ျပီးခဲ႔တဲ႔ အပတ္ အတြင္းကစားသြားခဲ႔တဲ႔ FA ဖလား ဆီမီးဖိုင္နယ္ ပြဲစဥ္ မွာ ဝက္ဖို႔ဒ္ အသင္းက ဝုလ္ဗ္ အသင္းကို ၃-၂ ဂိုးနဲ႔ အႏိုင္
ယူျပီး ဗိုလ္လုပြဲကို တက္ေရာက္သြားခဲ႔ပါတယ္။ဝင္ဘာေလမွာ ကစားခဲ႔တဲ႔ ဒီပြဲမွာဒိုဟာတီ၊ ဂ်ီမီနက္ဇ္ တုိ႔ရဲ႕ ဂိုးေတြ နဲ႔ ဦးေဆာင္ႏိုင္ခဲ႔ေပမယ့္ဝက္ဖို႔ဒ္အသင္းရဲ႕ ေနာက္က်ဂိုးေတြေျကာင့္ အခ်ိန္ပို ကစားခဲ႔ရပါတယ္။

ဝက္ဖို႔ဒ္အတြက္ပထမေခ်ပဂိုးကိုသြင္းယူေပးခဲ႔တဲ႔ ဒယ္လိုဖူးလ္ဟာ အခ်ိန္ပိုမွာလည္း အႏိုင္ဂိုးကို သြင္းယူေပးႏိုင္ခဲ႔ လို႔ ဝက္ဖို႔ဒ္တို႔ မျဖစ္ႏိုင္ေတာ့တဲ႔ အေနအထားမ်ိဳးကေန ဖိုင္နယ္ အဆင့္ကို တက္လွမ္းသြားႏိုိင္ခဲ႔တာျဖစ္ပါတယ္။ဒယ္လိုဖူးလ္ ဟာဒီရာသီမွာဝက္ဖို႔ဒ္ အသင္းအတြက္ေျခစြမ္းျပ သေနတဲ႕ ကစားသမားတဦးျဖစ္ျပီးသူ႔ကို ေခၚယူႏိုင္ဖို႔ ေအစီမီလန္ နဲ႔ အျပိဳင္ ေဒါမြန္ အသင္းကပါ စိတဝင္စားလာျပီ လို႔ သိရပါတယ္။အသက္ ၂၅ႏွစ္အရြယ္ ဒီစပိန္ သားဟာ ဘာစီလိုနာ အသင္းရဲ႕လာမာစီယာ အကယ္ဒမီထြက္ တဦးျဖစ္ျပီး ကနဦး အငွားလာေရာက္
ကစားအျပီး မွာ ဝက္ဖို႔ဒ္ အသင္းကအျပီးသတ္ ေခၚယူထားခဲ႔တာျဖစ္ပါတယ္။

ႏူးကမ့္ ေျမမွာ ရိွေနစဥ္ ပံုစံေကာင္းျပသႏိုင္ဖို႔ ရုန္းကန္ခဲ႔ရတဲ႔ ဒယ္လိုဖူးလ္ ဟာ ဆီဗီလာ၊ အဲဗာတန္၊ ေအစီမီလန္ အသင္းေတြ ကို ေျပာင္းေရႊ႕ကစားခဲ႔ရဖူးခဲ႔ေသးတာျဖစ္ပါတယ္။Calcio mercato သတင္းစာရဲ႕ အဆိုအရ လာမယ့္ ေႏြမွာ ပူလီဆစ္လို အရည္အေသြးျမင့္ကစားသမားတဦးကို ခ်ဲဆီးလ္ အသင္းထံကို လက္လႊတ္ရေတာ့ မယ့္ေဒါ့မြန္ အသင္းဟာ ဒယ္လိုဖူးလ္ကို ဂ်ာမန္ေျမကို ေခၚယူသြားဖို႔ စိတ္ဝင္စားေနတယ္ လို႔ သိရပါတယ္။

ေဒါ့မြန္ တို႔ ဟာ ျပီးခဲ႔တဲ႔ လေတြ အတြင္းဘြန္ဒက္ လီဂါ အမွတ္ေပးဇယားကို ဦးေဆာင္ထားႏိုင္ခဲ႔ေပမယ့္ ျပီးခဲ႔တဲ႕ အပတ္ ပြဲစဥ္မွာ ဘိုင္ယန္ အသင္းကို ၅ဂိုးျပတ္အေရး နိမ့္ခဲ႔ရလို႔ ဒုတိယေနရာကို ဆင္းေပးထားခဲ႔ရပါတယ္။ဒယ္လိုဖူးလ္ကို ေခၚယူဖို႕ ေဒ့ါမြန္ အသင္းသာမကပဲ ေအစီမီလန္ အသင္းကလည္း စိတ္ဝင္စားေနတယ္လို႔ အျခားသတင္းေတြကဆိုပါတယ္။

ေအစီမီလန္ တို႔ဟာ လတ္တေလာမွာ စီးရီးေအ အမွတ္ေပးဇယားရဲ႕ စတုတၳ ေနရာမွာ ရွိေနျပီး နည္းျပျကီး ဂတ္တူဆိုက သူ႔အသင္းရဲ႕ လူစာရင္းကို အင္အားျဖည့္တင္း
ခ်င္တဲ႔ အေျကာင္းကို မျကာေသးမီက ထုတ္ေျပာထားခဲ႔ပါေသးတယ္။

ဒါေျကာင့္ လည္း အခုရာသီ မွာ ေျခစြမ္းျပေနတဲ႔ ဒယ္လိုဖူးလ္ဟာ သူတို႔ အသင္းရဲ႕ လိုအပ္ခ်က္နဲ႔ သာမကပဲ ဘတ္ဂ်က္ အင္အားနဲ႔ပါကိုက္ညီ မွဳ ရွိႏိုင္တာျဖစ္လို႔ ျပန္ေခၚ
ခ်င္ေနတာလည္းျဖစ္ပါတယ္။ဝက္ဖို႕ဒ္ အသင္းဟာ ပံုစံေကာင္းျပသေနခဲ႔တာျဖစ္လို႔ ၁၉၈၇ခုႏွစ္ေနာက္ပိုင္း အေကာင္းဆံုး လိဂ္ရပ္တည္မွဳ ကို ရရွိဖြယ္ရွိေနျပီး လိဂ္ဂိုး ၇ ဂိုးအထိသြင္းယူေပးထားတဲ႔ ယ္လိုဖူးလ္ကို လည္းအလြယ္တကူ လက္လႊတ္ခ်င္ေနပံုေတာ့ မရွိပါဘူး။

ဒါေပမယ့္ မက္ေမာေလာက္တဲ႔ ကမ္းလွမ္း မွဳမ်ိဳးကို သာရရွိခဲ႔ပါက ၂၀၂၃ အထိ စာခ်ဳပ္သက္တမ္းရွိေနတဲ႔ ဒယ္လိုဖူးလ္ကုိ ဝက္ဖို႔ဒ္ အသင္းက ေရာင္းခ်သြားဖြယ္ရွိေနပါတယ္။

ဝက်ဖို့ဒ်စတားကို အပြိုင် ခေါ်ယူလိုချင်ကြတဲဲ့ ဥရောပ ထိပ်သီးများ
==============================
ပြီးခဲ့တဲ့ အပတ် အတွင်းကစားသွားခဲ့တဲ့ FA ဖလား ဆီမီးဖိုင်နယ် ပွဲစဉ် မှာ ဝက်ဖို့ဒ် အသင်းက ဝုလ်ဗ် အသင်းကို ၃-၂ ဂိုးနဲ့ အနိုင်
ယူပြီး ဗိုလ်လုပွဲကို တက်ရောက်သွားခဲ့ပါတယ်။ဝင်ဘာလေမှာ ကစားခဲ့တဲ့ ဒီပွဲမှာဒိုဟာတီ၊ ဂျီမီနက်ဇ် တို့ရဲ့ ဂိုးတွေ နဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့်ဝက်ဖို့ဒ်အသင်းရဲ့ နောက်ကျဂိုးတွေကြောင့် အချိန်ပို ကစားခဲ့ရပါတယ်။

ဝက်ဖို့ဒ်အတွက်ပထမချေပဂိုးကိုသွင်းယူပေးခဲ့တဲ့ ဒယ်လိုဖူးလ်ဟာ အချိန်ပိုမှာလည်း အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ လို့ ဝက်ဖို့ဒ်တို့ မဖြစ်နိုင်တော့တဲ့ အနေအထားမျိုးကနေ ဖိုင်နယ် အဆင့်ကို တက်လှမ်းသွားနိိုင်ခဲ့တာဖြစ်ပါတယ်။ဒယ်လိုဖူးလ် ဟာဒီရာသီမှာဝက်ဖို့ဒ် အသင်းအတွက်ခြေစွမ်းပြ သနေတဲ့ ကစားသမားတဦးဖြစ်ပြီးသူ့ကို ခေါ်ယူနိုင်ဖို့ အေစီမီလန် နဲ့ အပြိုင် ဒေါမွန် အသင်းကပါ စိတဝင်စားလာပြီ လို့ သိရပါတယ်။အသက် ၂၅နှစ်အရွယ် ဒီစပိန် သားဟာ ဘာစီလိုနာ အသင်းရဲ့လာမာစီယာ အကယ်ဒမီထွက် တဦးဖြစ်ပြီး ကနဦး အငှားလာရောက်
ကစားအပြီး မှာ ဝက်ဖို့ဒ် အသင်းကအပြီးသတ် ခေါ်ယူထားခဲ့တာဖြစ်ပါတယ်။

နူးကမ့် မြေမှာ ရှိနေစဉ် ပုံစံကောင်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရတဲ့ ဒယ်လိုဖူးလ် ဟာ ဆီဗီလာ၊ အဲဗာတန်၊ အေစီမီလန် အသင်းတွေ ကို ပြောင်းရွှေ့ကစားခဲ့ရဖူးခဲ့သေးတာဖြစ်ပါတယ်။Calcio mercato သတင်းစာရဲ့ အဆိုအရ လာမယ့် နွေမှာ ပူလီဆစ်လို အရည်အသွေးမြင့်ကစားသမားတဦးကို ချဲဆီးလ် အသင်းထံကို လက်လွှတ်ရတော့ မယ့်ဒေါ့မွန် အသင်းဟာ ဒယ်လိုဖူးလ်ကို ဂျာမန်မြေကို ခေါ်ယူသွားဖို့ စိတ်ဝင်စားနေတယ် လို့ သိရပါတယ်။

ဒေါ့မွန် တို့ ဟာ ပြီးခဲ့တဲ့ လတွေ အတွင်းဘွန်ဒက် လီဂါ အမှတ်ပေးဇယားကို ဦးဆောင်ထားနိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ အပတ် ပွဲစဉ်မှာ ဘိုင်ယန် အသင်းကို ၅ဂိုးပြတ်အရေး နိမ့်ခဲ့ရလို့ ဒုတိယနေရာကို ဆင်းပေးထားခဲ့ရပါတယ်။ဒယ်လိုဖူးလ်ကို ခေါ်ယူဖို့ ဒေ့ါမွန် အသင်းသာမကပဲ အေစီမီလန် အသင်းကလည်း စိတ်ဝင်စားနေတယ်လို့ အခြားသတင်းတွေကဆိုပါတယ်။

အေစီမီလန် တို့ဟာ လတ်တလောမှာ စီးရီးအေ အမှတ်ပေးဇယားရဲ့ စတုတ္ထ နေရာမှာ ရှိနေပြီး နည်းပြကြီး ဂတ်တူဆိုက သူ့အသင်းရဲ့ လူစာရင်းကို အင်အားဖြည့်တင်း
ချင်တဲ့ အကြောင်းကို မကြာသေးမီက ထုတ်ပြောထားခဲ့ပါသေးတယ်။

ဒါကြောင့် လည်း အခုရာသီ မှာ ခြေစွမ်းပြနေတဲ့ ဒယ်လိုဖူးလ်ဟာ သူတို့ အသင်းရဲ့ လိုအပ်ချက်နဲ့ သာမကပဲ ဘတ်ဂျက် အင်အားနဲ့ပါကိုက်ညီ မှု ရှိနိုင်တာဖြစ်လို့ ပြန်ခေါ်
ချင်နေတာလည်းဖြစ်ပါတယ်။ဝက်ဖို့ဒ် အသင်းဟာ ပုံစံကောင်းပြသနေခဲ့တာဖြစ်လို့ ၁၉၈၇ခုနှစ်နောက်ပိုင်း အကောင်းဆုံး လိဂ်ရပ်တည်မှု ကို ရရှိဖွယ်ရှိနေပြီး လိဂ်ဂိုး ရ ဂိုးအထိသွင်းယူပေးထားတဲ့ ယ်လိုဖူးလ်ကို လည်းအလွယ်တကူ လက်လွှတ်ချင်နေပုံတော့ မရှိပါဘူး။

ဒါပေမယ့် မက်မောလောက်တဲ့ ကမ်းလှမ်း မှုမျိုးကို သာရရှိခဲ့ပါက ၂၀၂၃ အထိ စာချုပ်သက်တမ်းရှိနေတဲ့ ဒယ်လိုဖူးလ်ကို ဝက်ဖို့ဒ် အသင်းက ရောင်းချသွားဖွယ်ရှိနေပါတယ်။