lampard

ခ်ယ္လ္ဆီး အသင္း ရဲ႕ ဆယ္ေက်ာ္သက္ ေတာင္ပံ တိုက္စစ္ ကစားသမား ေကာ္လမ္ ဟတ္ဒ္ဆန္ အိုဒိြဳင္း ဟာ မေန႕ည က ကစား သြားခဲ့တဲ့ ကာရာေဘာင္ ဖလား တတိယ အဆင့္ ပြဲစဥ္ ျဖစ္တဲ့ လိဂ္တူး ကလပ္ ဂရင္စဘီ အသင္း နဲ႕ ပြဲစဥ္ မွာ ဒီႏွစ္ ေဘာလံုး ရာသီ ၊ ခ်ယ္လ္ဆီး အသင္း အတြက္ ပထမဆံုး ပြဲထြက္ ပါဝင္ ေပးႏိုင္ ခဲ့ပါတယ္ ။

အိုဒိြဳင္း ဟာ ျပီးခဲ့တဲ့ ေဘာလံုး ရာသီ မကုန္ခင္ က ရရွိ ခဲ့တဲ့ ေျခက်င္းဝတ္ အရြတ္ ဒဏ္ရာ ေၾကာင့္ အခ်ိန္ ကာလ အေတာ္ၾကာ အနားယူ ေနခဲ့ရသလို ၊ ၾကံ့ခိုင္မႈ အျပည့္ ျပန္ရဖို႕ ယူ ၂၃ အသင္း ရဲ႕ ပြဲစဥ္ တခ်ိဳ႕ မွာ ကစား ခဲ့ရပါတယ္ ။ အခု အခါမွာေတာ့ အိုဒိြဳင္း ဟာ ၾကံ့ခိုင္မႈ ပံုစံေကာင္း ေတြနဲ႕ အတူ ဂရင္စဘီ နဲ႕ ပြဲမွာ ပြဲခ်ိန္ျပည့္ ျပန္လည္ ကစား ေပးခဲ့ကာ ၇ – ၁ ရလဒ္ ရဲ႕ ေနာက္ဆံုး အဆံုးသတ္ သြင္းဂိုး ကို သြင္းယူ ေပးခဲ့ပါတယ္ ။

အိုဒိြဳင္း ဟာ မၾကာေသးခင္ ကမွ ခ်ယ္လ္ဆီး အသင္း နဲ႕ အတူ ေနာက္ထပ္ ၅ႏွစ္ အထိ သက္တမ္း ရွိေစမယ့္ ႏွစ္ရွည္ စာခ်ဳပ္ တရပ္ ကို ခ်ဳပ္ဆို ႏိုင္ခဲ့ျပီး ၄င္းရဲ႕ အေျပာင္းအေရႊ႕ ေကာလဟလ သတင္း ေတြကို အဆံုးသတ္ ႏိုင္ခဲ့ပါတယ္ ။ ျပီးခဲ့တဲ့ ေဘာလံုး ရာသီ ကတည္းက ဂ်ာမန္ ထိပ္သီး ဘိုင္ယန္ ျမဴးနစ္ အသင္း ဟာ အိုဒိြဳင္း ကို ေခၚယူဖို႕ အၾကိမ္ၾကိမ္ ကမ္းလွမ္းမႈ ေတြ ျပဳလုပ္ ခဲ့ေပမယ့္ ခ်ယ္လ္ဆီး အသင္း ဖက္က ပယ္ခ် ခဲ့ပါတယ္ ။

Hudson-Odoi-7b70

အိုဒိြဳင္း ဟာ ျပီးခဲ့တဲ့ ရာသီ က ပြဲထြက္ခြင့္ တခုေၾကာင့္ ခ်ယ္လ္ဆီး မွာ ဆက္ေနရမလား ၊ ဘိုင္ယန္ျမဴးနစ္ ရဲ႕ ကမ္းလွမ္းမႈ ကို လက္ခံ ရမလား ျဖစ္ခဲ့ ရေပမယ့္ ဒီႏွစ္ ေဘာလံုး ရာသီ မွာေတာ့ ခ်ယ္လ္ဆီး အသင္း ကို နည္းျပသစ္ ဖရန္႕ လမ္းပတ္ ေရာက္ရွိလာမႈ နဲ႕ အတူ လူငယ္ ေတြ ေနရာ ပိုရလာတာေၾကာင့္ အိုဒိြဳင္း ရဲ႕ အနာဂတ္ ကလည္း ခ်ယ္လ္ဆီး မွာပဲ ဆက္ရွိ ေနေတာ့မွာ ျဖစ္ပါတယ္ ။

