Beckham

ကမၻာေက်ာ္ ေဘာလံုးသမားေဟာင္းၾကီး ေဒးဗစ္ ဘက္ခမ္းဟာ ေဘာလံုး ေအးဂ်င့္ ေလာကထဲကို ၀င္ေရာက္လာေတာ့မယ့္ သတင္းေတြ က်ယ္က်ယ္ေလာင္ေလာင္ ထြက္ေပၚလွ်က္ ရွိေနပါတယ္။ သူ႔ရဲ႕ Company ျဖစ္တဲ့ Footwork Management Limited ဟာ လက္ရွိမွာေတာ့ သူနဲ႔ နီးစပ္တဲ့ မိတ္ေဆြေတြ ျဖစ္တဲ့ ေဒ့ဗ္ ဂါနာ နဲ႔ နီကိုလာ ေဟာင္ဆင္ တို႔ကို ဒါရုိတ္တာ အဖြဲ႔၀င္ေတြ အျဖစ္ မွတ္ပံုတင္လိုက္ပါျပီ။

ဘက္ခမ္းဟာ 2013 ခုႏွစ္က ကစားသမားဘ၀ ကေန အနားယူခဲ့သူ ျဖစ္ျပီး ၊ လက္ရွိ အခ်ိန္ထိ ေအးဂ်င့္လိုင္စင္ ရယူထားျခင္းမ ရွိေသးေသာ္လဲ ၊ ဒါရုိတ္တာျဖစ္လာတဲ့ ေဒ့ဗ္ ဂါနာ ဟာ FA ရဲ႕ လိုင္စင္ရ ေအးဂ်င့္ တစ္ေယာက္ ျဖစ္ျပီး ၊ မန္စီးတီး ေတာင္ပံ ကစားသမား ဆာေနးကို ဘိုင္ယန္ ျမဴးနစ္ကို ေျပာင္းေရႊ႕ႏိုင္ဖို႔ ၾကိဳးစားခဲ့တဲ့ အထဲမွာ ဘက္ခမ္းတို႔အုပ္စုလဲ ပါ၀င္ခဲ့တယ္လို႔ သတင္းေတြ ထြက္ေပၚခဲ့ဖူးပါတယ္။

အဲဒီ ကတည္းက ဘက္ခမ္းဟာ ေအးဂ်င့္ ေလာကကို ၀င္ေရာက္ေတာ့မယ့္ ခန္႔မွန္းခ်က္ေတြ ထြက္ေပၚခဲ့တာ ျဖစ္ျပီး ၊ သူသာ တရား၀င္ ၀င္ေရာက္ခဲ့ရင္ေတာ့ အဂၤလိပ္ ေဘာလံုး ေလာက တစ္ခုလံုးလဲ ၾကီးမားတဲ့ သက္ေရာက္မႈ တစ္ခု ျဖစ္ေပၚလာႏိုင္တယ္လို႔ ခန္႔မွန္းေနၾကပါတယ္။

ေလာေလာဆယ္ေတာ့ သူတို႔ဟာ အရည္အေသြးရွိတဲ့ လူငယ္ ကစားသမားေလးေတြကိုသာ ကိုယ္စားျပဳဖို႔ ပစ္မွတ္ထားေနျပီး ၊ အျခား နာမည္ၾကီး ေအးဂ်င့္ ျဖစ္သူ ေဒးဗစ္ ဂြ်န္ဆင္ ရဲ႕ Client ေတြထဲက တစ္ခ်ိဳ႕ကို ပူးတြဲကိုင္တြယ္ဖို႔ ပစ္မွတ္ထားေနပါတယ္။

သတင္းေတြ အရေတာ့ ယူႏိုက္တက္ လူငယ္ ၾကယ္ပြင့္ ကစားသမားေလး ေမဆြန္ ဂရင္း၀ုဒ္ နဲ႔ ေနာ့တင္ဟမ္ ေဖာရက္စ္ လူငယ္ေလး ဘရီနန္ ဂြ်န္ဆင္ တို႔ကို တာ၀န္ယူဖို႔ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။ ဘရီနန္ဟာ ျပီးခဲ့တဲ့ အပတ္ကမွ အသင္းနဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုခဲ့သူ ျဖစ္ျပီး ၊ အဲဒီ မတိုင္မွာ ဘက္ခမ္းနဲ႔ တြဲျပီး အတူတူ ဓါတ္ပံုရုိတ္ထားတဲ့ ပံုတစ္ပံုကိုလဲ အြန္လိုင္း ကေန လႊင့္ခဲ့သူ ျဖစ္ပါတယ္။

ဘက္ခမ္း ကေတာ့ သူ႔ရဲ႕ ေအးဂ်င့္ လုပ္ငန္းကို စနစ္တက် နဲ႔ လည္ပတ္ႏိုင္ေအာင္ တည္ေဆာက္ဖို႔ ၾကိဳးစားေနျပီး ၊ အင္တာမီယာမီ ကလပ္ ကို တရား မိတ္ဆက္ျပသျခင္း မျပဳမီ ၊ လုပ္ငန္း တြင္က်ယ္လာဖို႔ ပစ္မွတ္ထားေနပါတယ္။

သူ႔ရဲ႕ ေမဂ်ာလိဂ္ ကလပ္သစ္ကို လာမယ့္ 2020 ခုႏွစ္မွာ စတင္ ဖြင့္လွစ္ဖို႔ ေမွ်ာ္လင့္ထားကာ ၊ နည္းျပ အျဖစ္ ရီးရဲ မက္ဒရစ္ နည္းျပေဟာင္း ဆိုလာရီ ကို ခန္႔အပ္ဖို႔ သတင္းေတြ ထြက္ေပၚေနသလုိ ၊ အိုေဇး အပါအ၀င္ အျခား နာမည္ၾကီး ကစားသမားေတြကိုလဲ ေခၚယူ စာခ်ဳပ္ခ်ဳပ္ဆို ႏိုင္ဖို႔ ပစ္မွတ္ထားေနပါတယ္။

FA က ထုတ္ျပန္ထားတဲ့ စည္းမ်ဥ္းေတြ အရေတာ့ ဘက္ခမ္းဟာ ယူႏိုက္တက္ ကစားသမားေဟာင္းေတြ တည္ေထာင္ထားတဲ့ ဆဲလ္ဖို႔ဒ္ အသင္းရဲ႕ ရွယ္ယာ ပိုင္ရွင္ အျဖစ္ မွတ္တမ္း၀င္ထားတာေၾကာင့္ ၊ ေအးဂ်င့္ လိုင္စင္ကိုေတာ့ တိုက္ရုိတ္ ကိုင္တြယ္လို႔ ရမွာ မဟုတ္ဘူးလို႔ သိရပါတယ္။

SPORTS MYANMAR

Unicode

ဘောလုံးအေဂျင့် လောကထဲကို ၀င်ရောက်လာတော့မယ့် #ဒေးဗစ် ဘက်ခမ်း
********************************

ကမ္ဘာကျော် ဘောလုံးသမားဟောင်းကြီး ဒေးဗစ် ဘက်ခမ်းဟာ ဘောလုံး အေးဂျင့် လောကထဲကို ၀င်ရောက်လာတော့မယ့် သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လျှက် ရှိနေပါတယ်။ သူ့ရဲ့ Company ဖြစ်တဲ့ Footwork Management Limited ဟာ လက်ရှိမှာတော့ သူနဲ့ နီးစပ်တဲ့ မိတ်ဆွေတွေ ဖြစ်တဲ့ ဒေ့ဗ် ဂါနာ နဲ့ နီကိုလာ ဟောင်ဆင် တို့ကို ဒါရိုတ်တာ အဖွဲ့ဝင်တွေ အဖြစ် မှတ်ပုံတင်လိုက်ပါပြီ။

ဘက်ခမ်းဟာ 2013 ခုနှစ်က ကစားသမားဘဝ ကနေ အနားယူခဲ့သူ ဖြစ်ပြီး ၊ လက်ရှိ အချိန်ထိ အေးဂျင့်လိုင်စင် ရယူထားခြင်းမ ရှိသေးသော်လဲ ၊ ဒါရိုတ်တာဖြစ်လာတဲ့ ဒေ့ဗ် ဂါနာ ဟာ FA ရဲ့ လိုင်စင်ရ အေးဂျင့် တစ်ယောက် ဖြစ်ပြီး ၊ မန်စီးတီး တောင်ပံ ကစားသမား ဆာနေးကို ဘိုင်ယန် မြူးနစ်ကို ပြောင်းရွှေ့နိုင်ဖို့ ကြိုးစားခဲ့တဲ့ အထဲမှာ ဘက်ခမ်းတို့အုပ်စုလဲ ပါ၀င်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။

အဲဒီ ကတည်းက ဘက်ခမ်းဟာ အေးဂျင့် လောကကို ၀င်ရောက်တော့မယ့် ခန့်မှန်းချက်တွေ ထွက်ပေါ်ခဲ့တာ ဖြစ်ပြီး ၊ သူသာ တရားဝင် ၀င်ရောက်ခဲ့ရင်တော့ အင်္ဂလိပ် ဘောလုံး လောက တစ်ခုလုံးလဲ ကြီးမားတဲ့ သက်ရောက်မှု တစ်ခု ဖြစ်ပေါ်လာနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။

လောလောဆယ်တော့ သူတို့ဟာ အရည်အသွေးရှိတဲ့ လူငယ် ကစားသမားလေးတွေကိုသာ ကိုယ်စားပြုဖို့ ပစ်မှတ်ထားနေပြီး ၊ အခြား နာမည်ကြီး အေးဂျင့် ဖြစ်သူ ဒေးဗစ် ဂျွန်ဆင် ရဲ့ Client တွေထဲက တစ်ချို့ကို ပူးတွဲကိုင်တွယ်ဖို့ ပစ်မှတ်ထားနေပါတယ်။

သတင်းတွေ အရတော့ ယူနိုက်တက် လူငယ် ကြယ်ပွင့် ကစားသမားလေး မေဆွန် ဂရင်းဝုဒ် နဲ့ နော့တင်ဟမ် ဖောရက်စ် လူငယ်လေး ဘရီနန် ဂျွန်ဆင် တို့ကို တာဝန်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဘရီနန်ဟာ ပြီးခဲ့တဲ့ အပတ်ကမှ အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုခဲ့သူ ဖြစ်ပြီး ၊ အဲဒီ မတိုင်မှာ ဘက်ခမ်းနဲ့ တွဲပြီး အတူတူ ဓါတ်ပုံရိုတ်ထားတဲ့ ပုံတစ်ပုံကိုလဲ အွန်လိုင်း ကနေ လွှင့်ခဲ့သူ ဖြစ်ပါတယ်။

ဘက်ခမ်း ကတော့ သူ့ရဲ့ အေးဂျင့် လုပ်ငန်းကို စနစ်တကျ နဲ့ လည်ပတ်နိုင်အောင် တည်ဆောက်ဖို့ ကြိုးစားနေပြီး ၊ အင်တာမီယာမီ ကလပ် ကို တရား မိတ်ဆက်ပြသခြင်း မပြုမီ ၊ လုပ်ငန်း တွင်ကျယ်လာဖို့ ပစ်မှတ်ထားနေပါတယ်။

သူ့ရဲ့ မေဂျာလိဂ် ကလပ်သစ်ကို လာမယ့် 2020 ခုနှစ်မှာ စတင် ဖွင့်လှစ်ဖို့ မျှော်လင့်ထားကာ ၊ နည်းပြ အဖြစ် ရီးရဲ မက်ဒရစ် နည်းပြဟောင်း ဆိုလာရီ ကို ခန့်အပ်ဖို့ သတင်းတွေ ထွက်ပေါ်နေသလို ၊ အိုဇေး အပါအဝင် အခြား နာမည်ကြီး ကစားသမားတွေကိုလဲ ခေါ်ယူ စာချုပ်ချုပ်ဆို နိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။

FA က ထုတ်ပြန်ထားတဲ့ စည်းမျဉ်းတွေ အရတော့ ဘက်ခမ်းဟာ ယူနိုက်တက် ကစားသမားဟောင်းတွေ တည်ထောင်ထားတဲ့ ဆဲလ်ဖို့ဒ် အသင်းရဲ့ ရှယ်ယာ ပိုင်ရှင် အဖြစ် မှတ်တမ်းဝင်ထားတာကြောင့် ၊ အေးဂျင့် လိုင်စင်ကိုတော့ တိုက်ရိုတ် ကိုင်တွယ်လို့ ရမှာ မဟုတ်ဘူးလို့ သိရပါတယ်။

SPORTS MYANMAR