ခ်ယ္လ္ဆီး အသင္း ဟာ ျပီးခဲ့တဲ့ ေဘာလံုး ရာသီ ရဲ႕ ဇန္နဝါရီ အေျပာင္းအေရႊ႕ မွာ ဘြန္ဒက္စ္လီဂါ ကလပ္ ေဒါ့မြန္ အသင္း ကေန အသက္ ၂၀ အရြယ္ ၊ အေမရိကန္ လက္ေရြးစင္ ေတာင္ပံ တိုက္စစ္ ကစားသမား ခရစ္တီယန္ ပူလီဆစ္ ကို ေပါင္ ၅၈ သန္း အထိ ေပးျပီး ေခၚယူ ခဲ့ကာ ရာသီကုန္ အထိ ေဒါ့မြန္ အသင္း မွာပဲ အငွား နဲ႕ ဆက္ကစား ေစခဲ့ပါတယ္ ။

Pulisic

ပူလီဆစ္ ဟာ ဒီႏွစ္ ေဘာလံုး ရာသီသစ္ မတိုင္မီ ရာသီၾကိဳ ေျခစမ္း ခရီးစဥ္ မွာကတည္းက အားလပ္ရက္ ကို ေလွ်ာ့ယူျပီး နည္းျပသစ္ ဖရန္႕ လမ္းပတ္ စိတ္ၾကိဳက္ ကစားသမား ေတြထဲမွာ ပါဝင္လာဖို႕ အထူး ၾကိဳးစား ခဲ့ပါတယ္ ။ ကစားခဲ့ရတဲ့ ေျခစမ္း ပြဲစဥ္ ေတြမွာလည္း ပူလီဆစ္ ရဲ႕ ကစားပံု ဟာ ခ်ယ္လ္ဆီး ပရိသတ္ ေတြ အေပၚ စိတ္လႈပ္ရွားမႈ ေပးႏိုင္ ခဲ့ပါတယ္ ။

ေဘာလံုး ရာသီသစ္ စတင္တဲ့ အခါ မွာလည္း ပူလီဆစ္ ဟာ ခ်ယ္လ္ဆီး အသင္း ပြဲထြက္ ၁၁ ေယာက္ ထဲမွာ ပါဝင္ခြင့္ တခ်ိဳ႕ ရရွိ ခဲ့ျပီး လီဗာပူူး အသင္း နဲ႕ ေတြ႕ဆံု ခဲ့တဲ့ ဥေရာပ စူပါဖလား ဗိုလ္လုပြဲ မွာ အထူး ေျခစြမ္း ျပသ ႏိုင္ခဲ့သလို ဂ်ရူး ရဲ႕ သြင္းဂိုး အတြက္လည္း ဂိုးဖန္တီးမႈ ျပဳလုပ္ ေပးႏိုင္ခဲ့ပါတယ္ ။

Pulisic

ေနာဝွစ္ခ္် နဲ႕ ပြဲမွာေတာ့ ပူလီဆစ္ ဟာ ေမဆင္ေမာင့္ ရဲ႕ သြင္းဂိုး ကို ဖန္တီး ေပးခဲ့ျပီး ပရီးမီးယားလိဂ္ မွာ ပထမဆံုး ဂိုးဖန္တီးမႈ တၾကိမ္ ကို စတင္ ရရွိ ခဲ့ပါတယ္ ။ သို႕ေပမယ့္ လည္း ေနာက္ပိုင္း ပြဲစဥ္ ေတြမွာ နည္းျပ ျဖစ္သူ ဖရန္႕ လမ္းပတ္ ဟာ ပူလီဆစ္ ထက္ အေတြ႕အၾကံဳ ပိုရင့္ျပီး စီနီယာ ပိုက်တဲ့ ဝီလီယံ ကို ပိုျပီး ဦးစားေပး လာတာေၾကာင့္ ေနရာ ရဖို႕ ရုန္းကန္ လာခဲ့ ရပါတယ္ ။

