reece-james

ခ်ယ္လ္ဆီး အသင္း ရဲ႕ လူငယ္ ညာေနာက္ခံလူ ရိစ္ဂ်ိမ္းစ္ ဟာ ျပီးခဲ့တဲ့ ဗုဒၶဟူး ေန႕က ကစား သြားခဲ့တဲ့ လိဂ္တူး ကလပ္ ဂရင္စဘီေတာင္း အသင္း ကို ၇ – ၁ နဲ႕ ဂိုးမိုးရြာျပီး အႏိုင္ရခဲ့တဲ့ ကာရာေဘာင္ ဖလား တတိယ အဆင့္ ပြဲစဥ္ မွာ ကိုယ္တိုင္ တဂိုး သြင္းကာ ဂိုးဖန္တီးမႈ ၂ၾကိမ္ ကိုလည္း ျပဳလုပ္ ေပးႏိုင္ ခဲ့ပါတယ္ ။

Reece-James

ထိုပြဲစဥ္ ဟာ ဂ်ိမ္းစ္ အတြက္ ခ်ယ္လ္ဆီး စီနီယာ ကစားသမား ဘဝ ပထမဆံုး ပြဲထြက္ခြင့္ ရခဲ့တဲ့ ပြဲစဥ္ ျဖစ္ခဲ့သလို ပထမဆံုး သြင္းဂိုး ကိုပါ ရရွိ ခဲ့တာေၾကာင့္ ထိုေန႕ ဟာ ၄င္း အတြက္ေတာ့ ေမ့မရႏိုင္တဲ့ အခုိက္အတန္႕ အေနနဲ႕ ဆက္လက္ တည္ရွိ ေနမွာ ျဖစ္ပါတယ္ ။ ပြဲအျပီး သတင္းေထာက္ ေတြနဲ႕ ေတြ႕ဆံု ခဲ့တဲ့ အင္တာဗ်ဴး မွာေတာ့ ဂ်ိမ္းစ္ က ခ်ယ္လ္ဆီး အသင္း အတြက္ ပထမဆံုး ပြဲဦးထြက္ က အမွတ္တရ တခ်ိဳ႕ အေၾကာင္း အခုလိုပဲ ဖြင့္ဟ လာပါတယ္ ။

ဂ်ိမ္းစ္ က ” ကြ်န္ေတာ့ ရဲ႕ ခ်ယ္လ္ဆီး စီနီယာ ပထမဆံုး ပြဲစဥ္ ကို အခုလို စတမ္းဖို႕ဒ္ ဘရစ္ခ်္ ကြင္းၾကီး ရဲ႕ ခ်ယ္လ္ဆီး ပရိသတ္ ေတြ ေရွ႕ေမွာက္ မွာ ကစားခြင့္ ရခဲ့တာဟာ ကြ်န္ေတာ့ အတြက္ေတာ့ ကစားသမား ဘဝ တေလွ်ာက္ ၾကံဳဖူးတဲ့ အထဲမွာ အေကာင္းဆံုး အခိုက္အတန္႕ တခုလို႕ သတ္မွတ္ ရမွာပါ ။ အမွန္အတိုင္း ဝန္ခံရရင္ အိပ္မက္ ေတြ အေကာင္အထည္ ေပၚလာျပီေပါ့ဗ်ာ ။ ”

JamesReece

” အသက္ ၇ႏွစ္ အရြယ္ ကတည္းက ကြ်န္ေတာ္ ဟာ ဒီကလပ္ အတြက္ ကစား ေပးခဲ့တာပါ ။ ဒီလို စီနီယာ အသင္း မွာ ကစားခြင့္ ရဖို႕ ဆိုတာ ကြ်န္ေတာ္ အျမဲတမ္း အလိုရွိတဲ့ အရာ တခုလည္း ျဖစ္ပါတယ္ ။ ကြ်န္ေတာ္ ပရိသတ္ အျပည့္အလွ်ံ ေရွ႕ေမွာက္ မွာ ကစားခဲ့ရဖူးတဲ့ ပြဲစဥ္ ေတြ ရွိခဲ့ေပမယ့္ စတမ္းဖို႕ဒ္ ဘရစ္ခ်္ မွာ ပရိသတ္ ေတြ တခဲနက္ အားေပးတာမ်ိဳးေတာ့ တခါမွ မၾကံဳခဲ့ဖူးပါဘူး ။ ဒါေပမယ့္ ဒီလို ကြင္းျပည့္ကြင္းလွ်ံ အားေပးတဲ့ ပြဲေတြမွာ ကစားရတာ ကြ်န္ေတာ့ အတြက္ က က်င့္သား ရွိျပီးသားျဖစ္လို႕ ကစားရတာ ဘာ အခက္အခဲ မွ မရွိခဲ့ပါဘူး ။ ”

 

” ဂိုးသြင္းျပီးတဲ့ေနာက္ ကြ်န္ေတာ္ ေအာင္ပြဲ မခံခဲ့ပါဘူး ။ အကယ္၍ ကြ်န္ေတာ္ ေအာင္ပြဲ ခံခဲ့မယ္ ဆိုရင္ေတာင္ အဲ့ဒီ အခိုက္အတန္႕ ဟာ ကြ်န္ေတာ့ အတြက္ တကယ္ကို အံ့ၾသမွင္သက္မႈ ေတြနဲ႕ပဲ ျပည့္ႏွက္ ေနမွာပါ ။ ပထမဆံုး သြင္းဂိုး ရခဲ့တဲ့ အတြက္ ကြ်န္ေတာ္ အေတာ္ေလး ေပ်ာ္ရႊင္ ရသလို ၊ ႏိုင္ပြဲ အတြက္လည္း ဝမ္းသာ ေက်နပ္ ရပါတယ္ ။ ဖရန္႕ ဟာ ကြ်န္ေတာ့ ကို ဒီေန႕ပြဲ မွာ မင္းေျခစြမ္း ျပႏိုင္ရမယ္ လို႕ တျမန္ေန႕ က လာေျပာ ခဲပါေသးတယ္ ။ ”

” ဒါေပမယ့္ ကြ်န္ေတာ့ ဖက္ကေတာ့ တကယ့္ ပြဲစဥ္ ေတြကို ကစားခြင့္ မရေသးခင္ အထိေတာ့ အသင္း မွာ ဘယ္လိုမွ အံဝင္ဦးမွာ မဟုတ္ဘူူး လို႕ အျမဲ ခံယူ ထားပါတယ္ ။ စတမ္းဖို႕ဒ္ဘရစ္ခ်္ က ရာသီဥတု က အေတာ္ သာယာ ခဲ့သလို ၊ ပရိသတ္ ေတြကလည္း ဂိုးျပတ္ အႏိုင္ရလဒ္ အတြက္ ကြ်န္ေတာ္ တို႕ကို တခဲနက္ ခ်ီးက်ဴး အားေပးခဲ့ ၾကပါတယ္ ။ ကြ်န္ေတာ္ ဟာ ငယ္ငယ္ ကတည္းက ဒီ အသင္း ကို အားေပးလာခဲ့ျပီး အခု အခ်ိန္ထိလည္း ကြ်န္ေတာ္ အားေပး ေနဆဲပါပဲ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

ဆက္လက္ျပီး ရိစ္ဂ်ိမ္းစ္ က ျပီးခဲ့တဲ့ ေဘာလံုး ရာသီကုန္ ခါနီးမွာ ၄င္းဟာ ခ်ယ္လ္ဆီး အသင္း သို႕ အငွား ကေန ျပန္ေရာက္ လာခဲ့ေပမယ့္ အစဥ္အလာ အရ အကယ္ဒမီ ကစားသမား ေတြ ေနရာ မရတတ္တာ ကို သတိထားမိ ခဲ့ေၾကာင္း ၊ ယူရိုပါလိဂ္ ခ်န္ပီယံပါ ျဖစ္ခဲ့တာေၾကာင့္ သူ႕ အေနနဲ႕ အသင္း မွာ ေနရာ ရဖို႕ ပိုခက္ခဲ ႏိုင္မယ္ ဆိုတာ ယူဆ ခဲ့ေၾကာင္း နဲ႕ လမ္းပတ္ ေရာက္ရွိလာမွသာ ခ်ယ္လ္ဆီး မွာ ဆက္ကစားဖို႕ ခြန္အား ေတြ ျဖစ္ေစခဲ့ေၾကာင္း ဖြင့္ဟ ခဲ့ပါတယ္ ။

ဂ်ိမ္းစ္ က ” ျပီးခဲ့တဲ့ ရာသီ အကုန္မွာ ဒီ ကလပ္ ဟာ ယူရိုပါလိဂ္ ခ်န္ပီယံ ျဖစ္ျပီး ေအာင္ျမင္တဲ့ အသင္း တသင္း အေနနဲ႔ ရပ္တည္ ခဲ့ပါတယ္ ။ ဒါေၾကာင့္မို႕ ကြ်န္ေတာ့ စိတ္ထဲမွာ ကိုယ့္ အတြက္ အခြင့္အေရးမ်ား ရပါ့မလား လို႕ သံသယ ဝင္ခဲ့မိပါတယ္ ။ ဒါေပမယ့္ အဆံုးမွာ ကြ်န္္ေတာ္ ဟာ ကိုယ့္ ဆံုးျဖတ္ခ်က္ ကို ပိုင္ပိုင္ႏိုင္ႏိုင္ ခ်ခဲ့ျပီး ခ်ယ္လ္ဆီး မွာ ဆက္လက္ ေနထိုင္ ခဲ့ပါတယ္ ။ အခုေတာ့ ကြ်န္ေတာ့ ဆံုးျဖတ္ခ်က္ ေတြ မွန္ခဲ့ျပီမို႕ ကြ်န္ေတာ္ အရမ္း ေပ်ာ္ရႊင္ ေနပါတယ္ ။ ”

reece-james

” လြန္ခဲ့တဲ့ ႏွစ္ကာလ အနည္းငယ္ ကို ျပန္ျပီး ၾကည့္လိုက္မယ္ ဆိုရင္ အသင္း က အကယ္ဒမီ ထြက္ ကစားသမား အမ်ားစု ဟာ စီနီယာ အသင္း မွာ ေနရာ မရခဲ့တာ ကို ေတြ႕ရမွာပါ ။ ဒါေပမယ့္ ဒီေန႕ ပြဲမွာေတာ့ ကြ်န္ေတာ္ တို႕လို အကယ္ဒမီ ထြက္ လူငယ္ ကစားသမား ေတြ ၄ ၊ ၅ ေယာက္ေလာက္ ကစားခြင့္ ရခဲ့ပါတယ္ ။ ဒါဟာ အကယ္ဒမီ အတြက္ အရမ္း ေကာင္းသလို ၊ အကယ္ဒမီ ရဲ႕ အဆင့္အတန္း ဘယ္ေလာက္ျမင့္လဲ ဆိုတာ ျပသ ႏိုင္ခဲ့ပါတယ္ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

SPORTS MYANMAR

Unicode

ချယ်လ်ဆီး အသင်း အတွက် ပထမဆုံး ပွဲ မှာ ပထမဆုံး သွင်းဂိုး ရရှိခဲ့ပြီးနောက် သူ့ရဲ့ ဝမ်းသာစကား တချို့ ကို ဖွင့်ဟ ပြောကြား ခဲ့တဲ့ #ရိစ်ဂျိမ်းစ်

ချယ်လ်ဆီး အသင်း ရဲ့ လူငယ် ညာနောက်ခံလူ ရိစ်ဂျိမ်းစ် ဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူး နေ့က ကစား သွားခဲ့တဲ့ လိဂ်တူး ကလပ် ဂရင်စဘီတောင်း အသင်း ကို ရ – ၁ နဲ့ ဂိုးမိုးရွာပြီး အနိုင်ရခဲ့တဲ့ ကာရာဘောင် ဖလား တတိယ အဆင့် ပွဲစဉ် မှာ ကိုယ်တိုင် တဂိုး သွင်းကာ ဂိုးဖန်တီးမှု ၂ကြိမ် ကိုလည်း ပြုလုပ် ပေးနိုင် ခဲ့ပါတယ် ။

ထိုပွဲစဉ် ဟာ ဂျိမ်းစ် အတွက် ချယ်လ်ဆီး စီနီယာ ကစားသမား ဘဝ ပထမဆုံး ပွဲထွက်ခွင့် ရခဲ့တဲ့ ပွဲစဉ် ဖြစ်ခဲ့သလို ပထမဆုံး သွင်းဂိုး ကိုပါ ရရှိ ခဲ့တာကြောင့် ထိုနေ့ ဟာ ၄င်း အတွက်တော့ မေ့မရနိုင်တဲ့ အခိုက်အတန့် အနေနဲ့ ဆက်လက် တည်ရှိ နေမှာ ဖြစ်ပါတယ် ။ ပွဲအပြီး သတင်းထောက် တွေနဲ့ တွေ့ဆုံ ခဲ့တဲ့ အင်တာဗျူး မှာတော့ ဂျိမ်းစ် က ချယ်လ်ဆီး အသင်း အတွက် ပထမဆုံး ပွဲဦးထွက် က အမှတ်တရ တချို့ အကြောင်း အခုလိုပဲ ဖွင့်ဟ လာပါတယ် ။

ဂျိမ်းစ် က ” ကျွန်တော့ ရဲ့ ချယ်လ်ဆီး စီနီယာ ပထမဆုံး ပွဲစဉ် ကို အခုလို စတမ်းဖို့ဒ် ဘရစ်ချ် ကွင်းကြီး ရဲ့ ချယ်လ်ဆီး ပရိသတ် တွေ ရှေ့မှောက် မှာ ကစားခွင့် ရခဲ့တာဟာ ကျွန်တော့ အတွက်တော့ ကစားသမား ဘဝ တလျှောက် ကြုံဖူးတဲ့ အထဲမှာ အကောင်းဆုံး အခိုက်အတန့် တခုလို့ သတ်မှတ် ရမှာပါ ။ အမှန်အတိုင်း ဝန်ခံရရင် အိပ်မက် တွေ အကောင်အထည် ပေါ်လာပြီပေါ့ဗျာ ။ ”

” အသက် ရနှစ် အရွယ် ကတည်းက ကျွန်တော် ဟာ ဒီကလပ် အတွက် ကစား ပေးခဲ့တာပါ ။ ဒီလို စီနီယာ အသင်း မှာ ကစားခွင့် ရဖို့ ဆိုတာ ကျွန်တော် အမြဲတမ်း အလိုရှိတဲ့ အရာ တခုလည်း ဖြစ်ပါတယ် ။ ကျွန်တော် ပရိသတ် အပြည့်အလျှံ ရှေ့မှောက် မှာ ကစားခဲ့ရဖူးတဲ့ ပွဲစဉ် တွေ ရှိခဲ့ပေမယ့် စတမ်းဖို့ဒ် ဘရစ်ချ် မှာ ပရိသတ် တွေ တခဲနက် အားပေးတာမျိုးတော့ တခါမှ မကြံုခဲ့ဖူးပါဘူး ။ ဒါပေမယ့် ဒီလို ကွင်းပြည့်ကွင်းလျှံ အားပေးတဲ့ ပွဲတွေမှာ ကစားရတာ ကျွန်တော့ အတွက် က ကျင့်သား ရှိပြီးသားဖြစ်လို့ ကစားရတာ ဘာ အခက်အခဲ မှ မရှိခဲ့ပါဘူး ။ ”

” ဂိုးသွင်းပြီးတဲ့နောက် ကျွန်တော် အောင်ပွဲ မခံခဲ့ပါဘူး ။ အကယ်၍ ကျွန်တော် အောင်ပွဲ ခံခဲ့မယ် ဆိုရင်တောင် အဲ့ဒီ အခိုက်အတန့် ဟာ ကျွန်တော့ အတွက် တကယ်ကို အံ့သြမှင်သက်မှု တွေနဲ့ပဲ ပြည့်နှက် နေမှာပါ ။ ပထမဆုံး သွင်းဂိုး ရခဲ့တဲ့ အတွက် ကျွန်တော် အတော်လေး ပျော်ရွှင် ရသလို ၊ နိုင်ပွဲ အတွက်လည်း ဝမ်းသာ ကျေနပ် ရပါတယ် ။ ဖရန့် ဟာ ကျွန်တော့ ကို ဒီနေ့ပွဲ မှာ မင်းခြေစွမ်း ပြနိုင်ရမယ် လို့ တမြန်နေ့ က လာပြော ခဲပါသေးတယ် ။ ”

