူငယ်အများစုကို ပဲ အခုပွဲမှာ အသုံးပြုသွားခဲ့တာဖြစ်ပါတယ်။

ကွင်းလယ်လူပေါ့ဘာ ပြန် လည်ပါဝင် လာခဲ့တဲ့ ပွဲဖြစ်ပေမယ့် အသင်းခေါင်းဆောင်အဖြစ် တူရန်ဇီဘီက အံ့အားသင့်ဖွယ်တာဝန်ယူသွားခဲ့ပါတယ်။ယူနိုက်တက် အသင်းအတွက်ဦးဆောင်ဂိုးကိုတော့ လင်ဂတ်ရဲ့ ဖန်တီးပေးမှုကနေ ဂရင်းဝုဒ်က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ရော့ချ်ဒေးလ် အတွက် မက်သီဆန် က ချေပပေးသွားခဲ့ လို့ တဂိုးစီသရေ နဲ့ ပွဲပြီးခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ် ခံယူခဲ့ရပါတယ်။ပင်နယ်တီမှာတော့ ယူနိုက်တက် အသင်းက ၅-၃ဂိုးနဲ့ အနိုင်ရခဲ့လို့ စတုတ္ထအဆင့်ကို တက်လှမ်းသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ဒဏ်ရာပြသနာရှိနေတဲ့ ရတ်ဖို့ဒ် မပါဝင်နိုင်လို့အခုပွဲမှာပွဲ ထွက်လာခဲ့တဲ့ ဂရင်းဝုဒ် ဟာ အသက် ၁၇နှစ်အရွယ်သာရှိသေးပြီး ရာသီကြို ပွဲတွေမှာကတည်းက ပရိသတ်တွေရဲ့ သတိပြုမိခြင်းကို ခံထားခဲ့ရတာဖြစ်ပါတယ်။သူဟာအခုပွဲမှာဂိုးသွင်းနိုင်ခဲ့တာကြောင့် ယူနိုက်တက်အတွက် တရားဝင်ပြိုင်ပွဲတွေမှာ သွင်းဂိုး၂ဂိုးအထိသွင်းပေးနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။

ယူနိုက်တက် အသင်းဟာ ဒီရာသီမှာတိုက်စစ် ပိုင်းစွမ်းဆောင်ရည်အတော်လေး ကျဆင်းနေတဲ့ အသင်းဖြစ်ပြီး ပြီးခဲ့တဲ့အပတ် ကြားရက်အတွင်းကစားခဲ့တဲ့ အက်စ်တာနာ နဲ့ ယူရိုပါလိဂ်ပွဲမှာ ဂရင်းဝုဒ်ရဲ့ တလုံးတည်းသောဂိုးနဲ့ အနိုင်ရခဲ့သလို ဝက်စ်ဟမ်းကိုအရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာလည်း ဂိုးမရထားခဲ့တာဖြစ်ပါတယ်။

ရတ်ဖို့ဒ်၊ မာရှယ်တို့ ဒဏ်ရာတွေကြောင့် မကစားနိုင်ချိန်မှာလာမယ့်ပရီးမီးယားလိဂ် ပွဲစဉ်ဖြစ်တဲ့ အာဆင်နယ် အသင်းနဲ့ ပွဲမှာလည်း ဒီအင်္ဂလန် ကြယ်ပွင့် လေးက ပဲ ဆက်ပြီး ပွဲထွက် လာဖွယ်ရှိနေတာဖြစ်ပါတယ်။ဒါပေမယ့် ဆိုးလ်ရှားကတော့ ဂရင်းဝုဒ် အလျင်အမြန်တိုးတက်လာဖို့ ဖိအားတွေ ဝိုင်းမပေးကြဖို့ကို အလိုရှိနေပါတယ်။

ပွဲအပြီး အင်တာဗျူး တခုမှာ ဆိုးလ်ရှားက – ” ပြိုင်ဘက်ရဲ့ ဂိုးဧရိယာ အတွင်းမှာ ကျွန်တော်တို့ က အရည်အသွေးကောင်းတွေ အမြဲတမ်း အလိုရှိခဲ့ကြတာဖြစ်ပါတယ်။ ဒီလို အရာမျိုး ကျွန်တော်တို့အသင်းမှာ ကင်းမဲ့ နေတာ အချိန် ကြာနေပြီဖြစ်ပါတယ်။

သူတို့ အသင်းက ကောင်းမွန်တဲ့ ခံစစ်ကစားပုံနဲ့ ကစားသွားခဲ့တယ်ဆိုပေမယ့် လည်း ကျွန်တော်တို့က အခုထက် နည်းနည်းလောက် ပိုတဲ့ ဂိုးအရေအတွက် မျိုးသွင်းနိုင်ခဲ့သင့်တာဖြစ်ပါတယ်။ကျွန်တော်တို့ အနေနဲ အခွင့်အရေးတွေကို အသုံး ချနိုင်ခဲ့သင့်တာဖြစ်ပါတယ်။

ဒါပေမယ့် လည်း ကျွန်တော်တို့မှာ ဂရင်းဝုဒ်လို ကစားသမားရှိပါတယ်။သူ့ရဲ့ဂိုးဟာအတော်လေးကောင်းတဲ့ အဆုံးသတ်မျိုးဖြစ်ပါတယ်။သူဟာဘယ်ညာ နှစ်ဘက်လုံး သန်သူဖြစ်ပြီး ပွဲချိန်အတွင်းသွင်းဂိုးကို ဘယ်ခြေနဲ့ သွင်းပြီး ပင်နယ်တီကိုတော့ ညာခြေနဲ့ သွင်းခဲ့တာဖြစ်ပါတယ်။

ဒါကြောင့်လည်းသူဟာ ယုံကြည်မှုရှိတဲ့ အဆုံးသတ် သမားတယောက်ဖြစ်ပါတယ်။သူ့ရဲ့ အသက် ဟာ လာမယ့်အပတ်မှ ၁၈ နှစ်ပြည့်မယ်ဆိုတာကို ခင်ဗျားတို့ သတိရဖို့လိုပါတယ်။သူဟာအရမ်းကောင်းတဲ့ ကစားသမားတဦးဖြစ်လာပါလိမ့်မယ် ” လို့ပြောသွားခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက် အသင်းဟာ လာမယ့် အဆင့်မှာတော့ နည်းပြ လမ်းပတ်ရဲ့ ချဲဆီးလ် အသင်းကို အဝေးကွင်းမှာသွားရောက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ရော့ချ်ဒေးလ် အသင်းကို ကျော်ဖြတ်နိုင်ခဲ့တာနဲ့ ပတ်သက်ပြီး ဆိုးလ်ရှား က –

” ကျွန်တော်တို့ နောက်တဆင့်ကိုတက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ဒီအတွက် လည်း ပျော်ရွှင်ကျေနပ်နေပါတယ်။ဒါဟာကျွန်တော်တို့အတွကိ ပထမဆုံးအပေါင်းလက္ခဏာဆန်တဲ့ ကိစ္စဖြစ်ပြီး
နောက်တခုကတော့ပရိသတ်တွေဖြစ်ပါတယ်။နောက်ထပ်ကတော့ပင်နယ်တီအဆုံးအဖြတ်ဖြစ်ပါတယ်။ကစားသမားတွေ ဟာပင်နယ်တီကန်ရတာကို ပျော်ရွှင်နှစ်သက်ကြပါတယ် ” လို့အဆုံးသတ်ပြောသွားခဲ့ပါတယ်။

SPORTS MYANMAR