lampard

ခ်ယ္လ္ဆီး အသင္း ဟာ မေန႕ည က ကစား သြားခဲ့တဲ့ ကာရာေဘာင္ ဖလား တတိယ အဆင့္ ပြဲစဥ္ ျဖစ္တဲ့ လိဂ္တူး ကလပ္ ဂရင္စဘီေတာင္း အသင္း နဲ႕ ပြဲစဥ္ မွာ အကယ္ဒမီ ထြက္ လူငယ္ေတြ ကို အရန္ ကစားသမား ေတြနဲ႕ တြဲဖက္ျပီး အသံုးျပဳ ခဲ့ပါတယ္ ။ လမ္းပတ္ အရဲစြန္႕ အသံုးျပဳ ခဲ့တဲ့ လူငယ္ ကစားသမား ေတြဟာလည္း ပရိသတ္ ေတြ အၾကိဳက္ ေျခစြမ္း ျပႏိုင္ခဲ့ပါတယ္ ။

guehi vs gilmour

 

ပြဲအျပီး သတင္းစာ ရွင္းလင္းပြဲ မွာေတာ့ ခ်ယ္လ္ဆီး နည္းျပ ဖရန္႕ လမ္းပတ္ က ပထမဆံုး စီနီယာ အသင္း အတြက္ ပြဲထြက္ ပါဝင္ခြင့္ ရခဲ့တဲ့ အကယ္ဒမီ လူငယ္ ကြင္းလယ္လူ ဘီလီ ဂီလ္မာ နဲ႕ ယူ ၂၃ အသင္း ေခါင္းေဆာင္ ၊ ခံစစ္မွဴး မာ့ခ္ ဂြီဟီ တို႕ရဲ႕ ေျခစြမ္း အေပၚ အထူး ခ်ီးက်ဴးမႈ ေတြ ျပဳလုပ္ လိုက္သလို ၊ သူတို႕ ေတြဟာ ခ်ယ္လ္ဆီး စီနီယာ အသင္း မွာ ေနရာ ရဖို႕ ထိုက္တန္မႈ ရွိတယ္ လို႕ သံုးသပ္ ခဲ့ပါတယ္ ။

လမ္းပတ္ က ” အခု အခ်ိန္ ဒီ လူငယ္ ကစားသမား ေတြ စီနီယာ အသင္း အတြက္ ပါဝင္ ကစားေပး ေနရတာ သူတို႕ အတြက္ ၾကီးမားတဲ့ အခိုက္အတန္႕ တခု ျဖစ္ခ်င္ ျဖစ္ႏိုင္ပါတယ္ ။ ဒါေပမယ့္ သူတို႕ေတြဟာ ဒီလို အခ်ိဳးအေကြ႕ တခု မွာ ဒီလို ပြဲထြက္ခြင့္ ေတြနဲ႕ ထိုက္တန္မႈ ရွိပါတယ္ ။ ဘီလီ ဂီလ္မာ ဆိုရင္ ဒီေန႕ပြဲ ဟာ သူ႕ အတြက္ ပထမဆံုး စီနီယာ ပြဲထြက္ခြင့္ ရခဲ့ျပီး ကြင္းလယ္ မွာ အံ့အား သင့္ဖြယ္ေကာင္းတဲ့ ေျခစြမ္း ကို ျပသ ႏိုင္ခဲ့ပါတယ္ ။ ”

gilmour

” မာ့ခ္ ဂြီဟီ ဆိုရင္လည္း ကြ်န္ေတာ္ တို႕နဲ႕ အတူ ေလ့က်င့္ေနျပီး ကတည္းက တည္ျငိမ္တဲ့ ကစားပံု ၊ စြမ္းေဆာင္ရည္ ေတြကို ပိုင္ဆိုင္ ထားတယ္ ဆိုတာကို ကြ်န္ေတာ္ သိထားပါတယ္ ။ သူတို႕ ၂ေယာက္လံုး ဟာ ဒီႏွစ္ ထဲမွာ အေတာ္ ထူးခြ်န္တဲ့ လူငယ္ ကစားသမား ေတြ ျဖစ္ၾကပါတယ္ ။ အသက္ အရမ္း ငယ္ေသးေပမယ့္ ဒီေန႕ ပြဲမွာ ေဘာလံုး ထိန္းသိမ္းပံု ေတြနဲ႕ ကိုင္တြယ္ပံု ေတြက အေတာ္ေလး သက္ေတာင့္သက္သာ ရွိလွပါတယ္ ။ ”

” ဒါေၾကာင့္မို႕ ၾကိဳးစားတဲ့ လူငယ္ ကစားသမားတိုင္း အတြက္ အခြင့္အေရး ရွိပါတယ္ ။ သူတို႕ အခုလို ကစားခြင့္ ေတြ ရလာတာ ဆိုတာ ရာသီ အစ ကတည္းက ျပင္းျပင္းထန္ထန္ ၾကိဳးစားမႈ ေတြေၾကာင့္ ျဖစ္ျပီး တကယ္ပဲ ဒီ အသင္း မွာ ကစားဖို႕ ထိုက္တန္မႈ ရွိတယ္ ဆိုတာ ျပသ ႏိုင္ခဲ့လို႕ပါ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

ဂီလ္မာ ၊ ဂြီဟီ တို႕ အျပင္ ခ်ယ္လ္ဆီး အသင္း ရဲ႕ အနာဂတ္ ညာေနာက္ခံလူ ၾကယ္ပြင့္ ကစားသမားသစ္ ျဖစ္လာမယ့္ ရိစ္ဂ်ိမ္းစ္ ဟာလည္း ဒဏ္ရာ က ျပန္ေကာင္း လာျပီးေနာက္ မေန႕ည က ပဲြမွာ အထူး ေျခစြမ္းျပျပီး အေဝးကန္ခ်က္ နဲ႕ ပထမဆံုး သြင္းဂိုး ကို ရယူ ႏိုင္ခဲ့သလို ၊ ဂိုးဖန္တီးမႈ ၂ၾကိမ္ လည္း ျပဳလုပ္ ႏိုင္ခဲ့ပါတယ္ ။

recce james

ရိစ္ဂ်ိမ္းစ္ နဲ႕ ပတ္သက္ျပီး လမ္းပတ္ က ” ရိစ္ ဟာ အခုထက္ ပိုျပီး ေျခစြမ္း တိုးတက္လာဖို႕ပဲ ရွိပါေတာ့တယ္ ။ သူဟာ ဒဏ္ရာေၾကာင့္ အခ်ိန္ အေတာ္ၾကာ အနားယူ ေနခဲ့ရျပီး ျပီးခဲ့တဲ့ ယူ ၂၃ အသင္း ပြဲစဥ္ မွာေတာ့ မိနစ္ အနည္းငယ္ ကစားခဲ့ျပီးပါျပီ ။ မႏွစ္ က ဝီဂန္ အသင္း မွာ ရိစ္ ရဲ႕ စြမ္းေဆာင္ရည္ အေတာ္ ေကာင္းခဲ့ပါတယ္ ။ ဒါ့အျပင္ သူဟာ ဝီဂန္ အသင္း ရဲ႕ တႏွစ္တာ အေကာင္းဆံုး ကစားသမား ဆုကိုပါ ရခဲ့တာေၾကာင့္ သူ႕ရဲ႕ အရည္အေသြး ဘယ္ေလာက္ အဆင့္အတန္း ရွိေနလဲ ဆိုတာ သိရမွာပါ ။ ”

” သူဟာ ဒီကလပ္ ရဲ႕ ၾကီးက်ယ္တ့ဲ ကစားသမား တေယာက္ ျဖစ္လာႏိုင္ပါတယ္ ။ သူဟာ အက္ဇ္ပီလီကြီတာ လိုမ်ိဳး ၾကီးက်ယ္တဲ့ ေနာက္ခံလူ တေယာက္ ဆီကေန အေတြ႕အၾကံဳ ေတြ ၊ ပညာေတြ ေလ့လာဖို႕ အခြင့္အေရး မ်ားစြာ ရွိေနပါတယ္ ။ သူ႕ဆီကေန သင္ယူ ႏိုင္ခဲ့မယ္ ဆိုရင္ အခုထက္ ပိုျပီး ေျခစြမ္း တိုးတက္လာဦးမွာပါ ။ ဒီေန႕ပြဲ မွာေတာ့ သူ႕ရဲ႕ စြမ္းေဆာင္ရည္ က အေတာ္ေလး ထက္ျမက္ ခဲ့ပါတယ္ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

SPORTS MYANMAR

Unicode

ဂရင်စဘီ ကို ဂိုးမိုးရွာပြီး နိုင်ခဲ့တဲ့ ပွဲမှ ချယ်လ်ဆီး အကယ်ဒမီ ထွက် လူငယ် ကစားသမား ၃ယောက် အပေါ် အထူး ချီးကျူး ပြောဆိုလိုက်တဲ့ #လမ်းပတ်

ချယ်လ်ဆီး အသင်း ဟာ မနေ့ည က ကစား သွားခဲ့တဲ့ ကာရာဘောင် ဖလား တတိယ အဆင့် ပွဲစဉ် ဖြစ်တဲ့ လိဂ်တူး ကလပ် ဂရင်စဘီတောင်း အသင်း နဲ့ ပွဲစဉ် မှာ အကယ်ဒမီ ထွက် လူငယ်တွေ ကို အရန် ကစားသမား တွေနဲ့ တွဲဖက်ပြီး အသုံးပြု ခဲ့ပါတယ် ။ လမ်းပတ် အရဲစွန့် အသုံးပြု ခဲ့တဲ့ လူငယ် ကစားသမား တွေဟာလည်း ပရိသတ် တွေ အကြိုက် ခြေစွမ်း ပြနိုင်ခဲ့ပါတယ် ။

ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲ မှာတော့ ချယ်လ်ဆီး နည်းပြ ဖရန့် လမ်းပတ် က ပထမဆုံး စီနီယာ အသင်း အတွက် ပွဲထွက် ပါဝင်ခွင့် ရခဲ့တဲ့ အကယ်ဒမီ လူငယ် ကွင်းလယ်လူ ဘီလီ ဂီလ်မာ နဲ့ ယူ ၂၃ အသင်း ခေါင်းဆောင် ၊ ခံစစ်မှူး မာ့ခ် ဂွီဟီ တို့ရဲ့ ခြေစွမ်း အပေါ် အထူး ချီးကျူးမှု တွေ ပြုလုပ် လိုက်သလို ၊ သူတို့ တွေဟာ ချယ်လ်ဆီး စီနီယာ အသင်း မှာ နေရာ ရဖို့ ထိုက်တန်မှု ရှိတယ် လို့ သုံးသပ် ခဲ့ပါတယ် ။

လမ်းပတ် က ” အခု အချိန် ဒီ လူငယ် ကစားသမား တွေ စီနီယာ အသင်း အတွက် ပါဝင် ကစားပေး နေရတာ သူတို့ အတွက် ကြီးမားတဲ့ အခိုက်အတန့် တခု ဖြစ်ချင် ဖြစ်နိုင်ပါတယ် ။ ဒါပေမယ့် သူတို့တွေဟာ ဒီလို အချိုးအကွေ့ တခု မှာ ဒီလို ပွဲထွက်ခွင့် တွေနဲ့ ထိုက်တန်မှု ရှိပါတယ် ။ ဘီလီ ဂီလ်မာ ဆိုရင် ဒီနေ့ပွဲ ဟာ သူ့ အတွက် ပထမဆုံး စီနီယာ ပွဲထွက်ခွင့် ရခဲ့ပြီး ကွင်းလယ် မှာ အံ့အား သင့်ဖွယ်ကောင်းတဲ့ ခြေစွမ်း ကို ပြသ နိုင်ခဲ့ပါတယ် ။ ”

” မာ့ခ် ဂွီဟီ ဆိုရင်လည်း ကျွန်တော် တို့နဲ့ အတူ လေ့ကျင့်နေပြီး ကတည်းက တည်ငြိမ်တဲ့ ကစားပုံ ၊ စွမ်းဆောင်ရည် တွေကို ပိုင်ဆိုင် ထားတယ် ဆိုတာကို ကျွန်တော် သိထားပါတယ် ။ သူတို့ ၂ယောက်လုံး ဟာ ဒီနှစ် ထဲမှာ အတော် ထူးချွန်တဲ့ လူငယ် ကစားသမား တွေ ဖြစ်ကြပါတယ် ။ အသက် အရမ်း ငယ်သေးပေမယ့် ဒီနေ့ ပွဲမှာ ဘောလုံး ထိန်းသိမ်းပုံ တွေနဲ့ ကိုင်တွယ်ပုံ တွေက အတော်လေး သက်တောင့်သက်သာ ရှိလှပါတယ် ။ ”

” ဒါကြောင့်မို့ ကြိုးစားတဲ့ လူငယ် ကစားသမားတိုင်း အတွက် အခွင့်အရေး ရှိပါတယ် ။ သူတို့ အခုလို ကစားခွင့် တွေ ရလာတာ ဆိုတာ ရာသီ အစ ကတည်းက ပြင်းပြင်းထန်ထန် ကြိုးစားမှု တွေကြောင့် ဖြစ်ပြီး တကယ်ပဲ ဒီ အသင်း မှာ ကစားဖို့ ထိုက်တန်မှု ရှိတယ် ဆိုတာ ပြသ နိုင်ခဲ့လို့ပါ ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

ဂီလ်မာ ၊ ဂွီဟီ တို့ အပြင် ချယ်လ်ဆီး အသင်း ရဲ့ အနာဂတ် ညာနောက်ခံလူ ကြယ်ပွင့် ကစားသမားသစ် ဖြစ်လာမယ့် ရိစ်ဂျိမ်းစ် ဟာလည်း ဒဏ်ရာ က ပြန်ကောင်း လာပြီးနောက် မနေ့ည က ပွဲမှာ အထူး ခြေစွမ်းပြပြီး အဝေးကန်ချက် နဲ့ ပထမဆုံး သွင်းဂိုး ကို ရယူ နိုင်ခဲ့သလို ၊ ဂိုးဖန်တီးမှု ၂ကြိမ် လည်း ပြုလုပ် နိုင်ခဲ့ပါတယ် ။

ရိစ်ဂျိမ်းစ် နဲ့ ပတ်သက်ပြီး လမ်းပတ် က ” ရိစ် ဟာ အခုထက် ပိုပြီး ခြေစွမ်း တိုးတက်လာဖို့ပဲ ရှိပါတော့တယ် ။ သူဟာ ဒဏ်ရာကြောင့် အချိန် အတော်ကြာ အနားယူ နေခဲ့ရပြီး ပြီးခဲ့တဲ့ ယူ ၂၃ အသင်း ပွဲစဉ် မှာတော့ မိနစ် အနည်းငယ် ကစားခဲ့ပြီးပါပြီ ။ မနှစ် က ဝီဂန် အသင်း မှာ ရိစ် ရဲ့ စွမ်းဆောင်ရည် အတော် ကောင်းခဲ့ပါတယ် ။ ဒါ့အပြင် သူဟာ ဝီဂန် အသင်း ရဲ့ တနှစ်တာ အကောင်းဆုံး ကစားသမား ဆုကိုပါ ရခဲ့တာကြောင့် သူ့ရဲ့ အရည်အသွေး ဘယ်လောက် အဆင့်အတန်း ရှိနေလဲ ဆိုတာ သိရမှာပါ ။ ”

” သူဟာ ဒီကလပ် ရဲ့ ကြီးကျယ်တဲ့ ကစားသမား တယောက် ဖြစ်လာနိုင်ပါတယ် ။ သူဟာ အက်ဇ်ပီလီကွီတာ လိုမျိုး ကြီးကျယ်တဲ့ နောက်ခံလူ တယောက် ဆီကနေ အတွေ့အကြုံ တွေ ၊ ပညာတွေ လေ့လာဖို့ အခွင့်အရေး များစွာ ရှိနေပါတယ် ။ သူ့ဆီကနေ သင်ယူ နိုင်ခဲ့မယ် ဆိုရင် အခုထက် ပိုပြီး ခြေစွမ်း တိုးတက်လာဦးမှာပါ ။ ဒီနေ့ပွဲ မှာတော့ သူ့ရဲ့ စွမ်းဆောင်ရည် က အတော်လေး ထက်မြက် ခဲ့ပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR