messi

ဒီႏွစ္ အတြက္ တစ္ႏွစ္ တာ အေကာင္းဆံုး ကစား သမား ဆု ေတြ ကို လီဗာပူး ခံစစ္မႈး ဗာဂ်ယ္ ဗန္ဒိုက္ နဲ႔ ဘာစီလုိနာ တိုက္စစ္မႈး လီယြန္နယ္ မက္ဆီ တို႔ အဓိက အားၿပဳိင္ ခဲ့ၾက ပါတယ္ ။ ဗန္ဒိုက္ ဟာ UEFA ရဲ႕ တစ္ႏွစ္ တာ အေကာင္းဆံုး ကစား သမား ဆု ကို ရရွိ ခဲ့ သလို မက္ဆီ ကလည္း FIFA ရဲ႕ တစ္ႏွစ္တာ အေကာင္းဆံုး ကစား သမား ဆု ကို ဆြတ္ခူး ရရွိ ခဲ့ ပါတယ္ ။

messi 2019

 

ယခု ႏွစ္ အတြက္ မွာ ေပးအပ္ ခ်ီးျမွင့္ဖို႔ က်န္ရွိ ေနေသးတဲ့ ဆုတစ္ခု ကေတာ့ ေရႊေဘာလံုး လုိ႔ အမည္ ရတဲ့ Ballon D’or ဆုပဲ ျဖစ္ ပါတယ္ ။ ေရႊေဘာလံုး ဟာ လက္ရွိ ေပးအပ္ ေနတဲ့ ဆု ေတြ အနက္ သက္တမ္း အရင့္ ဆံုး နဲ႔ ဂုဏ္သိကၡာ အႀကီးမားဆံုး ဆု တစ္ခု ျဖစ္ၿပီး ေရႊေဘာလံုး ဆု ရွင္ ကို အျခား ဆု ေတြ ထက္ ပုိမို အေလးေပး ေဖာ္ျပ ေလ့ ရွိၾက ပါတယ္ ။

ဖီဖာ နဲ႔ UEFA တို႔ရဲ႕ ဆုေတြ ကို တစ္ခု စီ ရရွိ အၿပီး မွာေတာ့ မက္ဆီ ေရာ ဗန္ဒိုက္ ပါ ေရႊေဘာလံုး ဆု အတြက္ အၿပဳိင္ ေရပန္း စားလာခဲ့ ၾကပါတယ္ ။ ဒါေပမယ့္ မက္ဆီ ရဲ႕ ပရိသတ္ေတြ အတြက္ ဒီဆု နဲ႔ ပတ္သက္ၿပီး စိတ္ပူ ရမယ့္ အခ်က္ တစ္ခု ရွိ လာခဲ့ ပါတယ္ ။

အဲ့ဒါ ကေတာ့ မဲေပး သူ ေတြ ပါပဲ ။ ဖီဖာ ရဲ႕ တစ္ႏွစ္တာ အေကာင္းဆံုး ကစား သမား ဆု အတြက္ လက္ေရြးစင္ အသင္း ေတြ ရဲ႕ နည္းျပ ေတြ ၊ အသင္း ေခါင္းေဆာင္ ေတြ ၊ နာမည္ေက်ာ္ ဂ်ာနယ္လစ္ ေတြ နဲ႔ ပရိသတ္ေတြ ရဲ႕ မဲေတြ ကို ေကာက္ခံ ခဲ့ၿပီး မဲ ၂၅% စီကို ရယူ ေပါင္းစည္းၿပီး အမွတ္ေပး တြက္ခ်က္ ခဲ့တာ ျဖစ္ ပါတယ္ ။

မက္ဆီ ဟာ လက္ေရြးစင္ အသင္း ေခါင္းေဆာင္ ေတြ ၊ နည္းျပ ေတြ နဲ႔ ပရိသတ္ေတြ ရဲ႕ မဲေပး မႈ က႑ေတြ မွာ ဗန္ဒိုက္ ကို အသာ ရခဲ့ၿပီး ဗန္ဒိုက္ ကေတာ့ ဂ်ာနယ္လစ္ ေတြ ရဲ႕ မဲေပးမႈ မွာ မက္ဆီ ထက္ အသာ ရခဲ့ ပါတယ္ ။

