ဖီဖာ ရဲ႕ တစ္ႏွစ္တာ အေကာင္း ဆံုး ကစား သမား ဆု ေပးပြဲ ( The Best Award ) က ေတာ့ ၿပီးဆံုး သြားခဲ့ ပါၿပီ ။ ဒါေပမယ့္ ေ၀ဖန္ သံ ေတြ ကေတာ့ က်န္ရစ္ ေနဆဲ ျဖစ္ၿပီး ယခု ရက္ပုိင္း မွာ ပိုမို ဆူညံ လာခဲ့ ပါတယ္ ။ မက္ဆီ ဟာ တနလၤာ ေန႔ ညက ဆုေပး ပြဲ မွာ ဗန္ဒိုက္ ၊ ခရစၥတီယာႏို ရိုနယ္ဒို တို႔ကို ေက်ာ္ျဖတ္ ၿပီး တစ္ႏွစ္ တာ အေကာင္းဆံုး ကစား သမား ဆု ကို ရရွိ ခဲ့ ပါတယ္ ။ ဒါေပမယ့္ မွားယြင္းမႈ အခ်ဳိ႕ ရွိခဲ့ ေၾကာင္း သတင္း ေတြ ဆက္တုိက္ ေပၚထြက္လာ ခဲ့ ပါတယ္ ။

ronaldo

ဖီဖာ ဟာ တစ္ႏွစ္ တာ အေကာင္းဆံုး ကစား သမား ဆု အတြက္ လက္ေရြးစင္ အသင္း နည္းျပ ေတြ ၊ အသင္း ေခါင္းေဆာင္ ေတြ ရဲ႕ မဲေတြ ကို ေကာက္ ခံခဲ့ၿပီး ဆုေပး ပြဲ အၿပီး မွာေတာ့ ျပန္လည္ ေဖာ္ျပ ခဲ့ ပါတယ္ ။ ဒီလို ေဖာ္ျပ မႈ အၿပီး မွာေတာ့ ဖီဖာ ဟာ ဆုေပးပြဲ အတြက္ မဲ ေတြကို ေျပာင္းလဲ ပစ္ခဲ့ သလား ဆုိတဲ့ ေမးခြန္းေတြ ေပၚထြက္ လာေစခဲ့ ပါေတာ့တယ္ ။

ဒီလို ေမးခြန္း ေတြ ျဖစ္လာ တဲ့ အဓိက အေၾကာင္း က ေတာ့ မဲေပး ခဲ့တဲ့ လက္ေရြးစင္ အသင္း ေခါင္းေဆာင္ နဲ႔ နည္းျပ အခ်ဳိ႕ ဟာ သူတို႔ ရဲ႕ မဲေပး မႈ ေတြ မွားယြင္း ေဖာ္ျပ ခံ ခဲ့ရတယ္ လို႔ ထုတ္ေဖာ္ ေျပာဆို ရာကေန စလာ ခဲ့တာ ပဲျဖစ္ ပါတယ္ ။

အီဂ်စ္ စတား မိုဟာမက္ ဆာလာ ဟာ လက္ေရြးစင္ အသင္း ေခါင္းေဆာင္ နဲ႔ နည္းျပ ျဖစ္သူ တုိ႔ က သူ႔ကို မဲမေပး ခဲ့မႈ အေပၚ မေက် မနပ္ ျဖစ္ခဲ့ၿပီး ဆုိရွယ္ မီဒီယာ ေပၚမွာ တက္ေရာက္ ေရးသားခဲ့ ပါတယ္ ။ ဒါေပမယ့္ အသင္း နည္းျပ နဲ႔ အသင္း ေခါင္းေဆာင္ တို႔ က ခ်က္ခ်င္း ဆုိသလို အေၾကာင္းျပန္ ခဲ့ၿပီး သူတို႔ ၂ ဦး စလံုး ဟာ မိုဆာလာ ကို နံပါတ္ ၁ ေနရာ ကေန မဲေပး ခဲ့ေၾကာင္း ၊ ဒါေပမယ့္ ဖီဖာ ဟာ သူတို႔ရဲ႕ မဲေတြ ကို ေဖာ္ျပ မသြားခဲ့ေၾကာင္း ၊ အီဂ်စ္ ဂ်ာနယ္လစ္ တစ္ဦး ရဲ႕ မဲေပးမႈ ( မာေနး ကို နံပါတ္ ၁ ထားခဲ့ ) ကိုသာ ေဖာ္ျပ သြားခဲ့ ေၾကာင္း ျပန္လည္ ေရးသား ခဲ့ၾက ပါတယ္ ။

