အာဆင်နယ် အသင်း နောက်ခံလူ ရော့ဘ်ဟိုးလ်ဒင်း က နည်းပြ အမ်မရီ ဟာ အသင်း ခေါင်းဆောင် ငါးဦး စာရင်းကို ကစားသမားတွေကို မဲပေး ရွေးချယ်ခိုင်းဖို့ စီစဉ်ထားကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ပါတယ်။

နည်းပြ အူနိုင်း အမ်မရီ ဟာ ပြီးခဲ့တဲ့ ရာသီတုန်းက အသင်းခေါင်းဆောင်အဖြစ် ကော့စီရယ်နီ ၊ ပီတာဆက်ခ်ျ ၊ ရမ်ဆေး ၊ အိုဇေးလ် ၊ ရှာကာ တို့ကို ခန့်အပ် ခဲ့ပါတယ် ။ ပီတာဆက်ခ်ျ က ကစားသမားဘဝက အနားယူ သွားခဲ့ပြီ ဖြစ်သလို ရမ်ဆေး နဲ့ ကော့စီရယ်နီ တို့ဟာလည်း ဂျူဗင်တပ်စ် အသင်း နဲ့ ဘော်ဒိုး အသင်းထံ ပြောင်းရွှေ့ သွားခဲ့ပါပြီ ။

ဒါကြောင့် ဒီရာသီ အာဆင်နယ် အသင်းမှာ အသင်း ခေါင်းဆောင်တွေ အဖြစ် ရှာကာ နဲ့ အိုဇေးလ် တို့ နှစ်ဦးသာ ကျန်ရှိပါတော့တယ် ။ နည်းပြ အမ်မရီ ဟာ ဒီရာသီမှာလည်း အသင်း ခေါင်းဆောင် ငါးဦး ခန့်အပ် ရွေးချယ် သွားမှာ ဖြစ်ကြောင်း အတည်ပြု ပြောကြားထားပြီး ဘယ်သူတွေလဲဆိုတာကိုတော့ အတည်တကျ ထုတ်ပြောထားကြားခြင်း မရှိသေးပါဘူး ။

ဒီရာသီမှာ အာဆင်နယ် အသင်းရဲ့ အသင်း ခေါင်းဆောင် ရာထူးကို အိုဇေးလ် ၊ ရှာကာ တို့အပြင် အူဘာမီယန်း ၊ ဟိုးလ်ဒင်း တို့ကလည်း တာဝန်ယူခဲ့ကြပါတယ်။အာဆင်နယ် အသင်း ကစားသမားဟောင်းတွေနဲ့ ပရိသတ်တွေကတော့ ပုံမှန်ပွဲထွက်ခွင့်ရတဲ့ ကစားသမားကို အသင်းခေါင်းဆောင် အဖြစ် ခန့်အပ်စေချင်နေကြပါတယ်။

နော်တင်ဟမ် ဖောရက်စ် အသင်း နဲ့ ပွဲမှာ အာဆင်နယ် အသင်း ခေါင်းဆောင် အဖြစ် တာဝန်ယူပြီး ဂိုးသွင်းနိုင်ခဲ့တဲ့ နောက်ခံလူ ဟိုးလ်ဒင်း က နည်းပြ အမ်မရီ ဟာ အသင်း ခေါင်းဆောင် ငါးဦး ခန့်အပ်ဖို့ ကစားသမားတွေရဲ့ ဆန္ဒကို ကောက်ခံသွားဖို့ စီစဉ်နေကြောင်း ဆိုပါတယ်။

ဟိုးလ်ဒင်း က ” ကျနော်တို့ နောက်အပတ်ကျရင်ဘယ်သူတွေကို အသင်း ခေါင်းဆောင် အဖြစ် ခန့်အပ်မလဲဆိုတာ မဲပေးရမှာပါ ၊ ဒါကြောင့် ဘယ်သူတွေကို အသင်း ခေါင်းဆောင် ဖြစ်လာမလဲဆိုတာ စောင့်ကြည့် ရမှာပါ ။ ”

” ကျနော်တို့ အားလုံး ဆန္ဒရှိသူတွေရဲ့ နာမည်ကို ချရေးပြီး နည်းပြကြီးကို ပေးရမှာပါ ။ သူက အဲ့တာတွေကို ကြည့်ပြီး ဖြည့်စွက် စဉ်းစား သွားမှာပါ ၊ ဒါကြောင့် ဘယ်သူ ဖြစ်လာမလဲ ဆိုတာ ဆက်လ​က် စောင့်ကြည့် ရပါဦးမယ် ။ ”

” နည်းပြကြီး က သူ့ဆုံးဖြတ်ချက်ကို ဘယ်အချိန်မှာ ကြေညာမလဲ ဆိုတာ ကျနော် ကိုယ်တိုင်လည်း မသ်ပါဘူး ၊ နောက်နှစ်ရက်လည်း ဖြစ်နိုင်သလို တစ်ပတ်လောက်နေမှလည်း ဖြစ်နိုင်ပါတယ် ။ ကျနော် သာ အသင်းခေါင်းဆောင် အဖြစ် ရွေးချယ် ခံရရင်တော့ ဝမ်းသာ ဂုဏ်ယူစွာနဲ့ လက်ခံ သွားမှာပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SPORTS MYANMAR