Jones
milner
curtis-jones
မီနာဟာ ဒီပွဲမှာ အသက်​ ၁၈နှစ်​အရွယ်​ ကာတစ်​ဂျုံး ရဲ့ ​ခြေစွမ်းကို နှစ်​သက်​​သ​ဘောကျ ​နေပြီး ၎င်းဟာ ဒီပွဲရဲ့ အ​ကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ပါတယ်​။ အဆိုပါ ပွဲစဉ်​ပြီး​နောက်​ မီနာဟာ ပြီးခဲ့တဲ့ လ​တွေအတွင်း ဂျုံးရဲ့ တိုးတက်​လာမှုကို ချီးကျူး သွားပါတယ်​။
brewster
SM
Unicode
အမ်​​ကေဒွန်​း နဲ့ပွဲမှာ အ​ကောင်​း​ဆုံး ​ခြေစွမ်​းပြ ကစားခဲ့တဲ့ ကာတစ်​ဂျုံး ဘာ​တွေ တိုးတက်​လာခဲ့သလဲ ဆိုတာ ​​ပြောပြလိုက်​တဲ့ မီနာ
ပြီးခဲ့တဲ့ ​ဗုဒ္ဓဟူး​နေ့က အမ်​​ကေဒွန်​း အသင်​းနဲ့ ကစားခဲ့တဲ့ EFL ဖလား ပွဲစဉ်​မှာ လီ​ဗာပူး ရဲ့ ပွဲထွက်​ကစားသမား စာရင်​းမှာ ပါဝင်​ ကစားခွင်​့ ရရှိ ခဲ့ပြီး​နောက်​ ဂျိမ်​းမီနာဟာ သူ့ရဲ့ အသက်​အရွယ်​ ကို ​မေ့သွား​လောက်​ ပါတယ်​။ အဆိုပါ ညရဲ့ အသင်​း​ခေါင်​း​ဆောင်​ ဖြစ်​သူ မီနာဟာ ပြီးခဲ့တဲ့ တနင်္ဂ​နွေ​နေ့က ချဲလ်​ဆီး ကို အ​ဝေးကွင်​းမှာ အနိုင်​ရရှိ ခဲ့တဲ့ လူစာရင်​းကို ၁၁ ​ယောက်​လုံး အ​ပြောင်​းအလဲ လုပ်​ထားခဲ့တဲ့ လီ​ဗာပူးကို ဦး​ဆောင်​ လာခဲ့တာ ဖြစ်​ပါတယ်​။
လီ​ဗာပူးရဲ့ လူစာရင်​းမှာ ​အ​တွေ့အကြံု များတဲ့ ကစားသမား​တွေလည်​း ပါဝင်​​နေပြီး မီနာဟာ ဒီဂျန်​​လော့​ဗရန်​ ၊ ဂျိုးဂိုးမက်​ဇ်​ ၊ အဒမ်​လယ်​လာနာ ​၊ ​အောက်​စလိတ်​ချိန်​ဘာလိန်​ စတဲ့ သူ​တွေနဲ့ ပူး​ပေါင်​း ခဲ့ပြီး ဒီပွဲမှာ အဓိက ​ပြောစရာ ဖြစ်​ခဲ့တာ က​တော့ လူငယ်​ကြယ်​ပွင်​့​တွေရဲ့ အရည်​အ​သွေး ဖြစ်​ပါတယ်​။ ယာဂန်​က​လော့ဟာ လူငယ်​ ကစားသမား ငါးဦးကို အသင်​းကြီး အတွက်​ ပထမဦးဆုံး ပွဲထွက်​ခွင်​့ ​ပေးအပ်​ခဲ့​ပြီး လူငယ်​​တွေထဲက နှစ်​ဦးဟာ အမ်​​ကေဒွန်​း ကို ၂-၀ နဲ့ နိုင်​ခဲ့တဲ့ ပွဲမှာ ကြီးမားတဲ့ အလားအလာကို ပြသခဲ့ ကြပါတယ်​။
မီနာဟာ လွန်​ခဲ့တဲ့ ၁၇ နှစ်​ ​၊ ၎င်းရဲ့ အသက်​ ၁၆ နှစ်​အရွယ်​မှာ လိဒ်​ယူနိုက်​တက်​ အသင်​းအတွက်​ ပွဲဦးထွက်​ကို ပါဝင်​ကစား ခဲ့ပြီး အမ်​​ကေဒွန်​းနဲ့ ပွဲက ၎င်းရဲ့ အသင်​း​ဖော်​ ဖြစ်​သူ ဟာ​​ေ​ဗးအယ်​လီ​ယော့ ဟာဆိုရင်​ ၎င်းရဲ့ ပွဲဦးထွက် ပြီး​နောက်​ ၆ လ အကြာမှသာ ​မွေးဖွား ခဲ့တာ ဖြစ်​ပါတယ်​။ အဲဒီအချိန်​ ကတည်​းက ပ​ရော်​ဖက်​ရှင်​နယ်​ ကစားသမားဘဝ ပွဲ​ပေါင်​း ရ၀၀​ကျော်​ ကစား​ပေးထားပြီး လက်​ရှိ အသက်​ ၃၃ နှစ်​အရွယ်​ ရှိ​နေပြီ ဖြစ်​တဲ့ မီနာဟာ အ​ကောင်​းဆုံး ကစား​ပေး နိုင်​ဆဲ ဖြစ်​ကာ အမ်​​ကေဒွန်​းနဲ့ပွဲမှာလည်​း ဘယ်​​နောက်​ခံလူ ​နေရာက​နေ ကစား​ပေးခဲ့ပြီး တစ်​ဂိုးသွင်​း​ကာ တစ်​ဂိုး ဖန်​တီး ​ပေးခဲ့ပါတယ်​။
အဆိုပါပွဲမှာ လူငယ်​ကစားသမား​တွေရဲ့ စွမ်​း​ဆောင်​ရည်​ အ​ပေါ် မီနာက “ဒီပွဲဟာ သူတို့ ပထမအသင်​းကြီးမှာ ပါဝင်​ဖို့ ဘယ်​​လောက်​ နီးစပ်​​နေပြီလဲ ဆိုတာ ပြသ လိုက်​တာပါပဲ။ ဒါ​ပေမယ်​့ အသင်​းကြီးကို ​ရောက်​လာတဲ့ အခါ ကျွန်​​တော်​တို့ လိုချင်​တဲ့ ပုံစံအတိုင်​း ကစားနိုင်​ဖို့ အရမ်​း ခက်​ခဲတယ်​ဆိုတာ ​မျှော်​လင်​့ ထားရပါမယ်​။ သူတို့အားလုံး အ​ကောင်​းဆုံး လုပ်​နိုင်​ခဲ့တယ်​လို့ ကျွန်​​တော်​ ထင်​ပါတယ်​။ ဒါ့​ကြောင်​့လည်​း ကျွန်​​တော်​တို့ဟာ သူတို့ကို ကူညီ​ပေးဖို့ အတွက်​ ရှိ​နေတာပါ။ ဒါဟာ ဝါရင်​့ကစားသမား ​တွေရဲ့ အခန်​းကဏ္ဍ ပါပဲ။ သူတို့ ကျွန်​​တော်​တို့နဲ့ အချိန်​များများ ရှိ​လေ​လေ ​လေ့ကျင်​့​လေ​လေ သူတို့ ယုံကြည်​မှု ပိုရလာမှာပါ။ ကစားသမား အားလုံးဟာ ခြားနားမှု ရှိပြီး အ​ရေးကြီးတာက မှန်​ကန်​တဲ့ အရာ​တွေ လုပ်​ဖို့ပါ။ ဒါ​​ပေမယ်​့ ​ကောင်​​လေး​တွေမှာ မြင်​့မားတဲ့ အရည်​အ​သွေး​တွေ ရှိ​နေတယ်​ဆိုတာ ခင်​​ဗျားတို့ ​တွေ့နိုင်​ပါတယ်​။ သူတို့ရဲ့ ခံယူချက်​ ကလည်​း ဒီလိုပါပဲ။” လို့ ဆိုသွားပါတယ်​။
မီနာဟာ ဒီပွဲမှာ အသက်​ ၁၈နှစ်​အရွယ်​ ကာတစ်​ဂျံုး ရဲ့ ​ခြေစွမ်​းကို နှစ်​သက်​​သ​ဘောကျ ​နေပြီး ၎င်းဟာ ဒီပွဲရဲ့ အ​ကောင်​းဆုံး ကစားသမားဆုကို ရရှိခဲ့ပါတယ်​။ အဆိုပါ ပွဲစဉ်​ပြီး​နောက်​ မီနာဟာ ပြီးခဲ့တဲ့ လ​တွေအတွင်​း ဂျံုးရဲ့ တိုးတက်​လာမှုကို ချီးကျူး သွားပါတယ်​။
မီနာက “အမြဲတမ်​း တိုးတက်​​အောင်​ လုပ်​ဖို့ဆိုတာ အရမ်​း ခက်​ခဲပါတယ်​။ တိုးတက်​မှုကို ဖြတ်​ခနဲ့ မြင်​ရ​ပေမယ်​့ အဟန်​့အတာ​း​တွေက အများကြီးပါ။ သူတို့ အ​နေနဲ့ စွမ်​း​ဆောင်​ရည်​ကို အရှိန်​တင်​ ထားရမှာ ဖြစ်​ပြီး သူတို့ တက်​နိုင်​သမျှ ဆက်​လက်​ ကြိုးစားရမှာပါ။ မနှစ်​ကနဲ့ ယှဉ်​ရင်​ ကာတစ်​ရဲ့ ကြီးမားတဲ့ ခြားနားမှုကို ကျွန်​​တော်​ မြင်​ခဲ့ရပါတယ်​။ သူဟာ အမြဲတမ်​း ဒီလို အရည်​အ​သွေး ရှိတဲ့ ကစားသမား ဖြစ်​​ပေမယ်​့လည်​း အခု ပိုပြီး ရင်​့ကျက်​ ​နေပါတယ်​။ သူဟာ ခံစစ်​ပိုင်​း ကစားပုံ ​ကောင်​းမွန်​လာခဲ့သလို ခံစစ်​ ကစားတဲ့အခါ ​နေရာယူပုံ​တွေ မှန်​ကန်​ပါတယ်​။
သူဟာ ဒီလို သင်​ကြားမှုမျိုး လိုအပ်​ပါတယ်​။ ကိုယ်​သတ္တိ ရှိရတဲ့ အချိန်​​တွေ ရှိသလို ကိုယ်​​ပေါက်​ကွဲ ကစားရမယ်​့ အချိန်​​တွေလည်​း ရှိပါတယ်​။ ကျွန်​​တော်​ ​ပြောခဲ့သလိုပဲ သူဟာ ပြီးခဲ့တဲ့ နှစ်​နဲ့ ယှဉ်​ရင်​ အများကြီး ခြားနားလာခဲ့ ပါတယ်​။ အကယ်​၍ လီ​ဗာပူး အတွက်​ ကစားချင်​တဲ့ အခါ ဒီလို ဖြစ်​ဖို့အတွက်​ လိုအပ်​ပါတယ်​။ ဒါဟာ ​ဘောလုံး ကိုင်​ကစား ရသလိုပဲ အ​ရေးပါတဲ့ ​ခြေလှမ်​း တစ်​ခုပါ။
ဒါတွင်​ မကပါဘူး။ သူ့မှာ အရည်​အ​သွေး ၊ လှည့်​စားမှု​တွေ အများကြီး ရှိ​နေပါတယ်​ ။ မှန်​ကန်​တဲ့ ဧရိယာမှာ အ​ကောင်​း​ဆုံး အသုံးချ နိုင်​ဖို့ပါ။ သူဟာ အခုဆိုရင်​ အများကြီး ​လေ့လာသင်​ယူ ​နေပါတယ်​။ ပြိုင်​ဘက်​ကို ​ခြေ​ယောင်​ပြမှု​တွေ ၊ လှည်​့စားမ​ှု​တွေကို ကွင်​းလယ်​မှာ လုပ်​တာ မလိုချင်​ပါဘူး။ တိုက်​စစ်​ပိုင်​းမှာ ဒီလိုလုပ်​ဖို့ အလိုရှိပါတယ်​။ ဒီ​နေရာဟာ ကိုယ်​့ဘက်​က လှည်​့စားမှု​တွေ လုပ်​​ဖို့နဲ့ ပင်​နယ်​တီ ဧရိယာထဲကို လူ​တွေ ​ရောက်​​စေဖို့ ပါပဲ။ ကျွန်​​တော်​ သူ့ကို ပွဲမတိုင်​မီ ကတည်​းက ​ပြောခဲ့ပါတယ်​။ `ငါမင်​းကို ခံစစ်​ချည်​းပဲ ကစားတာ မဖြစ်​​စေချင်​ဘူး။ အဲဒါ​ကြောင်​့ မင်​း သူတို့ ဧရိယာထဲ ​ရောက်​​အောင်​ သွားပြီး ​မောင်​းကစား လိုက်​စမ်​းပါ´ လို့ ​ပြောခဲ့ပါတယ်​။ သူ့မှာ ကြီးမားတဲ့ အရည်​အ​သွေး ရှိပါတယ်​။
ဟာ​​ေ​ဗး ကလည်​း ဒီကို ​ရောက်​တာ မကြာ​သေးပါဘူး။ ဒါ​ပေမယ်​့ သူဟာ ​ဘောလုံး ကစားတာ အရမ်​း​ကောင်​းလှပြီး ကစားပုံက သက်​​တောင်​့သက်​သာ ဖြစ်​​နေပါတယ်​။ ဒါ​ပေမယ်​့ ကျွန်​​တော်​ သူ့ရဲ့ ​နေရာလွတ်​​တွေ ပိတ်​​ဆို့ပုံ နဲ့ ​တုန်​့ပြန်​မှု​တွေကို နှစ်​သက်​မိပါတယ်​။ ဘရူးစတားဟာ ဂိုးသွင်​း​ကောင်​းတဲ့ ကစားသမားပါ။ သူ ဂိုး​တွေ သွင်​းနိုင်​မယ်​ဆိုတာ ကျွန်​​တော်​တို့ သိပါတယ်​။ သူဟာ ဒီလို ဆာ​လောင်​မှု နဲ့ ​ဘော်​ဘီ ဖာမီနို လို ကမ္ဘာထိပ်​တန်​း တိုက်​စစ်​မှုး ဆီက​နေ ​လေ့လာသင်​ယူ ​နေပါတယ်​။ သူဟာ ​ဘော်​ဘီလို ကစားနိုင်​မှာ မဟုတ်​​ပေမယ်​့ သူဟာ ဂိုးသွင်​း​ကောင်​းတဲ့သူ ဖြစ်​ပြီး ဂိုး​တွေ အများကြီး ရလာပါလိမ်​့မယ်​။
ကီဂျန်​နာကလည်​း ​နောက်​ထပ်​ အရည်​အ​သွေးမြင်​့ ကြယ်​ပွင်​့ ဖြစ်​ပြီး ​ဘောလုံး ကစားတာ သက်​​တောင်​့သက်​သာ ရှိပါတယ်​။ ဂိုးရခဲ့တာ က​တော့ သူ့အတွက် ​ကောင်​းပါတယ်​။ ဒါဟာ သူ့ကို အားတက်​​စေမယ်​လို့ ​မျှော်​လင်​့ ထားပါတယ်​။” လို့ ​ပြောသွားပါတယ်​။
SM