htet htar thuzar

ျမန္မာႏိုင္ငံမွာ က်င္းပခဲ့တဲ့ International Series ျပိဳင္ပြဲ ရဲ႕ အၾကိဳဗိုလ္လုပြဲမွာ ကမၻာ့အဆင့္ သတ္မွတ္ခ်က္ 300 နီးပါးရွိတဲ့ အင္ဒိုနီးရွား ၾကက္ေတာင္မယ္ ကိုေရာ ၊ မၾကာခင္က က်င္းပျပီးစီး သြားတဲ့ ေမာ္လဒိုက္ Future Series ရဲ႕ ဗိုလ္လုပြဲမွာ ကမၻာ့အဆင့္ သတ္မွတ္ခ်က္ မရွိေသးတဲ့ အိႏိၵယ ကစားသမားကိုေရာ ရႈံးနိမ့္ခဲ့အျပီးမွာေတာ့ သက္ထားသူဇာဟာ အေကာင္းဆံုး ပံုစံေတြ နဲ႔ ျပန္လာေနျပီ ျဖစ္တဲ့အေၾကာင္း မေန႔က သက္ေသျပသြားခဲ့ပါတယ္။

thet htar thuzar

သူမ ဟာ မေန႔က တစ္ရက္ထဲပဲ 3 ပြဲအထိ ကစားခဲ့ရျပီး ၊ အမ်ိဳးသမီး တစ္ဦးခ်င္း ျပိဳင္ပြဲ 2 ခု စလံုးမွာ အႏိုင္ရရွိခဲ့တာ ျဖစ္ပါတယ္။ (ႏွစ္ေယာက္တြဲ ရႈႈံးနိမ့္)

ဒုတိယ အဆင့္ ရႈံးထြက္ပြဲစဥ္မွာေတာ့ ကမၻာ့အဆင့္ 98 ရွိေနတဲ့ အႏိၵယသူ ဂူမာဒီ ကို 10-21 ၊ 17-21 ေတြနဲ႔ 2 ပြဲ ျပတ္ အႏိုင္ကစားကာ တတိယ အဆင့္ကို တက္ေရာက္လာခဲ့တာပါ။ Future Series ျပိဳင္ပြဲ ရဲ႕ ဗိုလ္လုပြဲမွာတုန္းက အိႏၵိယ ရဲ႕ အျခား ကစားသမား တစ္ဦးျဖစ္တဲ့ ဘန္ေဆာ့ကို ရႈံးနိမ့္ခဲ့တာေၾကာင့္ ၊ ဒီတစ္ၾကိမ္မွာ သူမ ကို နိမ့္နိမ့္ခ်ခ် ေရးသားခဲ့ၾကတဲ့ အိႏၵိယ သတင္းစာေတြကို ေကာင္းေကာင္း တုန္႔ျပန္ျပသြားခဲ့တာ ျဖစ္ပါတယ္။

thet htar thuzar

အဲဒီအခ်ိန္က ဘန္ေဆာ့ဟာ ကမၻာ့အဆင့္ သတ္မွတ္ခ်က္ မရွိေသးသလုိ ၊ အခုမွ စီနီယာ ပြဲစဥ္ စတင္ ကစားစဥ္မွာပဲ ၊ ဗိုလ္စြဲဖို႔ ထိပ္ဆံုးကေန ေရပန္းစားေနတဲ့ သက္ထားသူဇာကို အံ့အားသင့္ဖြယ္ရာ ရလာဒ္နဲ႔ အႏိုင္ယူခဲ့တာ ျဖစ္တယ္လို႔ အိႏၵိယ သတင္းေတြက အက်ယ္တ၀င့္ ေရးသားခဲ့ၾကတာပါ။

ဒီတစ္ၾကိမ္ အျခား အႏၵိယ ကစားသမား တစ္ဦးနဲ႔ ထိပ္တိုက္ေတြ႔ဆံုမွဳမွာေတာ့ 2 ပြဲ ျပတ္ အႏိုင္ကစားျပီး ၊ ေနာက္ေကာက္ခ်ျပတာဟာ သူမရဲ႕ ေပါက္ကြဲသံဇဥ္တစ္ခ်ိဳ႕ကို ျမင္လိုက္ရတာလို႔ပဲ ဆိုခ်င္ပါတယ္။

ဒီထက္ပိုျပီး ခ်ီးက်ဴးမိတာက တတိယ အဆင့္မွာ ဘူေဂးရီးယား ႏိုင္ငံသူ လင္ဒါ ဇက္ခ်ီရီ ကို အႏိုင္ယူျပခဲ့တာ ပဲ ျဖစ္ပါတယ္။ လင္ဒါ ဟာ ဒီျပိဳင္ပြဲကို လာေရာက္ ယွဥ္ျပိဳင္တဲ့ ကစားသမားေတြ ထဲမွာ High Profile ကစားသမားလို႔ ေျပာလို႔ ရသလို ၊ ကမၻာ့အဆင့္ ကလဲ (အမ်ိဳးသမီး တစ္ဦးခ်င္းမွာ) 62 ေနရာမွာ ရပ္တည္ေနသူ ျဖစ္ပါတယ္။

Linsar

ဒါ့အျပင္ အသက္ကလဲ 32 အထိ ရွိေနျပီ ျဖစ္ျပီး ၊ ၀ါရင့္ ကစားသမား တစ္ဦးျဖစ္သလုိ ၊ အခုလို International Challenge နဲ႔ International Series ျပိဳင္ပြဲေတြမွာလဲ ေအာင္ျမင္မႈေတြ အသီးသီး ရရွိထားခဲ့သူပါ။ သူမရဲ႕ ကစားသမား ဘ၀ အျမင့္ဆံုး အခ်ိန္ေတြ ကေတာ့ 2012-2015 ခုႏွစ္ အတြင္းေတြက ျဖစ္ျပီး ၊ ဥေရာပ ခ်န္ပီယံရွစ္ လို႔ ထိပ္တန္း အဆင့္ ျပိဳင္ပြဲမ်ိဳးေတြမွာေတာင္ ေၾကးတံဆိပ္ ဆု ရေအာင္ စြမ္းေဆာင္ျပထားခဲ့ဖူးပါတယ္။

အဲဒီလို ကစားသမားကို 21-8 ၊ 21-11 နဲ႔ 2 ပြဲ ျပတ္ ကစားျပသြားတာက တကယ္ကုိ ေလးေလးနက္နက္ ခ်ီးက်ဴးဖို႔ ထိုက္တန္မႈ အျပည့္ရွိပါတယ္။ အေရွ႕ေတာင္ အာရွအဆင့္ ရဲ႕ ထိပ္တန္း ၾကက္ေတာင္မယ္ တစ္ဦး ျဖစ္လာဖို႔ အတြက္ ဒီလို ပြဲမ်ိဳးေတြ ရဲ႕ ႏိုင္ပြဲက ၊ ေနာက္ထပ္ Level တစ္ခုကို တက္လွမ္းႏိုင္ဖို႔ အတြက္ ယံုၾကည္မႈေတြ ေမြးဖြားေပးမယ္ ဆိုတာလဲ ေသခ်ာပါတယ္။

ဒါ့အျပင္ သက္ထားသူဇာဟာ အခုလို International Challenge အဆင့္ ျပိဳင္ပြဲမ်ိဳး ဆိုရင္ ၊ ရႈံးထြက္ အဆင့္ေတြ ကထက္ မပို္ပဲ လွည့္ျပန္ထားခဲ့ရတာ ေတာ္ေတာ္ေလး အၾကိမ္အေရအတြက္ မ်ားခဲ့ပါျပီ။ ဒါေၾကာင့္ ဒီတစ္ၾကိမ္ ကြာတား ဖိုင္နယ္ အထိ တက္ေရာက္ေအာင္ စြမ္းေဆာင္ျပတဲ့ အရည္အေသြးဟာ ထိပ္တန္း အဆင့္ေတြကို တက္ေရာက္ဖို႔ အတြက္ စိန္ေခၚမွဳေတြကို ရဲရဲရင့္ရင့္ ရင္ဆိုင္ဖို႔ ျပင္ဆင္လာေနျပီ ဆိုတဲ့ နိမိတ္မ်ိဳးလဲ ျဖစ္ပါတယ္။

ကြားတားဖိုင္နယ္ အဆင့္မွာ သူမ ရင္ဆုိင္ရမယ့္ ကစားသမားကေတာ့ ကေနဒါ ႏိုင္ငံသူ ဘရစ္နီတန္ ျဖစ္ပါတယ္။ ဘရစ္နီ တန္ ဟာ ဒီျပိဳင္ပြဲရဲ႕ ဘိုင္ ရရွိခဲ့တဲ့ ကစားသမား 8 ဦးမွာ ပါ၀င္ခဲ့ျပီး ၊ ကမၻာ့ အဆင့္ သတ္မွတ္ခ်က္ ကလဲ 47 မွာ ရွိေနသူပါ။

Brittney Tam

သူဟာ အခုေနာက္ပိုင္း မွာ International Challenge ျပိဳင္ပြဲမ်ိဳးေတြကို အနိမ့္ဆံုးထား ယွဥ္ျပိဳင္လာေနသူ ျဖစ္တဲ့ အျပင္ ၊ ဒီထက္ ျမင့္တဲ့ BWF Tour ျပိဳင္ပြဲေတြမွာ ပါင္ ယွဥ္ျပိဳင္ေနက် ကစားသမား တစ္ဦး ျဖစ္တာေၾကာင့္ ၊ ပြဲေကာင္း အေတြ႔အၾကံဳပိုင္းမွာေတာ့ သက္ထားသူဇာ ထက္ ပိုျပီး သာလြန္ေနမွာ ေသခ်ာပါတယ္။

ဒါေၾကာင့္ ဗိုလ္လုပြဲ နဲ႔ နီးလာေလေလ ၊ ျပိဳင္ပြဲေတြက ပိုျပီး ခက္လာေလေလ ျဖစ္မွာပါ။ ၾကီးမားတဲ့ ေအာင္ျမင္မႈေတြ ရခ်င္တယ္ ဆိုရင္ေတာ့ ဒီလို အခက္ခဲေတြက ေက်ာ္ျဖတ္ရစျမဲမို႔ ၊ ဒီတစ္ၾကိမ္ ေတြ႔ဆံုေနတဲ့ ျပိဳင္ဘက္ကိုလဲ စိုးရိမ္စိတ္ အလ်ဥ္းမရွိပဲ ရင္ဆုိင္ျပဖို႔ တိုက္တြန္းရင္း ၊ ပရိသတ္ေတြ အ့ံအားသင့္သြားေစမယ့္ ရလာဒ္မ်ိဳး ေပၚထြက္လာေအာင္ စြမ္းေဆာင္ျပလိုက္ပါ ညီမငယ္ေရ……….

SPORT MYANMAR

Unicode

တစ်ရက်ထဲမှာပဲ ပြိုင်ဘက် ကစားသမားကောင်း နှစ်ယောက်ကို နောက်ကောက်ချပြခဲ့တဲ့ #သက်ထားသူဇာ
*******************************************

မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ International Series ပြိုင်ပွဲ ရဲ့ အကြိုဗိုလ်လုပွဲမှာ ကမ္ဘာ့အဆင့် သတ်မှတ်ချက် 300 နီးပါးရှိတဲ့ အင်ဒိုနီးရှား ကြက်တောင်မယ် ကိုရော ၊ မကြာခင်က ကျင်းပပြီးစီး သွားတဲ့ မော်လဒိုက် Future Series ရဲ့ ဗိုလ်လုပွဲမှာ ကမ္ဘာ့အဆင့် သတ်မှတ်ချက် မရှိသေးတဲ့ အိန္ဒိယ ကစားသမားကိုရော ရှုံးနိမ့်ခဲ့အပြီးမှာတော့ သက်ထားသူဇာဟာ အကောင်းဆုံး ပုံစံတွေ နဲ့ ပြန်လာနေပြီ ဖြစ်တဲ့အကြောင်း မနေ့က သက်သေပြသွားခဲ့ပါတယ်။

သူမ ဟာ မနေ့က တစ်ရက်ထဲပဲ 3 ပွဲအထိ ကစားခဲ့ရပြီး ၊ အမျိုးသမီး တစ်ဦးချင်း ပြိုင်ပွဲ 2 ခု စလုံးမှာ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ (နှစ်ယောက်တွဲ ရှုှုံးနိမ့်)

ဒုတိယ အဆင့် ရှုံးထွက်ပွဲစဉ်မှာတော့ ကမ္ဘာ့အဆင့် 98 ရှိနေတဲ့ အန္ဒိယသူ ဂူမာဒီ ကို 10-21 ၊ 17-21 တွေနဲ့ 2 ပွဲ ပြတ် အနိုင်ကစားကာ တတိယ အဆင့်ကို တက်ရောက်လာခဲ့တာပါ။ Future Series ပြိုင်ပွဲ ရဲ့ ဗိုလ်လုပွဲမှာတုန်းက အိန္ဒိယ ရဲ့ အခြား ကစားသမား တစ်ဦးဖြစ်တဲ့ ဘန်ဆော့ကို ရှုံးနိမ့်ခဲ့တာကြောင့် ၊ ဒီတစ်ကြိမ်မှာ သူမ ကို နိမ့်နိမ့်ချချ ရေးသားခဲ့ကြတဲ့ အိန္ဒိယ သတင်းစာတွေကို ကောင်းကောင်း တုန့်ပြန်ပြသွားခဲ့တာ ဖြစ်ပါတယ်။

အဲဒီအချိန်က ဘန်ဆော့ဟာ ကမ္ဘာ့အဆင့် သတ်မှတ်ချက် မရှိသေးသလို ၊ အခုမှ စီနီယာ ပွဲစဉ် စတင် ကစားစဉ်မှာပဲ ၊ ဗိုလ်စွဲဖို့ ထိပ်ဆုံးကနေ ရေပန်းစားနေတဲ့ သက်ထားသူဇာကို အံ့အားသင့်ဖွယ်ရာ ရလာဒ်နဲ့ အနိုင်ယူခဲ့တာ ဖြစ်တယ်လို့ အိန္ဒိယ သတင်းတွေက အကျယ်တဝင့် ရေးသားခဲ့ကြတာပါ။

ဒီတစ်ကြိမ် အခြား အန္ဒိယ ကစားသမား တစ်ဦးနဲ့ ထိပ်တိုက်တွေ့ဆုံမှုမှာတော့ 2 ပွဲ ပြတ် အနိုင်ကစားပြီး ၊ နောက်ကောက်ချပြတာဟာ သူမရဲ့ ပေါက်ကွဲသံဇဉ်တစ်ချို့ကို မြင်လိုက်ရတာလို့ပဲ ဆိုချင်ပါတယ်။

ဒီထက်ပိုပြီး ချီးကျူးမိတာက တတိယ အဆင့်မှာ ဘူဂေးရီးယား နိုင်ငံသူ လင်ဒါ ဇက်ချီရီ ကို အနိုင်ယူပြခဲ့တာ ပဲ ဖြစ်ပါတယ်။ လင်ဒါ ဟာ ဒီပြိုင်ပွဲကို လာရောက် ယှဉ်ပြိုင်တဲ့ ကစားသမားတွေ ထဲမှာ High Profile ကစားသမားလို့ ပြောလို့ ရသလို ၊ ကမ္ဘာ့အဆင့် ကလဲ (အမျိုးသမီး တစ်ဦးချင်းမှာ) 62 နေရာမှာ ရပ်တည်နေသူ ဖြစ်ပါတယ်။

ဒါ့အပြင် အသက်ကလဲ 32 အထိ ရှိနေပြီ ဖြစ်ပြီး ၊ ၀ါရင့် ကစားသမား တစ်ဦးဖြစ်သလို ၊ အခုလို International Challenge နဲ့ International Series ပြိုင်ပွဲတွေမှာလဲ အောင်မြင်မှုတွေ အသီးသီး ရရှိထားခဲ့သူပါ။ သူမရဲ့ ကစားသမား ဘဝ အမြင့်ဆုံး အချိန်တွေ ကတော့ 2012-2015 ခုနှစ် အတွင်းတွေက ဖြစ်ပြီး ၊ ဥရောပ ချန်ပီယံရှစ် လို့ ထိပ်တန်း အဆင့် ပြိုင်ပွဲမျိုးတွေမှာတောင် ကြေးတံဆိပ် ဆု ရအောင် စွမ်းဆောင်ပြထားခဲ့ဖူးပါတယ်။

အဲဒီလို ကစားသမားကို 21-8 ၊ 21-11 နဲ့ 2 ပွဲ ပြတ် ကစားပြသွားတာက တကယ်ကို လေးလေးနက်နက် ချီးကျူးဖို့ ထိုက်တန်မှု အပြည့်ရှိပါတယ်။ အရှေ့တောင် အာရှအဆင့် ရဲ့ ထိပ်တန်း ကြက်တောင်မယ် တစ်ဦး ဖြစ်လာဖို့ အတွက် ဒီလို ပွဲမျိုးတွေ ရဲ့ နိုင်ပွဲက ၊ နောက်ထပ် Level တစ်ခုကို တက်လှမ်းနိုင်ဖို့ အတွက် ယုံကြည်မှုတွေ မွေးဖွားပေးမယ် ဆိုတာလဲ သေချာပါတယ်။

ဒါ့အပြင် သက်ထားသူဇာဟာ အခုလို International Challenge အဆင့် ပြိုင်ပွဲမျိုး ဆိုရင် ၊ ရှုံးထွက် အဆင့်တွေ ကထက် မပို်ပဲ လှည့်ပြန်ထားခဲ့ရတာ တော်တော်လေး အကြိမ်အရေအတွက် များခဲ့ပါပြီ။ ဒါကြောင့် ဒီတစ်ကြိမ် ကွာတား ဖိုင်နယ် အထိ တက်ရောက်အောင် စွမ်းဆောင်ပြတဲ့ အရည်အသွေးဟာ ထိပ်တန်း အဆင့်တွေကို တက်ရောက်ဖို့ အတွက် စိန်ခေါ်မှုတွေကို ရဲရဲရင့်ရင့် ရင်ဆိုင်ဖို့ ပြင်ဆင်လာနေပြီ ဆိုတဲ့ နိမိတ်မျိုးလဲ ဖြစ်ပါတယ်။

ကွားတားဖိုင်နယ် အဆင့်မှာ သူမ ရင်ဆိုင်ရမယ့် ကစားသမားကတော့ ကနေဒါ နိုင်ငံသူ ဘရစ်နီတန် ဖြစ်ပါတယ်။ ဘရစ်နီ တန် ဟာ ဒီပြိုင်ပွဲရဲ့ ဘိုင် ရရှိခဲ့တဲ့ ကစားသမား 8 ဦးမှာ ပါ၀င်ခဲ့ပြီး ၊ ကမ္ဘာ့ အဆင့် သတ်မှတ်ချက် ကလဲ 47 မှာ ရှိနေသူပါ။

သူဟာ အခုနောက်ပိုင်း မှာ International Challenge ပြိုင်ပွဲမျိုးတွေကို အနိမ့်ဆုံးထား ယှဉ်ပြိုင်လာနေသူ ဖြစ်တဲ့ အပြင် ၊ ဒီထက် မြင့်တဲ့ BWF Tour ပြိုင်ပွဲတွေမှာ ပါင် ယှဉ်ပြိုင်နေကျ ကစားသမား တစ်ဦး ဖြစ်တာကြောင့် ၊ ပွဲကောင်း အတွေ့အကြုံပိုင်းမှာတော့ သက်ထားသူဇာ ထက် ပိုပြီး သာလွန်နေမှာ သေချာပါတယ်။

ဒါကြောင့် ဗိုလ်လုပွဲ နဲ့ နီးလာလေလေ ၊ ပြိုင်ပွဲတွေက ပိုပြီး ခက်လာလေလေ ဖြစ်မှာပါ။ ကြီးမားတဲ့ အောင်မြင်မှုတွေ ရချင်တယ် ဆိုရင်တော့ ဒီလို အခက်ခဲတွေက ကျော်ဖြတ်ရစမြဲမို့ ၊ ဒီတစ်ကြိမ် တွေ့ဆုံနေတဲ့ ပြိုင်ဘက်ကိုလဲ စိုးရိမ်စိတ် အလျဉ်းမရှိပဲ ရင်ဆိုင်ပြဖို့ တိုက်တွန်းရင်း ၊ ပရိသတ်တွေ အ့ံအားသင့်သွားစေမယ့် ရလာဒ်မျိုး ပေါ်ထွက်လာအောင် စွမ်းဆောင်ပြလိုက်ပါ ညီမငယ်ရေ……….