peterkenyon

မန္ခ်က္စတာ ယူနုိက္တက္ အသင္း ရဲ့ အမွဳေဆာင္ခ်ဳပ္ ေဟာင္း ျဖစ္သူ ပီတာ ကင္ယြန္က အသင္းေဟာင္း အေန နဲ့ ဟုိေဆး ေမာ္ရင္ဟို ကို ထုတ္ပယ္ ခဲ့ျပီး နည္းျပသစ္ အျဖစ္ အုိလီ ဂန္နာ ဆုိးလ္ရွားကုိ ေခၚယူ ခဲ့ျခင္းက တစ္ကယ့္ ကို ၾကီးမား လွတဲ့ အမွား တစ္ခု ကို က်ဴးလြန္ လိုက္ျခင္း ျဖစ္ေၾကာင္း ထုတ္ေဖာ္ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

solsjaker

မန္ခ်က္စတာ ယူနိုက္တက္ အသင္း ဟာ မေန့က လိဂ္ဝမ္း ကလပ္ ေရာ့ခ်္ေဒလ္ အသင္းနဲ့ ကာရာေဘာင္း ဖလား Round 3 ပြဲစဥ္ အျဖစ္ ကစား ခဲ့ရာ မွာ ရလဒ္ ေကာင္း ရရွိ နုိင္ဖုိ့ အတြက္ အေတာ္ေလး ရုန္းကန္ ခဲ့ရ ပါတယ္ ။ ယူနုိက္တက္ တုိ့ဟာ ပြဲခ်ိန္ မိနစ္ 90 အတြင္း သေရ ရလဒ္ သာ ရယူ နုိင္ ခဲ့တဲ့ အတြက္ ပင္နယ္တီ အဆံုးအျဖတ္ ခံယူ ရာမွ အနုိင္ ရရွိ သြားခဲ့ တာပဲ ျဖစ္ပါတယ္ ။

အဲ့ဒီ မတုိင္ခင္ တုန္းက ယူနိုက္တက္ တုိ့ ပရီးမီးယား လိဂ္ ပြဲစဥ္ 6 အျဖစ္ ဝက္စ္ဟမ္း အသင္း နဲ့ ကစား ခဲ့စဥ္ တုန္းက 2 – 0 ဆုိတဲ့ ရလဒ္ နဲ့ ရွံဳးနိမ့္ ခဲ့တဲ့ အတြက္ နည္းျပ ျဖစ္သူ ဆုိးလ္ရွား ဟာ ေဝဖန္ မွဳေတြ ေအာက္ အထူး က်ေရာက္ ခဲ့ပါ ေသးတယ္ ။ အခုေတာ့ သူတုိ႔ ဟာ ေနာက္ တစ္ပြဲ အျဖစ္ ျပိဳင္ဖက္ ေကာင္း အာဆင္နယ္ အသင္း နဲ့ ရင္ဆုိင္ ကစား ရပါ ေတာ့မယ္ ။

အခုေတာ့ ဒီရာသီ ယူနုိက္တက္ အသင္း ရဲ့ ရလဒ္ ေတြကို ၾကည့္ျပီး စိတ္ပ်က္ ေနခဲ့တဲ့ အမွဳေဆာင္ခ်ဳပ္ ေဟာင္း ပီတာ ကင္ယြန္ က အသင္း ေဟာင္းဟာ ဟိုေဆး ေမာ္ရင္ဟို ကို ထုတ္ပယ္ အျပီး ဘယ္ ေနရာ မွ ပိုမို ထူးျခား ေကာင္းမြန္ ခဲ့ျခင္း မရွိေၾကာင္း ၊ အကယ္လို႔ သူသာ ယူနုိက္တက္ အသင္း ရဲ့ လုပ္ပုိင္ ခြင့္ ရွိသူ တစ္ဦး အျဖစ္ ရွိေန ေသးရင္ ေပၚတူဂီ သားကို ေသခ်ာေပါက္ နည္းျပ ငွားရမ္း သြားမွာ ျဖစ္ေၾကာင္း ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

” အကယ္လို႔ ခင္ဗ်ားဟာ က်ြန္ေတာ့္ ကို ၾကီးက်ယ္ ခမ္းနား လွတဲ့ အသင္း ၾကီး တစ္သင္း ကို ၾကီးၾကပ္ခြင့္ ေပးလိုက္ ျပီး နည္းျပ တစ္ဦး ေရြးခ်ယ္ ခိုင္းမယ္ ဆုိရင္ ကြ်န္ေတာ့္ ရဲ့ ပထမဆံုး အေတြး က ဟုိေဆး ေမာ္ရင္ဟို ပဲ ျဖစ္ေန ပါ လိမ့္မယ္ ။ သူဟာ ဥာဏ္ေကာင္း လြန္းသူ ၊ ေဘာလံုး အေၾကာင္း ကို ႏွံ႔စပ္ က်ြမ္းက်င္ ျပီး အေတြ့ အၾကံဳ ေတြ အမ်ားၾကီး ပိုင္ဆုိင္ ထားသူ တစ္ဦး ပါပဲ ”

” သူဟာ ေခတ္ ေနာက္က် ေနတဲ့သူ တစ္ဦး မဟုတ္ ပါဘူး ။ က်ြန္ေတာ့္ အေတြး ထဲမွာ ေတာ့ သူဟာ မွန္ကန္ သင့္ေတာ္ တဲ့ အသင္း တစ္သင္း ကို လိုအပ္ ေန ပါတယ္ ။ ခင္ဗ်ားတုိ့ ဟာလည္း ေမာ္ရင္ဟို ကို ၾကီးက်ယ္ ခမ္းနားတဲ့ အသင္း တစ္သင္း ရဲ့ နည္းျပ တစ္ဦး အျဖစ္ ျပန္လည္ ျမင္ေတြ့ လို ၾကမွာ အေသအခ်ာ ပါပဲ ” လို့ ပီတာ ကင္ယြန္ က ထုတ္ေဖာ္ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

လက္ရွိ မန္ခ်က္စတာ ယူနုိက္တက္ အသင္း ရဲ့ အမွဳေဆာင္ခ်ဳပ္ ျဖစ္သူ အဒ္ဝုဝဒ္ ဟာ အဂၤါ ေန့ ကပဲ လက္ရွိ နည္းျပ ဆုိးလ္ရွား ကို ေထာက္ခံ စကား ေျပာၾကား ခဲ့ျပီး အသင္းကို ေအာင္ျမင္မွဳ ေတြ ျပန္လည္ ရရွိ ေစဖုိ႔ ရည္မွန္း ေနေၾကာင္း ၊ ေရရွည္ စီမံကိန္း တစ္ခု ကို ပံုေဖာ္ ေနတဲ့ အတြက္ ပရိသတ္ ေတြ အေန နဲ့ စိတ္ရွည္ရွည္ ထားေပး ၾကဖုိ႔ လိုအပ္ ေၾကာင္း ေျပာၾကား ခဲ့ပါ ေသးတယ္ ။

ဒါေပမယ့္ ပီတာ ကင္ယြန္ က လက္ရွိ အမွဳေဆာင္ခ်ဳပ္ ျဖစ္သူ အဒ္ဝုဝဒ္ အေန နဲ့ ဆုိးလ္ရွား ကို အခုလို ေထာက္ခံ အားေပး ေနျခင္း ထက္ ယခင္ နည္းျပ ျဖစ္သူ ဟုိေဆး ေမာ္ရင္ဟို ကို ပိုမို ေထာက္ခံ အားေပး ခဲ့ သင့္ေၾကာင္း ၊ ေပၚတူဂီ သား အလို ရွိခဲ့ တဲ့ အသင္း တစ္သင္း ကုိ ဖြဲ့စည္း တည္ေဆာက္ ခြင့္ ေပးခဲ့ သင့္ေၾကာင္း ဆက္လက္ ေျပာဆုိ သြားခဲ့ လိုက္ ပါတယ္ ။

” သူဟာ အရာရာ တုိင္းရဲ့ အစိတ္အပိုင္း တစ္ခု ျဖစ္တယ္ ဆုိတာ ခံစား မိ ေစဖုိ႔ အတြက္ ယူနုိက္တက္ အေနနဲ့ လံုေလာက္တဲ့ ဖြဲ့စည္း တည္ေဆာက္ပံု တစ္ခု ပံုေဖာ္ နုိင္ေရး အတြက္ ဟုိေဆး ေမာ္ရင္ဟို ကို အခြင့္အေရး ေပးခဲ့ သင့္ ပါတယ္ ။ သူ အသင္း ကေန ထြက္ခြာ သြားခဲ့ စဥ္ တုန္းက ပထမဆံုး စိတ္ပ်က္ ဝမ္းနည္း မိသူ ဟာ က်ြန္ေတာ္ ပဲ ျဖစ္ခဲ့ ရ ပါတယ္ ”

” ဘာျဖစ္လို့လဲ ဆုိေတာ့ သူဟာ ခမ္းနား တဲ့ စီမံကိန္း တစ္ခု ကုိ ဦးေဆာင္ ပံုေဖာ္ ေပးနုိင္သူ တစ္ဦး ျဖစ္ ေနလို့ ေလ ။ ယူနုိက္တက္ ဆုိတဲ့ အသင္း ဟာ ဘာကို ကိုယ္စား ျပဳသလဲ ဆုိတာ သူေလာက္ သိနုိင္ တဲ့သူ မရွိေလာက္ ပါဘူး ။ ဟိုေဆး ဟာ ယူနုိက္တက္ နဲ့ မသင့္ေတာ္ တဲ့ ၊ ေခတ္ ေနာက္က် ေနတဲ့ နည္းျပ မ်ိဳး လံုးဝ မဟုတ္ ပါဘူး ” လို႔ ပီတာ ကင္ယြန္ က အဆံုးသတ္ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

