arsenal-forest 2019

* အာဆင္နယ္ အသင္း နည္းၿပ အမ္မရီ ဟာ ကြင္းလယ္လူ ရွာကာ ကို အျမဲတမ္း အသင္း ေခါင္းေဆာင္ အျဖစ္ ခန႔္အပ္လိုက္ၿပီ ျဖစ္တယ္လို႔ BBC က ေဖာ္ၿပ လိုက္ပါတယ္ ။

xhaka

* မန္ယူနိုက္တက္နဲ႔ပြဲ မတိုင္မွီ အာဆင္နယ္ အသင္း ေဆးအဖြဲ႕ရဲ့ ထုတ္ျပန္ခ်က္အရ ဘယ္ဘက္ ဒူးဒဏ္ရာ ရရွိေနတဲ့ လာကာဇက္ ဟာ ႀကံ့ခိုင္မွု တိုးတက္လာဖို႔ လုပ္ေဆာင္ေနၿပီး ေအာက္တိုဘာလမွာ ျပန္ကစားနိုင္ဖြယ္ ရွိတယ္လို႔ သိရပါတယ္ ။

* ေနာ္တင္ဟမ္ ေဖာရက္စ္ အသင္းနဲ႔ ပြဲမွာ ဦးေခါင္း ထိခိုက္ ဒဏ္ရာရခဲ့တဲ့ လူငယ္ ကြင္းလယ္လူ စမစ္ရိုကေတာ့ ေလ့က်င့္ခန္း အျပည့္အဝ ျပန္ဆင္းနိုင္ဖို႔ စမ္းသပ္ စစ္ေဆးမွုေတြ ျပဳလုပ္ရဦးမယ့္ သိရပါတယ္ ။ ဂရိေနာက္ခံလူ မာဗရိုပါနိုစ့္ ကေတာ့ အသင္းႀကီးနဲ႔အတူ အျပည့္အဝ ေလ့က်င့္ခန္း ျပန္ဆင္းေနၿပီ ျဖစ္ၿပီး ပြဲထြက္ကစားဖို႔ အဆင္သင့္ ျဖစ္ေနၿပီလို႔ ဆိုပါတယ္ ။

* မေန႔ညက ယွဥ္ၿပိဳင္ ကစားခဲ့တဲ့ အမ်ိဳးသမီး ခ်န္ပီယံလိဂ္ ၃၂ သင္း အဆင့္ ဒုတိယ အေက်ာ့မွာ အာဆင္နယ္ အမ်ိဳးသမီး အသင္းဟာ ဖီအိုရင္တီးနား အမ်ိဳးသမီး အသင္းကို ႏွစ္ဂိုးျပတ္ အနိုင္ရသြားခဲ့ၿပီး ႏွစ္ေက်ာ့ေပါင္း ရလဒ္ ၆-၀ နဲ႔ ေနာက္တစ္ဆင့္ကို တက္ေရာက္သြားခဲ့ၿပီ ျဖစ္ပါတယ္။ အာဆင္နယ္ အမ်ိဳးသမီးအတြက္ ဂိုးေတြကိုေတာ့ ကင္လစ္တယ္၊မီဒမ္မာ တို႔က သြင္းယူ ေပးခဲ့တာပါ ။

* အာဆင္နယ္ အသင္းဟာ ပရိသတ္ေတြ မဲေပး ေရြးခ်ယ္နိုင္ဖို႔အတြက္ စက္တင္ဘာလ တစ္လတာ အေကာင္းဆုံး ကစားသမားဆု ဆန္ကာတင္ စာရင္းကို ထုတ္ျပန္ ေၾကညာ လိုက္ပါတယ္။အဆိုပါ ဆန္ကာတင္ စာရင္းမွာ အူဘာမီယန္း၊ဂြမ္ဒူဇီ ၊ခ်ိန္ဘာ၊မာတီနက္ဇ္တို႔ ပါဝင္ လာခဲ့ပါတယ္။

aubameyang guendouzi

* ဒီေန႔ စက္တင္ဘာလ ၂၇ ရက္ေန႔ဟာ အာဆင္နယ္ အသင္း ေခါင္းေဆာင္ ကြင္းလယ္လူ ဂရန္းနစ္ ရွာကာ ဟာ အသက္ ၂၇ ႏွစ္ျပည့္ ေမြးေန႔လည္း ျဖစ္ပါတယ္ ။ ရွာကာ ဟာ ၂၀၁၆ ခုႏွစ္တုန္းက မိုခ်န္ဂလာဘတ္ အသင္းကေန ေျပာင္းေရႊ႕ေၾကး ေပါင္ သန္း ၃၀-၃၅ ဝန္းက်င္ နဲ႔ အာဆင္နယ္ အသင္းကို ေရာက္ရွိ လာသူပါ ။

* လီဗာပူး ေနာက္ခံလူေဟာင္း စတီဖင္ ဝါးေနာ့ က ေနာ္တင္ဟမ္ ေဖာရက္စ္ အသင္း နဲ႔ ပြဲက မာတီနယ္လီ သြင္းယူ ခဲ့တဲ့ ဒုတိယ သြင္းဂိုး ဟာ ဂ်ဴဗင္တပ္ တိုက္စစ္မွူး ရိုနယ္ဒို ကန္သြင္းေနက် ပုံစံမ်ိဳး ျဖစ္ေၾကာင္း နဲ႔ ပရိသတ္ေတြကို အံအားသင့္ေအာင္ လုပ္နိုင္ခဲ့တဲ့ ကန္ခ်က္ ျဖစ္ေၾကာင္း ခ်ီးက်ဴး ေျပာၾကား သြားခဲ့ပါတယ္ ။

Martinelli

* Tuttosport က ဦးေဆာင္ က်င္းပတဲ့ ကေလးေတြရဲ့ေမးခြန္းကို စီရီးေအ နာမည္ေက်ာ္ ကစားသမားေတြဆီ ပို႔ေပးၿပီး ေျဖခိုင္းတဲ့ အစီအစဥ္မွာ ေအစီမီလန္ တိုက္စစ္မွူး ပီယာတက္ က သူဟာ ငယ္ဘဝတုန္းက အာဆင္နယ္ အသင္းရဲ့ အမာခံ ပရိသတ္ တစ္ဦး ျဖစ္ေၾကာင္း ၊ အြန္နရီ ၊ ဘားကမ့္တို႔ဟာ သူရဲ့ စံၿပ ကစားသမားေတြ ျဖစ္ေၾကာင္း ဆိုပါတယ္။

* ဂန္းနား ကြင္းလယ္လူေဟာင္း ဖရင္ေပါင္ကေတာ့ အာဆင္နယ္ အသင္း အေနနဲ႔ ထိပ္ဆုံး ေလးသင္း အတြင္းဝင္ဖို႔ဆိုရင္ လာမယ့္ ဇန္နဝါရီ အေျပာင္းအေရႊ႕ ကာလမွာ နာပိုလီ အသင္း ေနာက္ခံလူ ကူလီဘာလီ ကို မျဖစ္မေန ေခၚယူ သင့္ေၾကာင္း တိုက္တြန္း ေျပာၾကား သြားခဲ့ပါတယ္ ။

SPORTS MYANMAR

Unicode

ဂန်းနားတို့ရဲ့ အမြဲတမ်း အသင်းခေါင်းဆောင် ကို ကြေညာလိုက်တဲ့ အမ်မရီ နဲ့ အခြား အာဆင်နယ် သတင်းတိုများ
==================================

* အာဆင်နယ် အသင်း နည်းပြ အမ်မရီ ဟာ ကွင်းလယ်လူ ရှာကာ ကို အမြဲတမ်း အသင်း ခေါင်းဆောင် အဖြစ် ခန့်အပ်လိုက်ပြီ ဖြစ်တယ်လို့ BBC က ဖော်ပြ လိုက်ပါတယ် ။

* မန်ယူနိုက်တက်နဲ့ပွဲ မတိုင်မှီ အာဆင်နယ် အသင်း ဆေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ဘယ်ဘက် ဒူးဒဏ်ရာ ရရှိနေတဲ့ လာကာဇက် ဟာ ကြံ့ခိုင်မှု တိုးတက်လာဖို့ လုပ်ဆောင်နေပြီး အောက်တိုဘာလမှာ ပြန်ကစားနိုင်ဖွယ် ရှိတယ်လို့ သိရပါတယ် ။

* နော်တင်ဟမ် ဖောရက်စ် အသင်းနဲ့ ပွဲမှာ ဦးခေါင်း ထိခိုက် ဒဏ်ရာရခဲ့တဲ့ လူငယ် ကွင်းလယ်လူ စမစ်ရိုကတော့ လေ့ကျင့်ခန်း အပြည့်အဝ ပြန်ဆင်းနိုင်ဖို့ စမ်းသပ် စစ်ဆေးမှုတွေ ပြုလုပ်ရဦးမယ့် သိရပါတယ် ။ ဂရိနောက်ခံလူ မာဗရိုပါနိုစ့် ကတော့ အသင်းကြီးနဲ့အတူ အပြည့်အဝ လေ့ကျင့်ခန်း ပြန်ဆင်းနေပြီ ဖြစ်ပြီး ပွဲထွက်ကစားဖို့ အဆင်သင့် ဖြစ်နေပြီလို့ ဆိုပါတယ် ။

