milner

ယေန႔ နံနက္ပိုင္းမွာ ကစားသြားခဲ႕တဲ႔ ကရာေဘာင္ ( EFL )ဖလားတတိယအဆင့္ ပဲြစဥ္မွာ လီဗာပူး အသင္းက MKဒြန္းစ္ အသင္းကို အေဝးကြင္းမွာ ၀ -၂ ဂိုးနဲ႔ အႏိုင္ရခဲ႕ပါတယ္။ဒီပြဲမွာ အထူးေျခစြမ္းျပသြားခ႔ဲတာကေတာ့ ကြင္းလယ္လူ ေမလ္နာ ျဖစ္ျပီး ကိုယ္တိုင္ဂိုးသြင္းႏိုင္ခဲ႔သလို ဟုိအဲဗားရဲ႕ ဂိုးကိုလည္းဖန္တီးေပးႏိုင္ခဲ႔ပါတယ္။

milner

လီဗာပူး နည္းျပျကီး ကေလာ့ပ္ဟာ အဆိုပါ ပြဲစဥ္မွာ လူငယ္ကစားသမားအမ်ားစုကို ပြဲထြက္ စာရင္းမွာထည့္သြင္းသြားခဲ႔ျပီးေမလ္နာ အပါအဝင္ စီနီယာ ကစားသမားေတြ နဲ႔ ထိန္းေက်ာင္းသြားေစခဲ႔တာ ျဖစ္ပါတယ္။ဒီအဂၤလန္ကြင္းလယ္ကစားသမားျကီးဟာ ဒီရာသီမွာ လီဗာပူးအတြက္ တတိယေျမာက္အျဖစ္ပြဲထြက္ခြင့္ရခဲ႔တာ လည္းျဖစ္ပါတယ္။

ေနာက္ပိုင္းႏွစ္ေတြ အတြင္းမွာ ျကယ္ပြင့္ ကစာသမားေတြ မ်ားျပား ေနတဲ႔ လီဗာပူးလို အသင္းမွာအသက္ ၃၃ႏွစ္ရွိေနျပီျဖစ္တဲ႕ ေမလ္နာတေယာက္ ပြဲထြက္ခြင့္အတြက္ ရုန္းကန္ေနခဲ႔ရတာျဖစ္ပါတယ္။ဒါေပမယ့္ လည္း သူ႔ရဲ႕ ေျခစြမ္းေကာင္းကို သိနားလည္တဲ႔ နည္းျပကေလာပ့္က ခ်ီးက်ဴးသြားခဲ႔တာျဖစ္ပါတယ္။

milner

ပြဲအျပီး အင္တာဗ်ဴး တခုမွာ ကေလာ့ပ္က – ” ေမလ္နာဟာ ေျခစြမ္းေကာင္းကို ပိုင္ဆိုင္ေနဆဲ ကစားသမားတဦးျဖစ္ျပီး ဒီေန႔ ပြဲမွာ ဒါကို ျပသလိုက္တာပဲ ျဖစ္ပါတယ္။သူဟာ အသင္းကို အမ်ားျကီး အကူအညီေပးျပီး လူငယ္ေတြအတြက္လည္း စံျပ ကစားသမား အစစ္အမွန္ျဖစ္ပါတယ္။ေမလ္နာ ဟာေန႔တိုင္းမွာ သာပြဲေတြကစားႏိုင္ေန ခဲ႔ရင္ ဒီေန႔လို ေန႔တိုင္းစြမ္းေဆာင္ႏိုင္မယ့္ သူျဖစ္ပါတယ္။တကယ့္ကို အံ့မခန္း ေျခစြမ္းနဲ႔ စြမ္းေဆာင္ရည္မ်ိဳး့ဖစ္ပါတယ္ ” လို႕ေျပာသြားခဲ႔တာ ျဖစ္ပါတယ္။

လီဗာပူး အသင္း ဟာ အခုပြဲမွာ ဂိုးသမား အပါအဝင္ ေနရာစံုမွာ လူငယ္အမ်ားစုကို ထည္သြင္းအသံုးျပဳသြားခဲ႔ျပီး ေပးဂိုးမရွိ ကစားသြားႏိုင္ခဲ႔ပါတယ္။ေမလ္နာကေတာ့ ပြဲထြက္တေနရာစာအတြက္ လူငယ္ေတြရဲ အျပိဳင္ျကိုးစားေနမွဳကိုျကည့္ျပီး ေက်နပ္ေနပံုပါပဲ။