salah

အီဂ်စ္ ေဘာလံုး အဖြဲ႕ခ်ဳပ္ ဟာ အဆိုပါ ျဖစ္ရပ္နဲ႕ ပတ္သက္ၿပီး ေျဖရွင္း ခ်က္ ေပးဖို႔ ဖီဖာ ထံ အေၾကာင္းၾကား ေတာင္းဆို ထားခဲ့ ၿပီး အသင္း နည္းျပ နဲ႔ ေခါင္းေဆာင္ တို႔ ဟာ မဲေပးမႈ မပိတ္မီ ၄ ရက္ အလို ကတည္းက သူတို႔ရဲ႕ မဲေပးမႈ ကို ဖီဖာ ထံ ေပးပို႔ ခဲ့ၿပီး ျဖစ္ေၾကာင္း အတည္ျပဳ ေပးခဲ့ ပါတယ္ ။

ဆူဒန္ ႏုိင္ငံ ရဲ႕ လက္ေရြးစင္ နည္းျပ နဲ႔ နီကြာရာဂြာ လက္ေရြးစင္ အသင္း ေခါင္းေဆာင္ တို႔ ဟာလည္း သူတို႔ ဟာ မိုဟာမက္ ဆာလာ ကို နံပါတ္ ၁ ေနရာ ကေန မဲေပး ခဲ့ ေပမယ့္ ဖီဖာ ရဲ႕ ေဖာ္ျပမႈ မွာေတာ့ သူတို႔ ဟာ မက္ဆီ ကို နံပါတ္ ၁ ေနရာ ကေန မဲေပးခဲ့ တယ္ လို႔ ပါရွိ ေနေၾကာင္း ဆုိရွယ္ မီဒီယာေတြ မွာ ေရးသား ေဖာ္ျပ လာခဲ့ ပါတယ္ ။

sudan coach  Sudan’s coach Zdravko Logarusic

“ကြ်န္ေတာ္ မက္ဆီ ကို မဲမေပး ခဲ့ ပါဘူး ။ အသင္း ေခါင္းေဆာင္ ေတြ ရဲ႕ မဲစာရင္း ကို ေဖာ္ျပ တဲ့ အခါ မွာေတာ့ ကြ်န္ေတာ္ က မက္ဆီ အတြက္ မဲေပး ခဲ့တယ္ လုိ႔ ေတြ႕ လုိက္ရလုိ႔ အံ့အားသင့္ ခဲ့မိ ပါတယ္ ။ ဘာလုိ႔ ဒီလို ေဖာ္ျပ သလဲ ဆုိတာ ကို လည္း ရွင္းျပ မထားခဲ့ ပါဘူး” လို႔ နီကြာရာဂြာ လက္ေရြးစင္ အသင္း ေခါင္းေဆာင္ ဘာရီယာ က ေရးသား ခဲ့တာ ျဖစ္ ပါတယ္ ။

 Juan Barrera Nicaragua’s captain

ဖီဖာ ရဲ႕ တစ္ႏွစ္တာ အေကာင္းဆံုး ကစား သမား ဆု ဟာ ႏုိင္ငံ လက္ေရြးစင္ အသင္း ေခါင္းေဆာင္ နဲ႔ နည္းျပမ်ား ၊ ဂ်ာနယ္လစ္မ်ား ရဲ႕ မဲေပးမႈ ကို အဓိက အေျခခံ ကာ တြက္ခ်က္ အမွတ္ေပး ခဲ့တာ ပဲျဖစ္ ပါတယ္ ။

van dijk

မက္ဆီ ဟာ အဓိက ၿပဳိင္ဘက္ ဗာဂ်ယ္ ဗန္ဒိုက္ ထက္ ရမွတ္ ၈ မွတ္ အသာ နဲ႔ ဆု ရရွိ ခဲ့တာ ျဖစ္ၿပီး သတင္း ထြက္ေပၚ ေနတဲ့ အတုိင္း သာ အမွန္ ျဖစ္ခဲ့ ပါက မဲရလဒ္ အေျပာင္း အလဲ ျဖစ္ႏုိင္ေခ် ရွိၿပီး ဆုရရွိသူ အမည္ ဟာ လည္း ေျပာင္းလဲ ေကာင္း ေျပာင္းလဲ သြားနုိင္ ေခ် ရွိ ေန ပါတယ္ ။

SPORTS MYANMAR

Unicode

လီယွန်နယ် မက်ဆီ ဆု ရဖို့ FIFA မဲလိမ်ခဲ့လေ သလား . . . .

===========================================

ဖီဖာ ရဲ့ တစ်နှစ်တာ အကောင်း ဆုံး ကစား သမား ဆု ပေးပွဲ ( The Best Award ) က တော့ ပြီးဆုံး သွားခဲ့ ပါပြီ ။ ဒါပေမယ့် ဝေဖန် သံ တွေ ကတော့ ကျန်ရစ် နေဆဲ ဖြစ်ပြီး ယခု ရက်ပိုင်း မှာ ပိုမို ဆူညံ လာခဲ့ ပါတယ် ။ မက်ဆီ ဟာ တနင်္လာ နေ့ ညက ဆုပေး ပွဲ မှာ ဗန်ဒိုက် ၊ ခရစ္စတီယာနို ရိုနယ်ဒို တို့ကို ကျော်ဖြတ် ပြီး တစ်နှစ် တာ အကောင်းဆုံး ကစား သမား ဆု ကို ရရှိ ခဲ့ ပါတယ် ။ ဒါပေမယ့် မှားယွင်းမှု အချို့ ရှိခဲ့ ကြောင်း သတင်း တွေ ဆက်တိုက် ပေါ်ထွက်လာ ခဲ့ ပါတယ် ။

ဖီဖာ ဟာ တစ်နှစ် တာ အကောင်းဆုံး ကစား သမား ဆု အတွက် လက်ရွေးစင် အသင်း နည်းပြ တွေ ၊ အသင်း ခေါင်းဆောင် တွေ ရဲ့ မဲတွေ ကို ကောက် ခံခဲ့ပြီး ဆုပေး ပွဲ အပြီး မှာတော့ ပြန်လည် ဖော်ပြ ခဲ့ ပါတယ် ။ ဒီလို ဖော်ပြ မှု အပြီး မှာတော့ ဖီဖာ ဟာ ဆုပေးပွဲ အတွက် မဲ တွေကို ပြောင်းလဲ ပစ်ခဲ့ သလား ဆိုတဲ့ မေးခွန်းတွေ ပေါ်ထွက် လာစေခဲ့ ပါတော့တယ် ။

ဒီလို မေးခွန်း တွေ ဖြစ်လာ တဲ့ အဓိက အကြောင်း က တော့ မဲပေး ခဲ့တဲ့ လက်ရွေးစင် အသင်း ခေါင်းဆောင် နဲ့ နည်းပြ အချို့ ဟာ သူတို့ ရဲ့ မဲပေး မှု တွေ မှားယွင်း ဖော်ပြ ခံ ခဲ့ရတယ် လို့ ထုတ်ဖော် ပြောဆို ရာကနေ စလာ ခဲ့တာ ပဲဖြစ် ပါတယ် ။

အီဂျစ် စတား မိုဟာမက် ဆာလာ ဟာ လက်ရွေးစင် အသင်း ခေါင်းဆောင် နဲ့ နည်းပြ ဖြစ်သူ တို့ က သူ့ကို မဲမပေး ခဲ့မှု အပေါ် မကျေ မနပ် ဖြစ်ခဲ့ပြီး ဆိုရှယ် မီဒီယာ ပေါ်မှာ တက်ရောက် ရေးသားခဲ့ ပါတယ် ။ ဒါပေမယ့် အသင်း နည်းပြ နဲ့ အသင်း ခေါင်းဆောင် တို့ က ချက်ချင်း ဆိုသလို အကြောင်းပြန် ခဲ့ပြီး သူတို့ ၂ ဦး စလုံး ဟာ မိုဆာလာ ကို နံပါတ် ၁ နေရာ ကနေ မဲပေး ခဲ့ကြောင်း ၊ ဒါပေမယ့် ဖီဖာ ဟာ သူတို့ရဲ့ မဲတွေ ကို ဖော်ပြ မသွားခဲ့ကြောင်း ၊ အီဂျစ် ဂျာနယ်လစ် တစ်ဦး ရဲ့ မဲပေးမှု ( မာနေး ကို နံပါတ် ၁ ထားခဲ့ ) ကိုသာ ဖော်ပြ သွားခဲ့ ကြောင်း ပြန်လည် ရေးသား ခဲ့ကြ ပါတယ် ။

