Drake ဆုိတာ ကေတာ့ ကေနဒီးယန္း ႏြယ္ဖြား နာမည္ေက်ာ္ ရက္ပါ အဆုိေတာ္ တစ္ဦး ပါ ။ Drake ဟာ ရက္ပါ တစ္ဦး အျဖစ္ ထင္ရွား ေက်ာ္ၾကား တဲ့ အျပင္ ခုေနာက္ပိုင္း ႏွစ္ေတြမွာ သူ အားေပးတဲ့ အသင္း ၊ ထိပ္ထိပ္ၾကဲ ကလပ္ မွ ကစားသမား ေတြဟာ ရႈံးပြဲေတြ ၾကံဳေတြ႕ ရေလ့ ရွိတာေၾကာင့္ သူဟာ ေဘာလံုး အား ကစား ရဲ့ ဘူေကာင္ တစ္ဦး အျဖစ္ လည္း ထင္ရွားလာ ပါျပီ ။

ထုိ့အတူ အခုေတာ့ ဥေရာပ အားကစား ရပ္ဝန္း မွာ ‘ Drake Curse ‘ ဆုိတာ အေတာ္ေလး နာမည္ ၾကီးေနျပီး သူနဲ႔ ဓါတ္ပုံ တဲြ ရုိက္တဲ့ ကစားသမား ေတြရဲ႕ အသင္း ေတြဟာ တုိက္တုိက္ဆုိင္ဆုိင္ပဲ ရႈံးပြဲ ေတြ ၾကံဳ ေတြ႕ ခဲ့ ရ ပါ တယ္ ။ အခုေတာ့ Drake ေၾကာင့္ ေနာက္ဆုံး ကံဆုိး သြားရ ရွာသူ တစ္ဦး ကေတာ့ ပီအက္စ္ဂ်ီ အသင္း ေနာက္္ခံလူ ေလဗင္ ကာဇာဝါ ပါ ။

ျပီးခဲ့တဲ့ ေသာၾကာေန႔က ကာဇာဝါ ဟာ ဒရိတ္ နဲ႔ အတူ ဓါတ္ပုံ အတူ တြဲရုိက္ခဲ့ျပီး အဆုိပါ ဓါတ္ပုံကုိ သူ႔ရဲ႕ အင္စတာဂရမ္ အေကာင့္မွာ တင္ခဲ့တာေၾကာင့္ ‘ Drake Curse ‘ မ်ား ထပ္ျဖစ္မလားလုိ႔ ပရိသတ္ေတြ စုိးရိမ္ ခဲ့ၾကပါ ေသးတယ္ ။ အခုေတာ့ ပရိသတ္ေတြ စုိးရိမ္တဲ့ အတုိင္း အမွန္တကယ္ ျဖစ္လာခဲ့ျပီး မေန႔ညက ကစားခဲ့တဲ့ ပြဲမွာ ပီအက္စ္ဂ်ီ အသင္းဟာ လုိင္လီ အသင္းကုိ ငါးဂုိး တစ္ဂုိးနဲ႔ ဂိုးျပတ္ ပါ ရႈံးနိမ့္ သြားခဲ့ ရပါတယ္ ။

ဒါဟာ ပီအက္စ္ဂ်ီ အသင္းအတြက္ ျပီးခဲ့တဲ့ ၁၉ ႏွစ္တာ ကာလ အတြင္းမွာ ပထမဆံုး အၾကိမ္ အျဖစ္ အဆုိးရြားဆုံး ဂုိးျပတ္ ရႈံးပြဲနဲ႔ ၾကံဳေတြ႕ သြားခဲ့တာလည္း ျဖစ္ပါတယ္ ။ ဒရိတ္ဟာ အရင္တုန္းကလည္း နာမည္ၾကီး ေဘာလုံး ကစားသမားေတြနဲ႔ ဓါတ္ပုံ တြဲရုိက္ခဲ့ျပီး အဆုိပါ ကစားသမား ေတြရဲ့ အသင္း ေတြဟာ လည္း မထင္မွတ္ပဲ အရႈံးရလဒ္ ေတြနဲ႔ ရင္ဆုိင္ ခဲ့ရ ပါေသးတယ္ ။

ဧျပီလ ၂ ရက္ေန႔တုန္း ကလည္း ဒရိတ္ ဟာ အာဆင္နယ္ အသင္း အက်ီၤကုိ ကုိင္ေဆာင္ကာ တုိက္စစ္မွဴး အူဘာမီယန္း နဲ႔ ဓါတ္ပုံ အတူ တြဲရုိက္ခဲ့ပါတယ္ ။ တုိက္ဆုိင္စြာနဲ႔ပဲ ေနာက္ငါးရက္ အၾကာမွာ အာဆင္နယ္ အသင္းဟာ အေဝးကြင္းမွာ အဲဗာတန္ အသင္းကုိ ရႈံး နိမ့္ သြား ခဲ့ ပါ တယ္ ။