မေန႕က ပြဲျပီး သတင္းစာ ရွင္းလင္းပြဲ မွာေတာ့ ခ်ယ္လ္ဆီး နည္းျပ ဖရန္႕ လမ္းပတ္ က အိုဒိြဳင္း အေနနဲဲ႕ သြင္းဂိုး တဂိုး သြင္းယူ ခဲ့တာ မွန္ေပမယ့္ စီနီယာ အသင္း မွာ ပံုမွန္ ပြဲထြက္ခြင့္ ရရွိဖို႕ အတြက္ အခုထက္ ပိုျပီး ၾကိဳးစား ရမွာ ျဖစ္သလို ၊ တည္ျငိမ္တဲ့ စြမ္းေဆာင္ရည္ ေတြကို ျပသႏိုင္ဖို႕ လိုမွာ ျဖစ္ေၾကာင္း ဆိုခဲ့ပါတယ္ ။

လမ္းပတ္ က ” ပထမဆံုး အေနနဲ႕ ေကာ္လမ္ ဟာ ကြ်န္ေတာ္ တို႕ရဲ႕ စာခ်ဳပ္သစ္ ကမ္းလွမ္းမႈ မွာ လက္မွတ္ ေရးထိုး ႏိုင္ခဲ့ပါတယ္ ။ ဒါဟာ သူနဲ႕ ပတ္သက္တဲ့ ေကာလဟလ ေတြကို ခ်ဳပ္ျငိမ္း ေစခဲ့သလို ၊ ကြ်န္ေတာ္ တို႕ အတြက္ စိတ္ေအးေအး နဲ႕ သူ႕ရဲ႕ အနာဂတ္ တက္လမ္း အတြက္ ကူညီ ေပးလို႕ ရပါျပီ ။ စြမ္းေဆာင္ရည္ အရေတာ့ ပထမပိုင္း မွာ သူ႕ရဲ႕ ကစားပံု ဘယ္ေလာက္ေကာင္း သလဲ မွန္းဆလို႕ မရပါဘူး ။ ”

” ေကာ္လမ္ နဲ႕ ခရစ္တီယန္ တို႕ဟာ ေတာင္ပံ တေလွ်ာက္ ျပိဳင္ဖက္ ခံစစ္ ကို ဒုကၡ ေပးဖို႕ နဲ႕ ကြင္းလယ္ က ေပးပို႕မႈ ေတြ အတြက္ ျပိဳင္ဖက္ အသင္း ရဲ႕ ပင္နယ္တီ ဧရိယာ ထဲကို ခ်ိန္သားကိုက္ ေရာက္လာဖို႕ အတြက္ တာဝန္ေပးျခင္း ခံထားခဲ့ရတာပါ ။ ဒါေပမယ့္ တကယ္တမ္း မွာ ကြ်န္ေတာ္ ေမွ်ာ္လင့္ ထားသလို မျဖစ္လာတာေၾကာင့္ ကြ်န္ေတာ္ ေပးခဲ့တဲ့ မက္ေဆ့ခ်္ မေရာက္ခဲ့ဘူး လို႕ ဆိုရမွာ ျဖစ္ပါတယ္ ။ ”

” ဒုတိယပိုင္း မွာေတာ့ ကြ်န္ေတာ္ ဟာ သူတို႕ကို ပံုမွန္ ကစားေနတဲ့ ပံုစံ တခု ကို ေရာက္ဖို႕ တြန္းအား ေပးခဲ့သလို ၊ ပိုေကာင္းတဲ့ ေျခစြမ္း အတိုင္းအတာ တခု ကို ေကာ္လမ္ ဖန္တီး ႏိုင္ခဲ့ပါတယ္ ။ ေကာ္လမ္ ပိုင္ဆိုင္ ထားတဲ့ အရည္အေသြး ဟာ ျပိဳင္ဖက္ ခံစစ္ ကစားသမား ေတြကို ေက်ာ္ျဖတ္ႏိုင္ရမယ္ ၊ ခံစစ္ ကို အျမဲ အလုပ္ရႈပ္ေအာင္ လုပ္ႏိုင္ရမယ္ ၊ လိုအပ္ရင္ ဂိုးသြင္းႏိုင္ဖို႕ အသင့္ ျဖစ္ေနရမွာပါ ။ ”

hudson-odoi

” ဒီလို ေနရာ ေတြ အားလံုး မွာ တိုးတက္လာဖို႕ သူ ဒီထက္ ပိုၾကိဳးစား သင္ယူ ရမွာပါ ။ အကယ္၍ သူသာ စီနီယာ အသင္း မွာ တပတ္ျပီး တပတ္ ပါဝင္ ကစားခ်င္တယ္ ဆိုရင္ ခုနက ကြ်န္ေတာ္ ေျပာခဲ့တဲ့ အတိုင္း ၾကိဳးစား ရမွာပါ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

SPORTS MYANMAR

Unicode

ဂရင်စဘီ နဲ့ ပွဲမှာ ဂိုးသွင်း ခဲ့ပေမယ့် ဟတ်ဒ်ဆန် အိုဒွိုင်း အပေါ် သတိပေးမှု တခု လုပ်ခဲ့တဲ့ #လမ်းပတ်

ချယ်လ်ဆီး အသင်း ရဲ့ ဆယ်ကျော်သက် တောင်ပံ တိုက်စစ် ကစားသမား ကော်လမ် ဟတ်ဒ်ဆန် အိုဒွိုင်း ဟာ မနေ့ည က ကစား သွားခဲ့တဲ့ ကာရာဘောင် ဖလား တတိယ အဆင့် ပွဲစဉ် ဖြစ်တဲ့ လိဂ်တူး ကလပ် ဂရင်စဘီ အသင်း နဲ့ ပွဲစဉ် မှာ ဒီနှစ် ဘောလုံး ရာသီ ၊ ချယ်လ်ဆီး အသင်း အတွက် ပထမဆုံး ပွဲထွက် ပါဝင် ပေးနိုင် ခဲ့ပါတယ် ။

အိုဒွိုင်း ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ မကုန်ခင် က ရရှိ ခဲ့တဲ့ ခြေကျင်းဝတ် အရွတ် ဒဏ်ရာ ကြောင့် အချိန် ကာလ အတော်ကြာ အနားယူ နေခဲ့ရသလို ၊ ကြံ့ခိုင်မှု အပြည့် ပြန်ရဖို့ ယူ ၂၃ အသင်း ရဲ့ ပွဲစဉ် တချို့ မှာ ကစား ခဲ့ရပါတယ် ။ အခု အခါမှာတော့ အိုဒွိုင်း ဟာ ကြံ့ခိုင်မှု ပုံစံကောင်း တွေနဲ့ အတူ ဂရင်စဘီ နဲ့ ပွဲမှာ ပွဲချိန်ပြည့် ပြန်လည် ကစား ပေးခဲ့ကာ ရ – ၁ ရလဒ် ရဲ့ နောက်ဆုံး အဆုံးသတ် သွင်းဂိုး ကို သွင်းယူ ပေးခဲ့ပါတယ် ။

အိုဒွိုင်း ဟာ မကြာသေးခင် ကမှ ချယ်လ်ဆီး အသင်း နဲ့ အတူ နောက်ထပ် ၅နှစ် အထိ သက်တမ်း ရှိစေမယ့် နှစ်ရှည် စာချုပ် တရပ် ကို ချုပ်ဆို နိုင်ခဲ့ပြီး ၄င်းရဲ့ အပြောင်းအရွှေ့ ကောလဟလ သတင်း တွေကို အဆုံးသတ် နိုင်ခဲ့ပါတယ် ။ ပြီးခဲ့တဲ့ ဘောလုံး ရာသီ ကတည်းက ဂျာမန် ထိပ်သီး ဘိုင်ယန် မြူးနစ် အသင်း ဟာ အိုဒွိုင်း ကို ခေါ်ယူဖို့ အကြိမ်ကြိမ် ကမ်းလှမ်းမှု တွေ ပြုလုပ် ခဲ့ပေမယ့် ချယ်လ်ဆီး အသင်း ဖက်က ပယ်ချ ခဲ့ပါတယ် ။

အိုဒွိုင်း ဟာ ပြီးခဲ့တဲ့ ရာသီ က ပွဲထွက်ခွင့် တခုကြောင့် ချယ်လ်ဆီး မှာ ဆက်နေရမလား ၊ ဘိုင်ယန်မြူးနစ် ရဲ့ ကမ်းလှမ်းမှု ကို လက်ခံ ရမလား ဖြစ်ခဲ့ ရပေမယ့် ဒီနှစ် ဘောလုံး ရာသီ မှာတော့ ချယ်လ်ဆီး အသင်း ကို နည်းပြသစ် ဖရန့် လမ်းပတ် ရောက်ရှိလာမှု နဲ့ အတူ လူငယ် တွေ နေရာ ပိုရလာတာကြောင့် အိုဒွိုင်း ရဲ့ အနာဂတ် ကလည်း ချယ်လ်ဆီး မှာပဲ ဆက်ရှိ နေတော့မှာ ဖြစ်ပါတယ် ။

မနေ့က ပွဲပြီး သတင်းစာ ရှင်းလင်းပွဲ မှာတော့ ချယ်လ်ဆီး နည်းပြ ဖရန့် လမ်းပတ် က အိုဒွိုင်း အနေနဲဲ့ သွင်းဂိုး တဂိုး သွင်းယူ ခဲ့တာ မှန်ပေမယ့် စီနီယာ အသင်း မှာ ပုံမှန် ပွဲထွက်ခွင့် ရရှိဖို့ အတွက် အခုထက် ပိုပြီး ကြိုးစား ရမှာ ဖြစ်သလို ၊ တည်ငြိမ်တဲ့ စွမ်းဆောင်ရည် တွေကို ပြသနိုင်ဖို့ လိုမှာ ဖြစ်ကြောင်း ဆိုခဲ့ပါတယ် ။

လမ်းပတ် က ” ပထမဆုံး အနေနဲ့ ကော်လမ် ဟာ ကျွန်တော် တို့ရဲ့ စာချုပ်သစ် ကမ်းလှမ်းမှု မှာ လက်မှတ် ရေးထိုး နိုင်ခဲ့ပါတယ် ။ ဒါဟာ သူနဲ့ ပတ်သက်တဲ့ ကောလဟလ တွေကို ချုပ်ငြိမ်း စေခဲ့သလို ၊ ကျွန်တော် တို့ အတွက် စိတ်အေးအေး နဲ့ သူ့ရဲ့ အနာဂတ် တက်လမ်း အတွက် ကူညီ ပေးလို့ ရပါပြီ ။ စွမ်းဆောင်ရည် အရတော့ ပထမပိုင်း မှာ သူ့ရဲ့ ကစားပုံ ဘယ်လောက်ကောင်း သလဲ မှန်းဆလို့ မရပါဘူး ။ ”

” ကော်လမ် နဲ့ ခရစ်တီယန် တို့ဟာ တောင်ပံ တလျှောက် ပြိုင်ဖက် ခံစစ် ကို ဒုက္ခ ပေးဖို့ နဲ့ ကွင်းလယ် က ပေးပို့မှု တွေ အတွက် ပြိုင်ဖက် အသင်း ရဲ့ ပင်နယ်တီ ဧရိယာ ထဲကို ချိန်သားကိုက် ရောက်လာဖို့ အတွက် တာဝန်ပေးခြင်း ခံထားခဲ့ရတာပါ ။ ဒါပေမယ့် တကယ်တမ်း မှာ ကျွန်တော် မျှော်လင့် ထားသလို မဖြစ်လာတာကြောင့် ကျွန်တော် ပေးခဲ့တဲ့ မက်ဆေ့ချ် မရောက်ခဲ့ဘူး လို့ ဆိုရမှာ ဖြစ်ပါတယ် ။ ”

” ဒုတိယပိုင်း မှာတော့ ကျွန်တော် ဟာ သူတို့ကို ပုံမှန် ကစားနေတဲ့ ပုံစံ တခု ကို ရောက်ဖို့ တွန်းအား ပေးခဲ့သလို ၊ ပိုကောင်းတဲ့ ခြေစွမ်း အတိုင်းအတာ တခု ကို ကော်လမ် ဖန်တီး နိုင်ခဲ့ပါတယ် ။ ကော်လမ် ပိုင်ဆိုင် ထားတဲ့ အရည်အသွေး ဟာ ပြိုင်ဖက် ခံစစ် ကစားသမား တွေကို ကျော်ဖြတ်နိုင်ရမယ် ၊ ခံစစ် ကို အမြဲ အလုပ်ရှုပ်အောင် လုပ်နိုင်ရမယ် ၊ လိုအပ်ရင် ဂိုးသွင်းနိုင်ဖို့ အသင့် ဖြစ်နေရမှာပါ ။ ”

” ဒီလို နေရာ တွေ အားလုံး မှာ တိုးတက်လာဖို့ သူ ဒီထက် ပိုကြိုးစား သင်ယူ ရမှာပါ ။ အကယ်၍ သူသာ စီနီယာ အသင်း မှာ တပတ်ပြီး တပတ် ပါဝင် ကစားချင်တယ် ဆိုရင် ခုနက ကျွန်တော် ပြောခဲ့တဲ့ အတိုင်း ကြိုးစား ရမှာပါ ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR