arsene wenger

အာဆင္နယ္ နည္းျပေဟာင္း အာဆင္ဝင္းဂါး ဟာ ယေန႔နံနက္က ကာရာေဘာင္း ဖလား တတိယအဆင့္ အျဖစ္ ေရာခ်႕္ေဒးလ္ အသင္းနဲ႔ ယွဥ္ၿပိဳင္ ကစားခဲ့တဲ့ ပြဲမွ မန္ယူနိုက္တက္ ရဲ့ စြမ္းေဆာင္ရည္ အေပၚ အားမလို အားမရ ျဖစ္ေနၿပီး ျပဳျပင္ ေျပာင္းလဲမွုေတြ အမ်ားႀကီး ျပဳလုပ္ရဦးမယ္လို႔ မွတ္ခ်က္ ေပးသြားခဲ့ပါတယ္။

မန္ယူနိုက္တက္ အသင္း ဟာ လိဂ္ဝမ္း ကလပ္ ေရာ့ခ်္ေဒးလ္ အသင္းနဲ႔ ပြဲခ်ိန္ အတြင္း တစ္ဂိုးစီ သေရက်ေနတာေၾကာင့္ ပင္နယ္တီ အဆုံးအျဖတ္ ခံယူ ခဲ့ရၿပီး ဂိုးသမား ရိုမီယို ရဲ့ လက္စြမ္းၿပ ကာကြယ္ျပမွုေၾကာင့္သာ ေနာက္တစ္ဆင့္ တက္လွမ္းနိုင္ခဲ့တာလည္း ျဖစ္ပါတယ္ ။

romero

မန္ယူနိုက္တက္ အသင္းဟာ ကာရာေဘာင္း ဖလား စတုတၱအဆင့္ မွာေတာ့ ခ်ဲလ္ဆီး အသင္းရဲ့ အိမ္ကြင္း စတမ္းဖိုဒ့္ ဘရစ္ခ်္ မွာ သြားေရာက္ ယွဥ္ၿပိဳင္ ကစားရမွာပါ ။ အာဆင္နယ္ နည္းျပေဟာင္း အာဆင္ဝင္းဂါး ကေတာ့ မန္ယူနိုက္တက္ အသင္းအေနနဲ႔ လမ္းေၾကာင္းမွန္ေပၚ ျပန္ေရာက္ဖို႔ဆိုရင္ ကစားသမား ေလးဦးအထိ ေခၚယူဖို႔ လိုအပ္ေၾကာင္း ဆိုပါတယ္ ။

chelsea

အာဆင္ဝင္းဂါး က Bein Sports မွာ ” က်ေနာ့္ အျမင္အရေတာ့ ယူနိုက္တက္ အသင္းမွာ ပထမ ပြဲထြက္ ၁၁ ေယာက္ ေနရာမွာ ကစားနိုင္မယ့္ ေနာက္ထပ္ ကစားသမား ေလးေယာက္ေလာက္ လိုအပ္ ေနပါတယ္ ။ ဒါေပမယ့္ အခုလက္ရွိ ယူနိုက္တက္ အစုအဖြဲ႕ဟာလည္း စိန္ေခၚနိုင္စြမ္း ရွိတဲ့သူေတြပါ ။ ”

” လူေတြ ထင္ေနၾကသလိုမ်ိဳး အျခား အသင္းနဲ႔ အမ်ားႀကီး ျပတ္က်န္ ေနတာမ်ိဳးေတာ့ မဟုတ္ပါဘူး ။ အဲ့ဒီ ကစားသမား ေလးေယာက္ က ဘယ္သူေတြလဲ ဆိုတာေတာ့ က်ေနာ္ ထုတ္မေျပာနိုင္ပါဘူး၊ေျပာလိုက္ရင္ သတင္းစာ ေခါင္းႀကီးေတြမွာ ေနရာယူသြားပါလိမ့္မယ္၊ သူတို႔က ဘယ္သူေတြလဲဆိုတာ က်ေနာ္ ေကာင္းေကာင္း သိပါတယ္။”