* မနေ့ညက ယှဉ်ပြိုင် ကစားခဲ့တဲ့ အမျိုးသမီး ချန်ပီယံလိဂ် ၃၂ သင်း အဆင့် ဒုတိယ အကျော့မှာ အာဆင်နယ် အမျိုးသမီး အသင်းဟာ ဖီအိုရင်တီးနား အမျိုးသမီး အသင်းကို နှစ်ဂိုးပြတ် အနိုင်ရသွားခဲ့ပြီး နှစ်ကျော့ပေါင်း ရလဒ် ၆-၀ နဲ့ နောက်တစ်ဆင့်ကို တက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။ အာဆင်နယ် အမျိုးသမီးအတွက် ဂိုးတွေကိုတော့ ကင်လစ်တယ်၊မီဒမ်မာ တို့က သွင်းယူ ပေးခဲ့တာပါ ။

* အာဆင်နယ် အသင်းဟာ ပရိသတ်တွေ မဲပေး ရွေးချယ်နိုင်ဖို့အတွက် စက်တင်ဘာလ တစ်လတာ အကောင်းဆုံး ကစားသမားဆု ဆန်ကာတင် စာရင်းကို ထုတ်ပြန် ကြေညာ လိုက်ပါတယ်။အဆိုပါ ဆန်ကာတင် စာရင်းမှာ အူဘာမီယန်း၊ဂွမ်ဒူဇီ ၊ချိန်ဘာ၊မာတီနက်ဇ်တို့ ပါဝင် လာခဲ့ပါတယ်။

* ဒီနေ့ စက်တင်ဘာလ ၂၇ ရက်နေ့ဟာ အာဆင်နယ် အသင်း ခေါင်းဆောင် ကွင်းလယ်လူ ဂရန်းနစ် ရှာကာ ဟာ အသက် ၂၇ နှစ်ပြည့် မွေးနေ့လည်း ဖြစ်ပါတယ် ။ ရှာကာ ဟာ ၂၀၁၆ ခုနှစ်တုန်းက မိုချန်ဂလာဘတ် အသင်းကနေ ပြောင်းရွှေ့ကြေး ပေါင် သန်း ၃၀-၃၅ ဝန်းကျင် နဲ့ အာဆင်နယ် အသင်းကို ရောက်ရှိ လာသူပါ ။

* လီဗာပူး နောက်ခံလူဟောင်း စတီဖင် ဝါးနော့ က နော်တင်ဟမ် ဖောရက်စ် အသင်း နဲ့ ပွဲက မာတီနယ်လီ သွင်းယူ ခဲ့တဲ့ ဒုတိယ သွင်းဂိုး ဟာ ဂျူဗင်တပ် တိုက်စစ်မှူး ရိုနယ်ဒို ကန်သွင်းနေကျ ပုံစံမျိုး ဖြစ်ကြောင်း နဲ့ ပရိသတ်တွေကို အံအားသင့်အောင် လုပ်နိုင်ခဲ့တဲ့ ကန်ချက် ဖြစ်ကြောင်း ချီးကျူး ပြောကြား သွားခဲ့ပါတယ် ။

* Tuttosport က ဦးဆောင် ကျင်းပတဲ့ ကလေးတွေရဲ့မေးခွန်းကို စီရီးအေ နာမည်ကျော် ကစားသမားတွေဆီ ပို့ပေးပြီး ဖြေခိုင်းတဲ့ အစီအစဉ်မှာ အေစီမီလန် တိုက်စစ်မှူး ပီယာတက် က သူဟာ ငယ်ဘဝတုန်းက အာဆင်နယ် အသင်းရဲ့ အမာခံ ပရိသတ် တစ်ဦး ဖြစ်ကြောင်း ၊ အွန်နရီ ၊ ဘားကမ့်တို့ဟာ သူရဲ့ စံပြ ကစားသမားတွေ ဖြစ်ကြောင်း ဆိုပါတယ်။

* ဂန်းနား ကွင်းလယ်လူဟောင်း ဖရင်ပေါင်ကတော့ အာဆင်နယ် အသင်း အနေနဲ့ ထိပ်ဆုံး လေးသင်း အတွင်းဝင်ဖို့ဆိုရင် လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ ကာလမှာ နာပိုလီ အသင်း နောက်ခံလူ ကူလီဘာလီ ကို မဖြစ်မနေ ခေါ်ယူ သင့်ကြောင်း တိုက်တွန်း ပြောကြား သွားခဲ့ပါတယ် ။

SPORTS MYANMAR