လီဗာပူး ေနာက္ခံလူေဟာင္း စတီဖန္ ဝါးေနာ့ ဟာ အာဆင္နယ္ အသင္းရဲ့ ဘရာဇီး လူငယ္ ၾကယ္ပြင့္ မာတီနယ္လီ ကို ဂ်ဴဗင္တပ္စ္ အသင္းရဲ့ တိုက္စစ္မွူး ခရစၥတီယာနို ရိုနယ္ဒို နဲ႔ ႏွိုင္းယွဥ္ ခ်ီးက်ဴး သြားခဲ့ပါတယ္ ။

Martinelli

ၿပီးခဲ့တဲ့ ေႏြရာသီ အေျပာင္းအေရႊ႕ကာလကမွ ဘရာဇီး ကလပ္ အီတူယာနို အသင္းကေန အာဆင္နယ္ အသင္းကို ေရာက္ရွိ လာတဲ့ မာတီနယ္လီ ဟာ လြန္ခဲ့တဲ့ ရက္ပိုင္း အတြင္းက ကစားခဲ့တဲ့ ေနာ္တင္ဟမ္ေဖာရက္စ္ အသင္း နဲ႔ ကာရာေဘာင္း ဖလား တတိယ အဆင့္မွာ ပြဲထြက္ကစားၿပီး သြင္းဂိုး ႏွစ္ဂိုး ရယူနိုင္ခဲ့ပါတယ္ ။

ဘရာဇီး လူငယ္ တိုက္စစ္မွူး မာတီနယ္လီ ဟာ အာဆင္နယ္ အသင္းအတြက္ ဒီရာသီမွာ ပထမဆုံး ပြဲထြက္ ကစားခြင့္ ရတဲ့ ပြဲမွာတင္ ( ေျခစမ္းပြဲမပါ ) ေခါင္းတိုက္ဂိုး တစ္ဂိုး ၊ အေဝးကန္ခ်က္ တစ္ဂိုး နဲ႔ သြင္းဂိုး ႏွစ္ဂိုး ရယူ နိုင္ခဲ့ၿပီး အဖြင့္လွ သြားခဲ့တာလည္း ျဖစ္ပါတယ္ ။

လီဗာပူး ေနာက္ခံလူေဟာင္း စတီဖင္ ဝါးေနာ့ က ေနာ္တင္ဟမ္ ေဖာရက္စ္ အသင္း နဲ႔ ပြဲက မာတီနယ္လီ သြင္းယူ ခဲ့တဲ့ ဒုတိယ သြင္းဂိုး ဟာ ဂ်ဴဗင္တပ္ တိုက္စစ္မွူး ရိုနယ္ဒို ကန္သြင္းေနက် ပုံစံမ်ိဳး ျဖစ္ေၾကာင္း နဲ႔ ပရိသတ္ေတြကို အံအားသင့္ေအာင္ လုပ္နိုင္ခဲ့တဲ့ ကန္ခ်က္ ျဖစ္ေၾကာင္း ခ်ီးက်ဴး ေျပာၾကား သြားခဲ့ပါတယ္ ။

Martinelli

စတီဖင္ ဝါးေနာ့ က ” ဦးေဆာင္ဂိုး က ခ်ိန္ဘာ ရဲ့ လွပတဲ့ ေပးပို႔မွု ပါပဲ ။ အဲ့ေန႔ပြဲတုန္းက ခ်ိန္ဘာက ဂိုးဖန္တီးမွု သုံးႀကိမ္ လုပ္ၿပီး အံဩစရာ စြမ္းေဆာင္ရည္ကို ျပသခဲ့ပါတယ္ ။ ဒါေပမယ့္ မာတီနယ္လီ ကလည္း တိုက္စစ္မွူးေကာင္း တစ္ဦးရဲ့အဆုံးသတ္ စြမ္းရည္ဆိုတာ ဘာလဲဆိုတာ ျပသနိုင္ခဲ့ပါတယ္ ။ ”

” သူ႔(မာတီနယ္လီ) ရဲ့ ဒုတိယ သြင္းဂိုးကေတာ့ အမ္းမရိတ္ ကြင္းထဲက ပရိသတ္ေတြ အားလုံးကို လွုပ္လွုပ္ရြရြ ျဖစ္သြားေအာင္ လုပ္နိုင္ခဲ့တဲ့ ကန္ခ်က္ပါပဲ ။ တကယ့္ကို ေမွာ္ဆန္တဲ့ အခိုက္အတန႔္ ပါပဲ ၊ ရိုနယ္ဒို ကန္ၿပ ေနက် ကန္ခ်က္ကို ျမင္ေတြ႕ လိုက္ရသလို ပါပဲဗ်ာ ။ ” လို႔ ခ်ီးက်ဴ သြားခဲ့ပါတယ္ ။

ဆက္လက္ၿပီး ဝါးေနာ့ အဓိက ကစားသမားေတြ ဒဏ္ရာကေန ျပန္လည္ သက္သာလာတာဟာ အာဆင္နယ္ အသင္း အတြက္ အလားအလာေကာင္း တစ္ရပ္ ျဖစ္ေၾကာင္း ထပ္ေလာင္း ေျပာၾကား သြားခဲ့ပါတယ္ ။

ေနာ္တင္ဟမ္ ေဖာရက္စ္ အသင္းကို ငါးဂိုးျပတ္ အနိုင္ရခဲ့တဲ့ အာဆင္နယ္ အသင္းဟာ ကာရာေဘာင္းဖလား စတုတၱ အဆင့္အျဖစ္ အန္ဖီးလ္ကြင္းမွာ လီဗာပူး အသင္း နဲ႔ ယွဥ္ၿပိဳင္ ကစားရမွာ ျဖစ္ပါတယ္ ။ အာဆင္နယ္ နဲ႔ လီဗာပူး အသင္းဟာ လိဂ္ဖလား ၿပိဳင္ပြဲမွာ ၁၅ ႀကိမ္ေျမာက္ ထိပ္တိုက္ေတြ႕ဆုံၾကတာလည္း ျဖစ္ပါတယ္ ။

SPORTS MYANMAR

Unicode

အာဆင်နယ် လူငယ် ကြယ်ပွင့် တစ်ဦးကို ရိုနယ်ဒို နုဲ့ နှိုင်းယှဉ် ချီးကျူးလိုက်တဲ့ လီဗာပူး ကစားသမားဟောင်း ဝါးနော့
==================================

လီဗာပူး နောက်ခံလူဟောင်း စတီဖန် ဝါးနော့ ဟာ အာဆင်နယ် အသင်းရဲ့ ဘရာဇီး လူငယ် ကြယ်ပွင့် မာတီနယ်လီ ကို ဂျူဗင်တပ်စ် အသင်းရဲ့ တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒို နဲ့ နှိုင်းယှဉ် ချီးကျူး သွားခဲ့ပါတယ် ။

ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကာလကမှ ဘရာဇီး ကလပ် အီတူယာနို အသင်းကနေ အာဆင်နယ် အသင်းကို ရောက်ရှိ လာတဲ့ မာတီနယ်လီ ဟာ လွန်ခဲ့တဲ့ ရက်ပိုင်း အတွင်းက ကစားခဲ့တဲ့ နော်တင်ဟမ်ဖောရက်စ် အသင်း နဲ့ ကာရာဘောင်း ဖလား တတိယ အဆင့်မှာ ပွဲထွက်ကစားပြီး သွင်းဂိုး နှစ်ဂိုး ရယူနိုင်ခဲ့ပါတယ် ။

ဘရာဇီး လူငယ် တိုက်စစ်မှူး မာတီနယ်လီ ဟာ အာဆင်နယ် အသင်းအတွက် ဒီရာသီမှာ ပထမဆုံး ပွဲထွက် ကစားခွင့် ရတဲ့ ပွဲမှာတင် ( ခြေစမ်းပွဲမပါ ) ခေါင်းတိုက်ဂိုး တစ်ဂိုး ၊ အဝေးကန်ချက် တစ်ဂိုး နဲ့ သွင်းဂိုး နှစ်ဂိုး ရယူ နိုင်ခဲ့ပြီး အဖွင့်လှ သွားခဲ့တာလည်း ဖြစ်ပါတယ် ။

လီဗာပူး နောက်ခံလူဟောင်း စတီဖင် ဝါးနော့ က နော်တင်ဟမ် ဖောရက်စ် အသင်း နဲ့ ပွဲက မာတီနယ်လီ သွင်းယူ ခဲ့တဲ့ ဒုတိယ သွင်းဂိုး ဟာ ဂျူဗင်တပ် တိုက်စစ်မှူး ရိုနယ်ဒို ကန်သွင်းနေကျ ပုံစံမျိုး ဖြစ်ကြောင်း နဲ့ ပရိသတ်တွေကို အံအားသင့်အောင် လုပ်နိုင်ခဲ့တဲ့ ကန်ချက် ဖြစ်ကြောင်း ချီးကျူး ပြောကြား သွားခဲ့ပါတယ် ။

စတီဖင် ဝါးနော့ က ” ဦးဆောင်ဂိုး က ချိန်ဘာ ရဲ့ လှပတဲ့ ပေးပို့မှု ပါပဲ ။ အဲ့နေ့ပွဲတုန်းက ချိန်ဘာက ဂိုးဖန်တီးမှု သုံးကြိမ် လုပ်ပြီး အံဩစရာ စွမ်းဆောင်ရည်ကို ပြသခဲ့ပါတယ် ။ ဒါပေမယ့် မာတီနယ်လီ ကလည်း တိုက်စစ်မှူးကောင်း တစ်ဦးရဲ့အဆုံးသတ် စွမ်းရည်ဆိုတာ ဘာလဲဆိုတာ ပြသနိုင်ခဲ့ပါတယ် ။ ”

” သူ့(မာတီနယ်လီ) ရဲ့ ဒုတိယ သွင်းဂိုးကတော့ အမ်းမရိတ် ကွင်းထဲက ပရိသတ်တွေ အားလုံးကို လှုပ်လှုပ်ရွရွ ဖြစ်သွားအောင် လုပ်နိုင်ခဲ့တဲ့ ကန်ချက်ပါပဲ ။ တကယ့်ကို မှော်ဆန်တဲ့ အခိုက်အတန့် ပါပဲ ၊ ရိုနယ်ဒို ကန်ပြ နေကျ ကန်ချက်ကို မြင်တွေ့ လိုက်ရသလို ပါပဲဗျာ ။ ” လို့ ချီးကျူ သွားခဲ့ပါတယ် ။

ဆက်လက်ပြီး ဝါးနော့ အဓိက ကစားသမားတွေ ဒဏ်ရာကနေ ပြန်လည် သက်သာလာတာဟာ အာဆင်နယ် အသင်း အတွက် အလားအလာကောင်း တစ်ရပ် ဖြစ်ကြောင်း ထပ်လောင်း ပြောကြား သွားခဲ့ပါတယ် ။

နော်တင်ဟမ် ဖောရက်စ် အသင်းကို ငါးဂိုးပြတ် အနိုင်ရခဲ့တဲ့ အာဆင်နယ် အသင်းဟာ ကာရာဘောင်းဖလား စတုတ္တ အဆင့်အဖြစ် အန်ဖီးလ်ကွင်းမှာ လီဗာပူး အသင်း နဲ့ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ် ။ အာဆင်နယ် နဲ့ လီဗာပူး အသင်းဟာ လိဂ်ဖလား ပြိုင်ပွဲမှာ ၁၅ ကြိမ်မြောက် ထိပ်တိုက်တွေ့ဆုံကြတာလည်း ဖြစ်ပါတယ် ။

SPORTS MYANMAR