အသင္းေခါင္းေဆာင္ က႑မွာ မက္ဆီ ဟာ ၃၇၇ မွတ္ ရရွိ ခဲ့ၿပီး ဗန္ဒိုက္ ကေတာ့ ၃၃၇ မွတ္ နဲ႔ ရိုနယ္ဒို က ၃၃၀ မွတ္သာ ရရွိ ခဲ့ ပါတယ္ ။ လက္ေရြးစင္ နည္းျပ ေတြရဲ႕ မဲေပးမႈ မွာေတာ့ မက္ဆီ ဟာ ၃၇၉ မွတ္ ရခဲ့ၿပီး ဗန္ဒိုက္ ကေတာ့ တတိယ ေနရာ မွာ ၂၈၉ မွတ္ နဲ႔ ရပ္တည္ ခဲ့ကာ ရိုနယ္ဒို က ၃၀၇ မွတ္နဲ႔ ဒုတိယ ေနရာကို ရခဲ့ ပါတယ္ ။

messi

ပရိသတ္ေတြ ရဲ႕ မဲေပးမႈမွာ မက္ဆီ ဟာ ပရိသတ္ေပါင္း ၁၃၅၉၇၂၈ ဦး ရဲ႕ မဲ ကို ရရွိခဲ့ ပါတယ္ ။ ဗန္ဒိုက္ က ေတာ့ ေပၚျပဴလာျဖစ္မႈ မွာ မက္ဆီ ၊ ရုိနယ္ဒို တို႔ ကို မေက်ာ္လႊား ႏုိင္ေသးဘဲ ၇၀၄၂၃၅ မဲ သာ ရခဲ့ကာ ရိုနယ္ဒို ကေတာ့ ၉၆၂၉၁၉ မဲ နဲ႔ ဒုတိယ ေနရာ မွာ ရွိေနခဲ့ ပါတယ္ ။

ဂ်ာနယ္လစ္ေတြ ရဲ႕ မဲေပးမႈ မွာေတာ့ ဗန္ဒိုက္ဟာ မက္ဆီ ထက္ အမွတ္ ၁၀၀ နီးပါး အသာ ရခဲ့ၿပီး ၄၆၂ မွတ္ အထိ ရရွိ ခဲ့ကာ မက္ဆီ ကေတာ့ ၃၆၄ မွတ္သာ ရခဲ့ ပါတယ္ ။ ရိုနယ္ဒို ကေတာ့ ဗန္ဒိုက္ ထက္ အမွတ္ ၂၀၀ နီးပါး ကြာဟ ခဲ့ၿပီး ၂၆၄ မွတ္သာ ရရွိ ခဲ့ ပါတယ္ ။

က႑ ေလးခု က အမွတ္ေတြ ကို တြက္ခ်က္ စုေပါင္း လုိက္ခ်ိန္ မွာေတာ့ မက္ဆီ ဟာ ဗန္ဒိုက္ ထက္ ၈ မွတ္ အသာ နဲ႔ ဖီဖာ ရဲ႕ တစ္ႏွစ္တာ အေကာင္းဆံုး ကစား သမား ဆု ကို ကစား သမား ဘ၀ တစ္ေလ်ာက္ ၆ ႀကိမ္ ေျမာက္ ရယူ ကိုင္ေျမွာက္ သြားနုိင္ ခဲ့ ပါတယ္ ။

လာမယ့္ လ အတြင္းမွာ ေပးအပ္ ခ်ီးျမွင့္မယ့္ ေရႊေဘာလံုးဆု ( Ballon D’or ) ကေတာ့ ဂ်ာနယ္လစ္ ေတြ ရဲ႕ မဲေတြ ကို သာ ေကာက္ခံ ဆံုးျဖတ္မွာ ျဖစ္တာ ေၾကာင့္ အဆိုပါ က႑ မွာ ဗန္ဒိုက္ ကို အမွတ္ အျပတ္ အသတ္ နဲ႔ ေနာက္ေကာက္က် ခဲ့တဲ့ မက္ဆီ အေနနဲ႔ စိုးရိမ္စရာ ျဖစ္လာ ႏုိင္ ပါတယ္ ။

ေရႊေဘာလံုးဆု ဟာ ျပင္သစ္ ေဘာလံုး ( France Football Magazine ) က ႀကီးမွဴး ေပးအပ္ ခ်ီးျမွင့္တာ ျဖစ္ၿပီး ကမၻာတစ္၀ွမ္းမွာ ရွိ ေနတဲ့ နာမည္ေက်ာ္ သတင္းစာ တုိက္ေတြ ၊ အားကစား ဂ်ာနယ္ တုိက္ေတြ က တာ၀န္ခံ ဂ်ာနယ္လစ္ ေတြ စုေပါင္း မဲေပး ၾကတာပဲ ျဖစ္ ပါတယ္ ။

အကယ္၍ မက္ဆီ သာ ေရႊေဘာလံုး ဆု နဲ႔လြဲ ေခ်ာ္ခဲ့ ပါက FIFA The Best ဆု ရွင္ ေတြ အနက္ ေရႊေဘာလံုး ဆု နဲ႔ လြဲေခ်ာ္တဲ့ ပထမဆံုး သူ ျဖစ္သြား မွာျဖစ္သလို ဗန္ဒိုက္ သာ ရခဲ့ပါက ၂၀၁၁ ခုႏွစ္ က မုိက္ကယ္ အို၀င္ ေနာက္ပိုင္း ေရႊေဘာလံုး ဆု ကို ရယူႏုိင္တဲ့ လီဗာပူး ကစား သမား အျဖစ္ မွတ္တမ္း ၀င္သြားႏုိင္ မွာပဲ ျဖစ္ ပါတယ္ ။

