Hazard
SM
Unicode
သမိုင်​းတစ်​​လျှောက်​ အ​ကောင်းဆုံး သွင်​းဂိုး နဲ့ ဘာ့​ကြောင်​့ ​ကော်​စတာနဲ့ ရင်​ဆိုင်​ဖို့ စိတ်​အားထက်​သန်​ ​နေသလဲ ဆိုတာ ​ပြောပြလိုက်​တဲ့ အီဒင်​ဟာဇက်​
အီဒင်​ဟာဇက်​ ဟာ သူ့ရဲ့ ကစားသမားဘဝ မှာ ရင်​သပ်​ရှု​မောဖွယ်​ရာ ဂိုး​တွေကို သွင်​းယူ ခဲ့သူ ဖြစ်​​ပေမယ်​့လည်​း လက်​ရှိ သူ့ရဲ့ ရီးရဲယ်​မက်​ဒရစ်​ မန်​​နေဂျာ ဖြစ်​သူ ဇနက်​ဒင်​းဇိဒန်းဟာ သမိုင်​းတစ်​​လျှောက်​ အ​ကောင်​းဆုံး ဂိုးကို သွင်းယူ ခဲ့သူ ဖြစ်​တယ်​လို့ ချီးကျူး ဂုဏ်​ပြုလိုက်​ပါတယ်​။ ဇိဒန်​းဟာ ရီးရဲယ်​မက်​ဒရစ်​ အသင်​းကို မန်​​နေဂျာ တစ်​ဦး ​အ​နေနဲ့ ချန်​ပီယံလိဂ်​ဖလား ၃နှစ်​ ဆက်​တိုက်​ ရယူ ​ပေးခဲ့တဲ့ မန်​​နေဂျာ အဖြစ်​ မှတ်​တမ်​း ဝင်​ထားခဲ့သလို ကစားသမား တစ်​ဦး အ​နေနဲ့လည်​း လွန်​ခဲ့တဲ့ ၂၀၀၂ ခုနှစ်​ ​လေ​ဗာကူဆင်​နဲ့ ကစားခဲ့တဲ့ ချန်​ပီယံလိဂ်​ ဖိုင်​နယ်​မှာ ခမ်​းနား ကြီးကြယ်​လှတဲ့ ဘယ်​​ခြေ volley ကန်​ချက်​နဲ့ အတူ ဒီပြိုင်​ပွဲမှာ အမြဲတမ်​း တသသ​ပြော​နေရမယ်​့ အမှတ်​အသား တစ်​ခု လုပ်​ပြခဲ့ပါတယ်​။
ရီးရဲယ်​မက်​ဒရစ်​ မန်​​နေဂျာ​ဟောင်​း ဆိုလာရီဟာ ​ရှေ့မှာ ရှိ​နေတဲ့ ​ရော်​ဘတ်​တိုကားလို့စ်​ ဆီကို ခုတ်​တင်​​ပေးလိုက်​ပြီး ဘရာဇီး ဘယ်​​နောက်​ခံလူဟာ ဘယ်​​တောင်​ပံ က​နေ ပင်​နယ်​တီ ဧရိယာ အစပ်​မှာ ရှိ​နေတဲ့ ဇိဒန်​းတီကို အမြင်​့​ဘော ချ​ပေးခဲ့ပါတယ်​။ ဇိဒန်​းဟာ အဆိုပါ ​ဘောလုံးကို ​မြေမကျ ဘယ်​​ခြေ volley ကန်​ချက်​နဲ့ လှလှပပ ကန်​သွင်​းယူကာ ဂလက်​စကိုမှာ လာကြည့်​ခဲ့တဲ့ ပရိတ်သတ်​​တွေကို အံ့သြမင်သက်​ ​စေခဲ့ပြီး ဒါဟာ ဒီပွဲမှာ ရီးရဲယ်​အတွက်​ အနိုင်​ဂိုး ဖြစ်​​စေ ခဲ့ပါတယ်​။ ဒီဂိုးဟာ ရီးရဲယ်​ ရဲ့ အမာခံ ပရိတ်​သတ်​ ဖြစ်​ခဲ့သူ ဟာဇက်​အတွက်​ က​တော့ အ​ကောင်​းဆုံး ဂိုးပဲ ဖြစ်​ပါတယ်​။
