solsjaker

မန္ခ်က္စတာ ယူနုိက္တက္ အသင္း ဟာ မေန့ က ကာရာေဘာင္း ဖလား Round 3 ပြဲစဥ္ အျဖစ္ လိဂ္ဝမ္း ကလပ္ ေရာ့ခ်္ေဒလ္ အသင္း နဲ့ ကစား ခဲ့ ရျပီး ပြဲခ်ိန္ မိနစ္ 90 အတြင္း တစ္ဖက္ တစ္ဂိုး စီ သေရ ရလဒ္ ထြက္ေပၚ တာေၾကာင့္ ပင္နယ္တီ အဆံုး အျဖတ္ ခံယူ ခဲ့ရ ပါတယ္ ။

အဆုိပါ ပင္နယ္တီ အဆံုးအျဖတ္ ကန္ခ်ိန္ မွာေတာ့ ယူနုိက္တက္ နံပါတ္ တစ္ ဂိုး သမား ျဖစ္သူ ဆာဂ်ီယုိ ရုိမဲရိုး က အသင္း အတြက္ ပင္နယ္တီ တစ္ၾကိမ္ ကာကြယ္ ခဲ့ သလို ယူနိုက္တက္ အသင္းသား ေတြလည္း ပင္နယ္တီ 5 ၾကိမ္လံုး ကို ဂိုး အျဖစ္ ေျပာင္းလဲ နုိင္ခဲ့ ၾကတာ ေၾကာင့္ 5 – 3 ဆုိတဲ့ ရလဒ္ နဲ့ ေနာက္ တစ္ဆင့္ တက္ေရာက္ နုိင္ခဲ့ ၾက ပါတယ္ ။

အဆုိပါ ပြဲစဥ္ အျပီး မွာေတာ့ ယူနုိက္တက္ ပရိသတ္ ေတြ အတြက္ အထူး ေျပာစရာ ျဖစ္ ခဲ့တဲ့ အရာ ေတြက အသင္း ရဲ့ တုိးတက္ မလာ တဲ့ စြမ္းေဆာင္ရည္ ၊ တုိက္စစ္ ကစားသမား ေတြရဲ့ အဆံုးအသတ္ ညံ့ဖ်င္း မွဳေတြ အေၾကာင္း ပဲ ျဖစ္ ပါတယ္ ။

ဒါေပမယ့္ ပြဲစဥ္ မတုိင္မီ ျဖစ္ေပၚ ခဲ့တဲ့ ေဝဖန္ မွဳ ကေတာ့ အခု ရာသီ မွ အသင္း ဆီ ေရာက္ရွိ လာတဲ့ အကယ္ဒမီ ထြက္ လူငယ္ ကစားသမား ေလးကို နည္းျပ ဆုိးလ္ရွား မွ ဒီ ပြဲစဥ္ အတြက္ အသင္း ေခါင္းေဆာင္ လက္ပတ္ ေပးအပ္ ခဲ့ျခင္း အေၾကာင္း ပဲ ျဖစ္ပါတယ္ ။

အထူးသျဖင့္ အဆုိပါ ပြဲစဥ္ အတြင္း ယူနုိက္တက္ အသင္း ရဲ့ စီနီယာ ကစားသမား ေတြ ျဖစ္ၾက တဲ့ ဆာဂ်ီယို ရိုမဲရိုး ၊ ေပါလ္ ေပါ့ဂ္ဘာ ၊ ဖီးလ္ ဂ်ံဳးစ္ ၊ ဂ်က္ဆီ လင္ဂတ္ နဲ့ မားကုိ့စ္ ရိုဟို တုိ့ဟာ ပြဲထြက္ ကစားသမား အျဖစ္ ပါဝင္ ခဲ့ၾက တဲ့ အတြက္ သူတုိ့ ထဲက တစ္ဦးဦး ( အထူး သျဖင့္ ေပါ့ဂ္ဘာ ) အသင္း ေခါင္းေဆာင္ အျဖစ္ ပါဝင္ ရ လိမ့္မယ္ လို့ ပရိသတ္ ေတြ တြက္ဆ ခဲ့ၾက ပါတယ္ ။