SPORTS MYANMAR

Unicode

ရွှေဘောလုံး ဆုမှာ မက်ဆီ ကို ဗန်ဒိုက် အသာရနိုင်တဲ့ အကြောင်းအရင်း တစ်ခု

==========================================

ဒီနှစ် အတွက် တစ်နှစ် တာ အကောင်းဆုံး ကစား သမား ဆု တွေ ကို လီဗာပူး ခံစစ်မှုး ဗာဂျယ် ဗန်ဒိုက် နဲ့ ဘာစီလိုနာ တိုက်စစ်မှုး လီယွန်နယ် မက်ဆီ တို့ အဓိက အားပြိုင် ခဲ့ကြ ပါတယ် ။ ဗန်ဒိုက် ဟာ UEFA ရဲ့ တစ်နှစ် တာ အကောင်းဆုံး ကစား သမား ဆု ကို ရရှိ ခဲ့ သလို မက်ဆီ ကလည်း FIFA ရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစား သမား ဆု ကို ဆွတ်ခူး ရရှိ ခဲ့ ပါတယ် ။

ယခု နှစ် အတွက် မှာ ပေးအပ် ချီးမြှင့်ဖို့ ကျန်ရှိ နေသေးတဲ့ ဆုတစ်ခု ကတော့ ရွှေဘောလုံး လို့ အမည် ရတဲ့ Ballon D’or ဆုပဲ ဖြစ် ပါတယ် ။ ရွှေဘောလုံး ဟာ လက်ရှိ ပေးအပ် နေတဲ့ ဆု တွေ အနက် သက်တမ်း အရင့် ဆုံး နဲ့ ဂုဏ်သိက္ခာ အကြီးမားဆုံး ဆု တစ်ခု ဖြစ်ပြီး ရွှေဘောလုံး ဆု ရှင် ကို အခြား ဆု တွေ ထက် ပိုမို အလေးပေး ဖော်ပြ လေ့ ရှိကြ ပါတယ် ။

ဖီဖာ နဲ့ UEFA တို့ရဲ့ ဆုတွေ ကို တစ်ခု စီ ရရှိ အပြီး မှာတော့ မက်ဆီ ရော ဗန်ဒိုက် ပါ ရွှေဘောလုံး ဆု အတွက် အပြိုင် ရေပန်း စားလာခဲ့ ကြပါတယ် ။ ဒါပေမယ့် မက်ဆီ ရဲ့ ပရိသတ်တွေ အတွက် ဒီဆု နဲ့ ပတ်သက်ပြီး စိတ်ပူ ရမယ့် အချက် တစ်ခု ရှိ လာခဲ့ ပါတယ် ။

အဲ့ဒါ ကတော့ မဲပေး သူ တွေ ပါပဲ ။ ဖီဖာ ရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစား သမား ဆု အတွက် လက်ရွေးစင် အသင်း တွေ ရဲ့ နည်းပြ တွေ ၊ အသင်း ခေါင်းဆောင် တွေ ၊ နာမည်ကျော် ဂျာနယ်လစ် တွေ နဲ့ ပရိသတ်တွေ ရဲ့ မဲတွေ ကို ကောက်ခံ ခဲ့ပြီး မဲ ၂၅% စီကို ရယူ ပေါင်းစည်းပြီး အမှတ်ပေး တွက်ချက် ခဲ့တာ ဖြစ် ပါတယ် ။

မက်ဆီ ဟာ လက်ရွေးစင် အသင်း ခေါင်းဆောင် တွေ ၊ နည်းပြ တွေ နဲ့ ပရိသတ်တွေ ရဲ့ မဲပေး မှု ကဏ္ဍတွေ မှာ ဗန်ဒိုက် ကို အသာ ရခဲ့ပြီး ဗန်ဒိုက် ကတော့ ဂျာနယ်လစ် တွေ ရဲ့ မဲပေးမှု မှာ မက်ဆီ ထက် အသာ ရခဲ့ ပါတယ် ။

