အင်္ဂလန် ကွင်းလယ်ကစားသ မားဟောင်း တဦးဖြစ်တဲ့ စတီဗင်ဂျာရတ် ဟာ ကစားသမား ဘဝ တလျှောက်လုံးနီးပါးကို လီဗာပူး အသင်းနဲ့ ဖြတ်သန်းခဲ့သူဖြစ်ပြီး ပရိသတ်တွေရဲ့ အချစ်တော် ကစားသမားတဦးလည်းဖြစ်ပါတယ်။သူဟာ ၁၉၉၈ ခုနှစ်ကနေ ၂၀၁၅ အထိ လီဗာပူး အသင်းမှာရှိနေခဲ့တာဖြစ်ပြီး ၂၀၁၅-၁၆ တရာသီသာ မေဂျာလိဂ်ကလပ်LA ဂလက်စီအသင်းမှာသွားကစားပြီး ကစားသမားဘဝကနေ အနားယူခဲ့တာ ဖြစ်ပါတယ်။

ဘလွန်းဒီအောဆုဆန်ကာတင်စာရင်းဝင် ခဲ့ဖူးတဲ့ ကစားသမားတဦးဖြစ်တဲ့ ဂျာရတ်ဟာ အန်ဖီးလ်မှာ ရှိနေခဲ့တဲ့ ကာလာတွေအတွင်းမှာ ချန်ပီယံဖလား တကြိမ်၊ ယူရိုပါလိဂ်ဖလားတကြိမ် အပါအင် အောင်မြင်မှုအများအပြားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ကစားသမားဘဝကနေအနားယူအပြီးမှာလည်းလီဗာပူး လူငယ်အကယ်ဒမီ နဲ့ ယူ၁၈ အသင်းတွေကိုတရာသီကြာနည်းပြခဲ့ပါတယ်။

၂၀၁၈ ခုနှစ်မှာတော့စီနီယာ နည်းပြဘဝကို စကော့တလန် ထိပ်သီး အသင်းတသင်းဖြစ်တဲ့ ရိန်းဂျား အသင်းနဲ့ အတူစတင်ခဲ့ပြီး လက်ရှိအချိန်အထိကိုင်တွယ်နေတာဖြစ်ပါတယ်။သူ့ရဲ့အရည်အသွေးတွေကြောင့်လည်း လီဗာပူးအသင်းနည်းပြ နေရာကိုဆက်ခံဖွယ်ရှိနေတယ်လို့ လက်ရှိနည်းပြကြီး ကလော့ပ်ကမကြာသေးမီက ပြောဆိုသွားခဲ့ပါတယ်။

ဂျာရတ်ကတော့ ကလော့ပ်ထံကနေ ဒီလိုစကားတွေကြားခဲ့ရလို့ အံ့အားသင့်ပြီး ၊ သွေးကြီးသလိုဖြစ်သွားခဲ့ရတယ် လို့ ဝန်ခံသွားခဲ့ပါတယ်။ဒါပေမယ့်လည်း ကလော့က်ကို အန်ဖီးလ်မှာ နှစ်အကြာကြီးရှိစေချင်သေးတယ်လို့ ထုတ်ပြောသွားခဲ့ပါတယ်။

ကလော့ပ်ရဲ့ မှတ်ချက်စကားတွေ အပေါ် မေးမြန်းရာမှာ ဂျာရတ်က – ” ကျွန်တော် အတော် လေးအံ့အားသင့်သွားပြီး တချိန်တည်းမှာပဲ စိတ်ကြီးဝင်သလိုတောင် ဖြစ်သွားခဲ့ပါတယ်။ဒါပေမယ့်လည်း ကျွန်တော့်လိုသာ ခင်ဗျားတို့လည်းဒီအကြောင်းကို ဂရုတစိုက်ဖတ်မယ်ဆိုရင် ဘာပြောချင်တယ်ဆိုနာ နားလည်ပါလိမ့်မယ်။

အကယ်၍ မနက်ဖြန်မှာသာ ရာထူးကနေ သူထုတ်ပယ်ခံလိုက်ရရင် လို့ ကလော့ပ်ကပြောဆိုထားတာဖြစ်ပါတယ်။ အမှန်တော့သူက လည်း မနက်ဖြန်မှာ ရာထူးကနေ အထုတ်ခံရမှာတော့မဟုတ်ပါဘူး။ကျွန်တော်ကလည်းသူ့ကို အဲ့ဒီလို ထုတ်ပယ်မခံရစေချင်ပါဘူး။သူဟာအသင်းအတွက် အံ့မခန်းလုပ်ဆောင်ပေးနေတာဖြစ်ပါတယ် ” လို့ပြောသွားခဲ့တာဖြစ်ပါတယ်။

ကလော့ပ်ကတော့ အကယ်၍ ဂျာရတ်သာ လီဗာပူး နည်းပြဖြစ်လာခဲ့ပါက လိုတာ အကုန်လုံးကို ကူညီပေးမှာဖြစ်တယ်လို့ မကြာသေးမီက ပြောဆိုထားခဲ့ဖူးတာဖြစ်ပါတယ်။Four Four Two မဂဇင်းနဲ့ အင်တာဗျူးမှာ ကလော့ပ်က-

” တကယ်လို့ မနက်ဖြန်မှာသာကျွန်တော် လီဗာပူး နည်းပြရာထူးကနေ အထုတ်ခံလိုင်ရရင် အစားထိုးကိုင်တွယ်ဖို့ဦးစားပေး အဖြစ် ဒဲလ်ဂလစ်ရှ်က ဦးဆောင်နေပါလိမ့်မယ်။ဒါပေမယ့်လည်း လီဗာပူးတို့က ဂျာရတ်ကို ရိန်းဂျာကနေ ပြန်ခေါ်ကောင်းခေါ် နိုင်ပါတယ်။

ကျွန်တော့်နေရာကို ဘယ်သူဆက်ခံသင့်လဲ လို့ ခင်ဗျားတို့ကမေးလာရင်တော့ ဂျာရတ် ပဲလို့ ကျွန်တော်က ဖြေမှာဖြစ်ပါတယ်။သူလိုအပ်တာကို အခွင့်သင့်တိုင်းကျွန်တော်က ကူညီမှာဖြစ်ပါတယ်။တယောက်ယောက်က ကိုယ့်ရဲ့ ရာထူးကို ရယူသွားချိန်မှာ သူတို့ကြောင့်လို့အပြစ်တင်လို့မရပါဘူး။ကိုယ်ညံ့လို့သာဖြစ်ပါတယ်။

နည်းပြအလုပ်အကြောင်းကို ပြန်ပြီးပြောပြဖို့ အတွက် ကျွန်တော့်က လုံလောက်တဲ့အသက်အရွယ်ရှိနေပါပြီ။ဆရာကြီး မဟုတ်သေးသလို ပြီးပြည့်စုံတာတော့လည်းမဟုတ်သေးပါဘူး။ဒါပေမယ့် အသင်းအတွက် ရာခိုင်နှုန်းပြည့်ပေးဆပ်ပါတယ်။

ဒီလို ပေးဆပ်တာက အသင်းအတွက်လုံလောက်တယ်ဆိုရင် ကောင်းပါတယ်။အကယ်၍ မလုံလောက်ဘူးဆိုရင်တော့ ကျွန်တော်ပြောသလိုအခြေအနေဖြစ်လာနိုင်ပါတယ် ” လို့ပြောထားခဲ့ဖူးတာဖြစ်ပါတယ်။