#Sports_Myanmar

Unicode

ယူနိုက်တက်တို့ ပြုလုပ်ခဲ့တဲ့ အကြီးမားဆုံးအမှားက ဘာလဲဆိုတာ ပြောကြားသွားတဲ့ အမှုဆောင်ချုပ်ဟောင်း #ပီတာကင်ယွန်

=================

မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ အမှုဆောင်ချုပ် ဟောင်း ဖြစ်သူ ပီတာ ကင်ယွန်က အသင်းဟောင်း အနေ နဲ့ ဟိုဆေး မော်ရင်ဟို ကို ထုတ်ပယ် ခဲ့ပြီး နည်းပြသစ် အဖြစ် အိုလီ ဂန်နာ ဆိုးလ်ရှားကို ခေါ်ယူ ခဲ့ခြင်းက တစ်ကယ့် ကို ကြီးမား လှတဲ့ အမှား တစ်ခု ကို ကျူးလွန် လိုက်ခြင်း ဖြစ်ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ မနေ့က လိဂ်ဝမ်း ကလပ် ရော့ချ်ဒေလ် အသင်းနဲ့ ကာရာဘောင်း ဖလား Round 3 ပွဲစဉ် အဖြစ် ကစား ခဲ့ရာ မှာ ရလဒ် ကောင်း ရရှိ နိုင်ဖို့ အတွက် အတော်လေး ရုန်းကန် ခဲ့ရ ပါတယ် ။ ယူနိုက်တက် တို့ဟာ ပွဲချိန် မိနစ် 90 အတွင်း သရေ ရလဒ် သာ ရယူ နိုင် ခဲ့တဲ့ အတွက် ပင်နယ်တီ အဆုံးအဖြတ် ခံယူ ရာမှ အနိုင် ရရှိ သွားခဲ့ တာပဲ ဖြစ်ပါတယ် ။

အဲ့ဒီ မတိုင်ခင် တုန်းက ယူနိုက်တက် တို့ ပရီးမီးယား လိဂ် ပွဲစဉ် 6 အဖြစ် ဝက်စ်ဟမ်း အသင်း နဲ့ ကစား ခဲ့စဉ် တုန်းက 2 – 0 ဆိုတဲ့ ရလဒ် နဲ့ ရှုံးနိမ့် ခဲ့တဲ့ အတွက် နည်းပြ ဖြစ်သူ ဆိုးလ်ရှား ဟာ ဝေဖန် မှုတွေ အောက် အထူး ကျရောက် ခဲ့ပါ သေးတယ် ။ အခုတော့ သူတို့ ဟာ နောက် တစ်ပွဲ အဖြစ် ပြိုင်ဖက် ကောင်း အာဆင်နယ် အသင်း နဲ့ ရင်ဆိုင် ကစား ရပါ တော့မယ် ။

အခုတော့ ဒီရာသီ ယူနိုက်တက် အသင်း ရဲ့ ရလဒ် တွေကို ကြည့်ပြီး စိတ်ပျက် နေခဲ့တဲ့ အမှုဆောင်ချုပ် ဟောင်း ပီတာ ကင်ယွန် က အသင်း ဟောင်းဟာ ဟိုဆေး မော်ရင်ဟို ကို ထုတ်ပယ် အပြီး ဘယ် နေရာ မှ ပိုမို ထူးခြား ကောင်းမွန် ခဲ့ခြင်း မရှိကြောင်း ၊ အကယ်လို့ သူသာ ယူနိုက်တက် အသင်း ရဲ့ လုပ်ပိုင် ခွင့် ရှိသူ တစ်ဦး အဖြစ် ရှိနေ သေးရင် ပေါ်တူဂီ သားကို သေချာပေါက် နည်းပြ ငှားရမ်း သွားမှာ ဖြစ်ကြောင်း ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” အကယ်လို့ ခင်ဗျားဟာ ကျွန်တော့် ကို ကြီးကျယ် ခမ်းနား လှတဲ့ အသင်း ကြီး တစ်သင်း ကို ကြီးကြပ်ခွင့် ပေးလိုက် ပြီး နည်းပြ တစ်ဦး ရွေးချယ် ခိုင်းမယ် ဆိုရင် ကျွန်တော့် ရဲ့ ပထမဆုံး အတွေး က ဟိုဆေး မော်ရင်ဟို ပဲ ဖြစ်နေ ပါ လိမ့်မယ် ။ သူဟာ ဉာဏ်ကောင်း လွန်းသူ ၊ ဘောလုံး အကြောင်း ကို နှံ့စပ် ကျွမ်းကျင် ပြီး အတွေ့ အကြံု တွေ အများကြီး ပိုင်ဆိုင် ထားသူ တစ်ဦး ပါပဲ ”