အသင်းခေါင်းဆောင် ကဏ္ဍမှာ မက်ဆီ ဟာ ၃၇၇ မှတ် ရရှိ ခဲ့ပြီး ဗန်ဒိုက် ကတော့ ၃၃၇ မှတ် နဲ့ ရိုနယ်ဒို က ၃၃၀ မှတ်သာ ရရှိ ခဲ့ ပါတယ် ။ လက်ရွေးစင် နည်းပြ တွေရဲ့ မဲပေးမှု မှာတော့ မက်ဆီ ဟာ ၃၇၉ မှတ် ရခဲ့ပြီး ဗန်ဒိုက် ကတော့ တတိယ နေရာ မှာ ၂၈၉ မှတ် နဲ့ ရပ်တည် ခဲ့ကာ ရိုနယ်ဒို က ၃၀၇ မှတ်နဲ့ ဒုတိယ နေရာကို ရခဲ့ ပါတယ် ။

ပရိသတ်တွေ ရဲ့ မဲပေးမှုမှာ မက်ဆီ ဟာ ပရိသတ်ပေါင်း ၁၃၅၉၇၂၈ ဦး ရဲ့ မဲ ကို ရရှိခဲ့ ပါတယ် ။ ဗန်ဒိုက် က တော့ ပေါ်ပြူလာဖြစ်မှု မှာ မက်ဆီ ၊ ရိုနယ်ဒို တို့ ကို မကျော်လွှား နိုင်သေးဘဲ ရ၀၄၂၃၅ မဲ သာ ရခဲ့ကာ ရိုနယ်ဒို ကတော့ ၉၆၂၉၁၉ မဲ နဲ့ ဒုတိယ နေရာ မှာ ရှိနေခဲ့ ပါတယ် ။

ဂျာနယ်လစ်တွေ ရဲ့ မဲပေးမှု မှာတော့ ဗန်ဒိုက်ဟာ မက်ဆီ ထက် အမှတ် ၁၀၀ နီးပါး အသာ ရခဲ့ပြီး ၄၆၂ မှတ် အထိ ရရှိ ခဲ့ကာ မက်ဆီ ကတော့ ၃၆၄ မှတ်သာ ရခဲ့ ပါတယ် ။ ရိုနယ်ဒို ကတော့ ဗန်ဒိုက် ထက် အမှတ် ၂၀၀ နီးပါး ကွာဟ ခဲ့ပြီး ၂၆၄ မှတ်သာ ရရှိ ခဲ့ ပါတယ် ။

ကဏ္ဍ လေးခု က အမှတ်တွေ ကို တွက်ချက် စုပေါင်း လိုက်ချိန် မှာတော့ မက်ဆီ ဟာ ဗန်ဒိုက် ထက် ၈ မှတ် အသာ နဲ့ ဖီဖာ ရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစား သမား ဆု ကို ကစား သမား ဘဝ တစ်လျောက် ၆ ကြိမ် မြောက် ရယူ ကိုင်မြှောက် သွားနိုင် ခဲ့ ပါတယ် ။

လာမယ့် လ အတွင်းမှာ ပေးအပ် ချီးမြှင့်မယ့် ရွှေဘောလုံးဆု ( Ballon D’or ) ကတော့ ဂျာနယ်လစ် တွေ ရဲ့ မဲတွေ ကို သာ ကောက်ခံ ဆုံးဖြတ်မှာ ဖြစ်တာ ကြောင့် အဆိုပါ ကဏ္ဍ မှာ ဗန်ဒိုက် ကို အမှတ် အပြတ် အသတ် နဲ့ နောက်ကောက်ကျ ခဲ့တဲ့ မက်ဆီ အနေနဲ့ စိုးရိမ်စရာ ဖြစ်လာ နိုင် ပါတယ် ။

ရွှေဘောလုံးဆု ဟာ ပြင်သစ် ဘောလုံး ( France Football Magazine ) က ကြီးမှူး ပေးအပ် ချီးမြှင့်တာ ဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းမှာ ရှိ နေတဲ့ နာမည်ကျော် သတင်းစာ တိုက်တွေ ၊ အားကစား ဂျာနယ် တိုက်တွေ က တာဝန်ခံ ဂျာနယ်လစ် တွေ စုပေါင်း မဲပေး ကြတာပဲ ဖြစ် ပါတယ် ။

အကယ်၍ မက်ဆီ သာ ရွှေဘောလုံး ဆု နဲ့လွဲ ချော်ခဲ့ ပါက FIFA The Best ဆု ရှင် တွေ အနက် ရွှေဘောလုံး ဆု နဲ့ လွဲချော်တဲ့ ပထမဆုံး သူ ဖြစ်သွား မှာဖြစ်သလို ဗန်ဒိုက် သာ ရခဲ့ပါက ၂၀၁၁ ခုနှစ် က မိုက်ကယ် အိုဝင် နောက်ပိုင်း ရွှေဘောလုံး ဆု ကို ရယူနိုင်တဲ့ လီဗာပူး ကစား သမား အဖြစ် မှတ်တမ်း ၀င်သွားနိုင် မှာပဲ ဖြစ် ပါတယ် ။

SPORTS MYANMAR