မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ဒီနေ့ နံနက် ရော့ခ်ျေ ဒလ် အသင်း နဲ့ ကာရာဘောင်း ဖလား Round 3 ပွဲစဉ် အဖြစ် ကစား ခဲ့ ရပြီး 1 – 1 ဆိုတဲ့ ရလဒ် ထွက်ပေါ် ခဲ့တာ ကြောင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူ ခဲ့ရာ 5 – 3 ဆိုတဲ့ ရလဒ် နဲ့ နိုင်ပွဲ ရရှိ နိုင်ခဲ့ တာကြောင့် နောက် တစ်ဆင့် တက်ရောက် သွားနိုင်ခဲ့ ပါတယ် ။

အဆိုပါ ပွဲစဉ် မှာ ထူးခြား ခဲ့တဲ့ အရာ တစ်ခု ကတော့ ယူနိုက်တက် ဖက်မှ စီနီယာ ကစားသမား တွေ ဖြစ်ကြ တဲ့ ပေါ့ဂ်ဘာ ၊ ဖီးလ် ဂျုံးစ် ၊ လင်ဂတ် ၊ ရိုဟို နဲ့ ရိုမဲရိုး တို့ ပွဲထွက် ကစားသမား အဖြစ် ပါဝင် ခဲ့ကြ ပေမယ့် အသင်း ခေါင်းဆောင် လက်ပတ် ကို ဒီ ရာသီ မှ ယူနိုက်တက် ဆီ ပြန်လာ ခဲ့တဲ့ အကယ်ဒမီ ကစား သမား လေး တွမ်ဇီဘီ ဆင်မြန်း ခွင့် ရရှိ ခဲ့ခြင်း ပါပဲ ။

အခုတော့ ယူနိုက်တက် အကယ်ဒမီထွက် ကစားသမား လေးက မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ အသင်း ခေါင်းဆောင် အဖြစ် ပွဲထွက် ကစား ခွင့် ရရှိ ခဲ့ခြင်း က သူ့ အတွက် တစ်ကယ့် ကို အံ့ဖွယ် အမှတ်တရ ဖြစ်စေ ခဲ့ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

တွမ်ဇီဘီ ကတော့ အဆိုပါ ပွဲစဉ် မတိုင်မီ အချိန် အထိ အသင်း အတွက် အသင်း ခေါင်းဆောင် အဖြစ် ပွဲထွက် ကစား ခွင့် ရရှိ လိမ့်မယ် လို့ ထင်မှတ် မထားကြောင်း ၊ ဒါပေမယ့် လက်တွေ့ ကြုံလိုက် ရတဲ့ အချိန် မှာ အိပ်မက် တွေ တစ်ကယ် ဖြစ်လာ ပြီ ဆိုပြီး အထူး အံ့အား သင့်ခဲ့ ရကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” အိပ်မက် တွေ တစ်ကယ် ဖြစ်လာ ပါပြီ ။ ကျွန်တော် ကွင်းထဲ ဝင်တဲ့ အချိန် တစ်ကယ့် ကို ထူးခြား တဲ့ ခံစားချက် ဖြစ်ခဲ့ ရ ပါတယ် ။ ဒါဟာ ကျွန်တော် ပန်းတိုင် တစ်ခု အဖြစ် မျှော်လင့် နေခဲ့ ရတဲ့ အရာ တစ်ခု ပါ ။ နောက်ဆုံး တော့ အဲ့ဒီလို အခိုက်အတန့် ကို ပိုင်ဆိုင် ခဲ့ရ ပါပြီ ”

” ဒီလို အခွင့် အရေး မျိုး အတွက် ကျွန်တော် ဟာ မန်နေဂျာ ၊ ကလပ် အသင်း ၊ ကျွန်တော် နဲ့ အတူ အချိန် တွေ မျှဝေ ခဲ့ ကြတဲ့ သူတွေ အပေါ် ကျေးဇူး အရမ်း ပဲ တင်မိ ပါတယ် ။ ဒါဟာ ကျွန်တော့် အတွက် ကောင်းမွန် လှတဲ့ အံ့အား သင့်မှု ပါပဲ ။ မိုက် ဖီးလန်း က ကျွန်တော့် ဆီ လာပြီး ‘ ကွင်းထဲ သွားပြီး ကွင်းလယ် ဒိုင်နဲ့ တွေ့ဆုံ ဖို့ အဆင်သင့် ဖြစ်ပြီ လား ‘ ဆိုတာ ပြောခဲ့ ပါတယ် ”

” ကျွန်တော် ကတော့ အံ့အား သင့်ပြီး ‘ ခင်ဗျား ဘာကို ဆိုလို တာလဲ ? ‘ လို့ ပြန်မေး ခဲ့တာ ပေါ့ ။ အဲ့တာ ကို သူက ‘ လုပ်စမ်းပါ ၊ မင်းဟာ ဒီနေ့ အတွက် အသင်း ခေါင်းဆောင် ပဲ ‘ လို့ ပြန်ပြော ခဲ့ ပါတယ် ။ ကျွန်တော် ကတော့ ‘ ကောင်းပါပြီ ၊ ကျွန်တော် သိပြီ ‘ လို့ပဲ ပြောနိုင် ခဲ့ တော့တယ် လေ ”

” ဒါဟာ ကျွန်တော့် အတွက်တော့ ပိုပြီး ချိုမြိန် တဲ့ အရာ ၊ ပိုပြီး စပါယ်ရှယ် ဖြစ်တဲ့ အရာ တစ်ခု ပါပဲ ။ ဘာဖြစ်လို့လဲ ဆိုတော့ အဲ့ဒီ နေ့က ကျွန်တော့် မိသားစု နဲ့ သူငယ်ချင်း အတော် များများ က ကျွန်တော့် ကို ကွင်းထဲ ထိ လာရောက် စောင့်ကြည့် နေခဲ့ ကြ လို့လေ ။ ဒါ့ကြောင့် ကျွန်တော် ပထမဆုံး အကြိမ် အသင်း ခေါင်းဆောင် ဖြစ် ခဲ့တဲ့ ပွဲက အမှတ်တရ ဖြစ်သွား ခဲ့ ပါတယ် ”

” အဲ့ဒီ ပွဲစဉ် အတွင်း ကျွန်တော် တို့ အသင်း ဟာ အခွင့် အရေး ကောင်းတွေ များစွာ ပိုင်ဆိုင် ခဲ့ရ ပေမယ့် ကျွန်တော် တို့ အဆုံး အသတ် ပိုင်း တွေနဲ့ ပွဲစဉ် ကို အပြီး မသတ် နိုင်ခဲ့ ကြ ပါဘူး ။ ဒါပေမယ့် ကျွန်တော် တို့ဟာ နိုင်ပွဲ ရရှိ နိုင်ဖို့ နည်းလမ်း ပေါင်းစုံ ကို ရှာဖွေ ခဲ့ကြ ပါတယ် ။ အခုတော့ ကျွန်တော် တို့ နောက် တစ်ဆင့် ကို တက်ရောက် နိုင်ခဲ့ ပါပြီ ။ ဒါဟာ အရေး အကြီးဆုံး အရာ တစ်ခု ပါပဲ ” လို့ တွမ်ဇီဘီ က ပွဲစဉ် အပေါ် မှတ်ချက် ပေး စကား ပြောကြား သွားခဲ့ ပါတယ် ။

#Sports_Myanmar