အီဂျစ် ဘောလုံး အဖွဲ့ချုပ် ဟာ အဆိုပါ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဖြေရှင်း ချက် ပေးဖို့ ဖီဖာ ထံ အကြောင်းကြား တောင်းဆို ထားခဲ့ ပြီး အသင်း နည်းပြ နဲ့ ခေါင်းဆောင် တို့ ဟာ မဲပေးမှု မပိတ်မီ ၄ ရက် အလို ကတည်းက သူတို့ရဲ့ မဲပေးမှု ကို ဖီဖာ ထံ ပေးပို့ ခဲ့ပြီး ဖြစ်ကြောင်း အတည်ပြု ပေးခဲ့ ပါတယ် ။

ဆူဒန် နိုင်ငံ ရဲ့ လက်ရွေးစင် နည်းပြ နဲ့ နီကွာရာဂွာ လက်ရွေးစင် အသင်း ခေါင်းဆောင် တို့ ဟာလည်း သူတို့ ဟာ မိုဟာမက် ဆာလာ ကို နံပါတ် ၁ နေရာ ကနေ မဲပေး ခဲ့ ပေမယ့် ဖီဖာ ရဲ့ ဖော်ပြမှု မှာတော့ သူတို့ ဟာ မက်ဆီ ကို နံပါတ် ၁ နေရာ ကနေ မဲပေးခဲ့ တယ် လို့ ပါရှိ နေကြောင်း ဆိုရှယ် မီဒီယာတွေ မှာ ရေးသား ဖော်ပြ လာခဲ့ ပါတယ် ။

“ကျွန်တော် မက်ဆီ ကို မဲမပေး ခဲ့ ပါဘူး ။ အသင်း ခေါင်းဆောင် တွေ ရဲ့ မဲစာရင်း ကို ဖော်ပြ တဲ့ အခါ မှာတော့ ကျွန်တော် က မက်ဆီ အတွက် မဲပေး ခဲ့တယ် လို့ တွေ့ လိုက်ရလို့ အံ့အားသင့် ခဲ့မိ ပါတယ် ။ ဘာလို့ ဒီလို ဖော်ပြ သလဲ ဆိုတာ ကို လည်း ရှင်းပြ မထားခဲ့ ပါဘူး” လို့ နီကွာရာဂွာ လက်ရွေးစင် အသင်း ခေါင်းဆောင် ဘာရီယာ က ရေးသား ခဲ့တာ ဖြစ် ပါတယ် ။

ဖီဖာ ရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစား သမား ဆု ဟာ နိုင်ငံ လက်ရွေးစင် အသင်း ခေါင်းဆောင် နဲ့ နည်းပြများ ၊ ဂျာနယ်လစ်များ ရဲ့ မဲပေးမှု ကို အဓိက အခြေခံ ကာ တွက်ချက် အမှတ်ပေး ခဲ့တာ ပဲဖြစ် ပါတယ် ။

မက်ဆီ ဟာ အဓိက ပြိုင်ဘက် ဗာဂျယ် ဗန်ဒိုက် ထက် ရမှတ် ၈ မှတ် အသာ နဲ့ ဆု ရရှိ ခဲ့တာ ဖြစ်ပြီး သတင်း ထွက်ပေါ် နေတဲ့ အတိုင်း သာ အမှန် ဖြစ်ခဲ့ ပါက မဲရလဒ် အပြောင်း အလဲ ဖြစ်နိုင်ချေ ရှိပြီး ဆုရရှိသူ အမည် ဟာ လည်း ပြောင်းလဲ ကောင်း ပြောင်းလဲ သွားနိုင် ချေ ရှိ နေ ပါတယ် ။

SPORTS MYANMAR