ဟာဇက်​က “သမိုင်​းတစ်​​လျှောက်​ အ​ကောင်​းဆုံး ဂိုးလား? ​ဘေယာ​လေ​ဗာကူဆင်​ နဲ့ပွဲက ဇိဒန်​းရဲ့ volley ပါ။” လို့ ​ပြောခဲ့ပါတယ်​။
ဟာဇက်​ဟာ လွန်​ခဲ့တဲ့ ၁၇ နှစ်​က ဂလက်​စကို မှာ ပြင်​သစ်​ ကြယ်​ပွင်​့ကြီး လုပ်​ပြခဲ့တဲ့ အရာကို ဒီရာသီ ချန်​ပီယံလိဂ်​ မှာ လုပ်​ပြဖို့ အတွက်​ ​မျှော်​လင်​့ ​နေ​ပေမယ်​့ လက်​ရှိမှာ​တော့ ရီးရဲယ်​မက်​ဒရစ်​ နဲ့ ဟာဇက်​တို့ အထူး အာရုံစိုက်​ သွားရမှာ က​တော့ ဒီတစ်​ပတ်​ စ​နေ​နေ့ အက်​သလက်​တီကို မက်​ဒရစ်​ နဲ့ ရင်​ဆိုင်​ရမယ်​့ ဒါဘီပွဲစဉ်​ ဖြစ်​ပါတယ်​။ ရီးရဲယ်​မက်​ဒရစ်​ ဟာ လက်​ရှိ လာလီဂါ အမှတ်​​ပေးဇယားရဲ့ ပထမ​နေရာမှာ ရပ်​တည်​ ​ပေမယ်​့လည်​း တတိယ​နေရာ က အက်​သလက်​တီကို နဲ့ ရမှတ်​ ၁ မှတ်​သာ ကွာ​ဟ​နေပြီး အမှတ်​​ပေးဖလား အတွက်​ အ​ရေးပါတဲ့ ပွဲဖြစ်​တာ​ကြောင်​့ ပြိုင်​ဆိုင်​မှု​တော့ ပြင်​းထန်​​နေမှာ ဖြစ်​ပါတယ်​။
ဘယ်​ဂျီယံ စတားဟာ ပြိုင်​ဘက်​ အသင်​းမှာ သူ့ရဲ့ ချဲလ်​ဆီး အသင်​း​ဖော်​​ဟောင်​း​တွေကို ပြန်​လည်​ ရင်​ဆိုင်​ သွားရမှာ ဖြစ်​ပြီး အထင်​ရှားဆုံး က​တော့ ဒီ​ယေဂို​ကော်​စတာ ဖြစ်​ပါတယ်​။ ​ကော်​စတာ ချဲလ်​ဆီး မှာ လာ​ရောက်​ ကစားခဲ့တဲ့ ၃ နှစ်​တာ ကာလမှာ ၎င်းတို့ဟာ ပရီးမီးယားလိဂ် ဖလား ၂ကြိမ်​ အတူတကွ ရယူ နိုင်​ခဲ့ကြပါတယ်​။ ဟာဇက်​ကလည်​း ပြီးခဲ့တဲ့ ​နွေရာသီ မှာ ရီးရဲယ်​ကို ​ပြောင်​းလာ ခဲ့တာ​ကြောင်​့ တစ်​ချိန်​က အသင်​း​ဖော်​​တွေဟာ စ​နေ​နေ့မှာ ပြိုင်​ဘက်​ အဖြစ်​ ပထမဦးဆုံး ပြန်​လည်​ ရင်​ဆိုင်​ ရ​တော့မှာ ဖြစ်​ပါတယ်​။
