ဂျေမီကာ​ရေဂါ က အာဆင်​နယ်​ ဂန္ထ၀င်​ တိုက်​စစ်​မှုး သီယာရီအွန်​နရီ နဲ့ ချဲလ်​ဆီး ဂန္ထ၀င်​ ဒီဒီယာ ဒ​ရော့ဘာ တို့ဟာ ၎င်းရဲ့ ကစားသမား ရင်​ဆိုင်​ ခဲ့ဖူးတဲ့ ပြိုင်​ဘက်​​တွေ ထဲမှာ အခက်​ခဲဆုံး ဖြစ်​တယ်​လို့ ထုတ်​​ဖော်​ ​ပြောဆို သွားခဲ့ပါတယ်​။ သွင်းဂိုး ၂၂၈ ဂိုး နဲ့ ဂိုးသွင်းစက်​ ဖြစ်​ခဲ့တဲ့ အွန်​နရီဟာ အာဆင်​နယ်​ ရဲ့ သမိုင်းတစ်​​လျှောက်​ သွင်းဂိုး အများဆုံး ကစားသမား ဖြစ်​ပြီး အင်္ဂလန်​ လက်​​ရွေးစင်​​ဟောင်း အီရန်​ရိုက်​ကို ​ကျော်​ဖြတ်​ ထားသူ ဖြစ်​ပါတယ်​။

ဒ​ရော့ဘာ ကလည်း ချဲလ်​ဆီး အသင်း သမိုင်းတစ်​​လျှောက်​ သွင်းဂိုး အများဆုံး ကစားသမား စာရင်းရဲ့ စတုတ္ထ​နေရာမှာ ရပ်​တည်​ ​နေပြီး လက်​ရှိ ချဲလ်​ဆီး မန်​​နေဂျာ ဖရန့်​လမ်းပတ်​က သွင်းဂိုး ၂၁၁ ဂိုးနဲ့ ထိပ်​ဆုံးမှာ ရပ်​တည်​ ​နေပါတယ်​ ။

လီ​ဗာပူး ဂန္ထ၀င်​ ​ဂျေမီကာ​ရေဂါ က “သီယာရီ အွန်​နရီဟာ ကျွန်​​တော့်​ရဲ့ အခက်​ခဲဆုံး ပြိုင်​ဘက်​ပါ။ ကျွန်​​တော်​ ဒီဒီယာ​ ဒ​ရော့ဘာနဲ့ ​ကောင်းမွန်​တဲ့ ပွဲစဉ်​​တွေ ရှိခဲ့ပါတယ်​။ သူဟာ လီ​ဗာပူး နဲ့ ကစားခဲ့တဲ့ ပွဲ​ပေါင်း ၃၀ မှာ ၃ ဂိုးပဲ သွင်းယူ ခဲ့တယ်​လို့ ကျွန်​​တော်​ ထင်​ပါတယ်​။ ဒါ​ပေမယ့်​ လူ​တွေဟာ ဒီအချက်​ကို ​မေ့​နေဟန်​ ရှိ​နေပြီး လွန်​ခဲ့တဲ့ ၂၀၀၆ ခုနှစ်​က သူ့ရဲ့ မယုံကြည်​နိုင်​စရာ ဂိုးကိုပဲ မှတ်​မိ ​နေကြပါတယ်​။

တစ်​ခါတစ်​ရံ အဲဒီအချိန်​က ထိပ်​တန်း ကစားသမား​တွေ ဖြစ်​ကြတဲ့ အလန်​ရှီးယားရား ၊ အွန်​နရီ ၊ ရွန်းနီ ၊ ​ရော်​ဘင်​​​ဗန်​ပါစီ တို့နဲ့ ရင်​ဆိုင်​တဲ့ အခါ ​နောက်​ခံလူ တစ်​ဦး အ​နေနဲ့ တစ်​ချို့ အ​ခြေအ​နေ​တွေမှာ ဘာမှ မလုပ်​နိုင်​တာ ရှိပါတယ်​။ ဘာလို့လဲဆို​တော့ သူတို့ဟာ အဲဒီ​လောက်​ကို ​ကောင်းကြလို့ပါ။ အဲဒီတုန်းက ဒီဒီယာ ဒ​ရော့ဘာ သွင်းယူ ခဲ့တဲ့ ဂိုးဆိုရင်​ ကျွန်​​တော်​ ဘာမှ မတက်​နိုင်​ ခဲ့ပါဘူး။ ကျွန်​​တော်​ဟာ ဖာနန်​ဒို​တောရက်​စ်​ ၊ လူးဝစ်​​ဆွာရက်​ တို့လို တိုက်​စစ်​မှုး ​တွေနဲ့ ​နေ့တိုင်း ​လေ့ကျင့်​ ခဲ့ပါတယ်​။ ကျွန်​တော်​ဟာ သူတို့အတွက်​ ပွဲကြို ပြင်​ဆင်​မှု ဖြစ်​​စေ ခဲ့ပါတယ်​ ။

ကျွန်​​တော့်​ရဲ့ ကစားသမား ဘဝ ချဲလ်​ဆီး နဲ့ ရင်​ဆိုင်​ ခဲ့ရတုန်းက ပွဲတိုင်းနီးပါး ရလဒ်​ဟာ ၀-၀ ဒါမှမဟုတ်​ ၁-၀ ဖြစ်​​လေ့ ရှိပြီး ပွဲတိုင်းနီးပါးဟာ တစ်​စက်​မှ အမှားခံလို့ မရပါဘူး။ ​နောက်​ခံလူ တစ်​ဦး အ​နေနဲ့ အမှား လုပ်​ခဲ့မယ်​ ဆိုရင်​ ပွဲဟာ လုံးဝ ပြီးသွားပါပြီ။ ဘာလို့လဲဆို​တော့ ဂျွန်​တယ်​ရီ ​နောက်​တန်းမှာ ရှိ​နေတဲ့ အခါ သူတို့ဟာ ဂိုး​တွေ သိပ်​ပြီး ​ပေးရ​လေ့ မရှိပါဘူး။ အကယ်​၍ ကိုယ့်​ဘက်​က စတင်​ပြီး ဦး​ဆောင်​ဂိုး ရတဲ့အခါ ကိုယ့်​ဘက်​ကလည်း ဂိုး​တွေ သိပ်​​မ​ပေး ရနိုင်​ဘူး ဆိုတာ သိပါတယ်​။” လို့ ​ပြောသွားပါတယ်​။

ဆက်​လက်​ပြီး ကာ​ရေဂါက “​မျှော်​လင့်​ ထားခဲ့တာထက်​ ခက်​ခဲတဲ့ ကစားသမား​တွေ နဲ့ ကျွန်​​တော်​ ရင်​​ဆိုင်​ ခဲ့ဖူးပါတယ်​။ ကျွန်​​တော်​ အမြဲတမ်း ​ဘော်​ဘီဇာမိုရာ ၊ ကယ်​​ဗင်​​ဒေ​ဗီးစ်​ ၊ ကာတန်​ကိုး တို့အ​ကြောင်း ​ပြော​လေ့ ရှိပါတယ်​။ မ​လေးမစား ​ပြောတာ မဟုတ်​​ပေမယ့်​ သူတို့ဟာ ထိပ်​တန်း တိုက်​စစ်​မှုး​တွေ မဟုတ်​ကြပါဘူး။ လူ​တွေက​တော့ သူတို့ဟာ လူချ ရ​လောက်​​အောင်​ လုပ်​စရာ မလိုဘူးလို့ ​တွေးကြပါတယ်​။ ဒါ​ပေမယ့်​ အားလုံးဟာ ကိုယ့်​ထက်​ အရပ်​ ​လေးလက်​မ​လောက်​ ပိုရှည်​တဲ့ အပြင်​ ကိုယ်​ထက်​ သန်​မာပြီး လျှင်​မြန်​ ကြပါတယ်​။

ဒါ့​ကြောင့်​ ဒါဟာ ခင်​​ဗျားတို့ ထင်​သ​လောက်​ မလွယ်​ကူပါဘူး။ ဒါ​ပေမယ့်​ များ​သောအားဖြင့်​ သူတို့ ဆီက အ​ကောင်းဆုံး ​ခြေစွမ်းနဲ့ မကြုံ ခဲ့ရပါဘူး။ ဘာလို့်လဲဆို​တော့ ကျွန်​​တော်​ဟာ ပိုမို ​ကောင်းမွန်​တဲ့ အသင်းမှာ ကစား​နေပြီး သူတို့ အ​နေနဲ့ အခွင့်​အ​ရေး သိပ်​ပြီး မရ နိုင်​လို့ပါ ​​။ ထိပ်​တန်း ကစားသမား တစ်​ဦးနဲ့ ရင်​ဆိုင်​တဲ့ အခါ အ​ပေး အယူ ဆိုတာ အမြဲတမ်း ရှိပါတယ်​။ တစ်​ခါတစ်​ရံ ကိုယ်​ အ​ကောင်းဆုံး လုပ်​နိုင်​သလို တစ်​ခါတစ်​ရံ သူတို့ အ​ကောင်းဆုံး လုပ်​နိုင်​ပါတယ်​။ ကျွန်​​တော်​က​​တော့ ဒါ​တွေဟာ ခမ်းနားတဲ့ တိုက်​ပွဲ​တွေ လို့ပဲ အမည်​တပ်​ ချင်​ပါတယ်​။ ဒါ​ပေမယ့်​ ဝက်​စ်​ဟမ်း ဒါမှမဟုတ်​ ​ဘော်​တန်​ တို့မှာ ကစား ​နေတဲ့ ကစားသမား​တွေနဲ့ ​တွေ့တဲ့အခါ အခါ ဒါကို လက်​မခံနိုင်​ပါဘူး။” လို့ ဆိုသွားပါတယ်​။

SM