အခုေတာ့ မန္ခ်က္စတာ ယူနုိက္တက္ အသင္း ရဲ့ နည္းျပ ျဖစ္သူ အုိလီ ဂန္နား ဆုိးလ္ရွား က ေပါဂ္ဘာ ၊ ရိုမဲရိုး တုိ့ကို ေက်ာ္ျပီး အေတြ့ အၾကံဳ နည္းပါး တဲ့ တြမ္ဇီဘီ ကို ဘာေၾကာင့္ အသင္း ေခါင္းေဆာင္ လက္ပတ္ ေပးခဲ့ ရလဲ ဆုိတာ ဖြင့္ဟ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

” ေအဇဲလ္ ( တြမ္ဇီဘီ ) ဟာ အသိအမွတ္ ျပဳသင့္ ျပဳထုိက္ တဲ့ ေခါင္းေဆာင္ တစ္ေယာက္ ပါ ။ သူဟာ ဦးေဆာင္ နုိင္သူ တစ္ဦး ပါပဲ ။ ဒါ့ေၾကာင့္ လူငယ္ ကစားသမား ေလးကို ဘာ့ေၾကာင့္ အခြင့္ အေရး မေပးနုိင္ ႐မွာလဲ ? ”

” က်ြန္ေတာ္ တုိ့ ဒီ လက္ပတ္ ကို ဆာဂ်ီယုိ ( ရိုမဲရိုး ) ဆီ ေပးနိုင္ သလို ေပါလ္ ( ေပါ့ဂ္ဘာ ) ကုိလည္း ေပးလို့ ရတယ္ ဆုိတာ သိရွိ ထားၾက ပါတယ္ ။ ဒါဟာ ျပသနာ မဟုတ္ ပါဘူး ။ သူတုိ႔ ေတြက ဟို အရင္ တုန္းက လည္း အသင္း ေခါင္းေဆာင္ ျဖစ္ခဲ့ ဖူးၾက တယ္ေလ ”

” ဒါေပမယ့္ ဒီေန့ ကေတာ့ ေအဇဲလ္ အတြက္ ပါ ။ သူ ဒါကို ဘယ္လို ကိုင္တြယ္ မလဲ ေပါ့ ။ သူဟာ တစ္ကယ့္ ကို အဆင္ ေျပခဲ့ ပါတယ္ ။ သူဟာ ေခါင္းေဆာင္ လက္ပတ္ ပတ္ခဲ့ ရတာ ကို ေပ်ာ္ရႊင္ ခံစား နုိင္ခဲ့တယ္ ”

tuanzabe

” အခုလို ေခါင္းေဆာင္ လက္ပတ္ ေပးရျခင္း ရဲ့ ေနာက္ထပ္ ရည္ရြယ္ခ်က္ တစ္ခု က က်ြန္ေတာ္ တုိ့ သူ့ အေပၚ ယံုၾကည္ မွဳ ရွိတယ္ ဆုိတာ ျပသ လိုက္ျခင္း ပါပဲ ” လို့ ဆုိးလ္ရွား က ပရိသတ္ ေတြ သိလို ၾကတဲ့ အေၾကာင္း အရာ ကို ရွင္းလင္း ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

ယူနုိက္တက္ ဟာ လာမယ့္ ရက္ သတၱပါတ္ အဂၤါ ေန့ နံနက္ မွာ ပရီးမီးယား လိဂ္ ပြဲစဥ္ 7 အျဖစ္ အာဆင္နယ္ အသင္း နဲ့ ရင္ဆုိင္ ကစား ရဖုိ့ ရွိေန ျပီး ေနာက္ တစ္ပါတ္ ၾကာသပေတး နံနက္ မွာေတာ့ ယူရို ပါလိဂ္ ရဲ့ အုပ္စု ဒုတိယ ပြဲစဥ္ အျဖစ္ AZ အယ္လ္ခမာ အသင္း နဲ့ ရင္ဆုိင္ ကစား ရဖုိ႔ ရွိေန ပါတယ္ ။

အဲ့တာ ျပီးရင္ ေတာ့ တနဂၤေႏြ ည 10:00 အခ်ိန္ မွာ ပရီးမီးယား လိဂ္ ပြဲစဥ္ 8 အျဖစ္ နယူးကာဆယ္ အသင္း နဲ့ ဆက္လက္ ရင္ဆုိင္ ရဖုိ႔ ရွိ ေနတာ ေၾကာင့္ 6 ရက္ အတြင္း သံုးပြဲ အထိ ကစား သြား ရဖုိ႔ ရွိေန ပါတယ္ ။

#Sports_Myanmar

Unicode

ပေါ့ဂ်ဘာ ၊ ရိုမဲရိုး တို့ကို ဘာကြောင့် အသင်း ခေါင်းဆောင် လက်ပတ် မပေးခဲ့သလဲ ဆိုတာ ဖွင့်ဟလိုက်တဲ့ #ဆိုးလ်ရှား

==============

မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ မနေ့ က ကာရာဘောင်း ဖလား Round 3 ပွဲစဉ် အဖြစ် လိဂ်ဝမ်း ကလပ် ရော့ချ်ဒေလ် အသင်း နဲ့ ကစား ခဲ့ ရပြီး ပွဲချိန် မိနစ် 90 အတွင်း တစ်ဖက် တစ်ဂိုး စီ သရေ ရလဒ် ထွက်ပေါ် တာကြောင့် ပင်နယ်တီ အဆုံး အဖြတ် ခံယူ ခဲ့ရ ပါတယ် ။

အဆိုပါ ပင်နယ်တီ အဆုံးအဖြတ် ကန်ချိန် မှာတော့ ယူနိုက်တက် နံပါတ် တစ် ဂိုး သမား ဖြစ်သူ ဆာဂျီယို ရိုမဲရိုး က အသင်း အတွက် ပင်နယ်တီ တစ်ကြိမ် ကာကွယ် ခဲ့ သလို ယူနိုက်တက် အသင်းသား တွေလည်း ပင်နယ်တီ 5 ကြိမ်လုံး ကို ဂိုး အဖြစ် ပြောင်းလဲ နိုင်ခဲ့ ကြတာ ကြောင့် 5 – 3 ဆိုတဲ့ ရလဒ် နဲ့ နောက် တစ်ဆင့် တက်ရောက် နိုင်ခဲ့ ကြ ပါတယ် ။

အဆိုပါ ပွဲစဉ် အပြီး မှာတော့ ယူနိုက်တက် ပရိသတ် တွေ အတွက် အထူး ပြောစရာ ဖြစ် ခဲ့တဲ့ အရာ တွေက အသင်း ရဲ့ တိုးတက် မလာ တဲ့ စွမ်းဆောင်ရည် ၊ တိုက်စစ် ကစားသမား တွေရဲ့ အဆုံးအသတ် ညံ့ဖျင်း မှုတွေ အကြောင်း ပဲ ဖြစ် ပါတယ် ။

ဒါပေမယ့် ပွဲစဉ် မတိုင်မီ ဖြစ်ပေါ် ခဲ့တဲ့ ဝေဖန် မှု ကတော့ အခု ရာသီ မှ အသင်း ဆီ ရောက်ရှိ လာတဲ့ အကယ်ဒမီ ထွက် လူငယ် ကစားသမား လေးကို နည်းပြ ဆိုးလ်ရှား မှ ဒီ ပွဲစဉ် အတွက် အသင်း ခေါင်းဆောင် လက်ပတ် ပေးအပ် ခဲ့ခြင်း အကြောင်း ပဲ ဖြစ်ပါတယ် ။

အထူးသဖြင့် အဆိုပါ ပွဲစဉ် အတွင်း ယူနိုက်တက် အသင်း ရဲ့ စီနီယာ ကစားသမား တွေ ဖြစ်ကြ တဲ့ ဆာဂျီယို ရိုမဲရိုး ၊ ပေါလ် ပေါ့ဂ်ဘာ ၊ ဖီးလ် ဂျုံးစ် ၊ ဂျက်ဆီ လင်ဂတ် နဲ့ မားကို့စ် ရိုဟို တို့ဟာ ပွဲထွက် ကစားသမား အဖြစ် ပါဝင် ခဲ့ကြ တဲ့ အတွက် သူတို့ ထဲက တစ်ဦးဦး ( အထူး သဖြင့် ပေါ့ဂ်ဘာ ) အသင်း ခေါင်းဆောင် အဖြစ် ပါဝင် ရ လိမ့်မယ် လို့ ပရိသတ် တွေ တွက်ဆ ခဲ့ကြ ပါတယ် ။