အဲ့ဒီေနာက္ ‘ Drake Curse ‘ ရဲ့ ဒဏ္ကို ခံစား လိုက္ရတဲ့ ေနာက္ထပ္ နာမည္ၾကီး ေဘာလုံးသမား တစ္ဦးကေတာ့ မန္ခ်က္စတာ ယူနုိက္တက္ အသင္းရဲ႕ အဓိက ကြင္းလယ္လူ ေပါ့ဘာ ပါပဲ ။ ေပါ့ဘာ ၊ လင္ဂတ္ ၊ ရက္ရွ္ဖုိဒ့္တုိ႔ ဟာ မတ္ လ ၁၁ ရက္ေန႔ မန္ခ်က္စတာ အရီနာ မွာ က်င္းပ ျပဳလုပ္ခဲ့တဲ့ ဒရိတ္ ရဲ႕ ေတးဂီတ ေဖ်ာ္ေျဖပဲြတုိ႕ကုိ တက္ေရာက္ခဲ့ၾကပါတယ္ ။

ေပါ့ဘာ ဟာ ဒရိတ္ နဲ႔ အတူ ဓါတ္ပုံ တြဲရုိက္ခဲ့ျပီး ေနာက္ေျခာက္ရက္ အၾကာ ဝုလ္ဗာဟမ္တန္ အသင္း နဲ႔ အက္ဖ္ေအ ဖလား ကြာတားဖုိင္နယ္ ပြဲမွာ ပြဲခ်ိန္ျပည့္ ပါဝင္ ကစားခြင့္ ရခဲ့ပါတယ္ ။ တုိက္ဆုိင္စြာနဲ႔ပဲ မန္ခ်က္စတာ ယူနုိက္တက္ အသင္းဟာ ဝုလ္ဗာဟမ္တန္ အသင္းကုိ ရႈံးနိမ့္ကာ အက္ဖ္ေအဖလား ျပိဳင္ပြဲကေန ပါ ထြက္ခြာ သြားခဲ့ရပါတယ္ ။

ဒါ့အျပင္ ဒရိတ္ ဟာ ခ်န္ပီယံလိဂ္ ကြာတားဖုိင္နယ္ ပြဲစဥ္ မတုိင္မွီ အေဂြးရုိး နဲ႔ အတူ ဓါတ္ပုံ တဲြရုိက္ခဲ့ျပီး မန္စီးတီး အသင္းဟာလည္း ေတာ့တင္ဟမ္ အသင္းကုိ တစ္ဂုိး ဂုိးမရွိနဲ႔ ရႈံးနိမ့္ သြားခဲ့ပါတယ္ ။ အဆုိပါ ပဲြစဥ္ မွာ ပိုျပီး ဆုိးရြား သြား ခဲ့တဲ့ အရာ တစ္ခု က Drake နဲ့ ဓါတ္ပံု တြဲရိုက္ ခဲ့တဲ့ အဂူရို ရရွိ ခဲ့တဲ့ ပင္နယ္တီ အခြင့္အေရး ကို လြဲေခ်ာ္ သြား ခဲ့ျခင္း ပါပဲ ။ ဒါဟာ အေဝးဂိုး အလို ရွိေန ခဲ့တဲ့ မန္စီးတီး အတြက္ ၾကီးမားတဲ့ ထိုးႏွက္ခ်က္ တစ္ခု ျဖစ္ခဲ့ ရ ပါတယ္ ။

ဘြန္ဒက္စ္လီဂါ ခ်န္ပီယံဆု အတြက္ အေရးပါ လွတဲ့ ပြဲ ျဖစ္တဲ့ ဘုိင္ယန္ျမဴးနစ္ အသင္း နဲ႔ ေဒါ့မြန္ အသင္းပြဲမတုိင္မွီ သုံးပတ္အလုိ ေလာက္မွာလည္း ေဒါ့မြန္ အသင္း ၾကယ္ပြင့္ ကစားသမား ဆန္ခ်ဳိ ဟာ ဒရိတ္နဲ႔ အတူ ဓါတ္ပုံ တြဲရုိက္ ခဲ့ပါတယ္ ။ အဆုိပါပြဲမွာ ေဒါ့မြန္ အသင္းဟာ ဘုိင္ယန္ျမဴးနစ္ အသင္းကုိ ငါးဂုိး ျပတ္ အရွက္တကြဲ ရႈံးနိမ့္ သြားခဲ့ပါတယ္ ။

Drake Curse ဇာတ္လမ္း ဟာ အခု မွ စတင္ ခဲ့တဲ့ အရာ တစ္ခု ေတာ့ မဟုတ္ ပါဘူး ။ ၂၀၁၄ ခုႏွစ္တုန္းက ဒရိတ္ ဟာ လီဗာပူး တုိက္စစ္မွဴး စတားရစ္ခ်္ နဲ႔ ဓါတ္ပုံ တြဲ ရုိက္ ခဲ့ ပါတယ္ ။ အဲ့ဒီႏွစ္က ၾကိဳးၾကာနီ တုိ႔ဟာ ပရီးမီးယား ခ်န္ပီယံဆုၾကီးကုိ ရရွိဖုိ႔ နီးစပ္ခဲ့ေပမယ့္ ေျခေခ်ာ္ သြားခဲ့ျပီး မန္စီးတီး အသင္း ခ်န္ပီယံဆု ရရွိ သြားခဲ့ပါတယ္ ။

ဒါေၾကာင့္ ျပီးခဲ့တဲ့ တစ္ပတ္က အေဂြးရုိး နဲ့ ဓါတ္ပံု တြဲရိုက္ ခဲ့တဲ့ ဒရိတ္ ေၾကာင့္ မန္ခ်က္စတာ စီးတီး တို့ ေျခေခ်ာ္ျပီး ပရီးမီးယားလိဂ္ ျပိဳင္ပြဲ အျဖစ္ ေျပာင္းလဲ သတ္မွတ္ လိုက္ ကတည္းက အမွတ္ေပး ဖလား ကုိ မဆြတ္ခူး ထားနုိင္ခဲ့ ေသးတဲ့ လီဗာပူး အသင္း ခ်န္ပီယံ ျဖစ္သြားမလားဆုိတာ စိတ္ဝင္စားဖြယ္ ေစာင့္ၾကည့္ ရမွာလည္း ျဖစ္ပါတယ္ ။

လက္ရွိ အခ်ိန္ မွာေတာ့ Drake ရဲ့ ေဘာလံုး ေလာက အတြင္း အႏွဳတ္ လကၡဏာ ဆန္တဲ့ ေက်ာ္ၾကားမွဳ က အံ့မခန္း ျဖစ္ေန ခဲ့ ပါျပီ ။ တုိက္ဆုိင္ မွဳ ေတြ မ်ားျပား လာမဳွ နဲ့ အတူ Drake ရဲ့ ေနာက္ထပ္ သားေကာင္ ဟာ ဘယ္သူ ျဖစ္သြား မလဲ ဆုိတာ ………

ဘောလုံး အားကစား အတွက် အကြီးစား ဘူကောင် ဖြစ်လာတဲ့ ကမ္ဘာကျော် အဆိုတော် Drake
=============================

Drake ဆိုတာ ကတော့ ကနေဒီးယန်း နွယ်ဖွား နာမည်ကျော် ရက်ပါ အဆိုတော် တစ်ဦး ပါ ။ Drake ဟာ ရက်ပါ တစ်ဦး အဖြစ် ထင်ရှား ကျော်ကြား တဲ့ အပြင် ခုနောက်ပိုင်း နှစ်တွေမှာ သူ အားပေးတဲ့ အသင်း ၊ ထိပ်ထိပ်ကြဲ ကလပ် မှ ကစားသမား တွေဟာ ရှုံးပွဲတွေ ကြုံတွေ့ ရလေ့ ရှိတာကြောင့် သူဟာ ဘောလုံး အား ကစား ရဲ့ ဘူကောင် တစ်ဦး အဖြစ် လည်း ထင်ရှားလာ ပါပြီ ။

ထို့အတူ အခုတော့ ဥရောပ အားကစား ရပ်ဝန်း မှာ ‘ Drake Curse ‘ ဆိုတာ အတော်လေး နာမည် ကြီးနေပြီး သူနဲ့ ဓါတ်ပုံ တွဲ ရိုက်တဲ့ ကစားသမား တွေရဲ့ အသင်း တွေဟာ တိုက်တိုက်ဆိုင်ဆိုင်ပဲ ရှုံးပွဲ တွေ ကြံု တွေ့ ခဲ့ ရ ပါ တယ် ။ အခုတော့ Drake ကြောင့် နောက်ဆုံး ကံဆိုး သွားရ ရှာသူ တစ်ဦး ကတော့ ပီအက်စ်ဂျီ အသင်း နောက််ခံလူ လေဗင် ကာဇာဝါ ပါ ။

ပြီးခဲ့တဲ့ သောကြာနေ့က ကာဇာဝါ ဟာ ဒရိတ် နဲ့ အတူ ဓါတ်ပုံ အတူ တွဲရိုက်ခဲ့ပြီး အဆိုပါ ဓါတ်ပုံကို သူ့ရဲ့ အင်စတာဂရမ် အကောင့်မှာ တင်ခဲ့တာကြောင့် ‘ Drake Curse ‘ များ ထပ်ဖြစ်မလားလို့ ပရိသတ်တွေ စိုးရိမ် ခဲ့ကြပါ သေးတယ် ။ အခုတော့ ပရိသတ်တွေ စိုးရိမ်တဲ့ အတိုင်း အမှန်တကယ် ဖြစ်လာခဲ့ပြီး မနေ့ညက ကစားခဲ့တဲ့ ပွဲမှာ ပီအက်စ်ဂျီ အသင်းဟာ လိုင်လီ အသင်းကို ငါးဂိုး တစ်ဂိုးနဲ့ ဂိုးပြတ် ပါ ရှုံးနိမ့် သွားခဲ့ ရပါတယ် ။

ဒါဟာ ပီအက်စ်ဂျီ အသင်းအတွက် ပြီးခဲ့တဲ့ ၁၉ နှစ်တာ ကာလ အတွင်းမှာ ပထမဆုံး အကြိမ် အဖြစ် အဆိုးရွားဆုံး ဂိုးပြတ် ရှုံးပွဲနဲ့ ကြံုတွေ့ သွားခဲ့တာလည်း ဖြစ်ပါတယ် ။ ဒရိတ်ဟာ အရင်တုန်းကလည်း နာမည်ကြီး ဘောလုံး ကစားသမားတွေနဲ့ ဓါတ်ပုံ တွဲရိုက်ခဲ့ပြီး အဆိုပါ ကစားသမား တွေရဲ့ အသင်း တွေဟာ လည်း မထင်မှတ်ပဲ အရှုံးရလဒ် တွေနဲ့ ရင်ဆိုင် ခဲ့ရ ပါသေးတယ် ။

ဧပြီလ ၂ ရက်နေ့တုန်း ကလည်း ဒရိတ် ဟာ အာဆင်နယ် အသင်း အကျီင်္ကို ကိုင်ဆောင်ကာ တိုက်စစ်မှူး အူဘာမီယန်း နဲ့ ဓါတ်ပုံ အတူ တွဲရိုက်ခဲ့ပါတယ် ။ တိုက်ဆိုင်စွာနဲ့ပဲ နောက်ငါးရက် အကြာမှာ အာဆင်နယ် အသင်းဟာ အဝေးကွင်းမှာ အဲဗာတန် အသင်းကို ရှုံး နိမ့် သွား ခဲ့ ပါ တယ် ။

အဲ့ဒီနောက် ‘ Drake Curse ‘ ရဲ့ ဒဏ်ကို ခံစား လိုက်ရတဲ့ နောက်ထပ် နာမည်ကြီး ဘောလုံးသမား တစ်ဦးကတော့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အဓိက ကွင်းလယ်လူ ပေါ့ဘာ ပါပဲ ။ ပေါ့ဘာ ၊ လင်ဂတ် ၊ ရက်ရှ်ဖိုဒ့်တို့ ဟာ မတ် လ ၁၁ ရက်နေ့ မန်ချက်စတာ အရီနာ မှာ ကျင်းပ ပြုလုပ်ခဲ့တဲ့ ဒရိတ် ရဲ့ တေးဂီတ ဖျော်ဖြေပွဲတို့ကို တက်ရောက်ခဲ့ကြပါတယ် ။

ပေါ့ဘာ ဟာ ဒရိတ် နဲ့ အတူ ဓါတ်ပုံ တွဲရိုက်ခဲ့ပြီး နောက်ခြောက်ရက် အကြာ ဝုလ်ဗာဟမ်တန် အသင်း နဲ့ အက်ဖ်အေ ဖလား ကွာတားဖိုင်နယ် ပွဲမှာ ပွဲချိန်ပြည့် ပါဝင် ကစားခွင့် ရခဲ့ပါတယ် ။ တိုက်ဆိုင်စွာနဲ့ပဲ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဝုလ်ဗာဟမ်တန် အသင်းကို ရှုံးနိမ့်ကာ အက်ဖ်အေဖလား ပြိုင်ပွဲကနေ ပါ ထွက်ခွာ သွားခဲ့ရပါတယ် ။

ဒါ့အပြင် ဒရိတ် ဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲစဉ် မတိုင်မှီ အဂွေးရိုး နဲ့ အတူ ဓါတ်ပုံ တွဲရိုက်ခဲ့ပြီး မန်စီးတီး အသင်းဟာလည်း တော့တင်ဟမ် အသင်းကို တစ်ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့် သွားခဲ့ပါတယ် ။ အဆိုပါ ပွဲစဉ် မှာ ပိုပြီး ဆိုးရွား သွား ခဲ့တဲ့ အရာ တစ်ခု က Drake နဲ့ ဓါတ်ပုံ တွဲရိုက် ခဲ့တဲ့ အဂူရို ရရှိ ခဲ့တဲ့ ပင်နယ်တီ အခွင့်အရေး ကို လွဲချော် သွား ခဲ့ခြင်း ပါပဲ ။ ဒါဟာ အဝေးဂိုး အလို ရှိနေ ခဲ့တဲ့ မန်စီးတီး အတွက် ကြီးမားတဲ့ ထိုးနှက်ချက် တစ်ခု ဖြစ်ခဲ့ ရ ပါတယ် ။

ဘွန်ဒက်စ်လီဂါ ချန်ပီယံဆု အတွက် အရေးပါ လှတဲ့ ပွဲ ဖြစ်တဲ့ ဘိုင်ယန်မြူးနစ် အသင်း နဲ့ ဒေါ့မွန် အသင်းပွဲမတိုင်မှီ သုံးပတ်အလို လောက်မှာလည်း ဒေါ့မွန် အသင်း ကြယ်ပွင့် ကစားသမား ဆန်ချို ဟာ ဒရိတ်နဲ့ အတူ ဓါတ်ပုံ တွဲရိုက် ခဲ့ပါတယ် ။ အဆိုပါပွဲမှာ ဒေါ့မွန် အသင်းဟာ ဘိုင်ယန်မြူးနစ် အသင်းကို ငါးဂိုး ပြတ် အရှက်တကွဲ ရှုံးနိမ့် သွားခဲ့ပါတယ် ။

Drake Curse ဇာတ်လမ်း ဟာ အခု မှ စတင် ခဲ့တဲ့ အရာ တစ်ခု တော့ မဟုတ် ပါဘူး ။ ၂၀၁၄ ခုနှစ်တုန်းက ဒရိတ် ဟာ လီဗာပူး တိုက်စစ်မှူး စတားရစ်ချ် နဲ့ ဓါတ်ပုံ တွဲ ရိုက် ခဲ့ ပါတယ် ။ အဲ့ဒီနှစ်က ကြိုးကြာနီ တို့ဟာ ပရီးမီးယား ချန်ပီယံဆုကြီးကို ရရှိဖို့ နီးစပ်ခဲ့ပေမယ့် ခြေချော် သွားခဲ့ပြီး မန်စီးတီး အသင်း ချန်ပီယံဆု ရရှိ သွားခဲ့ပါတယ် ။

ဒါကြောင့် ပြီးခဲ့တဲ့ တစ်ပတ်က အဂွေးရိုး နဲ့ ဓါတ်ပုံ တွဲရိုက် ခဲ့တဲ့ ဒရိတ် ကြောင့် မန်ချက်စတာ စီးတီး တို့ ခြေချော်ပြီး ပရီးမီးယားလိဂ် ပြိုင်ပွဲ အဖြစ် ပြောင်းလဲ သတ်မှတ် လိုက် ကတည်းက အမှတ်ပေး ဖလား ကို မဆွတ်ခူး ထားနိုင်ခဲ့ သေးတဲ့ လီဗာပူး အသင်း ချန်ပီယံ ဖြစ်သွားမလားဆိုတာ စိတ်ဝင်စားဖွယ် စောင့်ကြည့် ရမှာလည်း ဖြစ်ပါတယ် ။

လက်ရှိ အချိန် မှာတော့ Drake ရဲ့ ဘောလုံး လောက အတွင်း အနှုတ် လက္ခဏာ ဆန်တဲ့ ကျော်ကြားမှု က အံ့မခန်း ဖြစ်နေ ခဲ့ ပါပြီ ။ တိုက်ဆိုင် မှု တွေ များပြား လာမုှ နဲ့ အတူ Drake ရဲ့ နောက်ထပ် သားကောင် ဟာ ဘယ်သူ ဖြစ်သွား မလဲ ဆိုတာ ………