ကာတာ စီးပြားေရး ရင္းႏွီးျမွပ္ႏွံမႈ အဖြဲ႕ႀကီး ရဲ႕ PSG အသင္း ကို ျပဳျပင္ ေျပာင္းလဲ ေရးေတြ ျပဳလုပ္ ခဲ့တာ ကို ေဘာလံုး ကမၻာႀကီး က အခ်ိန္ အေတာ္ ၾကာတဲ့ အထိ ေမ့ႏုိင္ မွာ မဟုတ္ ပါဘူး ။ ျပည္တြင္း ရဲ႕ ထိပ္တန္း ကလပ္ အသင္း တစ္ခု အဆင့္ ထက္ မပို တဲ့ PSG ကို ကာတာ အဖြဲ႕ ပုိင္ဆုိင္ အၿပီးမွာ ေဘာလံုးေလာက ရဲ႕ ထိပ္သီး အသင္း တစ္သင္း အျဖစ္ ေန႔ခ်င္း ညခ်င္း ေရာက္ရွိ လာခဲ့ ပါတယ္ ။

လက္ရွိ အခ်ိန္ မွာေတာ့ PSG ဟာ ေနမာ ၊ ဘာေပ တုိ႔ လုိ ကမၻာ့ အေကာင္းဆံုး အဆင့္ ကစား သမားေတြ သာမက ဒီမာရီယာ ၊ ဗာရက္တီ ၊ ကာဗာနီ ၊ ဒရက္ဇ္လာ ၊ အဲလ္ဗက္ တို႔ လုိ ထိပ္တန္း ကစား သမားေတြ နဲ႔ ဖြဲ႕စည္း ထားတဲ့ အသင္း တစ္သင္းျဖစ္ ေနပါၿပီ ။

ဒီလုိ ေငြေၾကး အသံုးျပဳ ၿပီး ထိပ္သီး အသင္း တစ္သင္း ကို ေဖာ္ ေဆာင္ ခဲ့မႈ မ်ဳိး ကို အဂၤလန္ ေျမ ေပၚမွာ ေနာက္ တစ္ႀကိမ္ ထပ္လုပ္ ဖို႔ ကာတာ စီးပြားေရး အင္အားစု က စီစဥ္ ေနၾကတယ္ ဆုိတဲ့ သတင္း တစ္ပုဒ္ ယေန႔ နံနက္ ပုိင္း မွာ ေပၚထြက္ လာခဲ့ ပါတယ္ ။

PSG အသင္း ကို ပုိင္ဆိုင္ ထားတဲ့ ကာတာ အင္အားစု ဟာ အဂၤလန္ ခ်န္ပီယံရွစ္ ( ပရီးမီးယားလိဂ္ ၏ ေအာက္ ဒုတိယ အျမင့္ဆံုး လိဂ္ ) က ကလပ္ အသင္း တစ္သင္းသင္း ကို ေငြေၾကး ရင္းႏွီး ျမွပ္ ႏွံမႈ ျပဳလုပ္ ၿပီး ၂ ႏွစ္ ၃ ႏွစ္ အတြင္း မွာ ပရီးမီးယားလိဂ္ ထိပ္သီး ကလပ္ ႀကီး တစ္ခု ျဖစ္လာ ဖို႔ အတြက္ အစီအစဥ္ ေရးဆြဲ ေနၾက တယ္ လို႔ ၾကားသိရ ပါတယ္ ။

ျပင္သစ္ အေျခစိုက္ မီဒီယာ ေတြ ရဲ႕ ေဖာ္ျပ ခ်က္ အရ ကာတာ အင္အားစု ဟာ အက္စ္တြန္ ဗီလာ ၊ ေနာ္တင္ဟမ္ ေဖာရက္စ္ နဲ႔ QPR တုိ႔လုိ သမိုင္း ေၾကာင္း ေကာင္းေတြ ရွိ ခဲ့ဖူး တဲ့ အသင္းေတြ ထဲ က တစ္သင္း ကို ၀ယ္ယူ ကာ PSG ကို လုပ္ ေဆာင္ ခဲ့သလို မ်ဳိး ထိပ္တန္း ကစား သမား မ်ားစြာ ၀ယ္ယူ အားျဖည့္ သြားမွာ ျဖစ္တယ္ လို႔ သိရ ပါတယ္ ။

ကာတာ အင္အား စု ဟာ PSG ကို ၂၀၁၁ ခုႏွစ္ က ၀ယ္ယူ ခဲ့တာ ျဖစ္ၿပီး အဆိုပါ အခ်ိန္ ကတည္း က နက္ဆာ အယ္ကာလီဖီ ဟာ အသင္း ဥကၠဌ အျဖစ္ တာ၀န္ ယူ ေဆာင္ရြက္ လာခဲ့တာ ျဖစ္ ပါတယ္ ။ ၈ ႏွစ္ တာ ကာလ အတြင္း မွာ PSG ဟာ ျပည္တြင္း ၿပဳိင္ပြဲ ကို အျပတ္ အသတ္ လႊမ္းမိုး လာႏုိင္ ခဲ့ၿပီး ေမွ်ာ္မွန္း ထားတဲ့ ဥေရာပ ေအာင္ျမင္ မႈ ကေတာ့ ေ၀းကြာ ေနဆဲ ျဖစ္ ပါတယ္ ။

အဆိုပါ အခ်ိန္ ကေန ယခု ႏွစ္ အထိ PSG အတြက္ ကာတာ အင္အားစု အသံုးျပဳ ထားတဲ့ ရင္းႏွီးမႈ ပမာဏ ( ေျပာင္းေရႊ႕ ေၾကး သီးသန္႔ ) ဟာ ယူရို သန္း ၈၀၀ နီးပါး ရွိေနၿပီ လို႔လည္း သိရ ပါတယ္ ။

ကာတာ မိသားစု ရဲ႕ အစီအစဥ္ေတြ တကယ္ ျဖစ္လာ ခဲ့ မယ္ ဆုိရင္ေတာ့ ေနာင္ လာမယ့္ ၄-၅ ႏွစ္ အတြင္း မွာ ပရီးမီးယားလိဂ္ ဆုဖလား အတြက္ ယွဥ္ၿပဳိင္မယ့္ အသင္းႀကီး တစ္သင္း ကို ျမင္ေတြ႕ ရဖြယ္ ရွိ ႏုိင္ ပါတယ္ ။

နောက်ထပ် PSG တစ်သင်း ကို အင်္ဂလန် မှာ တည်ဆောက်ဖို့ စီစဉ်နေတဲ့ ကာတာ အင်အားစု

====================================

ကာတာ စီးပွားရေး ရင်းနှီးမြှပ်နှံမှု အဖွဲ့ကြီး ရဲ့ PSG အသင်း ကို ပြုပြင် ပြောင်းလဲ ရေးတွေ ပြုလုပ် ခဲ့တာ ကို ဘောလုံး ကမ္ဘာကြီး က အချိန် အတော် ကြာတဲ့ အထိ မေ့နိုင် မှာ မဟုတ် ပါဘူး ။ ပြည်တွင်း ရဲ့ ထိပ်တန်း ကလပ် အသင်း တစ်ခု အဆင့် ထက် မပို တဲ့ PSG ကို ကာတာ အဖွဲ့ ပိုင်ဆိုင် အပြီးမှာ ဘောလုံးလောက ရဲ့ ထိပ်သီး အသင်း တစ်သင်း အဖြစ် နေ့ချင်း ညချင်း ရောက်ရှိ လာခဲ့ ပါတယ် ။

လက်ရှိ အချိန် မှာတော့ PSG ဟာ နေမာ ၊ ဘာပေ တို့ လို ကမ္ဘာ့ အကောင်းဆုံး အဆင့် ကစား သမားတွေ သာမက ဒီမာရီယာ ၊ ဗာရက်တီ ၊ ကာဗာနီ ၊ ဒရက်ဇ်လာ ၊ အဲလ်ဗက် တို့ လို ထိပ်တန်း ကစား သမားတွေ နဲ့ ဖွဲ့စည်း ထားတဲ့ အသင်း တစ်သင်းဖြစ် နေပါပြီ ။

ဒီလို ငွေကြေး အသုံးပြု ပြီး ထိပ်သီး အသင်း တစ်သင်း ကို ဖော် ဆောင် ခဲ့မှု မျိုး ကို အင်္ဂလန် မြေ ပေါ်မှာ နောက် တစ်ကြိမ် ထပ်လုပ် ဖို့ ကာတာ စီးပွားရေး အင်အားစု က စီစဉ် နေကြတယ် ဆိုတဲ့ သတင်း တစ်ပုဒ် ယနေ့ နံနက် ပိုင်း မှာ ပေါ်ထွက် လာခဲ့ ပါတယ် ။

PSG အသင်း ကို ပိုင်ဆိုင် ထားတဲ့ ကာတာ အင်အားစု ဟာ အင်္ဂလန် ချန်ပီယံရှစ် ( ပရီးမီးယားလိဂ် ၏ အောက် ဒုတိယ အမြင့်ဆုံး လိဂ် ) က ကလပ် အသင်း တစ်သင်းသင်း ကို ငွေကြေး ရင်းနှီး မြှပ် နှံမှု ပြုလုပ် ပြီး ၂ နှစ် ၃ နှစ် အတွင်း မှာ ပရီးမီးယားလိဂ် ထိပ်သီး ကလပ် ကြီး တစ်ခု ဖြစ်လာ ဖို့ အတွက် အစီအစဉ် ရေးဆွဲ နေကြ တယ် လို့ ကြားသိရ ပါတယ် ။

ပြင်သစ် အခြေစိုက် မီဒီယာ တွေ ရဲ့ ဖော်ပြ ချက် အရ ကာတာ အင်အားစု ဟာ အက်စ်တွန် ဗီလာ ၊ နော်တင်ဟမ် ဖောရက်စ် နဲ့ QPR တို့လို သမိုင်း ကြောင်း ကောင်းတွေ ရှိ ခဲ့ဖူး တဲ့ အသင်းတွေ ထဲ က တစ်သင်း ကို ၀ယ်ယူ ကာ PSG ကို လုပ် ဆောင် ခဲ့သလို မျိုး ထိပ်တန်း ကစား သမား များစွာ ၀ယ်ယူ အားဖြည့် သွားမှာ ဖြစ်တယ် လို့ သိရ ပါတယ် ။

ကာတာ အင်အား စု ဟာ PSG ကို ၂၀၁၁ ခုနှစ် က ၀ယ်ယူ ခဲ့တာ ဖြစ်ပြီး အဆိုပါ အချိန် ကတည်း က နက်ဆာ အယ်ကာလီဖီ ဟာ အသင်း ဥက္ကဌ အဖြစ် တာဝန် ယူ ဆောင်ရွက် လာခဲ့တာ ဖြစ် ပါတယ် ။ ၈ နှစ် တာ ကာလ အတွင်း မှာ PSG ဟာ ပြည်တွင်း ပြိုင်ပွဲ ကို အပြတ် အသတ် လွှမ်းမိုး လာနိုင် ခဲ့ပြီး မျှော်မှန်း ထားတဲ့ ဥရောပ အောင်မြင် မှု ကတော့ ဝေးကွာ နေဆဲ ဖြစ် ပါတယ် ။

အဆိုပါ အချိန် ကနေ ယခု နှစ် အထိ PSG အတွက် ကာတာ အင်အားစု အသုံးပြု ထားတဲ့ ရင်းနှီးမှု ပမာဏ ( ပြောင်းရွှေ့ ကြေး သီးသန့် ) ဟာ ယူရို သန်း ၈၀၀ နီးပါး ရှိနေပြီ လို့လည်း သိရ ပါတယ် ။

ကာတာ မိသားစု ရဲ့ အစီအစဉ်တွေ တကယ် ဖြစ်လာ ခဲ့ မယ် ဆိုရင်တော့ နောင် လာမယ့် ၄-၅ နှစ် အတွင်း မှာ ပရီးမီးယားလိဂ် ဆုဖလား အတွက် ယှဉ်ပြိုင်မယ့် အသင်းကြီး တစ်သင်း ကို မြင်တွေ့ ရဖွယ် ရှိ နိုင် ပါတယ် ။