paul merson
roger
roger
SM
Unicode
ယူနိုက်​တက်​ရဲ့ ​နောက်​ထပ်​ မန်​​နေဂျာ ဘယ်​သူ ဖြစ်​သင်​့သလဲဆိုတာ ​ပြောလိုက်​​တဲ့ ​ပေါလ်​မာဆွန်​…ဒါ​ပေမယ်​့…
အာဆင်​နယ်​ ကစားသမား​ဟောင်​း ဖြစ်​သူ ​ပေါလ်​မာဆွန်​ က ဘရန်​ဒန်​​ရော်​ဂျာဟာ မန်​ချက်​စတာယူနိုက်​တက်​ အသင်​းကို အ​ကောင်​း​​ဆုံး တာဝန်​ယူ ကိုင်​တွယ်​ နိုင်​စွမ်​း ရှိတယ်​လို့ ဆိုလိုက်​​ပါတယ်​။ ဒါ​ပေမယ်​့လည်​း ၎င်းဟာ လီ​ဗာပူး နည်​းပြ အဖြစ်​ တာဝန်​ယူ ကိုင်​တွယ်​ ခဲ့ဖူးတဲ့သူ ဖြစ်​တာ​ကြောင်​့ ယူနိုက်​တက်​ နည်​းပြ ရာထူးကို ဘယ်​​တော့မှ ရမှာ မဟုတ်​ဘူးလို့ ​ပြောလိုက်​ပါတယ်​။
ယူနိုက်​တက်​ဟာ ပြီးခဲ့တဲ့ ​နွေရာသီ အ​ပြောင်​းအ​ရွေ့က ဟယ်​ရီမက်​ဂွိုင်​းယား ၊ အာရွန်​ဝမ်​ဘစ်​ဆာကာ နဲ့ ဒန်​နီရယ်​ဂျိမ်​းစ်​ တို့အတွက်​ ​ငွေ​ကြေး များစွာ အသုံးပြုပြီး ​ခေါ်ယူ ခဲ့​ပေမယ်​့လည်​း ဒီရာသီ ပရီးမီးယားလိဂ် ၆ ပွဲ အပြီးမှာ နိုင်​ပွဲ ၂ ပွဲသာ ရထားပြီး ပုံစံ​ကောင်​းမှာ ရှိမ​နေတာ​ကြောင်​့ ဖိအာ​း​​တွေ တိုးပွား လာခဲ့ပါတယ်​။ လက်​စတာ က​တော့ ရှက်​ဖီးယူနိုက်​တက်​ ၊ ဘုန်​း​မောက်​ နဲ့ ​တော့တင်​ဟမ်​ တို့ကို အနိုင်​ရထား ခဲ့တာ​ကြောင်​့ အမှတ်​​ပေးဇယားရဲ့ တတိယ​နေရာမှာ ရပ်​တည်​ ​နေပြီး လက်​ရှိ လက်​စတာရဲ့ ​ခြေစွမ်​း အရ ​ရော်​ဂျာရဲ့ အသင်​းဟာ ဒီရာသီ Top 6 အတွင်​းကို ဝင်​နိုင်​မယ်​လို့ မှတ်​ချက်​​ပေးခြင်​း ခံထား ရပါတယ်​။
​ရော်​ဂျာရဲ့ လက်​စတာ နည်​းပြဘဝဟာ အိုလီဂန်​နာဆိုရှား ယူနိုက်​တက်​ မန်​​နေဂျာ ဖြစ်​လာခဲ့တဲ့ အချိန်​နဲ့ သိပ်​ပြီး မကွာဟခဲ့ပါဘူး။ ​ရော်​ဂျာဟာ ကင်​းပါဝါကို ​ရောက်​လာ ခဲ့ပြီး​နောက်​ လက်​စတာ ပရိသတ်​​တွေ ​ကျေနပ်​​လောက်​တဲ့ စွမ်​း​ဆောင်​ရည်​ကို ပြသ ထားခဲ့​ပေမယ်​့လည်​း ဆိုးရှား က​တော့ ယူနိုက်​တက်​ ရဲ့ အမြဲတမ်​း နည်​းပြ ဖြစ်​လာပြီး ​နောက်​ပိုင်​း ရလဒ်​​တွေ မ​ကောင်​း ခဲ့ပါဘူး။
​ပေါလ်​မာဆွန်​ က​တော့ ​ရော်​ဂျာဟာ ယူနိုက်​တက်​ နဲ့ အံကိုက်​မယ်​့ နည်​းပြ ဖြစ်​တယ်​လို့ ဆိုလိုက်​​ပေမယ်​့ စ​ကော့တလန်​ မန်​​နေဂျာဟာ ခါးသီးပြိုင်​ဘက်​ လီ​ဗာပူး အသင်​းမှာ ၃နှစ်​ကြာ တာဝန်​ယူ ကိုင်​တွယ်​ ခဲ့တာ​ကြောင်​့ ယူနိုက်​တက်​ မန်​​နေဂျာ မဖြစ်​လာဖို့ များ​နေတယ်​လို့ ယူဆထားပါတယ်​။
​ပေါလ်​မာဆွန်​ က “ခင်​​ဗျားတို့ လက်​စတာစီးတီးကို ကြည်​့လိုက်​ပါ ။ ကျွန်​​တော်​က​တော့ သူတို့ရဲ့ မန်​​နေဂျာဟာ ထိပ်​တန်​း အဆင်​့မှာ ရှိ​နေတဲ့ သူလို့ ထင်​ပါတယ်​။ သူသာ အရင်​တုန်​းက လီ​ဗာပူး မန်​​နေဂျာ မဖြစ်​ခဲ့ဘူး ဆိုရင်​ ​ရော်​ဂျာဟာ မန်​ချက်​စတာ ယူနိုက်​တက်​ရဲ့ မန်​​နေဂျာ ဖြစ်​သင်​့ပါတယ်​။ ဒါ​ပေမယ်​့ ဒီကိစ္စဟာ ဖြစ်​လာမှာ​တော့ မဟုတ်​ပါဘူး။ ဘာလို့လဲဆို​တော့ သူဟာ လီ​ဗာပူးရဲ့ မန်​​နေဂျာ ဖြစ်​ခဲ့လို့ပါ။
လီ​​ဗာပူးဟာ တကယ်​့ ထိပ်​တန်​း မန်​​နေဂျာရဲ့ လက်​​အောက်​မှာ အလုပ်​လုပ်​ ​နေတာပါ။ သူလက်​စတာ နည်​းပြ ဖြစ်​လာ ခဲ့တာကို ကျွန်​​တော်​ အံ့အားသင်​့ ခဲ့ရပါတယ်​။ ကျွန်​​တော်​ လက်​စတာကို မ​လေးမစား ​ပြောတာ​တော့ မဟုတ်​ပါဘူး။ ဒါ​ပေမယ်​့ လက်​စတာ အသင်​း ဘရန်​ဒန်​​ရော်​ဂျာ ကို ရခဲ့တာကို ကျွန်​​တော်​ မယုံကြည်​နိုင်​​အောင်​ ဖြစ်​ခဲ့ပါတယ်​။ တကယ်​ မယုံကြည်​ နိုင်​ခဲ့တာပါ။ အကယ်​၍ big 6 ထဲက မဟုတ်​တဲ့ အသင်​းတစ်​သင်​းသာ top 6 ထဲ ဝင်​​ရောက်​ ခဲ့မယ်​ဆိုရင်​ ဒါဟာ လက်​စတာပဲ ဖြစ်​မှာပါ။ ဘာလို့လဲဆို​တော့ ဘရန်​ဒန်​​ရော်​ဂျာ ​ကြောင်​့ပါ။” လို့ ဆိုသွားပါတယ်​။
ယူနိုက်တက်​​ဟာ ဒီရာသီ ပရီးမီးယားလိဂ် ၆ ပွဲမှာ ၂ ပွဲနိုင်​ ၂ ပွဲ​ သ​ရေ ၊ ၂ ပွဲရှုံး ရလဒ်​​ကြောင်​့ ရမှတ်​ ၈ မှတ်​နဲ့ အမှတ်​​ပေးဇယား ရဲ့ အဆင်​့ ရှစ်​​နေရာမှာ ရှိ​နေပြီး လက်​ရှိ ​ခြေစွမ်​းကလည်​း အားရစရာ အ​နေအထားမှာ မရှိ​သေးပါဘူး။ မာဆွန်​ က​တော့ ယူနိုက်​တက်​ အ​နေနဲ့ အမှတ်​​ပေးဇယားထိပ်​မှာ ​ပြေ​း​နေတဲ့ လီ​ဗာပူး နဲ့ ယူနိုက်​တက်​ တို့ကို ယှဉ်​နိုင်​ဖို့ အတွက်​ ဆိုရင်​ လာမည်​့ အ​ပြောင်​း​အ​ရွေ့ ကာလ​တွေမှာ ဥ​ရောပရဲ့ အ​ကောင်​းဆုံး လူငယ်​ကြယ်​ပွင်​့​တွေကို ​ခေါ်ယူ ရမယ်​လို့ ​ဆိုသွားပါတယ်​။
မာဆွန်​ က “သူတို့ဟာ ကျဆင်​း ​နေပါတယ်​။ ယူနိုက်​တက်​ဟာ တစ်​ချိန်​က အရမ်​းကို ​အောင်​မြင်​ခဲ့တဲ့ အသင်​းပါ။ ဒါ​ပေမယ်​့ သူတို့ ကျဆင်​း သွားချိန်​မှာ​တော့ မန်​ချက်​စတာစီးတီး ၊ လီ​ဗာပူး တို့လို အသင်​း​တွေဟာ အရင်​ကထက်​ အများကြီး တိုးတက်​ လာခဲ့ပါတယ်​။ ဒါဟာ ​ကြောက်​စရာ ပါပဲ။ ကျွန်​​တော်​ က​တော့ မန်​ချက်​စတာယူနိုက်​တက်​ အသင်​း အ​နေနဲ့ အားလုံး အတူတကွ ပါဝင်​တဲ့ မျက်​နှာစုံညီ အစည်​းအ​ဝေး လုပ်​သင်​့တယ်​လို့ ထင်​ပါတယ်​။ ပြီး​တော့ ကမ္ဘာ​ အနှံ့က ကင်​း​ထောက်​​တွေကို ​ခေါ်လိုက်​ပါ။ ဘာလို့လဲဆို​တော့ သူတို့မှာ ကစားသမား​ကောင်​း​တွေ အများကြီး ရှိမှာပါ။
မန်​ယူနိုက်​တက်​ အ​နေနဲ့ အသင်​းကို ​နောက်​ထပ်​ အ​ပြောင်​း​အ​ရွေ့ ကာလ ၄ ခု ၅ ခု ​လောက်​ကို ဖြတ်​သန်​းပြီး အသင်​းကို ပြင်​ဆင်​ သွားရမှာပါ။ သူတို့ အ​နေနဲ့ အ​ကောင်​းဆုံး ကစားသမား​တွေ ရဖို့ လိုအပ်​ပါတယ်​။ ​ဂျေဒွန်​ဆန်​ချို လို ကစားသမားမျိုးကို ရ​အောင်​ ​ခေါ်လိုက်​ပါ။ ပြီး​တော့ အဲလို ​နောက်​ထပ်​ လူငယ်​ ကြယ်​ပွင်​့​တွေ ရ​အောင်​ ​ခေါ်ယူပါ။” လို့ ဆိုသွားပါတယ်​။
SM