wenger

” ယူနိုက္တက္ အသင္းမွာ ဖန္တီးနိုင္စြမ္း၊ပင္ကို အစြမ္းအစ၊ၿပိဳင္ဘက္ ခံစစ္ေၾကာင္းကို အျမန္ႏွုန္း နဲ႔ လိမ္ေခါက္ ေက်ာ္ျဖတ္နိုင္မယ့္ ကစားသမားမ်ိဳး မရွိဘူး ျဖစ္ေနပါတယ္ ။ အခုေတာ့ ေဘးတိုက္ ေပးပို႔တာေတြ၊ ေနာက္ျပန္ ေပးပို႔တာေတြမ်ိဳးပဲ ေတြ႕ေန ရပါတယ္။ ”

” တစ္ဖက္ အသင္း ေနာက္တန္း ကစားသမားကို ဖရိုဖရဲ ျဖစ္နိုင္ေအာင္ လုပ္ေပးနိုင္မယ့္ ကစားသမားမ်ိဳး၊တစ္ေယာက္ခ်င္း ေက်ာ္ျဖတ္နိုင္မယ့္ ကစားသမားမ်ိဳး မရွိသလို တိုက္စစ္ကို လိုက္ပါ နိုင္မယ့္ ကစားသမားမ်ိဳး ကင္းမဲ့ ေနတာပါ ။ ”

” ၿပိဳင္ဘက္ အသင္းကို ဖ်က္ဆီး နိုင္မယ့္ ကစားသမားမ်ိဳး လိုအပ္ ေနပါတယ္ ။ ကစားသမား ၄ ေယာက္ေတာ့ လိုအပ္ပါတယ္ ။ ” လို႔ ေျပာၾကား သြားခဲ့ပါတယ္ ။ မန္ယူနိုက္တက္ အသင္းဟာ ေနာက္တစ္ပတ္ အိမ္ကြင္း အိုးထရက္ဖိုဒ့္မွာ အာဆင္နယ္ အသင္းနဲ႔ ယွဥ္ၿပိဳင္ ကစာရမွာပါ ။

SPORTS MYANMAR

Unicode

လမ်းကြောင်းမှန်ပေါ်ပြန်ရောက်ဖို့ မန်ယူနိုက်တက် အသင်း ကစားသမားသစ် ဘယ်လောက်အထိ ခေါ်ယူရမလဲဆိုတာ ပြောပြလိုက်တဲ့ အာဆင်ဝင်းဂါး
==================================

အာဆင်နယ် နည်းပြဟောင်း အာဆင်ဝင်းဂါး ဟာ ယနေ့နံနက်က ကာရာဘောင်း ဖလား တတိယအဆင့် အဖြစ် ရောချ့်ဒေးလ် အသင်းနဲ့ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပွဲမှ မန်ယူနိုက်တက် ရဲ့ စွမ်းဆောင်ရည် အပေါ် အားမလို အားမရ ဖြစ်နေပြီး ပြုပြင် ပြောင်းလဲမှုတွေ အများကြီး ပြုလုပ်ရဦးမယ်လို့ မှတ်ချက် ပေးသွားခဲ့ပါတယ်။

မန်ယူနိုက်တက် အသင်း ဟာ လိဂ်ဝမ်း ကလပ် ရော့ချ်ဒေးလ် အသင်းနဲ့ ပွဲချိန် အတွင်း တစ်ဂိုးစီ သရေကျနေတာကြောင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူ ခဲ့ရပြီး ဂိုးသမား ရိုမီယို ရဲ့ လက်စွမ်းပြ ကာကွယ်ပြမှုကြောင့်သာ နောက်တစ်ဆင့် တက်လှမ်းနိုင်ခဲ့တာလည်း ဖြစ်ပါတယ် ။

မန်ယူနိုက်တက် အသင်းဟာ ကာရာဘောင်း ဖလား စတုတ္တအဆင့် မှာတော့ ချဲလ်ဆီး အသင်းရဲ့ အိမ်ကွင်း စတမ်းဖိုဒ့် ဘရစ်ချ် မှာ သွားရောက် ယှဉ်ပြိုင် ကစားရမှာပါ ။ အာဆင်နယ် နည်းပြဟောင်း အာဆင်ဝင်းဂါး ကတော့ မန်ယူနိုက်တက် အသင်းအနေနဲ့ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်ဖို့ဆိုရင် ကစားသမား လေးဦးအထိ ခေါ်ယူဖို့ လိုအပ်ကြောင်း ဆိုပါတယ် ။

အာဆင်ဝင်းဂါး က Bein Sports မှာ ” ကျနော့် အမြင်အရတော့ ယူနိုက်တက် အသင်းမှာ ပထမ ပွဲထွက် ၁၁ ယောက် နေရာမှာ ကစားနိုင်မယ့် နောက်ထပ် ကစားသမား လေးယောက်လောက် လိုအပ် နေပါတယ် ။ ဒါပေမယ့် အခုလက်ရှိ ယူနိုက်တက် အစုအဖွဲ့ဟာလည်း စိန်ခေါ်နိုင်စွမ်း ရှိတဲ့သူတွေပါ ။ ”

” လူတွေ ထင်နေကြသလိုမျိုး အခြား အသင်းနဲ့ အများကြီး ပြတ်ကျန် နေတာမျိုးတော့ မဟုတ်ပါဘူး ။ အဲ့ဒီ ကစားသမား လေးယောက် က ဘယ်သူတွေလဲ ဆိုတာတော့ ကျနော် ထုတ်မပြောနိုင်ပါဘူး၊ပြောလိုက်ရင် သတင်းစာ ခေါင်းကြီးတွေမှာ နေရာယူသွားပါလိမ့်မယ်၊ သူတို့က ဘယ်သူတွေလဲဆိုတာ ကျနော် ကောင်းကောင်း သိပါတယ်။”

” ယူနိုက်တက် အသင်းမှာ ဖန်တီးနိုင်စွမ်း၊ပင်ကို အစွမ်းအစ၊ပြိုင်ဘက် ခံစစ်ကြောင်းကို အမြန်နှုန်း နဲ့ လိမ်ခေါက် ကျော်ဖြတ်နိုင်မယ့် ကစားသမားမျိုး မရှိဘူး ဖြစ်နေပါတယ် ။ အခုတော့ ဘေးတိုက် ပေးပို့တာတွေ၊ နောက်ပြန် ပေးပို့တာတွေမျိုးပဲ တွေ့နေ ရပါတယ်။ ”

” တစ်ဖက် အသင်း နောက်တန်း ကစားသမားကို ဖရိုဖရဲ ဖြစ်နိုင်အောင် လုပ်ပေးနိုင်မယ့် ကစားသမားမျိုး၊တစ်ယောက်ချင်း ကျော်ဖြတ်နိုင်မယ့် ကစားသမားမျိုး မရှိသလို တိုက်စစ်ကို လိုက်ပါ နိုင်မယ့် ကစားသမားမျိုး ကင်းမဲ့ နေတာပါ ။ ”

” ပြိုင်ဘက် အသင်းကို ဖျက်ဆီး နိုင်မယ့် ကစားသမားမျိုး လိုအပ် နေပါတယ် ။ ကစားသမား ၄ ယောက်တော့ လိုအပ်ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။ မန်ယူနိုက်တက် အသင်းဟာ နောက်တစ်ပတ် အိမ်ကွင်း အိုးထရက်ဖိုဒ့်မှာ အာဆင်နယ် အသင်းနဲ့ ယှဉ်ပြိုင် ကစာရမှာပါ ။

SPORTS MYANMAR