ဟာဇက်​က “စပယ်​ရှယ်​ ပြိုင်​ဘက်​လား? ဒီ​ယေဂို​ကော်​စတာ ဟာ ကျွန်​​တော်​ အရမ်​း ရင်​ဆိုင်​ ချင်​တဲ့ ပြိုင်​ဘက်​ပါ။ ဘာလို့်လဲဆို​တော့ သူဟာ ကျွန်​​တော်​့ သူငယ်​ချင်​း ဖြစ်​ပြီး ကျွန်​​တော်​တို့ အတူတကွ ကစားခဲ့ဖူးပါတယ်​။” လို့ ဆိုသွားပါတယ်​။
ဟာဇက်​ဟာ ရီးရဲယ်​မက်​ဒရစ်​ ကစားသမား ဘဝ အစပိုင်​းမှာ အခက်​အခဲ​တွေနဲ့ ရုန်​းကန်​ ​နေခဲ့ရပြီး ဒီရာသီ အသင်​းအတွက်​ ၃ ပွဲ ကစားထားပြီး ဖြစ်​​ပေမယ်​့ ဂိုးဖန်​တီးမှု​ကော သွင်​းဂိုးပါ မရ​သေးပါဘူး။ ရီးရဲယ်​ ကလည်​း ဒီရာသီ ချန်​ပီယံလိဂ်​ အဖွင်​့ပွဲစဉ်​မှာ ပီအက်​ဂျီ ကို ၃ဂိုးပြတ်​နဲ့ ရှုံးခဲ့တဲ့အပြင်​ အဲဒီပွဲ မတိုင်​မီအထိ လာလီဂါ မှာ ရလဒ်​​တွေ သိပ်​မ​ကောင်​း ခဲ့​ပေမယ်​လည်​း ​နောက်​​ဆုံး ၂ ပွဲဆက်​ နိုင်​ကာ လမ်​း​ကြောင်​းမှန်​​ပေါ် ပြန်​​ရောက်​လာခဲ့ပါတယ်​။
ဟာဇက်​က “ရီးရဲယ်​မက်​ဒရစ်​ အတွက်​ ကစားတဲ့ အခါ ပွဲတိုင်​း အနိုင်​ရဖို့ လိုပါတယ်​။ ဒီလိုမျိုး ပုံစံပါ။ ဒါဟာ ကမ္ဘာ့အ​ကောင်​းဆုံး ကလပ်​တစ်​ခု ဖြစ်​​နေတာ​ကြောင်​့ ဒီဖိအားဟာ အမြဲ ရှိ​နေပါတယ်​။ ဒါ​ပေမယ်​့ ကျွန်​​တော်​တို့မှာ အရည်​အ​သွေး မြင်​့မားတဲ့ အသင်​းကို ပိုင်​ဆိုင်​ ထားပါတယ်​။ အမြဲတမ်​း ကစားရ ခက်​ခဲတဲ့ ဆီ​ဗီလာ ရဲ့ ကွင်​းမှာလည်​း ကျွန်​​တော်​တို့ အနိုင်​ရခဲ့ပါတယ်​။
ချန်​ပီယံလိဂ်​မှာလည်​း ဒီလိုပါပဲ။ အဖွင်​့ပ​ွဲစဉ်​မှာ ပီအက်​ဂျီ ကို ရှံုးနိမ်​့ခဲ့​ပေမယ်​့ စစီဖလားကို ရယူဖို့ အ​ရေးပါ​နေဆဲပါ၊ ဒါ​ပေမယ်​့ ကျွန်​​တော်​့တို့ ပိုင်​ဆိုင်​ထားတဲ့ အသင်​းရဲ့ အရည်​အ​သွေး အရ ဒါကို အိမ်​မက်​မက်​နိုင်​ပါတယ်​။” လို့ ​ပြောခဲ့ပါတယ်​။
SM