” ဒါပေမယ့် ကျွန်တော့ ဖက်ကတော့ တကယ့် ပွဲစဉ် တွေကို ကစားခွင့် မရသေးခင် အထိတော့ အသင်း မှာ ဘယ်လိုမှ အံဝင်ဦးမှာ မဟုတ်ဘူူး လို့ အမြဲ ခံယူ ထားပါတယ် ။ စတမ်းဖို့ဒ်ဘရစ်ချ် က ရာသီဥတု က အတော် သာယာ ခဲ့သလို ၊ ပရိသတ် တွေကလည်း ဂိုးပြတ် အနိုင်ရလဒ် အတွက် ကျွန်တော် တို့ကို တခဲနက် ချီးကျူး အားပေးခဲ့ ကြပါတယ် ။ ကျွန်တော် ဟာ ငယ်ငယ် ကတည်းက ဒီ အသင်း ကို အားပေးလာခဲ့ပြီး အခု အချိန်ထိလည်း ကျွန်တော် အားပေး နေဆဲပါပဲ ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

ဆက်လက်ပြီး ရိစ်ဂျိမ်းစ် က ပြီးခဲ့တဲ့ ဘောလုံး ရာသီကုန် ခါနီးမှာ ၄င်းဟာ ချယ်လ်ဆီး အသင်း သို့ အငှား ကနေ ပြန်ရောက် လာခဲ့ပေမယ့် အစဉ်အလာ အရ အကယ်ဒမီ ကစားသမား တွေ နေရာ မရတတ်တာ ကို သတိထားမိ ခဲ့ကြောင်း ၊ ယူရိုပါလိဂ် ချန်ပီယံပါ ဖြစ်ခဲ့တာကြောင့် သူ့ အနေနဲ့ အသင်း မှာ နေရာ ရဖို့ ပိုခက်ခဲ နိုင်မယ် ဆိုတာ ယူဆ ခဲ့ကြောင်း နဲ့ လမ်းပတ် ရောက်ရှိလာမှသာ ချယ်လ်ဆီး မှာ ဆက်ကစားဖို့ ခွန်အား တွေ ဖြစ်စေခဲ့ကြောင်း ဖွင့်ဟ ခဲ့ပါတယ် ။

ဂျိမ်းစ် က ” ပြီးခဲ့တဲ့ ရာသီ အကုန်မှာ ဒီ ကလပ် ဟာ ယူရိုပါလိဂ် ချန်ပီယံ ဖြစ်ပြီး အောင်မြင်တဲ့ အသင်း တသင်း အနေနဲ့ ရပ်တည် ခဲ့ပါတယ် ။ ဒါကြောင့်မို့ ကျွန်တော့ စိတ်ထဲမှာ ကိုယ့် အတွက် အခွင့်အရေးများ ရပါ့မလား လို့ သံသယ ဝင်ခဲ့မိပါတယ် ။ ဒါပေမယ့် အဆုံးမှာ ကျွန််တော် ဟာ ကိုယ့် ဆုံးဖြတ်ချက် ကို ပိုင်ပိုင်နိုင်နိုင် ချခဲ့ပြီး ချယ်လ်ဆီး မှာ ဆက်လက် နေထိုင် ခဲ့ပါတယ် ။ အခုတော့ ကျွန်တော့ ဆုံးဖြတ်ချက် တွေ မှန်ခဲ့ပြီမို့ ကျွန်တော် အရမ်း ပျော်ရွှင် နေပါတယ် ။ ”

” လွန်ခဲ့တဲ့ နှစ်ကာလ အနည်းငယ် ကို ပြန်ပြီး ကြည့်လိုက်မယ် ဆိုရင် အသင်း က အကယ်ဒမီ ထွက် ကစားသမား အများစု ဟာ စီနီယာ အသင်း မှာ နေရာ မရခဲ့တာ ကို တွေ့ရမှာပါ ။ ဒါပေမယ့် ဒီနေ့ ပွဲမှာတော့ ကျွန်တော် တို့လို အကယ်ဒမီ ထွက် လူငယ် ကစားသမား တွေ ၄ ၊ ၅ ယောက်လောက် ကစားခွင့် ရခဲ့ပါတယ် ။ ဒါဟာ အကယ်ဒမီ အတွက် အရမ်း ကောင်းသလို ၊ အကယ်ဒမီ ရဲ့ အဆင့်အတန်း ဘယ်လောက်မြင့်လဲ ဆိုတာ ပြသ နိုင်ခဲ့ပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR