ရက်​ဘူးလိုက်​ပ်​ဇစ်​ အသင်းရဲ့ နည်းပြ​ဟောင်း ဖြစ်​သူ ရက်​ဖ်​ရန်းနစ်​က သာမန်​ ကစားသမား​တွေကို ကမ္ဘာ့ထိပ်​တန်း ကြယ်​ပွင့်​​တွေ အဖြစ်​ ​ပြောင်းလဲ ​ပေးနိုင်​စွမ်း ရှိတဲ့ လီ​ဗာပူး မန်​​နေဂျာ ယာဂန်​က​လော့ရဲ့ အရည်​အ​သွေးကို ချီးကျူး လိုက်​ပြီး ​ဂျော်​ဒန်​ဟန်​ဒါဆန်​ နဲ့ ဂျိမ်းမီနာ တို့ဟာ အဓိက ဥပမာ ဖြစ်​တယ်​လို့ ဆိုသွားပါတယ်​။ ဆက်​လက်​ပြီး ရန်းနစ်​က ​ရော်​ဘတ်​တိုဖာမီနို ၊ မိုဟာမက်​ဆာလား နဲ့ ဆာဒီယိုမာ​နေး တို့ရဲ့ ခံယူချက်​ အ​ပြောင်းအလဲကိုလည်း ​ထောင်​ပြလိုက်​ပြီး ၎င်းတို့ ၃ဦး အစုအဖွဲ့ တစ်​ခု အ​နေနဲ့ ​အောင်​မြင်​ ​နေတာဟာ ယာဂန်​က​လော့ ရဲ့ လွှမ်းမိုးမှု နဲ့ လုံးဝကို သပ်​ဆိုင်​တယ်​လို့ ဆိုသွားပါတယ်​။

အသက်​ ၆၁ နှစ်​အရွယ်​ ရန်းနစ်​ဟာ လွန်​ခဲ့တဲ့ ၂၀၁၆ ခုနှစ်​က လိုက်​ပ်​ဇစ်​ အသင်းကို ဘွန်​ဒက်​လီဂါ ကို တန်းတက်​လာ​အောင်​ စွမ်း​ဆောင်​ ​ပေးခဲ့သူ ဖြစ်​ပြီး လက်​ရှိ အချိန်​မှာ​တော့ Red Ball group ရဲ့ Head of Sport and Soccer Development အဖြစ်​ လုပ်​ကိုင်​ ​နေပါတယ်​။

ရန်းနစ်​က “ခင်​​ဗျားတို့ ဂျိမ်းမီနာ နဲ့ ဟန်​ဒါ​ဆန်​ တို့ကိုပဲ ကြည့်​လိုက်​ပါ ။ သူတို့ဟာ က​လော့ မ​ရောက်​လာခင်​ ကနဲ့ လုံးဝကို သာမန်​ ကစားသမား​တွေ ပါပဲ။ သူတို့ ယခုလို ကစားသမား​တွေ ဖြစ်​လာတာဟာ ယာဂန်​က​လော့ အ​ပေါ်မှာ အပြည့်​အဝ မူတည်​​နေပါတယ်​။ ​ရော်​ဘတ်​တိုဖာမီနို ၊ မိုဟာမက်​ဆာလား နဲ့ ဆာဒီယိုမာ​နေး တို့ဟာလည်း လွန်​ခဲ့တဲ့ ၃ ၄ နှစ်​က ​လောက်​ထိ တိုက်​စစ်​ပဲ သက်​သက်​ ကစား ရတဲ့ တိုက်​စစ်​မှုး​တွေ ဖြစ်​ခဲ့ပါတယ်​။ အခု​ဆိုရင်​ သူတို့မှာ အရာအားလုံး ပိုင်​ဆိုင်​ထားပြီး သူတို့်ဟာ ​တိုက်​စစ်​ကို သာမက ခံစစ်​အတွက်​ပါ ထဲထဲဝင်​ဝင်​ လိုက်​ပါ ကစား ကြပါတယ်​။ သူတို့အားလုံး လီ​ဗာပူးမှာ အတူတကွ တိုးတက်​ လာခဲ့တာဟာ ယာဂန်​က​လော့ အ​ပေါ်မှာပဲ မူတည်​ ​နေပါတယ်​ ။” လို့ ​ပြောသွားပါတယ်​။

လွန်​ခဲ့တဲ့ ၂၀၁၅ ​အောက်​တိုဘာက ယာဂန်​က​လော့ ​ရောက်​ရှိ လာခဲ့ပြီး​နောက်​ ဟန်​ဒါဆန်​ နဲ့ မီနာတို့ရဲ့ ဂုဏ်​သတင်း ​တွေဟာ များစွာ ​ကျော်​​စော လာခဲ့ပြီး ဂျာမန်​လူမျိုး နည်းပြကလည်း ဟန်​ဒါဆန်​ ချန်​ပီယံလိဂ်​ ဖလား ကိုင်​​မြှောက်​ နိုင်​​အောင်​ကူညီ​ပေး နိုင်​ခဲ့အတွက်​ အရမ်း​ကျေနပ်​မိတယ်​လို့ ဖွင့်​ဟ ခဲ့တဲ့ အပြင်​ မီနာလို ကစားသမားမျိုး အဝတ်​လဲခန်း ထဲမှာ မရှိဘဲ သူဒီလို ​အောင်​မြင်​မှု​တွေ ရဖို့ ဖြစ်​နိုင်​မှာ မဟုတ်​ဘူးလို့ ဆိုလိုက်​ပါတယ်​ ။

ပြီးခဲ့တဲ့ ​ဘောလုံးရာသီက လီ​ဗာပူး အသင်းကို ချန်​ပီယံလိဂ်​ဖလား ရယူ ​ပေးခဲ့တဲ့ ယာဂန်​က​လော့ ဟာ မကြာ​သေးမီက ကျင်းပ ခဲ့တဲ့ ဖီဖာရဲ့ ဆု​ပေးပွဲမှာ တစ်​နှစ်​တာအ​ကောင်းဆုံး နည်းပြဆုကို ရရှိ ခဲ့ပြီး ရန်းနစ်​က ​ဒေါ့မွန်​ နည်းပြ​ဟောင်း ယာဂန်​က​လော့ နဲ့ ဘိုင်ယန် နည်းပြ​ဟောင်း ​​​​ပက်​ဂွာဒီယိုလာ တို့ဟာ ဘွန်​ဒက်​လီဂါ အတွက်​ ကြီးမားတဲ့ ဆုံးရှူံးမှု ဖြစ်​တယ်​လို့ ဆိုသွားပါတယ်​။

ရန်းနစ်​က “ထိပ်​တန်း ကစားသမား​တွေဟာ ထိပ်​တန်း နည်းပြ​တွေ​က တိုးတက်​​အောင်​ လုပ်​​ပေး ပါတယ်​။ လွန်​ခဲ့တဲ့ ၅နှစ်​ ၆နှစ်​က ကျွန်​​တော်​တို့မှာ ဒီလို နည်းပြ​တွေ ရှိခဲ့ပြီး သူတို့်ဟာ အခုဆိုရင်​ နိုင်​ငံရပ်​ခြားမှာ အထူး ​အောင်​မြင်​မှု​တွေ ရ​နေ ကြပါတယ်​။ ဘွန်​ဒက်​လီဂါ မှာ ဒီလို လူ​တွေ မရှိ​တော့တာ​ကြောင့်​ ပြိုင်​ပွဲ ရဲ့ ပြိုင်​​​ဆိုင်​မှုနဲ့ အရှိန်​ နည်းနည်း​ ကျသွားခဲ့ပါတယ်​။ ပြီးခဲ့တဲ့ နှစ်​ပိုင်း​တွေက ဘွန်​ဒက်​လီဂါ က​နေ ကမ္ဘာ့အဆင့်​ ကစားသမား ထွက်​မလာကို ကြည့်​ရင်​ ကျွန်​​တော်​ ​ပြောတဲ့ အချက်​ကို ​သ​ဘော​ပေါက်​မှာပါ။

ဂျူလီယန်​နဂဲလ်​စ်​မန်းဟာ ဂျာမနီရဲ့ အကြီးမားဆုံး နည်းပြ အရည်​အ​သွေးကို ပိုင်​ဆိုင်​ ထားသူပါ။ သူဟာ အသက်​အရွယ်​ နဲ့ မလိုက်​​အောင်​ ရင့်​ကျက်​မှု ရှိပြီး ဒီအတိုင်းသာ တိုးတက်​​နေမယ်​ ဆိုရင်​ သူဟာ ယာဂန်​က​လော့ ၊ ပက်​တို့နဲ့ ယှဉ်​လာ နိုင်​မှာပါ။ ဒါ့အပြင်​ ဂျူလီယန်​ရဲ့ ဖက်​ရှင်​အမြင်​ ကလည်း လူ​တွေ ​စကား​ပြောဆို ရမယ့်​ အထဲမှာ ပါဝင်​မှာပါ။” လို့ ​ပြောသွားပါတယ်​။

SM