ေနာက္ဆံုး ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ ၃ပြဲ ဆက္တိုက္ တမိနစ္ မွ မကစား ခဲ့ရတဲ့ ပူလီဆစ္ နဲ႕ ပတ္သက္ျပီး ခ်ယ္လ္ဆီး ပရိသတ္ တခ်ိဳ႕ ဟာ ဖရန္႕ လမ္းပတ္ ရဲ႕ ဆံုးျဖတ္ခ်က္ အေပၚ အေတာ္ေလး နားလည္ ရခက္ ေနခဲ့ပါတယ္ ။ လီဗာပူး ကို အေရးနိမ့္ ခဲ့တဲ့ ပရီးမီးယားလိဂ္ ပြဲစဥ္ အျပီးမွာေတာ့ လမ္းပတ္ က ေနာင္လာမယ့္ ပြဲစဥ္ေတြမွာ ပူလီဆစ္ ကို ေသခ်ာေပါက္ အခြင့္အေရး ေပးသြားမယ္ လို႕ ကတိျပဳ ေျပာဆို ခဲ့ပါတယ္ ။

အခုလို လမ္းပတ္ ရဲ႕ Favourite ကစားသမား မျဖစ္ ေနတာေၾကာင့္ လာမယ့္ ဇန္နဝါရီ အေျပာင္းအေရႊ႕ မွာ ပူလီဆစ္ တေယာက္ အသင္း ေျပာင္းႏိုင္မလား ဆိုတဲ့ သို႕ေလာ ၊ သို႕ေလာ ေမးခြန္း တခ်ိဳ႕ လည္း အသံသဲ့သဲ့ ထြက္လာခဲ့ပါတယ္ ။ ခ်ယ္လ္ဆီး ကြင္းလယ္လူ ေဟာင္း ခရိတ္ ဘာလီ ကေတာ့ ပြဲထြက္ခြင့္ အတြက္ ရုန္းကန္ ေနရတဲ့ ပူလီဆစ္ အေပၚ အခုလို အၾကံျပဳ ေျပာဆို ခဲ့ပါတယ္ ။

ဘာလီ က ” ပူလီဆစ္ ရဲ႕ ေကာလဟလ နဲ႕ ပတ္သက္ျပီး ရာသီကုန္ အထိ ပြဲထြက္ခြင့္ ဘယ္ေလာက္ ရမယ္ ဆိုတာကို ကြ်န္ေတာ္ တို႕ တခ်က္ ေစာင့္ၾကည့္ သင့္ပါတယ္ ။ ရာသီကုန္ မွ သူ႕ကို မန္ေနဂ်ာ က ဘယ္ေလာက္ အခြင့္အေရး ေပးလဲ ၊ သူကေရာ မန္ေနဂ်ာ နဲ႕ တသားတည္း ျဖစ္ေနလား ၊ သူေရာ ဘယ္ေလာက္ ၾကာၾကာ ဆက္ကစား ေပးႏိုင္မွာလဲ ၊ ရာသီသစ္ မွာေရာ ေနာက္ထပ္ ျဖည့္တင္းမႈ ေတြ ရွိလာႏိုင္လား ၊ ဒါေတြကို ဆက္ျပီး ေဆြးေႏြး ရမွာပါ ။ ”

” ဒီႏွစ္ ေဘာလံုး ရာသီ အတြင္း မွာ ပူလီဆစ္ ဟာ အနည္းဆံုး ပြဲ ၃၀ ဝန္းက်င္ေလာက္ ကစားခြင့္ ရမယ္ လို႕ ကြ်န္ေတာ္ ထင္ပါတယ္ ။ အခု ေလာေလာဆယ္ အေနအထား အရ ခင္ဗ်ား တို႕ဟာ သူ အဲ့ေလာက္ထိ ကစားရပါ့မလား လို႕ သံသယ ဝင္ေကာင္း ဝင္ႏိုင္ပါတယ္ ။ ဒါေပမယ့္ သူ ကစားခြင့္ ရလာမွာပါ ။ ဒီ ဇန္နဝါရီ အေျပာင္းအေရႊ႕ မွာ မွားယြင္းျပီး တိက်မႈ မရွိတဲ့ ဆံုးျဖတ္ခ်က္မ်ိဳး သူ မခ်သင့္ပါဘူး ။ ”

craigburley

” ဒါဟာ အရမ္း ကို ေစာလြန္းေသးတယ္ လို႕ ကြ်န္ေတာ္ ထင္ပါတယ္ ။ ဒါေပမယ့္ အခု ေလာေလာဆယ္ အေျခအေန ေတြ အရ ပူလီဆစ္ အတြက္ ခ်ယ္လ္ဆီး အသင္း မွာ ပြဲထြက္ခြင့္ ရဖို႕ ဆိုတာ ဆက္ျပီး ခက္ခဲ ေနဦးမယ္ လို႕ ယူဆမိပါတယ္ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။ ပူလီဆစ္ ဟာ ျပီးခဲ့တဲ့ ဗုဒၶဟူးေန႕ ည က ကစားသြားခဲ့တဲ့ ကာရာေဘာင္ ဖလား ပြဲစဥ္ မွာေတာ့ ပြဲခ်ိန္ျပည့္ ကစားခြင့္ ရခဲ့ပါတယ္ ။

SPORTS MYANMAR

Unicode

ပွဲထွက်ခွင့် အတွက် ရုန်းကန် နေရတဲ့ ပူလီဆစ် အပေါ် အကြံပေးမှု တခု ပြုလုပ်သွားတဲ့ #ခရိတ်ဘာလီ

ချယ်လ်ဆီး အသင်း ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ ရဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ မှာ ဘွန်ဒက်စ်လီဂါ ကလပ် ဒေါ့မွန် အသင်း ကနေ အသက် ၂၀ အရွယ် ၊ အမေရိကန် လက်ရွေးစင် တောင်ပံ တိုက်စစ် ကစားသမား ခရစ်တီယန် ပူလီဆစ် ကို ပေါင် ၅၈ သန်း အထိ ပေးပြီး ခေါ်ယူ ခဲ့ကာ ရာသီကုန် အထိ ဒေါ့မွန် အသင်း မှာပဲ အငှား နဲ့ ဆက်ကစား စေခဲ့ပါတယ် ။

ပူလီဆစ် ဟာ ဒီနှစ် ဘောလုံး ရာသီသစ် မတိုင်မီ ရာသီကြို ခြေစမ်း ခရီးစဉ် မှာကတည်းက အားလပ်ရက် ကို လျှော့ယူပြီး နည်းပြသစ် ဖရန့် လမ်းပတ် စိတ်ကြိုက် ကစားသမား တွေထဲမှာ ပါဝင်လာဖို့ အထူး ကြိုးစား ခဲ့ပါတယ် ။ ကစားခဲ့ရတဲ့ ခြေစမ်း ပွဲစဉ် တွေမှာလည်း ပူလီဆစ် ရဲ့ ကစားပုံ ဟာ ချယ်လ်ဆီး ပရိသတ် တွေ အပေါ် စိတ်လှုပ်ရှားမှု ပေးနိုင် ခဲ့ပါတယ် ။

ဘောလုံး ရာသီသစ် စတင်တဲ့ အခါ မှာလည်း ပူလီဆစ် ဟာ ချယ်လ်ဆီး အသင်း ပွဲထွက် ၁၁ ယောက် ထဲမှာ ပါဝင်ခွင့် တချို့ ရရှိ ခဲ့ပြီး လီဗာပူူး အသင်း နဲ့ တွေ့ဆုံ ခဲ့တဲ့ ဥရောပ စူပါဖလား ဗိုလ်လုပွဲ မှာ အထူး ခြေစွမ်း ပြသ နိုင်ခဲ့သလို ဂျရူး ရဲ့ သွင်းဂိုး အတွက်လည်း ဂိုးဖန်တီးမှု ပြုလုပ် ပေးနိုင်ခဲ့ပါတယ် ။

နောဝှစ်ခ်ျ နဲ့ ပွဲမှာတော့ ပူလီဆစ် ဟာ မေဆင်မောင့် ရဲ့ သွင်းဂိုး ကို ဖန်တီး ပေးခဲ့ပြီး ပရီးမီးယားလိဂ် မှာ ပထမဆုံး ဂိုးဖန်တီးမှု တကြိမ် ကို စတင် ရရှိ ခဲ့ပါတယ် ။ သို့ပေမယ့် လည်း နောက်ပိုင်း ပွဲစဉ် တွေမှာ နည်းပြ ဖြစ်သူ ဖရန့် လမ်းပတ် ဟာ ပူလီဆစ် ထက် အတွေ့အကြုံ ပိုရင့်ပြီး စီနီယာ ပိုကျတဲ့ ဝီလီယံ ကို ပိုပြီး ဦးစားပေး လာတာကြောင့် နေရာ ရဖို့ ရုန်းကန် လာခဲ့ ရပါတယ် ။

နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၃ပွဲ ဆက်တိုက် တမိနစ် မှ မကစား ခဲ့ရတဲ့ ပူလီဆစ် နဲ့ ပတ်သက်ပြီး ချယ်လ်ဆီး ပရိသတ် တချို့ ဟာ ဖရန့် လမ်းပတ် ရဲ့ ဆုံးဖြတ်ချက် အပေါ် အတော်လေး နားလည် ရခက် နေခဲ့ပါတယ် ။ လီဗာပူး ကို အရေးနိမ့် ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် အပြီးမှာတော့ လမ်းပတ် က နောင်လာမယ့် ပွဲစဉ်တွေမှာ ပူလီဆစ် ကို သေချာပေါက် အခွင့်အရေး ပေးသွားမယ် လို့ ကတိပြု ပြောဆို ခဲ့ပါတယ် ။

အခုလို လမ်းပတ် ရဲ့ Favourite ကစားသမား မဖြစ် နေတာကြောင့် လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ မှာ ပူလီဆစ် တယောက် အသင်း ပြောင်းနိုင်မလား ဆိုတဲ့ သို့လော ၊ သို့လော မေးခွန်း တချို့ လည်း အသံသဲ့သဲ့ ထွက်လာခဲ့ပါတယ် ။ ချယ်လ်ဆီး ကွင်းလယ်လူ ဟောင်း ခရိတ် ဘာလီ ကတော့ ပွဲထွက်ခွင့် အတွက် ရုန်းကန် နေရတဲ့ ပူလီဆစ် အပေါ် အခုလို အကြံပြု ပြောဆို ခဲ့ပါတယ် ။

ဘာလီ က ” ပူလီဆစ် ရဲ့ ကောလဟလ နဲ့ ပတ်သက်ပြီး ရာသီကုန် အထိ ပွဲထွက်ခွင့် ဘယ်လောက် ရမယ် ဆိုတာကို ကျွန်တော် တို့ တချက် စောင့်ကြည့် သင့်ပါတယ် ။ ရာသီကုန် မှ သူ့ကို မန်နေဂျာ က ဘယ်လောက် အခွင့်အရေး ပေးလဲ ၊ သူကရော မန်နေဂျာ နဲ့ တသားတည်း ဖြစ်နေလား ၊ သူရော ဘယ်လောက် ကြာကြာ ဆက်ကစား ပေးနိုင်မှာလဲ ၊ ရာသီသစ် မှာရော နောက်ထပ် ဖြည့်တင်းမှု တွေ ရှိလာနိုင်လား ၊ ဒါတွေကို ဆက်ပြီး ဆွေးနွေး ရမှာပါ ။ ”

” ဒီနှစ် ဘောလုံး ရာသီ အတွင်း မှာ ပူလီဆစ် ဟာ အနည်းဆုံး ပွဲ ၃၀ ဝန်းကျင်လောက် ကစားခွင့် ရမယ် လို့ ကျွန်တော် ထင်ပါတယ် ။ အခု လောလောဆယ် အနေအထား အရ ခင်ဗျား တို့ဟာ သူ အဲ့လောက်ထိ ကစားရပါ့မလား လို့ သံသယ ဝင်ကောင်း ဝင်နိုင်ပါတယ် ။ ဒါပေမယ့် သူ ကစားခွင့် ရလာမှာပါ ။ ဒီ ဇန်နဝါရီ အပြောင်းအရွှေ့ မှာ မှားယွင်းပြီး တိကျမှု မရှိတဲ့ ဆုံးဖြတ်ချက်မျိုး သူ မချသင့်ပါဘူး ။ ”

” ဒါဟာ အရမ်း ကို စောလွန်းသေးတယ် လို့ ကျွန်တော် ထင်ပါတယ် ။ ဒါပေမယ့် အခု လောလောဆယ် အခြေအနေ တွေ အရ ပူလီဆစ် အတွက် ချယ်လ်ဆီး အသင်း မှာ ပွဲထွက်ခွင့် ရဖို့ ဆိုတာ ဆက်ပြီး ခက်ခဲ နေဦးမယ် လို့ ယူဆမိပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။ ပူလီဆစ် ဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ ည က ကစားသွားခဲ့တဲ့ ကာရာဘောင် ဖလား ပွဲစဉ် မှာတော့ ပွဲချိန်ပြည့် ကစားခွင့် ရခဲ့ပါတယ် ။

SPORTS MYANMAR