Sky Sports နဲ႔ အင္တာဗ်ဴးမွာ ေမလ္နာက – ” ပြဲကစားခ်ိန္ သိပ္မ်ားမ်ားစားစား မရွိထားေသးသလို လူငယ္ေလးေတြ အမ်ားျကီးပါဝင္ေနတဲ႔ အစုအဖြဲ႕မ်ိဳးနဲ႕ ပြဲေတြကစားရတာအျမဲတမ္းခက္ခဲပါတယ္။ဒါေပမယ့္ လည္းက်ြန္ေတာ္တို႔ လိုခ်င္တဲ႔ ပံုစံမ်ိဳးနဲ႔ ကစားႏိုင္ခဲ႔တာကို ခင္ဗ်ားတို႔ ေတြ႕ရပါလိမ့္မယ္။ဒုတိယပိုင္းမွာေတာ့ က်ြန္ေတာ္တို႔ရဲ႕ ပံုစံနည္းနည္းပ်က္သြားခဲ႔ျပီး ေဘာလံုးဆံုးရွံးမွဳ ေတြ လည္း ရွိခဲ႔ပါတယ္။ဒါေပမယ့္ လည္း ေကာင္းမြန္ က်စ္လစ္ျပီး လွပတဲ႔ ပံုစံမ်ိဳးနဲ႔ ကစားသြားႏိုင္ခဲ႔တယ္လို႔ ထင္ပါတယ္ ။

က်ြန္ေတာ္တို႕ အသင္းရဲ႕ ေကာင္းမြန္တဲ႔လူစာရင္းကို ျကည့္ျပီး လူငယ္ေလးေတြ အဲ႔ဒီလို အဆင့္အတန္းကိုေရာက္ဖို႔ မလြယ္တာကို ျမင္ရပါလိမ့္မယ္။ဒါေပမယ့္လည္း သူတို႔ ပိုေကာင္းသထက္ ပိုေကာင္းခ်င္စိတ္ရွိတယ္ဆိုတာ ျပသသြားခဲ႔ျကပါတယ္။လူတိုင္းက တြန္းအားေပး ျကိုးစားကစားသြားခဲ႔ျကပါတယ္။ဒါဟာေျပာရမယ္ဆိုရင္ စီနီယာ ကစားသမားတိုင္း လိုအပ္တဲ႔’ ပြဲထြက္ခြင့္ တေနရာစာအတြက္ တိုက္ပြဲ’ ဆိုတဲ႕ အရာပဲ ျဖစ္ပါတယ္ ” လို႔ေျပာခဲ႕ပါတယ္။

နည္းျပျကီးကေလာ့ပ္ကေတာ့ ကရာေဘာင္ဖလားျပိဳင္ပြဲဟာ လူငယ္ေတြ တိုးတက္ေကာင္းမြန္လာေစဖို႔ အတြက္ ေနရာတခုျဖစ္တယ္လို႕ ခံစားေနရပံုပါပဲ။ဒီအေျကာင္းနဲ႔ ပတ္သက္ျပီးကေလာ့ပ္က –

ryan bryster

” ဒီလိုပြဲေတြ ရွိေနတာ ဟာတကယ္အေရးပါပါတယ္။ဒီျပိဳင္ပြဲမ်ိဳးမွာ လူငယ္ေတြကို က်ြန္ေတာ္တို႔ သတိၲရွိရွိအသံုးျပဳႏိုင္တာျဖစ္ပါတယ္။ဒီျပိဳင္ပြဲကိုဝင္ေနတာျဖစ္လို႕လည္း မေလးစားမွုဆိုတာမ်ိဳးမရွိပါဘူး။ဒီပြဲကို အႏိုင္မကစားခ်င္ရင္ ေလယာဥ္နဲ႔ေတာင္ လာေနမွာမဟုတ္ပါဘူး။ေနာက္တဆင့္ကိုတက္သြားခဲ႔လို႔ ေပ်ာ္ရႊင္ေက်နပ္မိပါတယ္။လူငယ္ေလးေတြအတြက္လည္း စီနီယာအဆင့္ ေဘာလံုး အေျကာင္းကို သိသြားလို႔ တကယ္အေရးပါပါတယ္။ခက္ခဲတဲ႕ စိန္ေခၚမွဳေတြရွိခဲ႔တာျဖစ္ျပီး သူတို႔ကလည္း ဒီလိုစိန္ေခၚမွဳေတြကို ဘယ္လိုေကာင္းေကာင္းလုပ္ႏိုင္တယ္ဆိုတာကိုျပသႏိုင္ခဲ႔ျကပါတယ္ ” လို႔ေျပာခဲ႔ပါတယ္။

SPORT MYANMAR

Unicode

အသက်ကြီးပေမယ့် မပျက်စီးသေးတဲ့ မေလ်နာကို ချီးကျူးလိုက်တဲ့ #ကလော့ပ်
==================================

ယနေ့ နံနက်ပိုင်းမှာ ကစားသွားခဲ့တဲ့ ကရာဘောင် ( EFL )ဖလားတတိယအဆင့် ပွဲစဉ်မှာ လီဗာပူး အသင်းက MKဒွန်းစ် အသင်းကို အဝေးကွင်းမှာ ၀ -၂ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ဒီပွဲမှာ အထူးခြေစွမ်းပြသွားခဲ့တာကတော့ ကွင်းလယ်လူ မေလ်နာ ဖြစ်ပြီး ကိုယ်တိုင်ဂိုးသွင်းနိုင်ခဲ့သလို ဟိုအဲဗားရဲ့ ဂိုးကိုလည်းဖန်တီးပေးနိုင်ခဲ့ပါတယ်။

လီဗာပူး နည်းပြကြီး ကလော့ပ်ဟာ အဆိုပါ ပွဲစဉ်မှာ လူငယ်ကစားသမားအများစုကို ပွဲထွက် စာရင်းမှာထည့်သွင်းသွားခဲ့ပြီးမေလ်နာ အပါအဝင် စီနီယာ ကစားသမားတွေ နဲ့ ထိန်းကျောင်းသွားစေခဲ့တာ ဖြစ်ပါတယ်။ဒီအင်္ဂလန်ကွင်းလယ်ကစားသမားကြီးဟာ ဒီရာသီမှာ လီဗာပူးအတွက် တတိယမြောက်အဖြစ်
ပွဲထွက်ခွင့်ရခဲ့တာ လည်းဖြစ်ပါတယ်။

နောက်ပိုင်းနှစ်တွေ အတွင်းမှာ ကြယ်ပွင့် ကစာသမားတွေ များပြား နေတဲ့ လီဗာပူးလို အသင်းမှာအသက် ၃၃နှစ်ရှိနေပြီဖြစ်တဲ့ မေလ်နာတယောက် ပွဲထွက်ခွင့်အတွက် ရုန်းကန်နေခဲ့ရတာဖြစ်ပါတယ်။ဒါပေမယ့် လည်း သူ့ရဲ့ ခြေစွမ်းကောင်းကို သိနားလည်တဲ့ နည်းပြကလောပ့်က ချီးကျူးသွားခဲ့တာဖြစ်ပါတယ်။

ပွဲအပြီး အင်တာဗျူး တခုမှာ ကလော့ပ်က – ” မေလ်နာဟာ ခြေစွမ်းကောင်းကို ပိုင်ဆိုင်နေဆဲ ကစားသမားတဦးဖြစ်ပြီး ဒီနေ့ ပွဲမှာ ဒါကို ပြသလိုက်တာပဲ ဖြစ်ပါတယ်။သူဟာ အသင်းကို အများကြီး အကူအညီပေးပြီး လူငယ်တွေအတွက်လည်း စံပြ ကစားသမား အစစ်အမှန်ဖြစ်ပါတယ်။မေလ်နာ ဟာနေ့တိုင်းမှာ သာပွဲတွေကစားနိုင်နေ ခဲ့ရင် ဒီနေ့လို နေ့တိုင်းစွမ်းဆောင်နိုင်မယ့် သူဖြစ်ပါတယ်။တကယ့်ကို အံ့မခန်း ခြေစွမ်းနဲ့ စွမ်းဆောင်ရည်မျိုး့ဖစ်ပါတယ် ” လို့ပြောသွားခဲ့တာ ဖြစ်ပါတယ်။

လီဗာပူး အသင်း ဟာ အခုပွဲမှာ ဂိုးသမား အပါအဝင် နေရာစုံမှာ လူငယ်အများစုကို ထည်သွင်းအသုံးပြုသွားခဲ့ပြီး ပေးဂိုးမရှိ ကစားသွားနိုင်ခဲ့ပါတယ်။မေလ်နာကတော့ ပွဲထွက်တနေရာစာအတွက် လူငယ်တွေရဲ အပြိုင်ကြိုးစားနေမှုကိုကြည့်ပြီး ကျေနပ်နေပုံပါပဲ။

Sky Sports နဲ့ အင်တာဗျူးမှာ မေလ်နာက – ” ပွဲကစားချိန် သိပ်များများစားစား မရှိထားသေးသလို လူငယ်လေးတွေ အများကြီးပါဝင်နေတဲ့ အစုအဖွဲ့မျိုးနဲ့ ပွဲတွေကစားရတာအမြဲတမ်းခက်ခဲပါတယ်။ဒါပေမယ့် လည်းကျွန်တော်တို့ လိုချင်တဲ့ ပုံစံမျိုးနဲ့ ကစားနိုင်ခဲ့တာကို ခင်ဗျားတို့ တွေ့ရပါလိမ့်မယ်။ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့ရဲ့ ပုံစံနည်းနည်းပျက်သွားခဲ့ပြီး ဘောလုံးဆုံးရှံးမှု တွေ လည်း ရှိခဲ့ပါတယ်။ဒါပေမယ့် လည်း ကောင်းမွန် ကျစ်လစ်ပြီး လှပတဲ့ ပုံစံမျိုးနဲ့ ကစားသွားနိုင်ခဲ့တယ်လို့ ထင်ပါတယ် ။

ကျွန်တော်တို့ အသင်းရဲ့ ကောင်းမွန်တဲ့လူစာရင်းကို ကြည့်ပြီး လူငယ်လေးတွေ အဲ့ဒီလို အဆင့်အတန်းကိုရောက်ဖို့ မလွယ်တာကို မြင်ရပါလိမ့်မယ်။ဒါပေမယ့်လည်း သူတို့ ပိုကောင်းသထက် ပိုကောင်းချင်စိတ်ရှိတယ်ဆိုတာ ပြသသွားခဲ့ကြပါတယ်။လူတိုင်းက တွန်းအားပေး ကြိုးစားကစားသွားခဲ့ကြပါတယ်။ဒါဟာပြောရမယ်ဆိုရင် စီနီယာ ကစားသမားတိုင်း လိုအပ်တဲ့’ ပွဲထွက်ခွင့် တနေရာစာအတွက် တိုက်ပွဲ’ ဆိုတဲ့ အရာပဲ ဖြစ်ပါတယ် ” လို့ပြောခဲ့ပါတယ်။

နည်းပြကြီးကလော့ပ်ကတော့ ကရာဘောင်ဖလားပြိုင်ပွဲဟာ လူငယ်တွေ တိုးတက်ကောင်းမွန်လာစေဖို့ အတွက် နေရာတခုဖြစ်တယ်လို့ ခံစားနေရပုံပါပဲ။
ဒီအကြောင်းနဲ့ ပတ်သက်ပြီးကလော့ပ်က –

” ဒီလိုပွဲတွေ ရှိနေတာ ဟာတကယ်အရေးပါပါတယ်။ဒီပြိုင်ပွဲမျိုးမှာ လူငယ်တွေကို ကျွန်တော်တို့ သတ္တိရှိရှိအသုံးပြုနိုင်တာဖြစ်ပါတယ်။ဒီပြိုင်ပွဲကိုဝင်နေတာဖြစ်လို့လည်း မလေးစားမှုဆိုတာမျိုးမရှိပါဘူး။ဒီပွဲကို အနိုင်မကစားချင်ရင် လေယာဉ်နဲ့တောင် လာနေမှာမဟုတ်ပါဘူး။နောက်တဆင့်ကိုတက်သွားခဲ့လို့ ပျော်ရွှင်ကျေနပ်မိပါတယ်။လူငယ်လေးတွေအတွက်လည်း စီနီယာအဆင့် ဘောလုံး အကြောင်းကို သိသွားလို့ တကယ်အရေးပါပါတယ်။ခက်ခဲတဲ့ စိန်ခေါ်မှုတွေရှိခဲ့တာဖြစ်ပြီး သူတို့ကလည်း ဒီလိုစိန်ခေါ်မှုတွေကို ဘယ်လိုကောင်းကောင်းလုပ်နိုင်တယ်ဆိုတာကိုပြသနိုင်ခဲ့ကြပါတယ် ” လို့ပြောခဲ့ပါတယ်။

SPORT MYANMAR