အခုတော့ မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ နည်းပြ ဖြစ်သူ အိုလီ ဂန်နား ဆိုးလ်ရှား က ပေါဂ်ဘာ ၊ ရိုမဲရိုး တို့ကို ကျော်ပြီး အတွေ့ အကြံု နည်းပါး တဲ့ တွမ်ဇီဘီ ကို ဘာကြောင့် အသင်း ခေါင်းဆောင် လက်ပတ် ပေးခဲ့ ရလဲ ဆိုတာ ဖွင့်ဟ ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” အေဇဲလ် ( တွမ်ဇီဘီ ) ဟာ အသိအမှတ် ပြုသင့် ပြုထိုက် တဲ့ ခေါင်းဆောင် တစ်ယောက် ပါ ။ သူဟာ ဦးဆောင် နိုင်သူ တစ်ဦး ပါပဲ ။ ဒါ့ကြောင့် လူငယ် ကစားသမား လေးကို ဘာ့ကြောင့် အခွင့် အရေး မပေးနိုင် ရမှာလဲ ? ”

” ကျွန်တော် တို့ ဒီ လက်ပတ် ကို ဆာဂျီယို ( ရိုမဲရိုး ) ဆီ ပေးနိုင် သလို ပေါလ် ( ပေါ့ဂ်ဘာ ) ကိုလည်း ပေးလို့ ရတယ် ဆိုတာ သိရှိ ထားကြ ပါတယ် ။ ဒါဟာ ပြသနာ မဟုတ် ပါဘူး ။ သူတို့ တွေက ဟို အရင် တုန်းက လည်း အသင်း ခေါင်းဆောင် ဖြစ်ခဲ့ ဖူးကြ တယ်လေ ”

” ဒါပေမယ့် ဒီနေ့ ကတော့ အေဇဲလ် အတွက် ပါ ။ သူ ဒါကို ဘယ်လို ကိုင်တွယ် မလဲ ပေါ့ ။ သူဟာ တစ်ကယ့် ကို အဆင် ပြေခဲ့ ပါတယ် ။ သူဟာ ခေါင်းဆောင် လက်ပတ် ပတ်ခဲ့ ရတာ ကို ပျော်ရွှင် ခံစား နိုင်ခဲ့တယ် ”

” အခုလို ခေါင်းဆောင် လက်ပတ် ပေးရခြင်း ရဲ့ နောက်ထပ် ရည်ရွယ်ချက် တစ်ခု က ကျွန်တော် တို့ သူ့ အပေါ် ယုံကြည် မှု ရှိတယ် ဆိုတာ ပြသ လိုက်ခြင်း ပါပဲ ” လို့ ဆိုးလ်ရှား က ပရိသတ် တွေ သိလို ကြတဲ့ အကြောင်း အရာ ကို ရှင်းလင်း ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ယူနိုက်တက် ဟာ လာမယ့် ရက် သတ္တပါတ် အင်္ဂါ နေ့ နံနက် မှာ ပရီးမီးယား လိဂ် ပွဲစဉ် 7 အဖြစ် အာဆင်နယ် အသင်း နဲ့ ရင်ဆိုင် ကစား ရဖို့ ရှိနေ ပြီး နောက် တစ်ပါတ် ကြာသပတေး နံနက် မှာတော့ ယူရို ပါလိဂ် ရဲ့ အုပ်စု ဒုတိယ ပွဲစဉ် အဖြစ် AZ အယ်လ်ခမာ အသင်း နဲ့ ရင်ဆိုင် ကစား ရဖို့ ရှိနေ ပါတယ် ။

အဲ့တာ ပြီးရင် တော့ တနင်္ဂနွေ ည 10:00 အချိန် မှာ ပရီးမီးယား လိဂ် ပွဲစဉ် 8 အဖြစ် နယူးကာဆယ် အသင်း နဲ့ ဆက်လက် ရင်ဆိုင် ရဖို့ ရှိ နေတာ ကြောင့် 6 ရက် အတွင်း သုံးပွဲ အထိ ကစား သွား ရဖို့ ရှိနေ ပါတယ် ။

#Sports_Myanmar