ခ်ယ္လ္ဆီး အသင္း ရဲ႕ ကြင္းလယ္လူ ရူဘင္ ေလာ့ဖ္တပ္စ္ခ်ိခ္ ဟာ ဒီရာသီ ခ်ယ္လ္ဆီး အသင္း ရဲ႕ ပထမအသင္း ကစားသမား စာရင္း မွာ ျပန္လည္ ပါဝင္ လာခဲ့ျပီး အခု ေနာက္ပိုင္း ပြဲစဥ္ ေတြမွာ အသင္း ရဲ႕ ပြဲစဥ္ အေတာ္ မ်ားမ်ား မွာ ပါဝင္ ကစားခြင့္ ရလာခဲ့ ပါတယ္ ။ ခ်ယ္လ္ဆီး အသင္း ရဲ႕ ငယ္ေမြးျခံေပါက္ ကစားသမား ေတြထဲက တဦး ျဖစ္တဲ့ ေလာ့ဖ္တပ္စ္ခ်ိခ္ ဟာ ယေန႕ည လီဗာပူး အသင္း နဲ႕ ပြဲစဥ္ မွာလည္း ပြဲထြက္ခြင့္ ရဖို႕ အခြင့္အလမ္း ေတြ မ်ားျပား လို႕ ေနပါတယ္ ။

ေလာ့ဖ္တပ္စ္ခ်ိခ္ ဟာ ဒီရာသီ အေစာပိုင္း မွာ ေနာက္ေက်ာ ဒဏ္ရာ မၾကာခဏ ဆိုသလို ရရွိ ေနခဲ့တာေၾကာင့္ ပြဲထြက္ခြင့္ ၊ ပြဲကစားခြင့္ ေတြ ရရွိဖို႕ ရုန္းကန္ ေနခဲ့ရျပီး ယခု ေနာက္ပိုင္း မွာမွ ဒဏ္ရာ အတြက္ ေသခ်ာ ကုသမႈ ခံယူ ခဲ့တဲ့ အတြက္ ဒဏ္ရာ အေျခအေန အေတာ္ ကို သက္သာ လာခဲ့ျပီး ပရီးမီးယားလိဂ္ မွာလည္း ပြဲထြက္ တခ်ိဳ႕ ျပန္လည္ ရရွိလာတာ ျဖစ္ပါတယ္ ။

ေလာ့ဖ္တပ္စ္ခ်ိခ္ ဟာ အျခား ခ်ယ္လ္ဆီး ကြင္းလယ္လူ ေတြ ျဖစ္တဲ့ ေရာ့စ္ ဘာကေလ ၊ မတ္တီယို ကိုဗာဆစ္ တို႕ထက္ အသင္း ရဲ႕ တိုက္စစ္ ကို မ်ားစြာ အက်ိဳးျပဳ ေနတယ္ ဆိုတာ ေနာက္ပိုင္း ပြဲစဥ္ေတြက မွတ္တမ္း ေတြကို ၾကည့္ရင္ သိႏိုင္ပါတယ္ ။ ေလာ့ဖ္တပ္စ္ခ်ိခ္ ဟာ နည္းစနစ္ပိုင္း ၾကြယ္ဝသလို ၊ တိုက္စစ္ပိုင္း အတြက္ တကိုယ္ေတာ္ ထိုးေဖာက္မႈေတြ ကိုလည္း လုပ္ျပ ႏိုင္စြမ္း ရွိပါတယ္ ။

ခ်ယ္လ္ဆီး အသင္း ရဲ႕ မဂၢဇင္း နဲ႕ ေတြ႕ဆံု ခဲ့တဲ့ အင္တာဗ်ဴး မွာေတာ့ ေလာ့ဖ္တပ္စ္ခ်ိခ္ က လက္ရွိ နည္းျပ ဆာရီ ဟာ ၄င္းကို နည္းစနစ္ပိုင္း နဲ႕ ပတ္သက္ျပီး မ်ားစြာ သင္ၾကား ေပးခဲ့ေၾကာင္း ၊ ကြင္းလယ္ မွာ ပြဲထြက္ခြင့္ ရဖို႕ အတြက္ အသင္းေဖာ္ေတြနဲ႕ ျပိဳင္ဆိုင္ ရတာကလည္း ၄င္းရဲ႕ ေျခစြမ္း တိုးတက္ဖို႕ မ်ားစြာ အေထာက္အကူ ေပးတဲ့ အေၾကာင္း ကိုလည္း အခုလိုပဲ ဖြင့္ဟ ေျပာၾကား ခဲ့ပါတယ္ ။

ေလာ့ဖ္တပ္စ္ခ်ိခ္ က ” ေမာ္ရစ္ဇီယို က ကြ်န္ေတာ့ ကို ပြဲထြက္ခြင့္ ရဖို႕ နဲ႕ ပတ္သက္ျပီး ကြ်န္ေတာ့ ရဲ႕ ခံစစ္ပိုင္း ကူညီေပးႏိုင္မႈ အားကို ပိုျပီး တိုးတက္ေအာင္ အရင္ လုပ္ေဆာင္ဖို႕ တိုက္တြန္း ခဲ့ပါတယ္ ။ တဖက္မွာလည္း ကြ်န္ေတာ္ ဟာ သူ ေျပာတဲ့ အတိုင္း ေလ့က်င့္ေရး အစီအစဥ္ ေတြမွာ ၾကိဳးစား လုပ္ေဆာင္ ခဲ့ပါတယ္ ။ ဒါေၾကာင့္မို႕ တကယ့္ ျပိဳင္ပြဲေတြ မွာ ကြ်န္ေတာ့ ရဲ႕ ေျခစြမ္း ပိုျပီး တိုးတက္ လာခဲ့တာ ျဖစ္ပါတယ္ ။ ”

” ေမာ္ရစ္ဇီယို ဟာ ကြ်န္ေတာ့ ရဲ႕ တိုးတက္မႈ လမ္းေၾကာင္း ကို ၾကိဳသိ ေနပံု ရပါတယ္ ။ အခုဆို သူဟာ ကြ်န္ေတာ့ ကို ပြဲထြက္ခြင့္ ပံုမွန္ ရသင့္တဲ့ ကြင္းလယ္လူ တေယာက္ လို႕ ျမင္ေနပါျပီ ။ သူ႕ရဲ႕ ပြင့္လင္း ျမင္သာ တဲ့ အျပဳသေဘာေဆာင္ ေဝဖန္မႈ ေတြကို ကြ်န္ေတာ္ ေလးစားမႈ အျပည့္ ရွိပါတယ္ ။ ဒါဟာ ကြ်န္ေတာ့ ရဲ႕ ေျခစြမ္း ေရွ႕ကို အမ်ားၾကီး တိုးတက္ ေစဖို႕ အေထာက္အကူ ျပဳပါတယ္ ။ ”

“.အခုဆို ကြ်န္ေတာ့ ရဲ႕ ေနာက္ေက်ာ ဒဏ္ရာ အေျခအေန လည္း အေတာ္ ေကာင္းမြန္ လာျပီ ျဖစ္သလို ကြ်န္ေတာ္ လည္း ကြင္းလယ္ မွာ ကစားခြင့္ အေတာ္ ျပန္ရလာပါျပီ ။ ေနာက္ျပီး ကြင္းလယ္ မွာ ကြ်န္ေတာ္ ကစားတဲ့ ေနရာ အတြက္ တျခား အသင္းေဖာ္ ေတြလည္း ရွိေနပါတယ္ ။ ဒါဟာ ကြ်န္ေတာ္ တို႕ အၾကား သန္႕ရွင္း တဲ့ ျပိဳင္ဆိုင္မႈ တခု ပါပဲ ။ အထူးသျဖင့္ ေလ့က်င့္ေရး အစီအစဥ္ ေတြမွာေပါ့ ။ ”

” ပြဲထြက္ခြင့္ အတြက္ အမ်ားၾကီး တြန္းအား ေပးသလို ပရီးမီးယားလိဂ္ မွာ ပြဲထြက္ခြင့္ ရဖို႕လည္း မ်ားစြာ အေထာက္အကူ ေပးပါတယ္ ။ ပြဲထြက္ခြင့္ ဆာေလာင္စိတ္ ေတြ ပိုမ်ားလာသလို ေလ့က်င့္ေရး အစီအစဥ္ ေတြမွာ အေကာင္းဆံုးျဖစ္ေအာင္ ကူညီ ေပးပါတယ္
။ ဒါဟာ ကြ်န္ေတာ့ ရဲ႕ ေျခစြမ္း ကို တိုးတက္ ေစသလို အသင္း အတြက္လည္း ေကာင္းမြန္ တဲ့ အခ်က္ တခ်က္ ျဖစ္ပါတယ္ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

SPORTS MYANMAR

ပွဲထွက်ခွင့် အတွက် အသင်းဖော် အချင်းချင်း ပြိုင်ဆိုင်ရတာက သူ့ရဲ့ ခြေစွမ်း အပေါ် ဘယ်လောက် ထိ အထောက်အကူ ပေးသလဲ ဆိုတာ ဖွင့်ဟ ခဲ့တဲ့ #လော့ဖ်တပ်စ်ချိခ်

ချယ်လ်ဆီး အသင်း ရဲ့ ကွင်းလယ်လူ ရူဘင် လော့ဖ်တပ်စ်ချိခ် ဟာ ဒီရာသီ ချယ်လ်ဆီး အသင်း ရဲ့ ပထမအသင်း ကစားသမား စာရင်း မှာ ပြန်လည် ပါဝင် လာခဲ့ပြီး အခု နောက်ပိုင်း ပွဲစဉ် တွေမှာ အသင်း ရဲ့ ပွဲစဉ် အတော် များများ မှာ ပါဝင် ကစားခွင့် ရလာခဲ့ ပါတယ် ။ ချယ်လ်ဆီး အသင်း ရဲ့ ငယ်မွေးခြံပေါက် ကစားသမား တွေထဲက တဦး ဖြစ်တဲ့ လော့ဖ်တပ်စ်ချိခ် ဟာ ယနေ့ည လီဗာပူး အသင်း နဲ့ ပွဲစဉ် မှာလည်း ပွဲထွက်ခွင့် ရဖို့ အခွင့်အလမ်း တွေ များပြား လို့ နေပါတယ် ။

လော့ဖ်တပ်စ်ချိခ် ဟာ ဒီရာသီ အစောပိုင်း မှာ နောက်ကျော ဒဏ်ရာ မကြာခဏ ဆိုသလို ရရှိ နေခဲ့တာကြောင့် ပွဲထွက်ခွင့် ၊ ပွဲကစားခွင့် တွေ ရရှိဖို့ ရုန်းကန် နေခဲ့ရပြီး ယခု နောက်ပိုင်း မှာမှ ဒဏ်ရာ အတွက် သေချာ ကုသမှု ခံယူ ခဲ့တဲ့ အတွက် ဒဏ်ရာ အခြေအနေ အတော် ကို သက်သာ လာခဲ့ပြီး ပရီးမီးယားလိဂ် မှာလည်း ပွဲထွက် တချို့ ပြန်လည် ရရှိလာတာ ဖြစ်ပါတယ် ။

လော့ဖ်တပ်စ်ချိခ် ဟာ အခြား ချယ်လ်ဆီး ကွင်းလယ်လူ တွေ ဖြစ်တဲ့ ရော့စ် ဘာကလေ ၊ မတ်တီယို ကိုဗာဆစ် တို့ထက် အသင်း ရဲ့ တိုက်စစ် ကို များစွာ အကျိုးပြု နေတယ် ဆိုတာ နောက်ပိုင်း ပွဲစဉ်တွေက မှတ်တမ်း တွေကို ကြည့်ရင် သိနိုင်ပါတယ် ။ လော့ဖ်တပ်စ်ချိခ် ဟာ နည်းစနစ်ပိုင်း ကြွယ်ဝသလို ၊ တိုက်စစ်ပိုင်း အတွက် တကိုယ်တော် ထိုးဖောက်မှုတွေ ကိုလည်း လုပ်ပြ နိုင်စွမ်း ရှိပါတယ် ။

ချယ်လ်ဆီး အသင်း ရဲ့ မဂ္ဂဇင်း နဲ့ တွေ့ဆုံ ခဲ့တဲ့ အင်တာဗျူး မှာတော့ လော့ဖ်တပ်စ်ချိခ် က လက်ရှိ နည်းပြ ဆာရီ ဟာ ၄င်းကို နည်းစနစ်ပိုင်း နဲ့ ပတ်သက်ပြီး များစွာ သင်ကြား ပေးခဲ့ကြောင်း ၊ ကွင်းလယ် မှာ ပွဲထွက်ခွင့် ရဖို့ အတွက် အသင်းဖော်တွေနဲ့ ပြိုင်ဆိုင် ရတာကလည်း ၄င်းရဲ့ ခြေစွမ်း တိုးတက်ဖို့ များစွာ အထောက်အကူ ပေးတဲ့ အကြောင်း ကိုလည်း အခုလိုပဲ ဖွင့်ဟ ပြောကြား ခဲ့ပါတယ် ။

လော့ဖ်တပ်စ်ချိခ် က ” မော်ရစ်ဇီယို က ကျွန်တော့ ကို ပွဲထွက်ခွင့် ရဖို့ နဲ့ ပတ်သက်ပြီး ကျွန်တော့ ရဲ့ ခံစစ်ပိုင်း ကူညီပေးနိုင်မှု အားကို ပိုပြီး တိုးတက်အောင် အရင် လုပ်ဆောင်ဖို့ တိုက်တွန်း ခဲ့ပါတယ် ။ တဖက်မှာလည်း ကျွန်တော် ဟာ သူ ပြောတဲ့ အတိုင်း လေ့ကျင့်ရေး အစီအစဉ် တွေမှာ ကြိုးစား လုပ်ဆောင် ခဲ့ပါတယ် ။ ဒါကြောင့်မို့ တကယ့် ပြိုင်ပွဲတွေ မှာ ကျွန်တော့ ရဲ့ ခြေစွမ်း ပိုပြီး တိုးတက် လာခဲ့တာ ဖြစ်ပါတယ် ။ ”

” မော်ရစ်ဇီယို ဟာ ကျွန်တော့ ရဲ့ တိုးတက်မှု လမ်းကြောင်း ကို ကြိုသိ နေပုံ ရပါတယ် ။ အခုဆို သူဟာ ကျွန်တော့ ကို ပွဲထွက်ခွင့် ပုံမှန် ရသင့်တဲ့ ကွင်းလယ်လူ တယောက် လို့ မြင်နေပါပြီ ။ သူ့ရဲ့ ပွင့်လင်း မြင်သာ တဲ့ အပြုသဘောဆောင် ဝေဖန်မှု တွေကို ကျွန်တော် လေးစားမှု အပြည့် ရှိပါတယ် ။ ဒါဟာ ကျွန်တော့ ရဲ့ ခြေစွမ်း ရှေ့ကို အများကြီး တိုးတက် စေဖို့ အထောက်အကူ ပြုပါတယ် ။ ”

“.အခုဆို ကျွန်တော့ ရဲ့ နောက်ကျော ဒဏ်ရာ အခြေအနေ လည်း အတော် ကောင်းမွန် လာပြီ ဖြစ်သလို ကျွန်တော် လည်း ကွင်းလယ် မှာ ကစားခွင့် အတော် ပြန်ရလာပါပြီ ။ နောက်ပြီး ကွင်းလယ် မှာ ကျွန်တော် ကစားတဲ့ နေရာ အတွက် တခြား အသင်းဖော် တွေလည်း ရှိနေပါတယ် ။ ဒါဟာ ကျွန်တော် တို့ အကြား သန့်ရှင်း တဲ့ ပြိုင်ဆိုင်မှု တခု ပါပဲ ။ အထူးသဖြင့် လေ့ကျင့်ရေး အစီအစဉ် တွေမှာပေါ့ ။ ”

” ပွဲထွက်ခွင့် အတွက် အများကြီး တွန်းအား ပေးသလို ပရီးမီးယားလိဂ် မှာ ပွဲထွက်ခွင့် ရဖို့လည်း များစွာ အထောက်အကူ ပေးပါတယ် ။ ပွဲထွက်ခွင့် ဆာလောင်စိတ် တွေ ပိုများလာသလို လေ့ကျင့်ရေး အစီအစဉ် တွေမှာ အကောင်းဆုံးဖြစ်အောင် ကူညီ ပေးပါတယ်
။ ဒါဟာ ကျွန်တော့ ရဲ့ ခြေစွမ်း ကို တိုးတက် စေသလို အသင်း အတွက်လည်း ကောင်းမွန် တဲ့ အချက် တချက် ဖြစ်ပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR