messi

မန္ခ်က္ စတာ ယူႏုိက္တက္ အသင္း ရဲ႕ တုိက္စစ္ မႈး မားကပ္ ရက္ဖိုဒ့္ ဟာ လာမယ့္ တနလၤာ ေန႔ ည မွာ ယွဥ္ၿပဳိင္ ကစား မယ့္ အာဆင္နယ္ အသင္း နဲ႔ ပရီးမီး ယားလိဂ္ ပြဲစဥ္ ကို လြဲေခ်ာ္ မယ္ လို႔ ၾကားသိ ရ ပါတယ္ ။ ဒါေပမယ့္ အန္တိုနီ မာရွယ္ က ေတာ့ ျပန္လည္ ပါ၀င္ လာ ႏိုင္ေခ် ရွိ တယ္ လို႔ ၾကားသိ ရ ပါတယ္ ။

rashford

ဘာစီလုိနာ အသင္း တုိက္စစ္မႈး မက္ဆီ ရဲ႕ ဒဏ္ရာ ဟာ ေမွ်ာ္မွန္း ထားသည္ ထက္ ပုိမို ၾကာျမင့္ ႏုိင္ၿပီး ယခု အပတ္ ကစားမယ့္ ဂီတာေဖး ပြဲစဥ္ အပါ အ၀င္ ေနာက္ထပ္ ၃ ပြဲ ေလာက္ ထပ္မံ အနားယူ ရဖြယ္ ရွိေနတယ္ လို႔ သိရ ပါတယ္ ။

ဘာစီလုိနာ အသင္း ဟာ အန္တြဳိင္ ဂရစ္ဇ္မန္း ကို အသက္လက္တီကို မက္ဒရစ္ မွာ ကစား ေနစဥ္ အတြင္း ႀကဳိတင္ သေဘာတူညီမႈ ရယူခဲ့ ေၾကာင္း စစ္ေဆး ေတြ႕ရွိ ခဲ့တဲ့ အတြက္ လာလီဂါ အဖြဲ႕ခ်ဳပ္ ရဲ႕ ဒဏ္ေငြ ခ်မွတ္ ျခင္း ကို ခံခဲ့ ရ ပါတယ္ ။ ဒါေပမယ့္ ဒဏ္ေငြ ပမာဏ ဟာ ေဒၚလာ ၃၃၀ သာ ျဖစ္တာေၾကာင့္ အဆုိပါ အျပစ္ဒဏ္ အေပၚ ၀ိုင္း၀န္း ေလွာင္ေျပာင္မႈေတြ ရွိခဲ့ ၾကပါတယ္ ။

Grezmann

အာဆင္နယ္ အသင္း ရဲ႕ စက္တင္ဘာ လ အတြက္ တစ္လတာ အေကာင္းဆံုး ကစား သမား ဆု အတြက္ ေအာ္ဘားမီးယန္း ၊ ဂြမ္ဒိုဇီ ၊ ခ်မ္းဘားစ္ နဲ႔ အီမလီ မာတီနက္ တို႔ က စကာတင္ အျဖစ္ ပါ၀င္ လာခဲ့ ၾကတယ္ လို႔ သတင္း ရရွိ ပါတယ္ ။

စပါး အသင္း ကစား သမား လုိဆယ္ဆို နဲ႔ ေနာက္ခံလူ ဆက္ဆဂ္ႏြန္ တို႔ ဟာ ဒဏ္ရာ ကေန ျပန္လည္ သက္သာ လာစ မွာသာ ရွိေန ေသးၿပီး ယခု အပတ္ ပြဲစဥ္ မွာ ျမင္ေတြ႕ ရဦးမွာ မဟုတ္ဘူးလို႔ သိရ ပါတယ္ ။ စပါး ကြင္းလယ္လူ အဲရစ္ ဒိုင္ယာ ကေတာ့ ကာရာေဘာင္ ဖလား ရွဳံးပြဲ အၿပီး မွာ အသင္းသား အခ်ဳိ႕ အခ်င္း မ်ားခဲ့ ၾကေပမယ့္ အခု အခ်ိန္ မွာေတာ့ ေရွ႕ လာမယ့္ ပြဲေတြ အတြက္ သာအာရံုစိုက္ ေနၾကပါၿပီ လုိ႔ ဆုိသြား ခဲ့ ပါတယ္ ။

ယူဗင္တပ္ ကေန ထြက္ခြာ လာၿပီး အသင္း လက္မဲ့ ျဖစ္ေနတဲ့ နည္းျပ အယ္လီဂရီ ဟာ စပါး အသင္း နည္းျပ သစ္ ျဖစ္လာ ဖို႔ အလား အလာ ေကာင္း ေနၿပီး စပါး နည္းျပ ပိုခ်က္တီႏို ကေတာ့ ဇီဒန္း ကို ထုတ္ပယ္ ႏိုင္ေခ် ရွိတဲ့ ရီးရဲ မက္ဒရစ္ အသင္း နည္းျပ ျဖစ္လာ ဖုိ႔ သတင္းႀကီး ေနတယ္ လို႔ သိရ ပါတယ္ ။

ဘာစီလိုနာ အသင္း ကြင္းလယ္လူ ေဟာင္း ဇာဗီ ဟာနန္ဒက္ ကေတာ့ သူသာ ဘာစီလုိနာ နည္းျပ ျဖစ္လာ ခဲ့ ပါက မန္စီးတီး ေတာင္ပံ ကစား သမား စတာလင္ ကို ေခၚယူ ဖို႔ ႀကဳိးစား သြားမယ့္ အေၾကာင္း ေျပာဆို သြားခဲ့ ပါတယ္ ။

စပါး အသင္း ကြင္းလယ္လူ အဲရစ္ဆင္ ဟာ ဇန္န၀ါရီ မွာ သူ႔ကို ေရာင္းထုတ္ မပစ္ ႏုိင္ဖို႔ ႀကဳိးစား သြားဖို႔ ရွိေနၿပီး ရီးရဲ ထံ ရာသီ အကုန္ မွာ အလြတ္ ေျပာင္းေ၇ႊ႕ ဖို႔ အႀကဳိ သေဘာတူညီမႈ ရယူ လိမ့္မယ္ လို႔ သတင္းထြက္ ေပၚ ေန ပါတယ္ ။

အာဆင္နယ္ လူငယ္ေလး စမစ္ ရုိ၀ီ ဟာ ေနာ္တင္ဟမ္ ေဖာရက္စ္ နဲ႔ ကာရာေဘာင္ ပြဲမွာ ဒဏ္ရာ ရရွိ ခဲ့မႈ ေၾကာင့္ ၂ လ ေက်ာ္ အနားယူ ရေတာ့ မယ္ လို႔ ၾကားသိရ ပါတယ္ ။

မန္ခ်က္စတာ ယူႏုိက္တက္ ကစား သမား ၂ ဦး ျဖစ္တဲ့ ဒီေယဂို ဒါးေလာ့ နဲ႔ အိန္ဂ်ယ္ ဂုိးမက္ တို႔ ဟာလည္း ဒဏ္ရာ ရရွိ ေနၾကၿပီး အာဆင္နယ္ နဲ႔ ပြဲ မွာ ပါ၀င္ ကစားႏုိင္ မွာ မဟုတ္ေသးဘူး လို႔ နည္းျပ ဆုိးရွား က အတည္ျပဳ ေျပာဆို သြားခဲ့ ပါတယ္ ။

ကာရာေဘာင္ ဖလားပြဲ ၊ လီဗာပူး နဲ႔ ပရီးမီးယားလိဂ္ ပြဲေတြ မွာ တုိက္စစ္မႈး ဂ်ီရူး ကို မထည့္သြင္း ခဲ့ရတဲ့ အေၾကာင္း အရင္း ကေတာ့ ျပင္သစ္ တုိက္စစ္မႈးႀကီး ဟာ ဖ်ားနာေနတာ ေၾကာင့္ ျဖစ္ပါတယ္ လုိ႔ ခ်ဲလ္ဆီး နည္းျပ ဖရန္႔ လမ္းပတ္ က ဆုိသြားခဲ့ ၿပီး အခု အခ်ိန္ အထိ ျပန္လည္ သက္သာ ေအာင္ အားေမြး ေနဆဲ ျဖစ္ တယ္လို႔ ေျပာဆို သြားခဲ့ ပါတယ္ ။

စပါး အသင္း အႀကီး အကဲ ဒန္နီရယ္ လီဗိုင္း ကေတာ့ သူတို႔ရဲ႕ အဓိက တုိက္စစ္မႈး ဟယ္ရီကိန္း အတြက္ ေပါင္ သန္း ၂၅၀ သတ္မွတ္ ထားတယ္ လိုိ႔ ေျပာဆို သြားခဲ့ ပါတယ္ ။

မန္ခ်က္စတာ ယူႏုိက္တက္ ဟာ ဇန္န၀ါရီ မွာ တုိက္စစ္ ကို အားျဖည့္ဖုိ႔ လုိက္လံ ေလ့လာ ေနၿပီး ျပင္သစ္ ကလပ္ လုိင္ယြန္ ရဲ႕ တုိက္စစ္မႈး ဒမ္ဘီလီ ကို ေစာင့္ၾကည့္ ဖုိ႔ ကင္းေထာက္ေတြ ေစလႊတ္ ထားတယ္ လို႔ သိရွိရ ပါတယ္ ။

အာဆင္နယ္ အသင္းရဲ႕ ေနာက္ခံလူ ဟတ္တာ ဘယ္လာရင္ ဟာ လည္း မန္ခ်က္စတာ ယူႏုိက္တက္ အသင္း နဲ႔ ကစားမယ့္ ပြဲ ကို ပါ၀င္ ဖို႔ အတြက္ အဆင္သင့္ မျဖစ္ ေန ေသးပါဘူး လို႔ နည္းျပ အူႏုိင္း အမ္မရီ က ထုတ္ေဖာ္ ေျပာဆို သြားခဲ့ ပါတယ္ ။

ခ်ဲလ္ဆီး နဲ႔ မန္ခ်က္စတာ ယူႏုိက္တက္ အမႈေဆာင္ခ်ဳပ္ ေဟာင္း ပီတာ ကင္ယြန္ ဟာ အေမရိကန္ ႏုိင္ငံ ဖေလာ္ရီဒါ အေျခစိုက္ အဖြဲ႕ အစည္း တစ္ခု ကို နယူးကာဆယ္ အသင္း အား ေပါင္ သန္း ၃၀၀ ျဖင့္ ၀ယ္ယူႏုိင္ ဖို႔ အတြက္ လုပ္ေဆာင္ ေပး ခဲ့တယ္ လို႔ သိရ ပါတယ္ ။ နယူးကာဆယ္ ပုိင္ရွင္ မုိက္ အက္ရွ္ေလ ဟာ အသင္း ကို အဆိုပါ အဖြဲ႕ အစည္းထံ ေရာင္းထုတ္ ေတာ့မယ္ လုိ႔လည္း ၾကားသိရ ပါတယ္ ။

peterkenyon

အင္တာ မိုင္ယာမီ အသင္း နဲ႔ ေမဂ်ာလိဂ္ ကို ၀င္ေရာက္ ယွဥ္ၿပဳိင္ မယ့္ ေဒးဗစ္ ဘက္ခမ္း ကေတာ့ ယူႏုိ္က္တက္ လူငယ္ တိုက္စစ္မႈးေလး ေမဆင္ ဂရင္း၀ုဒ္ ကို အငွား ေခၚယူ ဖို႔ စိတ္၀င္ စား ေနတယ္ လို႔ ၾကားသိရ ပါတယ္ ။

ယမန္ေန႕ ညက ကစားသြားတဲ့ စီးရီးေအ ပြဲစဥ္ မွာေတာ့ တုိရီႏို ဟာ ေအစီမီလန္ ကို အိမ္ကြင္း မွာ ၂ – ၁ ျဖင့္ အႏုိင္ ရရွိ ခဲ့ ပါတယ္ ။ လာလီဂါ မွာေတာ့ ရီးရဲ ဆိုဆီဒက္ ဟာ ဒီပို႔တီပို အာလာဗက္စ္ အသင္း ကို အိမ္ကြင္း မွာ ၃ – ၀ ျဖင့္ အႏုိင္ ရရွိ ခဲ့ ပါတယ္ ။

SPORT MYANMAR

Unicode

၃ ပွဲလောက်လွတ်မယ့် မက်ဆီ ၊ အာဆင်နယ်နဲ့ ပွဲကို လွဲမယ့် ယူနိုက်တက် တိုက်စစ်မှုး တို့ အပါအဝင် . . . မနက်ခင်း အားကစား သတင်းများ

======================================

မန်ချက် စတာ ယူနိုက်တက် အသင်း ရဲ့ တိုက်စစ် မှုး မားကပ် ရက်ဖိုဒ့် ဟာ လာမယ့် တနင်္လာ နေ့ ည မှာ ယှဉ်ပြိုင် ကစား မယ့် အာဆင်နယ် အသင်း နဲ့ ပရီးမီး ယားလိဂ် ပွဲစဉ် ကို လွဲချော် မယ် လို့ ကြားသိ ရ ပါတယ် ။ ဒါပေမယ့် အန်တိုနီ မာရှယ် က တော့ ပြန်လည် ပါ၀င် လာ နိုင်ချေ ရှိ တယ် လို့ ကြားသိ ရ ပါတယ် ။

ဘာစီလိုနာ အသင်း တိုက်စစ်မှုး မက်ဆီ ရဲ့ ဒဏ်ရာ ဟာ မျှော်မှန်း ထားသည် ထက် ပိုမို ကြာမြင့် နိုင်ပြီး ယခု အပတ် ကစားမယ့် ဂီတာဖေး ပွဲစဉ် အပါ အဝင် နောက်ထပ် ၃ ပွဲ လောက် ထပ်မံ အနားယူ ရဖွယ် ရှိနေတယ် လို့ သိရ ပါတယ် ။

ဘာစီလိုနာ အသင်း ဟာ အန်တွိုင် ဂရစ်ဇ်မန်း ကို အသက်လက်တီကို မက်ဒရစ် မှာ ကစား နေစဉ် အတွင်း ကြိုတင် သဘောတူညီမှု ရယူခဲ့ ကြောင်း စစ်ဆေး တွေ့ရှိ ခဲ့တဲ့ အတွက် လာလီဂါ အဖွဲ့ချုပ် ရဲ့ ဒဏ်ငွေ ချမှတ် ခြင်း ကို ခံခဲ့ ရ ပါတယ် ။ ဒါပေမယ့် ဒဏ်ငွေ ပမာဏ ဟာ ဒေါ်လာ ၃၃၀ သာ ဖြစ်တာကြောင့် အဆိုပါ အပြစ်ဒဏ် အပေါ် ၀ိုင်းဝန်း လှောင်ပြောင်မှုတွေ ရှိခဲ့ ကြပါတယ် ။

အာဆင်နယ် အသင်း ရဲ့ စက်တင်ဘာ လ အတွက် တစ်လတာ အကောင်းဆုံး ကစား သမား ဆု အတွက် အော်ဘားမီးယန်း ၊ ဂွမ်ဒိုဇီ ၊ ချမ်းဘားစ် နဲ့ အီမလီ မာတီနက် တို့ က စကာတင် အဖြစ် ပါ၀င် လာခဲ့ ကြတယ် လို့ သတင်း ရရှိ ပါတယ် ။

စပါး အသင်း ကစား သမား လိုဆယ်ဆို နဲ့ နောက်ခံလူ ဆက်ဆဂ်နွန် တို့ ဟာ ဒဏ်ရာ ကနေ ပြန်လည် သက်သာ လာစ မှာသာ ရှိနေ သေးပြီး ယခု အပတ် ပွဲစဉ် မှာ မြင်တွေ့ ရဦးမှာ မဟုတ်ဘူးလို့ သိရ ပါတယ် ။ စပါး ကွင်းလယ်လူ အဲရစ် ဒိုင်ယာ ကတော့ ကာရာဘောင် ဖလား ရှုံးပွဲ အပြီး မှာ အသင်းသား အချို့ အချင်း များခဲ့ ကြပေမယ့် အခု အချိန် မှာတော့ ရှေ့ လာမယ့် ပွဲတွေ အတွက် သာအာရုံစိုက် နေကြပါပြီ လို့ ဆိုသွား ခဲ့ ပါတယ် ။

ယူဗင်တပ် ကနေ ထွက်ခွာ လာပြီး အသင်း လက်မဲ့ ဖြစ်နေတဲ့ နည်းပြ အယ်လီဂရီ ဟာ စပါး အသင်း နည်းပြ သစ် ဖြစ်လာ ဖို့ အလား အလာ ကောင်း နေပြီး စပါး နည်းပြ ပိုချက်တီနို ကတော့ ဇီဒန်း ကို ထုတ်ပယ် နိုင်ချေ ရှိတဲ့ ရီးရဲ မက်ဒရစ် အသင်း နည်းပြ ဖြစ်လာ ဖို့ သတင်းကြီး နေတယ် လို့ သိရ ပါတယ် ။

ဘာစီလိုနာ အသင်း ကွင်းလယ်လူ ဟောင်း ဇာဗီ ဟာနန်ဒက် ကတော့ သူသာ ဘာစီလိုနာ နည်းပြ ဖြစ်လာ ခဲ့ ပါက မန်စီးတီး တောင်ပံ ကစား သမား စတာလင် ကို ခေါ်ယူ ဖို့ ကြိုးစား သွားမယ့် အကြောင်း ပြောဆို သွားခဲ့ ပါတယ် ။

စပါး အသင်း ကွင်းလယ်လူ အဲရစ်ဆင် ဟာ ဇန်နဝါရီ မှာ သူ့ကို ရောင်းထုတ် မပစ် နိုင်ဖို့ ကြိုးစား သွားဖို့ ရှိနေပြီး ရီးရဲ ထံ ရာသီ အကုန် မှာ အလွတ် ပြောင်းရွှေ့ ဖို့ အကြို သဘောတူညီမှု ရယူ လိမ့်မယ် လို့ သတင်းထွက် ပေါ် နေ ပါတယ် ။

အာဆင်နယ် လူငယ်လေး စမစ် ရို၀ီ ဟာ နော်တင်ဟမ် ဖောရက်စ် နဲ့ ကာရာဘောင် ပွဲမှာ ဒဏ်ရာ ရရှိ ခဲ့မှု ကြောင့် ၂ လ ကျော် အနားယူ ရတော့ မယ် လို့ ကြားသိရ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ကစား သမား ၂ ဦး ဖြစ်တဲ့ ဒီယေဂို ဒါးလော့ နဲ့ အိန်ဂျယ် ဂိုးမက် တို့ ဟာလည်း ဒဏ်ရာ ရရှိ နေကြပြီး အာဆင်နယ် နဲ့ ပွဲ မှာ ပါ၀င် ကစားနိုင် မှာ မဟုတ်သေးဘူး လို့ နည်းပြ ဆိုးရှား က အတည်ပြု ပြောဆို သွားခဲ့ ပါတယ် ။

ကာရာဘောင် ဖလားပွဲ ၊ လီဗာပူး နဲ့ ပရီးမီးယားလိဂ် ပွဲတွေ မှာ တိုက်စစ်မှုး ဂျီရူး ကို မထည့်သွင်း ခဲ့ရတဲ့ အကြောင်း အရင်း ကတော့ ပြင်သစ် တိုက်စစ်မှုးကြီး ဟာ ဖျားနာနေတာ ကြောင့် ဖြစ်ပါတယ် လို့ ချဲလ်ဆီး နည်းပြ ဖရန့် လမ်းပတ် က ဆိုသွားခဲ့ ပြီး အခု အချိန် အထိ ပြန်လည် သက်သာ အောင် အားမွေး နေဆဲ ဖြစ် တယ်လို့ ပြောဆို သွားခဲ့ ပါတယ် ။

စပါး အသင်း အကြီး အကဲ ဒန်နီရယ် လီဗိုင်း ကတော့ သူတို့ရဲ့ အဓိက တိုက်စစ်မှုး ဟယ်ရီကိန်း အတွက် ပေါင် သန်း ၂၅၀ သတ်မှတ် ထားတယ် လိို့ ပြောဆို သွားခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဟာ ဇန်နဝါရီ မှာ တိုက်စစ် ကို အားဖြည့်ဖို့ လိုက်လံ လေ့လာ နေပြီး ပြင်သစ် ကလပ် လိုင်ယွန် ရဲ့ တိုက်စစ်မှုး ဒမ်ဘီလီ ကို စောင့်ကြည့် ဖို့ ကင်းထောက်တွေ စေလွှတ် ထားတယ် လို့ သိရှိရ ပါတယ် ။

အာဆင်နယ် အသင်းရဲ့ နောက်ခံလူ ဟတ်တာ ဘယ်လာရင် ဟာ လည်း မန်ချက်စတာ ယူနိုက်တက် အသင်း နဲ့ ကစားမယ့် ပွဲ ကို ပါ၀င် ဖို့ အတွက် အဆင်သင့် မဖြစ် နေ သေးပါဘူး လို့ နည်းပြ အူနိုင်း အမ်မရီ က ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

ချဲလ်ဆီး နဲ့ မန်ချက်စတာ ယူနိုက်တက် အမှုဆောင်ချုပ် ဟောင်း ပီတာ ကင်ယွန် ဟာ အမေရိကန် နိုင်ငံ ဖလော်ရီဒါ အခြေစိုက် အဖွဲ့ အစည်း တစ်ခု ကို နယူးကာဆယ် အသင်း အား ပေါင် သန်း ၃၀၀ ဖြင့် ၀ယ်ယူနိုင် ဖို့ အတွက် လုပ်ဆောင် ပေး ခဲ့တယ် လို့ သိရ ပါတယ် ။ နယူးကာဆယ် ပိုင်ရှင် မိုက် အက်ရှ်လေ ဟာ အသင်း ကို အဆိုပါ အဖွဲ့ အစည်းထံ ရောင်းထုတ် တော့မယ် လို့လည်း ကြားသိရ ပါတယ် ။

အင်တာ မိုင်ယာမီ အသင်း နဲ့ မေဂျာလိဂ် ကို ၀င်ရောက် ယှဉ်ပြိုင် မယ့် ဒေးဗစ် ဘက်ခမ်း ကတော့ ယူနို်က်တက် လူငယ် တိုက်စစ်မှုးလေး မေဆင် ဂရင်းဝုဒ် ကို အငှား ခေါ်ယူ ဖို့ စိတ်ဝင် စား နေတယ် လို့ ကြားသိရ ပါတယ် ။

ယမန်နေ့ ညက ကစားသွားတဲ့ စီးရီးအေ ပွဲစဉ် မှာတော့ တိုရီနို ဟာ အေစီမီလန် ကို အိမ်ကွင်း မှာ ၂ – ၁ ဖြင့် အနိုင် ရရှိ ခဲ့ ပါတယ် ။ လာလီဂါ မှာတော့ ရီးရဲ ဆိုဆီဒက် ဟာ ဒီပို့တီပို အာလာဗက်စ် အသင်း ကို အိမ်ကွင်း မှာ ၃ – ၀ ဖြင့် အနိုင် ရရှိ ခဲ့ ပါတယ် ။