charlie-nicholas

ကာရာေဘာင္ ဖလား ပြဲစဥ္ ေတြအၿပီး မွာေတာ့ ပရီးမီးယားလိဂ္ ပြဲစဥ္ ( ၇ ) ကို ေရာက္ရွိ လုိ႔ လာခဲ့ ၿပီျဖစ္ ပါတယ္ ။ ယခု အပတ္ မွာ လည္း အိုးထရက္္ဖိုဒ့္ ကြင္း က မန္ခ်က္ စတာ ယူႏုိက္တက္ နဲ႔ အာဆင္နယ္ တို႔ ရဲ႕ ပြဲစဥ္ အပါအ၀င္ အဲဗာတန္ – မန္စီးတီး ၊ တန္းဆင္းဇံု ထဲ က ၀ုဗ္ နဲ႔ ၀က္ဖိုဒ့္ တုိ႔ရဲ႕ ပြဲစဥ္ေတြ ပါ၀င္ လာခဲ့ ပါတယ္ ။ ဒါေၾကာင့္ ပရီးမီး ယားလိဂ္ ပြဲစဥ္ ( ၇ ) မွာ ဘယ္လုိ ရလဒ္ ေတြ ထြက္ေပၚ ႏုိင္မလဲ ဆုိတာ ကို ခ်ာလီ နီကိုလပ္စ္ ရဲ႕ သံုးသပ္ခ်က္ေတြ ကို ေလ့လာ ၾကည့္ၾကရ ေအာင္ . . .

၁ ။ ရွက္ဖီး ယူႏုိက္တက္ – လီဗာပူး
အဲဗာတန္ နဲ႔ ကစားခဲ့တဲ့ ရွက္ဖီး ယူႏုိက္တက္ ရဲ႕ ေျခစြမ္းကို ကြ်န္ေတာ္ အကဲခတ္ ခဲ့ ပါတယ္ ။ သူတို႔ အဲ့ဒီ ပံုစံ အတုိင္း ဆုိရင္ လီဗာပူး ကို အခက္ ေတြ႕ ေစမွာပါ ။ ဒါေပမယ့္ လီဗာပူး ဟာ ကစားပံု မေကာင္းရင္ ေတာင္ အႏုိင္ ရေအာင္ ကစားပါလိမ့္မယ္ ။ ရွက္ဖီး ရဲ႕ ျပႆနာ က ဂုိး သြင္းဖုိ႔ ခက္ခဲ တာပါ ။ လီဗာပူး ဟာ ရွက္ဖီး ေၾကာင့္ အခက္ေတြ႕ နုိင္ေပမယ့္ ေနာက္ဆံုး မွာေတာ့ ဆာလာ ၊ မာေနး တို႔ရဲ႕ သြင္းဂုိးေတြ က ၃ မွတ္ရ ေစ ပါလိမ့္မယ္ ။
ခန္႔မွန္းခ်က္ – ရွက္ဖီး ယူႏုိက္တက္ ၁ – ၃ လီဗာပူး

sheffield-utd-liverpool

၂ ။ ခ်ဲလ္ဆီး – ဘရိုက္တန္
ခ်ဲလ္ဆီး ဘက္မွာ အေပါင္း လကၡဏာ ေဆာင္မႈ ေတြ အမ်ားႀကီး ျမင္ေတြ႕ ေနရ ပါတယ္ ။ လူငယ္ေတြ ေနရာ ရလာတယ္ ၊ ဟတ္ဆန္ အိုဒြဳိင္း ကို စာခ်ဳပ္သစ္ ခ်ဳပ္ႏုိင္ ခဲ့သလို ကာရာေဘာင္ ပြဲမွာ လည္း ၀င္ကစားၿပီး ဂုိးသြင္း ႏုိင္ခဲ့ ပါတယ္ ။ ဒါေပမယ့္ ပရီးမီးယားလိဂ္ မွာေတာ့ သူတို႔ရဲ႕ အဆင့္ ကို ဆြဲတင္ ႏုိင္ဖို႔ လုိအပ္ ေနပါ ေသးတယ္ ။ ဘရုိက္တန္ ဘက္ မွာ ဒဏ္ရာ ကစား သမားေတြ ရွိေန ပါတယ္ ။ သူတို႔ရဲ႕ ကစားပံု ကလည္း ေလးလံ ပါတယ္ ။ ဒါေၾကာင့္ တမ္မီ ေအဘရာဟမ္ ရဲ႕ ျမန္ႏႈန္း ကို ပြဲျပည့္ ထိန္းႏုိင္ဖို႔ မလြယ္ကူ ပါဘူး ။
ခန္႔မွန္းခ်က္ – ခ်ဲလ္ဆီး ၃ – ၁ ဘရုိ္က္တန္

၃ ။ ေတာ့တင္ဟမ္ ေဟာ့စပါး – ေဆာက္သမ္တန္
ဒီပြဲ မွာေတာ့ စပါးတို႔ ေအာင္ပြဲဆင္ ႏုိင္မွာပါ ။ ေဆာက္သမ္တန္ ကေတာ့ ပုိစ့္ေမာက္ ဒါဘီ မွာ အႏုိင္ ရလုိက္ တာက သူတို႔ အတြက္ တကယ္ကို ၀မ္းေျမာက္စရာ ျဖစ္ေစမွာ အမွန္ ပါပဲ ။ စပါး အသင္းထဲ မွာ အဆင္ မေျပမႈ ေလးေတြ ရွိေန ပါတယ္ ။ ဒါေပမယ့္ ဒါက ဒီပြဲ ကို အႏုိင္ မရေလာက္ေအာင္ ေတာ့ ျဖစ္ေစ မွာ မဟုတ္ ပါဘူး ။ ကာရာေဘာင္ ရွဳံးပြဲ ကို ျပန္ေခ်ပမယ့္ စပါး အတြက္ အႏုိင္ရဖို႔ ေသခ်ာ သေလာက္ ပါပဲ ။
ခန္႔မွန္းခ်က္ – စပါး ၂ – ၀ ေဆာက္သမ္တန္

၄ ။ အဲဗာတန္ – မန္စီးတီး
ရစ္ခ်လီဆင္ ရဲ႕ ေျခစြမ္း က တစ္ခါ တစ္ေလ နားလည္ရခက္ ပါတယ္ ။ ဆီဂတ္ဆန္ လို ကစား သမား မ်ဳိး က ပံ့ပိုးေပး ေန ေပမယ့္ ဘရာဇီးသား က တစ္ခါတစ္ေလမွာ စိတ္ပ်က္ဖို႔ ေကာင္းေနတတ္ ပါတယ္ ။ ဂူအိုင္း ဂါနာ ကို ဆံုးရွဳံး ခဲ့ရတာ ကလည္း အဲဗာတန္ အတြက္ အစားထိုးမရတဲ့ နစ္နာမႈ ျဖစ္ေစခဲ့ ပါတယ္ ။ တကယ္လုိ႔ မန္စီးတီး သာ ဂုိး အရင္ ရသြားခဲ့ရင္ အဲဗာတန္ တို႔ ဘယ္လို ကစားမလဲ ? ဒါကို မာကို ေဆးလ္ဗား ေျဖရွင္းနုိင္ ဖို႔ မလြယ္ ပါဘူး ။

စီးတီး တုိက္စစ္ ကေတာ့ ဘာနာဒို ေဆးလ္ဗား ၊ အေဂြရို ၊ ဂါဘရီရယ္ ေဂ်ဆူး ၊ ဒီဘရုိင္း တို႔နဲ႔ အရမ္းကို ေၾကာက္ဖို႔ ေကာင္းေန ပါတယ္ ။ ဒီပြဲ မွာလည္း သူတို႔ အဲဗာတန္ ကို ထိုးနွက္ ေနဦးမွာပါ။
ခန္႔မွန္းခ်က္ – အဲဗာတန္ ၁ – ၃ မန္စီးတီး

၅ ။ မန္ခ်က္စတာ ယူႏုိက္တက္ – အာဆင္နယ္
ဒီပြဲကေတာ့ ၾကည့္ရင္း ရီရမယ့္ ပြဲပါ ။ ဘာလုိ႔လည္း ဆုိေတာ့ အိတ္ေပါက္ေတြ နဲ႔ ဖားေကာက္ ေနၾကမွာ မို႔လို႔ပါပဲ ။ ယူႏုိက္တက္ မွာ ကမၻာ့ အေကာင္းဆံုးလုိ႔ ဆုိတဲ့ ဂုိးသမား ၊ ေစ်းအႀကီးဆံုး ဆိုတဲ့ ေနာက္တန္း တို႔ ရွိေန ပါတယ္ ။ ဒါေပမယ့္ ၀က္စ္ဟမ္း နဲ႔ ပြဲမွာ အားလံုး ျမင္ၾကတဲ့ အတုိင္းပါပဲ ။ အာဆင္နယ္ က လည္း အခု ထိ ဘယ္သူ႔ကို ေခါင္းေဆာင္ တင္ရမွန္း ကို မသိ ျဖစ္ေန ပါတယ္ ။

ကစားပံု နဲ႔ လူညီတာ ကေတာ့ အာဆင္နယ္ က ပိုသာပါတယ္ ။ အာဆင္နယ္ ဘက္မွာ ၾကည့္ခ်င္ စရာ ေကာင္းတဲ့ ကစား သမားေတြ လည္း ပိုမ်ား ပါတယ္ ။ ေအာ္ဘားမီးယန္း ကစားပံု က ရိုးရိုး ရွင္းရွင္း နဲ႔ ထိေရာက္ ပါတယ္ ။

ယူႏုိက္တက္ ဘက္ မွာေတာ့ ဘယ္သူေတြ ၀င္ ကစားနုိင္မလဲ ဆုိတာ ေသခ်ာ မသိပါဘူး ။ အာဆင္နယ္ သာ ကစားပံု နဲ႔ လူစာရင္း ေသခ်ာ ထုတ္ႏုိင္ရင္ အေ၀းကြင္းမွာ အသာရႏုိင္ ပါတယ္ ။ ယူႏုိက္တက္ ဟာ အိမ္ရွင္ ျဖစ္ေပမယ့္ အာဆင္နယ္ ကို လႊမ္းမိုးႏုိင္ ဖို႔ မလြယ္ကူပါဘူး ။ ေတာ္မီေနး နဲ႔ ေပါ့ဘာ ေလာက္ပဲ ရွိတဲ့ အသင္း ဟာ ေအာ္ဘားမီးယန္း ၊ ပီပီ ၊ ဂြမ္ဒိုဇီ ၊ ဆီဘယ္ေလာ့ တို႔ အစြမ္းျပ ေနတဲ့ အသင္း ကို လႊမ္းမိုး ႏုိင္ဖို႔ ဆုိတာ ေျပာရခက္တဲ့ ကိစၥ ပါပဲ ။ ဒီတစ္ခါ ေတာ့ အာဆင္နယ္တို႔ ေအာင္ပြဲဆင္ႏုိင္ မယ့္ ပံုပါပဲ ။
ခန္႔မွန္းခ်က္ – မန္ခ်က္စတာ ယူႏုိက္တက္ ၁ – ၂ အာဆင္နယ္

 

 

အျခားပြဲစဥ္ ခန္႔မွန္းမႈရလဒ္မ်ား –

၆ ။ ပဲေလ့စ္ ၁ – ၀ ေနာ၀ွစ္ခ်္

၇ ။ ဗီလာ ၁ – ၁ ဘန္ေလ

၈ ။ ဘုန္းေမာက္ ၂ -၂ ၀က္စ္ဟမ္း

၉ ။ ၀ုဗ္ ၁ – ၀ ၀က္ဖိုဒ့္

၁၀ ။ လက္စတာ ၂ – ၀ နယူးကာဆယ္

ပရိသတ္ႀကီးတို႔ရဲ႕ ခန္႔မွန္းခ်က္ က ေရာ ဘယ္လို ျဖစ္မလဲ ဗ်ာ . . .

SPORTS MYANMAR

Unicode

အိမ်ကွင်းမှာလည်း နိုင်ဦးမှာမဟုတ်တဲ့ ယူနိုက်တက် အပါအဝင် ပရီးမီးယားလိဂ် ပွဲစဉ် ( ရ ) အတွက် ချာလီနီကိုလပ်စ် ရဲ့ ခန့်မှန်းချက်များ

=============================================

ကာရာဘောင် ဖလား ပွဲစဉ် တွေအပြီး မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် ( ရ ) ကို ရောက်ရှိ လို့ လာခဲ့ ပြီဖြစ် ပါတယ် ။ ယခု အပတ် မှာ လည်း အိုးထရက််ဖိုဒ့် ကွင်း က မန်ချက် စတာ ယူနိုက်တက် နဲ့ အာဆင်နယ် တို့ ရဲ့ ပွဲစဉ် အပါအဝင် အဲဗာတန် – မန်စီးတီး ၊ တန်းဆင်းဇုံ ထဲ က ၀ုဗ် နဲ့ ၀က်ဖိုဒ့် တို့ရဲ့ ပွဲစဉ်တွေ ပါ၀င် လာခဲ့ ပါတယ် ။ ဒါကြောင့် ပရီးမီး ယားလိဂ် ပွဲစဉ် ( ရ ) မှာ ဘယ်လို ရလဒ် တွေ ထွက်ပေါ် နိုင်မလဲ ဆိုတာ ကို ချာလီ နီကိုလပ်စ် ရဲ့ သုံးသပ်ချက်တွေ ကို လေ့လာ ကြည့်ကြရ အောင် . . .

၁ ။ ရှက်ဖီး ယူနိုက်တက် – လီဗာပူး
အဲဗာတန် နဲ့ ကစားခဲ့တဲ့ ရှက်ဖီး ယူနိုက်တက် ရဲ့ ခြေစွမ်းကို ကျွန်တော် အကဲခတ် ခဲ့ ပါတယ် ။ သူတို့ အဲ့ဒီ ပုံစံ အတိုင်း ဆိုရင် လီဗာပူး ကို အခက် တွေ့ စေမှာပါ ။ ဒါပေမယ့် လီဗာပူး ဟာ ကစားပုံ မကောင်းရင် တောင် အနိုင် ရအောင် ကစားပါလိမ့်မယ် ။ ရှက်ဖီး ရဲ့ ပြဿနာ က ဂိုး သွင်းဖို့ ခက်ခဲ တာပါ ။ လီဗာပူး ဟာ ရှက်ဖီး ကြောင့် အခက်တွေ့ နိုင်ပေမယ့် နောက်ဆုံး မှာတော့ ဆာလာ ၊ မာနေး တို့ရဲ့ သွင်းဂိုးတွေ က ၃ မှတ်ရ စေ ပါလိမ့်မယ် ။
ခန့်မှန်းချက် – ရှက်ဖီး ယူနိုက်တက် ၁ – ၃ လီဗာပူး

၂ ။ ချဲလ်ဆီး – ဘရိုက်တန်
ချဲလ်ဆီး ဘက်မှာ အပေါင်း လက္ခဏာ ဆောင်မှု တွေ အများကြီး မြင်တွေ့ နေရ ပါတယ် ။ လူငယ်တွေ နေရာ ရလာတယ် ၊ ဟတ်ဆန် အိုဒွိုင်း ကို စာချုပ်သစ် ချုပ်နိုင် ခဲ့သလို ကာရာဘောင် ပွဲမှာ လည်း ၀င်ကစားပြီး ဂိုးသွင်း နိုင်ခဲ့ ပါတယ် ။ ဒါပေမယ့် ပရီးမီးယားလိဂ် မှာတော့ သူတို့ရဲ့ အဆင့် ကို ဆွဲတင် နိုင်ဖို့ လိုအပ် နေပါ သေးတယ် ။ ဘရိုက်တန် ဘက် မှာ ဒဏ်ရာ ကစား သမားတွေ ရှိနေ ပါတယ် ။ သူတို့ရဲ့ ကစားပုံ ကလည်း လေးလံ ပါတယ် ။ ဒါကြောင့် တမ်မီ အေဘရာဟမ် ရဲ့ မြန်နှုန်း ကို ပွဲပြည့် ထိန်းနိုင်ဖို့ မလွယ်ကူ ပါဘူး ။
ခန့်မှန်းချက် – ချဲလ်ဆီး ၃ – ၁ ဘရို်က်တန်

၃ ။ တော့တင်ဟမ် ဟော့စပါး – ဆောက်သမ်တန်
ဒီပွဲ မှာတော့ စပါးတို့ အောင်ပွဲဆင် နိုင်မှာပါ ။ ဆောက်သမ်တန် ကတော့ ပိုစ့်မောက် ဒါဘီ မှာ အနိုင် ရလိုက် တာက သူတို့ အတွက် တကယ်ကို ၀မ်းမြောက်စရာ ဖြစ်စေမှာ အမှန် ပါပဲ ။ စပါး အသင်းထဲ မှာ အဆင် မပြေမှု လေးတွေ ရှိနေ ပါတယ် ။ ဒါပေမယ့် ဒါက ဒီပွဲ ကို အနိုင် မရလောက်အောင် တော့ ဖြစ်စေ မှာ မဟုတ် ပါဘူး ။ ကာရာဘောင် ရှုံးပွဲ ကို ပြန်ချေပမယ့် စပါး အတွက် အနိုင်ရဖို့ သေချာ သလောက် ပါပဲ ။
ခန့်မှန်းချက် – စပါး ၂ – ၀ ဆောက်သမ်တန်

၄ ။ အဲဗာတန် – မန်စီးတီး
ရစ်ချလီဆင် ရဲ့ ခြေစွမ်း က တစ်ခါ တစ်လေ နားလည်ရခက် ပါတယ် ။ ဆီဂတ်ဆန် လို ကစား သမား မျိုး က ပံ့ပိုးပေး နေ ပေမယ့် ဘရာဇီးသား က တစ်ခါတစ်လေမှာ စိတ်ပျက်ဖို့ ကောင်းနေတတ် ပါတယ် ။ ဂူအိုင်း ဂါနာ ကို ဆုံးရှုံး ခဲ့ရတာ ကလည်း အဲဗာတန် အတွက် အစားထိုးမရတဲ့ နစ်နာမှု ဖြစ်စေခဲ့ ပါတယ် ။ တကယ်လို့ မန်စီးတီး သာ ဂိုး အရင် ရသွားခဲ့ရင် အဲဗာတန် တို့ ဘယ်လို ကစားမလဲ ? ဒါကို မာကို ဆေးလ်ဗား ဖြေရှင်းနိုင် ဖို့ မလွယ် ပါဘူး ။

စီးတီး တိုက်စစ် ကတော့ ဘာနာဒို ဆေးလ်ဗား ၊ အဂွေရို ၊ ဂါဘရီရယ် ဂျေဆူး ၊ ဒီဘရိုင်း တို့နဲ့ အရမ်းကို ကြောက်ဖို့ ကောင်းနေ ပါတယ် ။ ဒီပွဲ မှာလည်း သူတို့ အဲဗာတန် ကို ထိုးနှက် နေဦးမှာပါ။
ခန့်မှန်းချက် – အဲဗာတန် ၁ – ၃ မန်စီးတီး

၅ ။ မန်ချက်စတာ ယူနိုက်တက် – အာဆင်နယ်
ဒီပွဲကတော့ ကြည့်ရင်း ရီရမယ့် ပွဲပါ ။ ဘာလို့လည်း ဆိုတော့ အိတ်ပေါက်တွေ နဲ့ ဖားကောက် နေကြမှာ မို့လို့ပါပဲ ။ ယူနိုက်တက် မှာ ကမ္ဘာ့ အကောင်းဆုံးလို့ ဆိုတဲ့ ဂိုးသမား ၊ စျေးအကြီးဆုံး ဆိုတဲ့ နောက်တန်း တို့ ရှိနေ ပါတယ် ။ ဒါပေမယ့် ၀က်စ်ဟမ်း နဲ့ ပွဲမှာ အားလုံး မြင်ကြတဲ့ အတိုင်းပါပဲ ။ အာဆင်နယ် က လည်း အခု ထိ ဘယ်သူ့ကို ခေါင်းဆောင် တင်ရမှန်း ကို မသိ ဖြစ်နေ ပါတယ် ။

ကစားပုံ နဲ့ လူညီတာ ကတော့ အာဆင်နယ် က ပိုသာပါတယ် ။ အာဆင်နယ် ဘက်မှာ ကြည့်ချင် စရာ ကောင်းတဲ့ ကစား သမားတွေ လည်း ပိုများ ပါတယ် ။ အော်ဘားမီးယန်း ကစားပုံ က ရိုးရိုး ရှင်းရှင်း နဲ့ ထိရောက် ပါတယ် ။

ယူနိုက်တက် ဘက် မှာတော့ ဘယ်သူတွေ ၀င် ကစားနိုင်မလဲ ဆိုတာ သေချာ မသိပါဘူး ။ အာဆင်နယ် သာ ကစားပုံ နဲ့ လူစာရင်း သေချာ ထုတ်နိုင်ရင် အဝေးကွင်းမှာ အသာရနိုင် ပါတယ် ။ ယူနိုက်တက် ဟာ အိမ်ရှင် ဖြစ်ပေမယ့် အာဆင်နယ် ကို လွှမ်းမိုးနိုင် ဖို့ မလွယ်ကူပါဘူး ။ တော်မီနေး နဲ့ ပေါ့ဘာ လောက်ပဲ ရှိတဲ့ အသင်း ဟာ အော်ဘားမီးယန်း ၊ ပီပီ ၊ ဂွမ်ဒိုဇီ ၊ ဆီဘယ်လော့ တို့ အစွမ်းပြ နေတဲ့ အသင်း ကို လွှမ်းမိုး နိုင်ဖို့ ဆိုတာ ပြောရခက်တဲ့ ကိစ္စ ပါပဲ ။ ဒီတစ်ခါ တော့ အာဆင်နယ်တို့ အောင်ပွဲဆင်နိုင် မယ့် ပုံပါပဲ ။
ခန့်မှန်းချက် – မန်ချက်စတာ ယူနိုက်တက် ၁ – ၂ အာဆင်နယ်

အခြားပွဲစဉ် ခန့်မှန်းမှုရလဒ်များ –

၆ ။ ပဲလေ့စ် ၁ – ၀ နောဝှစ်ချ်

၇ ။ ဗီလာ ၁ – ၁ ဘန်လေ

၈ ။ ဘုန်းမောက် ၂ -၂ ၀က်စ်ဟမ်း

၉ ။ ၀ုဗ် ၁ – ၀ ၀က်ဖိုဒ့်

၁၀ ။ လက်စတာ ၂ – ၀ နယူးကာဆယ်

ပရိသတ်ကြီးတို့ရဲ့ ခန့်မှန်းချက် က ရော ဘယ်လို ဖြစ်မလဲ ဗျာ . . .

SPORTS MYANMAR