” သူဟာ ခေတ် နောက်ကျ နေတဲ့သူ တစ်ဦး မဟုတ် ပါဘူး ။ ကျွန်တော့် အတွေး ထဲမှာ တော့ သူဟာ မှန်ကန် သင့်တော် တဲ့ အသင်း တစ်သင်း ကို လိုအပ် နေ ပါတယ် ။ ခင်ဗျားတို့ ဟာလည်း မော်ရင်ဟို ကို ကြီးကျယ် ခမ်းနားတဲ့ အသင်း တစ်သင်း ရဲ့ နည်းပြ တစ်ဦး အဖြစ် ပြန်လည် မြင်တွေ့ လို ကြမှာ အသေအချာ ပါပဲ ” လို့ ပီတာ ကင်ယွန် က ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

လက်ရှိ မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ အမှုဆောင်ချုပ် ဖြစ်သူ အဒ်ဝုဝဒ် ဟာ အင်္ဂါ နေ့ ကပဲ လက်ရှိ နည်းပြ ဆိုးလ်ရှား ကို ထောက်ခံ စကား ပြောကြား ခဲ့ပြီး အသင်းကို အောင်မြင်မှု တွေ ပြန်လည် ရရှိ စေဖို့ ရည်မှန်း နေကြောင်း ၊ ရေရှည် စီမံကိန်း တစ်ခု ကို ပုံဖော် နေတဲ့ အတွက် ပရိသတ် တွေ အနေ နဲ့ စိတ်ရှည်ရှည် ထားပေး ကြဖို့ လိုအပ် ကြောင်း ပြောကြား ခဲ့ပါ သေးတယ် ။

ဒါပေမယ့် ပီတာ ကင်ယွန် က လက်ရှိ အမှုဆောင်ချုပ် ဖြစ်သူ အဒ်ဝုဝဒ် အနေ နဲ့ ဆိုးလ်ရှား ကို အခုလို ထောက်ခံ အားပေး နေခြင်း ထက် ယခင် နည်းပြ ဖြစ်သူ ဟိုဆေး မော်ရင်ဟို ကို ပိုမို ထောက်ခံ အားပေး ခဲ့ သင့်ကြောင်း ၊ ပေါ်တူဂီ သား အလို ရှိခဲ့ တဲ့ အသင်း တစ်သင်း ကို ဖွဲ့စည်း တည်ဆောက် ခွင့် ပေးခဲ့ သင့်ကြောင်း ဆက်လက် ပြောဆို သွားခဲ့ လိုက် ပါတယ် ။

” သူဟာ အရာရာ တိုင်းရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်တယ် ဆိုတာ ခံစား မိ စေဖို့ အတွက် ယူနိုက်တက် အနေနဲ့ လုံလောက်တဲ့ ဖွဲ့စည်း တည်ဆောက်ပုံ တစ်ခု ပုံဖော် နိုင်ရေး အတွက် ဟိုဆေး မော်ရင်ဟို ကို အခွင့်အရေး ပေးခဲ့ သင့် ပါတယ် ။ သူ အသင်း ကနေ ထွက်ခွာ သွားခဲ့ စဉ် တုန်းက ပထမဆုံး စိတ်ပျက် ဝမ်းနည်း မိသူ ဟာ ကျွန်တော် ပဲ ဖြစ်ခဲ့ ရ ပါတယ် ”

” ဘာဖြစ်လို့လဲ ဆိုတော့ သူဟာ ခမ်းနား တဲ့ စီမံကိန်း တစ်ခု ကို ဦးဆောင် ပုံဖော် ပေးနိုင်သူ တစ်ဦး ဖြစ် နေလို့ လေ ။ ယူနိုက်တက် ဆိုတဲ့ အသင်း ဟာ ဘာကို ကိုယ်စား ပြုသလဲ ဆိုတာ သူလောက် သိနိုင် တဲ့သူ မရှိလောက် ပါဘူး ။ ဟိုဆေး ဟာ ယူနိုက်တက် နဲ့ မသင့်တော် တဲ့ ၊ ခေတ် နောက်ကျ နေတဲ့ နည်းပြ မျိုး လုံးဝ မဟုတ် ပါဘူး ” လို့ ပီတာ ကင်ယွန် က အဆုံးသတ် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar